htet wayNovember 23, 20151min4335
ဆန္ဒမဲတွေပေးတုန်းက ကျနော်ကလည်း ကိုယ့်မြို့နယ်ထဲက မဲရုံတွေ တတ်နိုင်သလောက်လှည့်ပတ်ကြည့်ရှု့ခဲ့တယ်။ဒီလိုသွားလာရင်း မဲပေးကြတာနဲ့ပတ်သက်လို့ ပြုံးစရာတွေကို တွေ့ရှိတာ ရွာထဲပြန်မျှဝေလိုက်ပါတယ်။ ယောက်ျားမှာတာပေးချင်သော်လည်း ……………………. မဲပေးတဲ့ရက်က ဂွက်ထော်မဲရုံထဲ အချိန်အတော်ယူလိုက်ရတယ် ယောက်ျားက မြင်းကြား (မျဉ်းနှစ်ခုကြား)ထဲတံဆိပ် ်တုံးထု နော်လို့သေသေချာချာမှာလိုက်သောကြောင့် ဆန္ဒပြုခန်းထဲမြင်းကြားကိုလိုက်ရှာနေတာပါ။ သူ့ယောက်ျားက ခေသူတော့မဟုတ်ပါဘူးNLDစည်းမှူးပါသူစည်းစားမိတာက ငါ့ကိုခွပ်ဒေါင်းမထည့်ခိုင်းဘဲ ဘာကြောင့်မြင်းကြားထည့်ခိုင်းရသလဲပေါ့ မဲစာရွက်ကိုကြည့်တာ အစအဆုံး ဖင်တပြန်ခေါင်းတပြန် မြင်းနဲ့တူတာမတွေ့မိ။ ဒါကြောင့်အနီးစပ်ဆုံးကိုရွေးလို့ သူ့အပေါ်တံဆိပ်ထုလိုက်ရတယ်။ ဂွက်ထော်စိတ်ထဲတော့ သူ့ယောက်ျားကိုမကျေနပ်ဘူး ဘယ်နှယ် မရှိတာကိုထည့်ခိုင်းရတယ်လို့ သူကတွေ့မလားဆိုရှာ အချိန်ကြာနေတော့ ဆရာမတွေက သူ့ကိုပြူး ကြည့်၊ ဒင်းကြောင့်ပေါ့။ ညမှာယောက်ျားပြန်လာတော့ “ တော့်ကိုဘသာ မြင်းကြားရှာတာ မတွေ့ဘူးခပ်ဆင်ဆင်အကောင်ဆိုလို့ခြင်္သေ့ပဲတွေ့တယ် ဒါနဲ့ရှင်စကားအတိုင်း ခြင်္သေ့ကိုပဲတံဆိပ်ထုခဲ့တယ် ယောက်ျားဖြစ်သူ NLDစည်းမှူးကြီးကပါးစပ်အဟောင်းသားနဲ့မျဉ်းကြားနှစ်ခုကြား အလယ်တည့်တည့်ကိုတံဆိပ်ကိုထုခိုင်းတာ ဒီလိုထုရတယ်ဆိုပြီးအနီးက ငရုပ်ကျည်ပွေ့နဲ့ဂွက်ထော်နဖူးကိုထုချလိုက်ပါတော့တယ်။ အ..တယ်လို့မထင်လိုက်နဲ့ ………………. ငပုတောမြို့နယ်က […]


htet wayNovember 22, 20151min5076
ကိုမြသာဖုန်းဆင်းကဒ်တစ်ခုရလာတယ်ဆိုရင်ပဲဟမ်းဆက်ဝယ်ဖို့စဉ်းစားရတော့တယ် ။ရိုးရိုးဂဏန်းနိပ်ရတဲ့ဟမ်းဆက်ထက်မှန်ပေါ်လက်ထောက်ရွေ့ရတဲ့ HUAWEIဟမ်းဆက်မျိုးလောက်မှ ဓါတ်ပုံရိုက်ချင်လို့လည်းရမယ် အသံဖမ်းလို့လည်းအဆင်ပြေမယ်မဟုတ်လား။ လူတိုင်းကိုယ်ဆီဖုန်းလေးနဲ့ဆိုတော့ ကိုမြသာလည်းစိတ်ထဲမှာဖုန်းပြောနေမိတာအကြိမ်ကြိမ်။အိမ်နားကကိုစိန်ဘမ်းဆိုသူ့ဖုန်းကိုတော်တော် ရိုသေပါတယ်။ အိတ်ထဲသေသေချာချာထည့်တယ်။ ညဆိုအိပ်ယာဘေးမှာ အခင်းလေးထားပြီးသိပ်တယ်။သူ့ဆီဘယ်သူတွေဖုန်းဆက်တယ်ဆိုတာမေးစရာမလိုဘူးဖုန်း စပီကာဖွင့်ပြီးမှပြောတော့အကုန်ကြားရတယ် ။ ဟိုနေ့ကဆိုအကြွေးတောင်းတဲ့အသံညံ့နေတာပဲ ကိုစိန်ဘမ်း ရှင်ချေးထားတဲ့ငွေဘယ်တော့ဆပ်မှာတုန်း…မဆပ်နိုင်သေးရင်လည်းအတိုးသတ်ထားပေါ့ရှင် အခုဟာက…….ဖုန်းအသံစူးစူးကြီးထွက်နေပေမယ့် ကိုစိန်ဘမ်းက အသံမပိတ်ပါဘူး ‘ဟဲ့ နီလာစိုးရဲ့ ခါတိုင်းလည်းပုံမှန်ဆပ်နေတာပဲဟယ် ညည်းနည်းနည်းတော့ အောင့်ပါအုံး’ လို့ ပြန်အော် ပြောနေတယ် ။ ဟိုကလည်း ပြော သူကလည်းပြော အကုန်ကြားရတာပါကို ကိုမြသာကကြိုက်တယ် ။ အခုပြောပြောနေတဲ့ ပွင့်လင်းမြင်သာရှိတယ်ဆိုတာ ဒါမျိုးလို့ဘာသာတွေးလိုက်မိတယ် ။ လူတွေစပီကာဖွင့်ပြီးဖုန်းပြောတာအားကျတယ် ဒါကြောင့်လည်းပြောပြီဆိုရင် သူမသိမသာနားထောင်တတ်တယ် ။သူတို့ရပ်ကွက်ကလူကြီးဖုန်းပြောကိုလည်းသူသဘောကျတယ် ။ပွင့်လင်းမြင်သာရှိတယ် ဆိုရမယ် ။စပီကာဖွင့်ထားလို့နှစ်ဖက်စလုံးကအသံကြားနေရတယ် ။ ‘ဟဲ့ ဘုတ်ဆုံ ရပ်ကွက်ရုံးဆိုတာကြွေးတောင်းပေးတဲ့ရုံးမဟုတ်ဘူး ငါတို့ကပြေလည်အောင်ညှိနှိုင်းပေးလို့ပဲရတယ် ။ နင်ကဘာဖြစ်ချင်တာတုန်ဟဲ့..။ဒီလိုခပ်ထန်ထန်လေးေြ့ပာတော့ ဟိုဘက်ကလည်း ‘လူကြီးမိုလို့အားကိုးပြီးပြောတာလေ ကိုယ့်ရပ်ကွက်သားတွေကိစ္စခေါင်းထဲမထည့်ချင်တာလား […]


htet wayAugust 8, 20151min5208
ရေနံ့က ရွံ့စရာလိုလို တစိမ့်စိမ့်တက်လာတဲ့ရေက ရက်စက်တဲ့မျက်နှာ စားတော့ဝါးတော့မယ်ဆိုတဲ့ မာန်နဲ့ အိမ်အမိုးထိအောင်တက်လာတဲ့ ကြမ်းကြုတ်ဟန်တွေ ငါတို့တွေသစ်ပင်မခုတ်ကြဘူး ငါတို့တွေကြေးနီမတူးဘူး ငါတို့တွေ ဧရာဝတီကို ချစ်ခဲ့ကြတယ် တို့ဘိုးတို့ဘွားတွေ ဥတုရာသီတောကိုမှီခဲ့ကြတယ် ဖေါက်ပြန်တဲ့လူတန်းစားကိုမုန်းတယ် ဖေါက်ပြန်တဲ့ ဥတုကိုမုန်းတယ် ညမှောင်မှောင်ထဲ ရေတွေထပ်တက်လာမလား မြွေဆိုးတွေ အိမ်ပေါ်တက်လာမလား ရေဘေးရဲ့နိပ်စက်ချက် အိပ်ဖို့ခက်တယ်။ ငိုသံတွေ စိုးရွံ့နေတဲ့မျက်နှာ ဖြူရော်ရော် မိသားစုတွေထမင်းလက်ဆုံစားလို့ မနေ့ကပျော်ရွှင်ခဲ့တာ အိပ်မက်လား ရေကအဓမ္မသယ်ဆောင်သွားလို့ သေကွဲကွဲခဲ့ရ ကမ်းလင့်နေတဲ့လက်တွေ အော်ခေါ်နေတဲ့ အသံတွေ ကလေးတွေရဲ့ ဆာလို့ငိုသံတွေ ပင်လယ်လိုရေပြင်ကြီးပေါ် သောကတွေထင်းလိုစည်းလို့ မီးဖိုလိုက်မိပါတယ် ။ ထက်ဝေး


htet waySeptember 21, 20141min60812
တစ်နေ့သ၌ ကျွန်ပ်လည်း ပျင်းပျင်းရှိသဖြင့် မန္တလေးသိန်းဇော်၏ ရွှေပွင့်လွှာ တေးသီချင်းကိုဖွင့်ရင်း ဂီတသံကိုမျက်လုံးလေးမှေးပြီး နားဆင်နေခိုက် အိမ်ရှေ့မှ“ ဆြာထက် ဆြာထက် ”ဟူသော အသဲဩဩကြီးဖြင့် အော်ခေါ်ကာ မုတ်ဆိတ်မွှေးဗရဗျစ်၊လွယ်အိတ်အရောင်မွဲမွဲ လွယ်ကာ အသက်(၅၀)ခန့် လူကြီးတစ်ဦးဝင်လာလေ၏။ထိုလူကြီးမှ လွယ်အိတ်မွဲမွဲကြီးကိုဗုန်းကနဲပစ်ချရင်း “ ဟကွာ..ဆရာစာရေးလည်းတယ်ဇိမ်ကျနေသကိုး မပျင်းစမ်းပါနဲ့ ရသဆိုလည်းရသ ၊သုတဆိုလည်းသုတပေါ့ အခုဟာက မောင်ရင့်နှယ် ကဗျာမမည် စာမပီပါကလားဟရို့ ”ဟူ၍ပြောပြီး ၎င်း၏ အိတ်ကြီးထဲမှ ဆေးပြင်းလိပ်တစ်လိပ်ကို ထုတ်၍မီညှိဖွာရှိုက်လေတော့သည်။မီးခိုးများကိုမှုတ်ထုတ်လိုက်၊ဖွာရှိုက်လိုက်ဖြင့် ရှိနေစဉ် ကျွန်ပ်မှာ ချောင်းတဟွတ်ဟွတ်ဆိုးရလေတော့သည်။ ထိုသူသောက်သောဆေးပြင်းလိပ်မှာ အနံ့တော် တော် ဆိုးသဖြင့် အသက်ရူကြပ်လာလေတော့၏။ “ ဟကောင်ရ ..ကဗျာဆရာလုပ်ပြီး ဒီလောက်တောင်ပျော့ရသလား စိတ်မာစမ်းပါ ဟုပြုံးစစမထီသရီပုံစံဖြင့် ဆက်တိုက်ဖွာရှိုက်ပြီးပမာမခန့်သဏ္ဍန်ဖြင့်ပြောပြန်သည်။ ကျနော်က မိုက်ကြည့်ကြည့်သောအခါ ထိုလူကြီးက မောင်ရင်ရဲ ့ရသကိုးပါးထဲမှာ အခုလိုစိတ်ခံစားမူက ိုဝိဘစ […]


htet waySeptember 18, 20141min4628
သတိမရအောင် စိတ်ကိုချုပ်လို့မေ့ကာမှ ရှေ့ခရီးမှာ အသစ်ဖြစ် တစ္ဆေလိုခြောက် လို့ အမှတ်တရနေ့ရက်တွေက ရင်ကို ရိုက်ခတ် ကိုယ်စိုက်ထားတဲ့ အချစ်ဦးဆိုတဲ့သစ်ပင်လေးက ရာသီမရွေးလန်းတယ် နွေမှာ တွေ့ရတဲ့ တံလျှပ်လို အဝေးကပဲငေးမော ခရေလို သတ္တိနဲ့ နုစဉ်တုန်းက ရဲဝံ့ခဲ့တာလည်းဖြစ်မယ် လရောင်ထဲ နှစ်ယောက် လက်တွဲလျှောက်ခဲ့တာလည်း အိပ်မက်တွေ ဖြစ်တယ် ဆောင်းမနက်ခင်းက မြူနှင်းတွေလို ဒီအသက်အရွယ်မှာ ပြယ် လွင့်တာလည်းဖြစ်မယ် ပူလောင်ပင်ပန်းတဲ့ လေကဓံတွေရဲ့ နိပ်စက်ချက်ကြောင့်လည်း ဖြစ်မယ် နောက် စည်းတားထားတာ စည်းခြားသွားတာတွေ ကြောင့်လည်းဖြစ်မယ် ရုပ်တရားက မရွေ့ပေမယ် ့ စိတ်ကတော့ ရွေ့လို့ ပျံလို့ အလွမ်းက မြစ်လိုစီးလို့ ညီမလေးငဲ့ လသာညတွေမှာ တယောတလက်ရှိရင် ဂီတဟာ ငါ့တို့ရဲ့ ကဗျာ။ ။


htet wayAugust 2, 20141min3297
အမုန်းမုန်တိုင်းပေါ်က ရက်စက်သောရယ်သံ အမုန်းမုန်တိုင်းကြားမှာ ရက်စက်မှုဟာဟားတိုက်ရယ်လို့ မီးမုန်တိုင်းတွေတောက်လောင်တဲ့အခါ အိုးမဲ့အိမ်မဲ့ဒုက္ခသည်တွေကြား ရက်စက်မှုဟာဟားတိုက်ရယ်လို့ အမုန်းကြောင့်ရက်စက်ရတာဆိုပဲ ရက်စက်မူက ဆင်ဝှေ့ရန်ရှောင်လေးပြောတယ် ကလေးသူငယ်လည်းမချန်ဘူးသက်ကြားအိုလည်းမငဲ့ဘူး ရက်ရက်စက်စက် ရက်စက်ရဲတယ် ရက်စက်မှရာဇာဆိုတဲ့စကားနဲ့ ရက်စက်မှုဟာဟားတိုက်ရယ်လို့ အကြင်နာတစ်စတစ်လေတောင် မရှိတဲ့ အမုန်းလေပင့်လို့ ဖြစ်တည် လာတဲ့ အနိုင်အားနဲ့ ကျရှုံးမှုတွေကို ပင့်မြှောက်လို့ အော်ဟစ်သံပေးတယ် ကြောက်ရွံ့တုန်လှုပ်စွာပြေးလွှားတဲ့နောက်ကိုလိုက်ပြီး တောင်းပန်သံတွေကိုလည်း နားလေးသူလိုဥက္ခောပြုရင်း ရက်စက်မှုဟာဟားတိုက်ရယ်လို့ ချစ်ခြင်းမေတ္တာမြစ်ကို သူ့အပူငွေ့နဲ့ ခြောက်ခမ်းစေတယ် ရက်စက်မှုကို တားပေးကြပါ ရက်စက်မှုကိုတရားပြပါ ရက်စက်မှုကိုမရက်စက်ဖို့ ရက်စက်မှုတွေ ပပျောက်ဖို့ ခင်ဗျားတို့ကျနော ်တို့ ရက်စက်မှုကို ရက်ရက်စက်စက်နိမ်နင်းရလေမလား ခင်ဗျားအနားမှာ ရက်စက်မှုဟာဟားတိုက်ရယ်နေတယ် ကျနော့အပါးမှာ ရက်စက်မှုဟာဟားတိုက်ရယ်နေတယ် ကျနော ်နှလုံးသားထဲလှံချွန်နဲ့ထိုးသလို သူ့ရယ်သံကထက်မြနေတယ် ကျနော် စိတ်ထဲအော် ကလီဆန်အောင် သူ့အသံက ရွံ့စရာကောင်းနေတယ် တိတ်……..တိတ်စမ်း…တိတ်လိုက်စမ်း ရက်စက်မှုဟာဟားတိုက်ရယ်လို့ […]


htet wayJuly 30, 20141min59313
ညီမလေးရေဖေ့စ်ဘွတ်ခ်(FaceBook)ဆိုတာလူသုံးများတဲ့ခေတ်စားနေတဲ့အရာတစ်ခုမဟုတ်လား။ ကျောင်းဆရာမလေးတစ်ယောက်ကတော့`ကျမဖေ့စ်ဘွတ်ခ်မသုံးးချင်တော့ဘူးစိတ်ပျက်လာတယ် `ကျမအကောင့်ကိုဟတ်ပြီးပေါက်တတ်ကရပုံတွေတင်ထားမှာလည်းစိုးမိတယ်´..တဲ။့ နောက်တစ်ယောက်ကတော့လူမူရေးအသင်းအဖွဲ့တစ်ခုကခေါင်းဆောင်တစ်ယောက်ပါဖုန်းဆက်ပြီးပြောပြန်တယ်ညီမလေးရယ် ဖေ့စ်ဘွတ်ခ်ကိုဖွင့်လိုက်ရင်ဖန်တီးချက်တွေ၊အတင်းအဖျင်းတွေ၊အမုန်းတွေနောက်မပေါ့်တပေါ်ပုံတွေစိတ်ပျက်တယ်ဗျာ. ဒါကြောင့်ပိတ်လိုက်ပြီ..တဲ့။ နောက်တစ်ဦးကတော့ဖေ့စ်ဘွတ်ခ်ကိုစွဲလမ်းနေသူပါသူကတောအချိန်ပြည့်အွန်လိုင်းသုံးတယ်။ သူ့အကောင့်ကိုတစ်ယောက်ကဟတ်လိုက်ပြီး`ဒီကောင်မလေးဟာသူ့ချစ်သူပါလို့ရေးပြဓါတ်ပုံတွေမှာနည်းပညာနဲ ့နှစ်ယောက်ယှဉ်တွဲထားတဲ့ပုံကိုတင်လိုက်တော့သူအကြီးအကယ်တုန်လှုပ်တော့တာပဲညီမလေးရယ်။ သူလည်းဖေ့ဘုတ်အကောင့်ကိုပိတ်လို့စွန့်ခွာခဲ့ပါတယ်။ဒီတော့ညီမလေးရယ်ဖေ့စ်ဘွတ်ခ်မှာဗဟုသုတတွေရတယ် ၊ဖေ့ဘုတ်မှာကိုယ့်ခံစားချက်လေးတွေတင်ကြတယ်အကိုဆိုကဗျာလေးတွေတင်လို့၊သတင်းကောင်းလေးတွေရှယ်လို့ပေါ့။ အားလပ်ချိန်လေးမှာအွန်လိုင်းမှာ ရှာဖွေစရာလေးတွေရှာဖွေပေါ့။ သိပ်ပျော်စရာကောင်းတာပဲကွယ်။ အခုလိုဖေ့ဘုတ်ကိုနာကြည်းနေသူတွေရဲ့စကားကိုကြားရတော့အကိုအံ့ဩမိပါတယ်။ညီမလေးရေ တစ်ချို့က ဖေ့စ်ဘွတ်ခ်ကိုလက်နက်တစ်ခုလိုတိုက်ဖို့ခိုက်ဖို့သုံးတတ်ကြတယ်။ တစ်ချို့ကလည်းမိမိစိတ်ခံစားချက်သက်သက်ဖေါ်ပြဖို့သုံးတတ်ကြတယ်။အဲ့ဒီမှာထူးဆန်းတာက အွန်လိုင်းကြူ(Q)နည်းများဆိုပြီးတော့တောင်တစ်ဖက်သားကိုလွှမ်းမိုးဖို့စာတွေရေးထားတာဖတ်ရပြန်ပါတယ်။ အွန်လိုင်းကနေချစ်သူတွေဖြစ်ကြဖို့နည်းပေးလမ်းပြစာသားတွေလည်းတွေ့ရပါတယ်။ အွန်လိုင်းကနေချစ်သူတွေဖြစ်စရာလားလို့ညီမလေးက ပြောအုံးမယ်။ တက္ကသိုလ်ကျောင်းသူတွေတောင်အွန်လိုင်းကနေလှည့်စားခံကြရတာတွေရှိနေပါတယ်။ တခါကပေါ့ဖေ့ဘုတ်သုံးရင်းစကားလုံးပရိယာယ်လွှမ်းမိုးခံရတဲ့ကလေးမလေးတစ်ယောက်ရဲ့ရင်နင့်ဖွယ်ရာ အဖြစ်ကလေးတစ်ခုအကိုပြောပြမယ်။ကာင်မလေးကအသက်(၂၀)ပဲရှိပါသေးတယ်တက္ကသိုလ်ဒုတိယနှစ်ပေါ့။ အွန်လိုင်းမှာအပျော်သဘောမျိုးစကားပြောရာကနေသံယောဇဉ်ဖြစ်ခဲ့ကြတယ်။ ကောင်လေးကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို့သိထားတယ်အသက်က(၃၀)ပေါ့။ကောင်လေးက စကားအေြ့ပာအဆိုကောင်းတဲ့အပြင်အရပ်စကားနဲ့ပြောရရင်မိန်းမကျမ်းကြေတယ်လို့ဆိုရမယ်။ ဂရုစိုက်တာတွေအလေးအနက်ထားတာတွေ၊နောက်ကောင်မလေးနဲ့တယ်လီဖုန်းချင်းဆက်သွယ်ပြီး စကားတွေပြောကြတယ်။ကောင်မလေးရဲ့ဖုန်းဘီလ်ကုန်တဲ့အခါ၊အခါမလင့်ထည့်ပေးလို့၊ချစ်သူတွေဆိုတာချစ်ကြပြီ ဆိုရင်တွေ့ချင်မြင်ချင်တာသဘာဝပဲမဟုတ်လားညီမလေးရယ်။ကောင်မလေးကသူနေတဲ့မြို့ကိုလာတွေ့ပါလို့တောင်း ဆိုပေမယ့်ကောင်လေးကမအားလို့ပါ၊ လုပ်ငန်းတွေကြပ်နေလို့ပါ ဆိုပြီးအချိန်တွေရွှေ့တယ်ဓါတ်ပုံတောင်းတော့လည်းမထင်မရှားတစ်ပိုင်းပုံလေးကိုပေးထားတယ်ကွယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ကောင်မလေးကလက်ထပ်ဖို့တောင်းဆိုခဲ့တယ်ညီမလေးရယ်။ ဒီတော့မှဖုန်းလည်းဆက်မရတော့ဘူး၊ဖေ့စ်ဘွတ်ခ်လည်းမသုံးတော့ဘူး၊လုံးဝကိုကွယ်ပျောက်သွားတဲ့အခါ တစ်ဖက်ကတအားခံစားရရှာတာပေါ့။သူပေးထားတဲ့လိပ်စာအတိုင်းလိုက်တော့လည်းဒီနာမည်ကမရှိ၊ ဒီလူကိုမသိကြတော့ကောင်မလေးခမျာဒီစိတ်နဲ့ဘုံးဘုံးလဲပြီးနဂိုအခံနှလုံးရောဂါကလည်းရှိတော ့နောက်ဆုံးကွယ်လွန်ခဲ့ရရှာတယ်ညီမလေးရယ်။ဘာကြောင့်အတွေ့မခံရတာလဲ၊ ဘာကြောင့်စိတ်ဒုက္ခပေးရတာလဲ၊ဘာကြောင့်ညာရတာလဲဆိုတဲ့စာသားလေးသုံးခုကိုကောင်မလေးကလက်ဖျံမှာဆေးမင်ကြောင် ထိုးသလိုဆေးနဲ့ရေးထားတယ်ဆိုတာကိုပါ အကိုသိလိုက်တော့ရင်ထဲကြေကွဲမိပါတယ် ညီမလေးရယ်။ တစ်ဖက်သားအပေါ်ညာတာဟာကိုယ်ချင်းမစားခြင်းပါပဲ၊ကိုယ့်လုပ်ရပ်တွေပေါ်မှာလိပ်ပြာမသန့်ရင် သိက္ခာလည်းမသန်နိုင်ဘူးမဟုတ်လား။အကျိုးမပြုအချိန်ကုန်ခံပြီးစိတ်အနာတရဖြစ်အောင်လှည့်စားတာမျိုးတွေ ညီမလေးမလုပ်မိပါစေနဲ့နော်။ နောက်တစ်ယောက်ကတော့ သူတင်လိုက်တဲ့စတေးတပ်(Status)ကိုဘယ်သူတွေကဝေဖန်ကွန်မန့် ဘယ်လောက်တက်သလဲ ၊ဘယ်သူတွေကLikeလုပ်ကြသလဲစိတ်မဖြောင့်ရှာဘူးတဲ့ ညီမလေးရယ် ။ စားလည်းဒီစိတ်၊သွားလည်းဒီစိတ်နဲ့ Like(ကြိုက်သူတွေ)မှများများရနိုင်ပါ့မလားဆိုပြီးတွေးပူရတာလည်းဝေဒနာဖြစ်လို့နောက်ဆုံးစိတ္တဇဖြစ်မှာစိုးလို့ ဆေးလိပ်ဖြတ်သလိုဖေ့စ်ဘွတ်ခ် […]


htet wayJuly 15, 20131min3223
အာဇာနည် မှန်ကန်မူ သစ္စာတရားနဲ့ ကိုယ်ကျိုး စွန့် အနစ်နာခံသူတွေ မြို့တစ်မြို့လုံး ဖုံးလွှမ်းသွားအောင် ဥဩသံတွေ မည်ဟီးလိုက်စမ်းပါ ဟိုမှာ တိုင်တစ်ဝက်လွှင့်တင်ထားတဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတော် ငါတို့ရဲ့ အမြတ်တနိုး သော့ခတ်ထားတဲ့ နေ့ရက် ဇူလှိုင် ၁၉ ငါတို့ရဲ့ ကယ်တင်ခြင်း တေးသွားရဲ့ချိုမြိန်မူ ဇူလှိုင် ၁၉ ငါတို့ရဲ့ ရနံ့အမွှေးဆုံး ပန်းတွေ ကြွေတဲ့ ဇူလှိုင် ၁၉ ဟော့ဒီမှာ ငါတို့ရဲ့ မွတ်သိပ်တဲ့ အလွမ်းတွေ ဟော့ဒီမှာ ငါတို့ရဲ့ ဝမ်းနည်းခြင်း မျက်ရည်တွေ ဟော့ဒီမှာ ငါတို့ရဲ့ သံပြိုင်သီဆိုလိုက်တဲ့ ကွဲကြေနေတဲ့ အသံ ဇူလှိုင် ၁၉ အနစ်နာခံခြင်းရဲ့ အခြား အမည်…..အာဇာနည်တဲ့ အရိုင်းအစိုင်းတွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ကျေးဇူးရှင်တွေ ကျွနပ်တို့ […]


htet wayMarch 15, 20131min86422
”ဖုန်း လိုချင်တယ်.. ဒါပဲ ကျောင်း ပို့ ကျောင်းကြို ကလေးကိုလုပ်နေရတာ ဖုန်းတလုံးတော့ ရှိရ မယ် ..ဘယ်နှယ် ဧပြီလထဲ တန်ဖိုးနည်းဖုန်းတွေ ထွက် မယ် ရှင် ခုထိ ဖုန်းဝယ်ပေးမယ် မစဥိ်းစား ဘူး..” ဘေးအိမ်က ကို ဘသာ ဇနီးရဲ့ မြည် တွန် တောက် တီးနေတဲ့အတွက် ရေး လက်စ စာ တစ်ပုဒ်ကို ခဏရပ်ပြီး နားထောင် လိုက်မိတယ် “ ဟာ မိန်းမရယ် ကလေး ကျောင်းကြို ကျောင်းပို့ နဲ့ ဖုန်း နဲ့ဘာဆိုင်လို့ လဲ” ကိုဘသာကလည်း း ညည်းပြောလေး ပြောနေသံကြားသည် ့.။ ဖုန်း တန်ဖိုးနည်း တွေ လာမယ် ချမယ် […]


htet wayMarch 5, 20131min68320
သူငယ်ချင်းတစ်ယောက်က ကား တစ်စီးဝယ် လိုက်တယ် ။ နယ်မှာ ကား အငှား လိုက်မယ် ။ ကိုယ် လည်း လို အပ်တာ သုံးလို့ရတယ် ဆိုပြီး သေချာ တွက် ချက် ဝယ်လိုက် တာပါ။ကား ဆိုတာက လည်း ကိုယ်နဲ့ တော် တော် စိမ်းတဲ့ အရာပါ။နယ် မှာနေတာကိုး။တလောက ရန်ကုန်က မိတ်ဆွေ တစ်ယောက်က နိုင်ငံခြား ထွက်ပြီး အလုပ် လုပ် မယ် လို့ ဖုန်းနဲ့ လှမ်းပြောတော့ ဘယ်နှယ့် တက္ကစီ မောင်းနေတာ အဆင် မပြေ ဘူးလားဆိုတော့ အားပါး ..များလိုက်တဲ့ ကားတွေ နောက် လမ်းက လည်း ပိတ် ကားတွေ ကြပ် […]


htet wayFebruary 28, 20131min78514
ညီမလေးရေ အကိုရန်ကုန် ကို ထွက် ခွာ မယ့် ကားကြီးပေါ် တက်ပြီး အကို နေရာ ယူလိုက်တယ်။ အကိုဘေးမှ ာ ပစ္စည်းတွေ ချပြီး အသက် သုံးဆယ်လောက် လူငယ်တစ်ယောက်က ကားအောက် ကို ဆင်းသွားတယ် လေ။ကား ထွက် ဖို့ ငါးမိနစ် အလိုပါပဲ။ ဒီချိန်မှာ ကောင်လေးဆီကိုဖုန်းဝင်လာတယ် ။ကောင်မလေး တစ်ယောက်ရဲ့ အသံပါ။ ဖုန်းသံက ကျယ်တော့အကိုလည်း သဲ့ သဲ့ ကြား မိပါတယ် ။ ကိုကြီး ညီမလေး က နုတ်ဆက် ဖို့ ဆိုင်ကယ် နဲ့ ထွက်လာတာ ကလေး တယောက်ကိုတိုက်မိမလို ဖြစ်သွားတယ် ။ အဲ့ဒါ ဘရိတ် အုပ်လိုက်တော့ ဆိုင်ကယ်ကစက်နိုးလို့ မရ […]


htet wayFebruary 27, 20131min48617
ရွာထဲ လည်း တစိုက် မတ်မတ် မဝင် နိုင်ခဲ့ပါ။အဖြစ် အပျက်တွေနဲ့ ပျော်မော ကြေကွဲ ရင်း မနေနိုင် လို့ ရေးရ ခြင်း ဖြစ်တဲ့ ကဗျာကို သာရေး ဖြစ် ခဲ့ သည်။ တလောက ပြည် ဂျာနယ် ဆိုတာ စထွက် သည်။ထုတ်ဝေသူ ခမျာ ကျွန်တာ် ရန်ကုန်လာတယ် သတင်းကြား လို့ ဖုန်းဆက် လိုက်ရှာ ။ ကျွန်တာ် က လည်း သူ့ဂျာနယ် ကိုအောင် မြင်စေချင်ပါသည်။ အခု အပတ် ၁ရက်နေ့ ထွက် မယ် ဆိုပဲ၊ မီးပျက် လို့ နှစ်တိုက် ခွဲ ရိုက်ရတယ် (၂)ရက်နေ့မှ ထွက် မယ် တဲ့။ […]


htet wayFebruary 3, 20131min61118
ညီမလေးရေ ချစ်ခြင်းမေတ္တာရဲ့လေးနက်မှုကိုအကိုတွေးဖူးတယ်။အချစ်မှာသတ္တိတွေခွန်အားတွေရှိတယ်အနစ်နာခံခြင်းတွေရှိတယ်။နောက်သူပျော်စေတော့ဆိုတဲ့ အလျှော့ပေး စိတ်တွေရှိတယ် ကွယ်။ တစ်ချို့ကတော့ အချစ်ဆိုတာကိုအစာအဖြစ်တပ်ဆင်ပြီးလူကလူကိုမျှားတတ်ကြတယ်။ စိတ်ရဲ့ထွေပြားမှုကြောင့်လည်းအချစ်လို့ထင်ယောင်ထင်မှားဖြစ်တတ်ကြတယ်။ ညီမလေးရေ မြို့မှာကိုယ်ရေပြားရောဂါသည်အမျိုးသမီးတစ်ယောက်နဲ့လူငယ်လေးတစ်ယောက်ရဲ့လက်ထပ်ပွဲလေးတခုကိုအကိုကြားမိလိုက်တယ်။ အမျိုးသမီးကအသက်(၃၀)ကျော်နဲ့(၂၀)ကျော်လောက်ရှိတဲ့လူငယ်လေးလက်ထပ်ပွဲကို အကိုအံ့ဩလိုက်တာညီမလေးရယ်။သူတို့လက်ထပ်ပွဲကတော့မခမ်းနားပါဘူးရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှာပဲ ဧည့်သည်လေးတွေဖိတ်လို့ညပိုင်းလေးမှာလက်ထပ်စာချုပ်ကိုလက်မှာတ်ရေးထိုးတာပါ။ကွက်သစ်နောက်လမ်းလို့ခေါ်တဲ့ဆင်းရဲသားတွေနေတဲ့နေရာ လေးကလက်လုပ်လက်စားမိသားစုပညာ လည်း မတတ်ကြသူတွေပေါ့ညီမလေးရယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှာသတို့သမီးကအဝါရောင်ချိတ်ထမီနဲ့အမျိုးသားကလည်းတိုက်ပုံအကျီလေးနဲ့ပေါ့။လက်ထပ်စာချုပ်ချုပ်ဆိုလက်မှတ်ရေး ထိုးတဲ့အခါမှာသတို့သမီး လက်ကလေးတွေကိုရပ်ကွက်လူကြီးကြည့်လိုက်တော့လက်ကလေးတွေကပွန်းပဲ့နေတယ်၊သွေးစလေးတွေထွက်နေတယ်။သူမကပြောသေးတယ် ကျွန်မပျော်လိုက်တာတဲ့လေ။သူ့အမျိုးသားကလည်းဖေးဖေးမမရှိလှပါတယ်။လူတွေကရှောင်ဖယ်ခြင်းခံရတဲ့ကိုယ်ရေပြားရောဂါသည်တစ်ယောက်ကို လက်ထပ်ပေါင်းသင်းမယ့် သတို့ သား ကိုအကိုတော့အ့ဩမိတယ်။ရွံ့ရှာစိတ်ကိုဖျောက်ထားနိုင်တဲ့သူ့ရဲ့စိတ်ကိုညီမလေးရောမအံ့ဩမိဘူးလား။တခါကဆင်းရဲသားလေး တစ်ယောက်လက်ထပ်ပွဲကို အကိုသတိရမိပြန်တယ်ညီမလေး။သူ့ခမျာခမ်းခမ်းနာနားလက်မထပ်ရှာနိုင်ဘူး။ မိတ်ဆွေတစ်ချို့ကိုအိမ်မှာဧည့်ခံလို့အကျဉ်းချုံးလေးလက်ထပ်လိုက်ရရှာတယ်။ အိမ်အပြန်မှာချစ် ဇနီးချော လေးကို ခေါ်လို့ ပြန်လာတဲ့အခါစရိတ်ကမလောက်ငှ ရှာ ဘူးလေ။ခရီး တစ်ထောက် ထမင်းစား ဖို့ ကျတော့ သူ့ချစ်သူလေးကိုဆိတ်သားနဲ့ကျွေးပြီးသူကဘေးကထိုင်ကြည့်နေရှာတယ်။ဒီအချိန်ဟာသိပ်ဆာနေတဲ့အချိန်လေ။အကိုကမြင်နေခဲ့တယ်။ ပြီးတော့သူတို့ရဲ့အဖြစ်သနစ်ကိုလည်း ရိပ်မိနေတယ်။ဒါကြောင့်သူတို့ဝိုင်းမှာဝင်ထိုင်ပြီးထမင်းဆိုင်စားပြီးပေမယ့်အကိုကဖျော်ရည်တစ်ခွက်မှာလိုက်မိတယ်ပြီးတော့သူ့ကို “ညီလေးမင်းကိုအကိုထမင်းကျွေးချင်တယ်အကိုစာမူခလေးရလာလို့ပါ” ဆိုပြီးမေတ္တာရပ်ခံပြီးကျွေးလိုက်ရတယ်ညီမလေး။အကို့အသိကောင်လေးပါ။ သိပ်ချစ်ကြတဲ့ချစ်သူအိမ်ထောင်ဘက်လို့အကိုသတ်မှတ်ခဲ့တယ်။သူ့ဇနီးကလည်းအလိုက်သိတတ်တယ်။ သူ့အမျိုးသားအလုပ်ကပြန်လာတာနဲ့ကြိုဆိုပြီးမောင်မောနေလား၊ခဏနားနော်ရေတစ်ခွက်လောက်သောက်လိုက်ထမင်းပြင်ပေးမယ်သိလားဆိုပြီး ယပ်တောင်ခတ်ပေးလို့ပြုံးပြုံးရွှင်ရွှင်နဲ့နေထိုင်ကြတာအကိုမြင်ဖူးတယ်။အလုပ်ကြမ်း လုပ်ရရှာတဲ့ လင်ယောက်ျားရဲ့ အားပေးဖေါ် အားဆေး တစ်ခွက် ပဲမဟုတ်ဘူးလား။ ညီမလေးရေသူတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ပေါင်းစပ်ပြီးထွက်တဲ့ခရီးလေးကလှလိုက်တာနော်။အေးတူပူမျှဆိုတဲ့စကားလေးကို အကိုသူတို့ကိုကြည့်ပြီးပုံဖေါ်မိပါတယ်။ အကိုရင်ထဲဝေမျှခံစားနာကျင်ကြေကွဲရတဲ့ချစ်သူစုံတွဲလေးတစ်တွဲတော့အကိုတွေ့ဖူးတယ်။ကောင်လေးကဆယ်တန်းမကောင်ရှာဘူး […]