Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နွေဦးပေါက်ရင် ကားတစ်စီး ဝယ်မယ်

htet wayMarch 5, 20131min68920

သူငယ်ချင်းတစ်ယောက်က ကား တစ်စီးဝယ် လိုက်တယ် ။ နယ်မှာ ကား အငှား လိုက်မယ် ။ ကိုယ် လည်း လို အပ်တာ သုံးလို့ရတယ် ဆိုပြီး သေချာ တွက် ချက် ဝယ်လိုက် တာပါ။ကား ဆိုတာက လည်း ကိုယ်နဲ့ တော် တော် စိမ်းတဲ့ အရာပါ။နယ် မှာနေတာကိုး။တလောက ရန်ကုန်က မိတ်ဆွေ တစ်ယောက်က နိုင်ငံခြား ထွက်ပြီး အလုပ် လုပ် မယ် လို့ ဖုန်းနဲ့ လှမ်းပြောတော့ ဘယ်နှယ့် တက္ကစီ မောင်းနေတာ အဆင် မပြေ ဘူးလားဆိုတော့ အားပါး ..များလိုက်တဲ့ ကားတွေ နောက် လမ်းက လည်း ပိတ် ကားတွေ ကြပ် တစ်နေ့လုံးရတဲ့ ဝင်ငွေ နဲ့ အုံနာကိုပေးရ ဆီဖိုး နုတ်ရ မကိုက်ပါဘူး သူငယ် ချင်းရယ် တဲ့..။
ရန်ကုန်ရောက်တော့ တကယ်ကိုပဲ ကားတွေပေါနေတာ တွေ့ရတယ် ။ ကားလမ်းပိတ်လို့ ဘုရင့်နောင် တင် မနည်း အချိန်ကကြာ ၊ ၃၉အထူး ကားကြီး ပေါ်မှာ ချွေးဒီးဒီးကျ အင်း ကိုယ်ပိုင် ကား တစ်စီးလောက် ရှိရင် ကောင်းမယ် လို့ မတန်မရာတောင် တွေးမိပါတယ်။ကားလမ်းတွေ ဘာလို့ ကြပ်လည်း ၊ကားတွေ ပေါလာတာရယ် နောက် လမ်းတွေ ရဲ့ အကျယ် အဝန်း ရယ် ၊ စည်းကမ်းမဲ့ ကားရပ် တာတွေ ကြောင့် ရယ်လို့ တွေးမိပါတယ် ။ ကား တစ်စီးက လူတင် ဖို့ ရပ်တယ် ။ရပ် တင် ချ ..ဆိုပြီး ထွက်ရင် ကားကြပ် နိုင်ပါ့မလား။ဒီအချိန်မှာပဲ ကားကြီးက မောင်းခွင့်ရလို့ မောင်းလာတယ် ။ စပါယ်ယာကလည်း ခပ်စွာစွာလူတစ်ယောက်ဖြစ်မယ် ထင်တယ် ။
“ ဟေ့ .. အဝမပိတ်နဲ့လေ နောက်ကိုလျှောက် ”
“ကျွန်တော် တို့ ရှေ့ မှတ် တိုင် မှာ ဆင်းမှာပါ”
“ မရဘူး နေက်ကို မလျှောက် ချင်ရင် ဆင်း..ဒါပဲ”
နယ်က တက် လာသူတွေ ထင်တယ် ခပ်ကုတ်ကုတ်လေး နဲ့ နောက်ကို အထုပ်တွေ ဆွဲပြီး တိုးခွေ့ ဝင်သွားရှာတယ် ။နောက် မှတ် တိုင်မှာ တက်လာတဲ့ အမျိုးသမီးကြီး တစ်ယောက်
“အစ်မကြီး နောက်ကို ဝင် ၊ မဝင်ချင် ဘေးကပ်.. မကပ်ချင် ကိုယ် ပိုင်ကားဝယ် စီး..”
“ ဟဲ့ အကောင် ..ဘာစကားပြောတာလဲ”
အမျိုးသမီးကြီးက ဒေါသနဲ့ ပြန်အော ်တယ် ။စပါယ်ယာကလည်း ဘေးကပ်ဖို့ ပြန်ပြောနဲ့ တစ်ယောက် တစ်ခွန်းစကား များ ပါတယ်
ဟဲ့ နင်ဘာကောင်လဲ…..။ အမျိုးသမီးကြီးက ဒေါ သနဲ့ အော် တယ် ။စပါယ် ပါဆိုမှ နင်ဘာကောင်လဲ ဆိုတော့ဟိုကလည်း ခင်ဗျားက ရောလို့ ပြန်မေးတယ်။
ငါ ဘာကောင်လည်း သိချင် ရင် နင် စုံစမ်း တဲ့ အမျိုးသမီးက ဒီလိုပြောတော့ ကား ပေါ်က အသက်ကြီး အမျိုးသမီးကြီး တစ်ယောက် က “ တော် ကြပါ ဟယ်” လို့ ဟန့်တယ်။ တစ်ချို့ကလည်းပြုံးစိစိ ၊ တစ်ချို့ကလည်း စိတ် ပျက်တဲ့ အမူအယာ ။ ကား က စိန်ပေါ မှတ်တိုင် ရောက်လာပြီ။ ၃၉ ကားပါ။သူတို့ စကား တွေက မရပ်သေးဘူး။
“ ငါ ဘာလည်း သိချင်ရင် ၅၁လမ်းကိုမောင်း ဟေ့ဒရိုင်ဘာ ၅၁လမ်းကိုမောင်းနော်”
ခင်ဗျား ဘာဖြစ်ဖြစ် ကားပေါ်က ဆင်းဗျာ
စပါယ်ယာက ခပ်ကြမ်းကြမ်းပြောပြီး နင် ချ တော့ ဟို အမျိုးသမီးက ထပ်ပေါက်ကွဲပြီး ငယ် သံပါအောင် အော်တော့ တာပဲ။ ကျွန်တော် လည်း စိတ် ညစ်လာပြီ။ သိမ်ဖြူ မှတ်တိုင်ရောက်တော့ ကားနှစ်စီး ထပ်ရပ် ထားတယ် ရှေ့ကားက ရပ်လိုက်တော့ ကျွန်တော် တို့ကားပါ မှတ်တိုင် မရောက် ခင်ရပ်ရ။
“ ယာဉ် ထိန်းတွေ ဒါတွေကို အရေးယူ သင့်တယ် နောက် မီးပှိုင့်မှာ စောင့်ပြီး လမ်းရှင်းစနစ် သုံးသင့်တယ် အင်အား သုံးပြီး လမ်းကြပ်တာကို ဖြေရှင်းသင့်တယ် ရွှေဂုံတိုင် တို့ လှည်းတန်းတို့မှာ ဒီလို လုပ်နေကြပြီ”
ဘေးက ထိုင်နေသူက ကျွန်တော့်ကို ပြောသလို သူဘာသာ ညည်းသလို ပြောနေတယ် ။ပလက်ဖေါင်းပေါ် ဈေးရောင်း တာတွေ လည်း စည်းကမ်း သတ်သင့်တယ် ။ ဈေးသည်တွေက ပလက်ဖေါင်းပေါ်ဈေးရောင်း လူတွေက ကားလမ်းပေါ်လျှောက် ကား လမ်းတွေ ကြပ်တာလည်း ဒါ တွေ မပါဘူးလား။
ကျွန်တာ် လည်း ဆင်းရမယ့် မှတ်တိုင်ရောက်လို့ ဆင်းရတယ် ။ ကားကတော့ ဆက် ထွက်သွားပြီ။ အော် ရန်ကုန် ကားတွေ အရင် ကထက် ပေါလာပြီ ဈေးတွေကလည်း ကျ နေပြီ ကိုး။ တက္ကစီသမားတွေကလည်း အများသား ဒါကြောင့် သူငယ်ချင်းက ကြီးထောင်ကြီးမား ကြီးနဲ့ ဇနီးနဲ့ သားကိုခွဲပြီး မလေးရှား ထွက် တာကိုး။
ကဗျာဆရာနေမျိုးရဲ့ ကဗျာ ထဲက လို နွေဦးပေါက်ရင် ကား တစ်စီး ဝယ် မယ် ကားဟွန်းသံမှာ ဟစ်တလာ မိန့် ခွန်း တပ်ထားမယ် လို့ ရေး ထားတာဖတ်ဖူး တယ် ။ ကျွန်တော် လည်း နွေဦးပေါက်ရင် ကား တစ်စီး ဝယ်ပါမည်။ ကားဟွန်းသံမှာ ကား လမ်းတွေ ပိတ်နေပိတ်တယ် စည်းကမ်းရှိကြပါလို့ တပ်ထား မယ် ။နောက် ကျွန်တော်က နယ်ကဆိုတော့
နယ် က ကား လမ်းတွေက မုန့်ကြိုး လိမ်လို ၊ လမ်းက ကျော်ပေါက် မာနဲ့ မျက်နှာလို ဖြစ်နေတော့ ဆောက်လုပ်ရေးကလည်း ပြင်ရှာပါတယ် နွေရောက်ရင် လမ်းကိုညှိတယ် ဆိုပြီး ဂေါ်နဲ့ ထိုး ညှိ ၊အလုပ်သမားတွေက လမ်းပေါ်က ထွက်တဲ့ ကျောက် ခဲတွေ လိုက်ကောက် စုပုံ ၊ သူတို့က တော့ နေ့စား ခရ ၊ မိုးကျတော့ ကျောက်ပြန် ချ ။ဒီလိုနဲ့ သံသရာလည်
လမ်းက ပျက်နေတာ က ပျက်နေတာပဲ ။နွေဆို ဖုန်းတထောင်းထောင်း ၊ မိုးဆို လုံးဝ သွားမရ ဒီတော့ကား နယ် ရောက်ရင် ကား ဟွန်းသံမှာ လမ်းတွေပြင်ပါ တကယ်ပြင်ပါ လို့ တပ် ထားရ မယ် လေ။
ဟုတ်ကဲ့ ..နွေဦးပေါက်ရင် ကား တစ်စီး ဝယ် မယ်

20 comments

  • ခိုင်ဇာ

    March 5, 2013 at 9:43 am

    ဘပ်စကား စီးတော့ လူကျပ်တဲ့ ဒုက္ခ၊ စပယ်ရာ ဟောက်တဲ့ ဒုက္ခတဲ့။
    တက်စီ/ကားမောင်းမယ် နဲ့ ဆိုတော့ လမ်းကျပ်တဲ့ ဒုက္ခ၊ ကားကျပ်တဲ့ ဒုက္ခတဲ့။
    လမ်းလျှောက်မယ် ဆိုတော့ ပလက်ဖောင်းပေါ်က ဈေးသည်တွေ လွတ်အောင်ရှောင်ရတဲ့ ဒုက္ခတဲ့။
    လမ်းကူးမယ်ဆိုတော့လည်း စည်းကမ်းမဲ့ မောင်းနှင်မှုတွေ ရင်ဆိုင်ရမဲ့ ဒုက္ခတဲ့။

    စာတွေဖတ်ပြီး ရန်ကုန်ကို လာဖို့ လန့် လန့်လာတယ် တစ်စုံတစ်ယောက်ရယ်။

    :byae:

    • Foreign Resident

      March 5, 2013 at 10:36 am

      ” တစ်စုံတစ်ယောက် ”

      အင်းးးးးး ။ အခုရက်ပိုင်းတော့ ၊
      အပ်ကြောင်းထပ်နေသလိုပဲ ။ 😛

    • Foreign Resident

      March 5, 2013 at 10:52 am

      ” ရန်ကုန်ကို လာဖို့ လန့် လန့်လာတယ် ”

      ပြောရဦးမယ် ။
      အချစ် သာ စစ်မှန်လို့ကတော့ ၊
      ဘယ်လို အခက်အခဲ ခယောင်းလမ်းမဆို ၊
      ဖြတ်ကျော်နိုင်ပါတယ် ။

      Fighting !!!

      • ခိုင်ဇာ

        March 5, 2013 at 11:03 am

        အယ်။ ဘဖောတို့ မြှောက်ပေးနေပြန်ပြီ။ :mrgreen:

        ဒီဇင်ဘာမှ လာဖို့ ပြောထားလို့ စကား နားထောင်လိုက်ဦးမယ်။ :mrgreen:

        “တစ်စုံတစ်ယောက်” ကြားရတာ ၂ ရက်ပဲ ရှိပါသေးတယ်လေ။
        ဒီ ၁ ပတ်လုံး ကြားရမယ်ထင်ပါတယ်။

        :kwi:

        • Ghi Ghi ThE KiD

          March 5, 2013 at 11:21 am

          ဂလိုပါပဲဗျာ ..ဖြစ်တတ်ပါတယ်။
          မစေးဒီးစ် ဝယ်စီးကာနီး ဘီအမ်ဒဘလျူလေးကပဲ ပိုကောင်းသလို
          ဖာရာရီ စီးကာနီးမှ လမ်ဘဂီနီလေးက ပိုလန်းသလို
          အော်ဒီ စီးပါတော့မယ်ဆိုမှ ဗော်လဗိုလေးဆို ပိုမိုက်မလို ထင်တတ်တာ
          လူရဲ့ ဆိုက်ကလော်ဂျီ ပါပဲ…

          ဟီဟိ .. ဆိုက်ခယားအထွစ် ပြကျိပါလား မမဇာ..

          :kwi:

        • ခိုင်ဇာ

          March 5, 2013 at 11:48 am

          တောက်။
          လူက ရူးချင်ချင်ပါဆိုအေ။

          မာစီးဒီး စီးခါနီးမှ ဖလာလီပေးမဲ့လူနဲ့ လန်ဘာဂီနီးနဲ့ ကမ်းလှမ်းတဲ့ လူနဲ့ဆိုတော့
          ဂလောက်တော့ ရူးပါရစေရယ်။
          :kwi:

  • kyeemite

    March 5, 2013 at 10:28 am

    ဟုတ်တယ်ဆရာထက်ဝေးရေ…ရန်ကုန်မှာတော့
    နေ့တိုင်း ၂နာရီ လောက်ဟာ ဘာမှမလုပ်ရပဲ
    လမ်းပေါ်မှာအချိန်ကုန်သွားတယ်ဗျို့….နှမြောစရာ..
    ဘစ်ကားပေါ်ဆိုတာလည်း စာအုပ်စာပေဖတ်ဖို့နေနေသာသာ
    လူတောင်မတ်တတ် မနဲရပ်လိုက်ရတာ…
    တက်စီဆိုတာကတော့ ဟိုးတုံးက တခြားလုပ်စရာမရှိတဲ့လူသာ
    ရှိစုမဲ့လေးနဲ့ ထောင်စားတာ..ခုတော့..ကားဈေးကလည်း
    ကျ..ဆိုတော့..ကားဝယ်နိုင်သူအားလုံး မထောင်မနေရလို
    တက်စီ ထထောင်ကြတော့ လမ်းတွေပေါ် တက်စီနဲ့ပြည့်နေပြီဗျ…
    စတ်ပျက်စရာ… :byae:

  • Ghi Ghi ThE KiD

    March 5, 2013 at 11:57 am

    ဆြာထက်ရေ..
    သည်လိုလေးတော့ရှိသဗျ..
    ယဉ်စည်းကမ်း လိုက်နာပြီး ၂ထပ်မရပ် ရင်တောင် ၁ထပ်တော့ ရပ်ကြဦးမှာပဲဗျ..
    ဆိုလိုချင်တာ ကားပါကင်က အစကတည်းကမလုံလောက် ..သည်ကြားထဲ ကားကထပ်တိုးလာ..
    အကုန်လမ်းပေါ်ရောက် … ဆိုတော့ ကားပါကင်တွေ မဖန်တီးပေးနိုင်ရင်တော့
    ဘယ်လောက် စည်းကမ်းလိုက်နာလိုက်နာ ကားပိတ်တဲ့ပြသနာ အပြည့်အဝ ပျောက်ကင်းမှာ
    မဟုတ်သေးဘူးပဲ..။

    မြို့ပြအတွက် Car Parking Systems တွေ စစဉ်းစားဖို့ လိုနေပြီလား မသိတော့ဘူးဗျာ..
    http://en.wikipedia.org/wiki/Car_Parking_System
    အဲ့လို စစဉ်းစားရင်တော့ မီး မှန်ဖို့ လိုပါသည်…။

  • Mysterious

    March 5, 2013 at 12:19 pm

    ကားကကြပ်တာကတော့ စာတောင် မဖွဲ့ချင်တော့ပါဘူးဗျာ။
    တစ်ရက်တစ်ရက် ဘက်စ်ကားပေါ်မှာချည်း အချိန်တွေက လွင့်ပါးကုန်ရော။
    လှည်တန်းတံတားကြီးပြီးသွားလည်း ထပ်ဖြစ်နေအုန်းမယ်ဆိုရင်တော့
    စက်ဘီးလေးတစ်စီးလောက် ဝယ်ပြီး ဟိုဒီသွားရင် စွမ်းအင်ချွေတာရာလည်းရောက်မလားလို့။
    ဒါပေမယ့်လည်း ဟိုလမ်းမဝင်ရ၊ ဒီလမ်းမဝင်ရကလည်းရှိနေသေးတယ် … ဟူး …………….။

    ပြီးတော့၊ ပလက်ဖေါင်းပေါ်က ဈေးသည်တွေ၊ သူတို့တက်ရောင်းနေတာနဲ့ လမ်းသွားတာတောင်မှ
    မြန်မာ ဂဏန်းစတိုင်နဲ့သွားနေရတယ်။ ဘေးတိုက်လေးသွားရတာလေ။ အဲဒါလည်း … ဟူး …..။

  • Ma Ei

    March 5, 2013 at 3:49 pm

    လမ်းပေါ်မှာ ကားတွေ
    ဒီလောက်ကျပ်ပိတ်သိပ်နေတာကို
    Showroom တွေထဲက ကားတွေများ
    လမ်းပေါ်အကုန်ရောက်လာရင်တော့…

  • Uncle Lay

    March 5, 2013 at 4:26 pm

    ရောင်းမကုန်တဲ့ မိနီလေး ကို ငွေပေါ်အရင်းပြုတ်နဲ့ရောင်းမည်…တဲ့ နိုင်ငံ့ဝန်ထမ်းဆိုရင်ပေါ့။
    —- ဝန်ထမ်းများကို မြန်မာမီနီဆလွန်း အရစ်ကျရောင်းမည်
    Tuesday, March 5, 2013

    မြန်မာမီနီဆလွန်းကားများကို နိုင်ငံဝန်ထမ်းများအား ငါးနှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်အတွက် စက်မှုဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကာ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။ ကနဦးအနေဖြင့် ကျပ်ခုနှစ်သိန်းခွဲ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသည့် ကားတန်ဖိုးကို တစ်လလျှင် ကျပ်တစ်သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “လက်ကျန်ရှိနေသေးတဲ့ မီနီဆလွန်းတွေကို ပြည်သူတွေ သက်သက်သာသာနဲ့ စီးနိုင်အောင် အရစ်ကျနဲ့ ရောင်းပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာမီနီဆလွန်း ကားများအား ပြည်သူတစ်ဦးချင်း အနေဖြင့် ဝယ်ယူလိုပါက ယခင်ကဲ့သို့ လျှောက်ထားချက် စာရွက်စာတမ်းများ မလိုတော့ဘဲ ဘဏ်သို့ ကားတန်ဖိုးငွေ ပေးသွင်းပြီးပါက မိမိကြိုက်နှစ်သက်ရာ အရောင်အား ရွေးချယ် ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။ စက်မှုဝန်ကြီးဌာနမှ ဒေါ်လှလှသီက “ဒီလိုအရစ်ကျနဲ့ ရောင်းမယ်ဆိုရင်လဲ တစ်လကို ကျပ်တစ်သိန်း ပေးသွင်းနိုင်တဲ့ လ/ထကြီးကြပ်ရေးမှူးနဲ့ လစာတူတဲ့ ဝန်ထမ်းတွေကို ရောင်းချပေးမှာပါ။ တစ်လကို ကျပ်တစ်သိန်း လစာဝင်ငွေ မရှိတဲ့သူတွေကို ရောင်းချပေးဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးဘူးပေါ့” ဟု ပြောသည်။ ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး ဦးစီးအရာရှိက “အခုလို အရစ်ကျစနစ်နဲ့ ရောင်းရင်တော့ ဝန်ထမ်းအတော်များများ ဝယ်နိုင်သွားမှာပါ။ ဘာပဲပြောပြော ပိုက်ဆံနည်းနည်းနဲ့ ကားပိုင်ဆိုင်နိုင်တော့ ဝမ်းသာပါတယ်။ ဒီလိုမှ မဟုတ်ရင် ဝန်ထမ်းတွေအနေနဲ့ ကားဝယ်စီးနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမယ့် ဂျပန်ကားတွေကိုလဲ ဒီလိုရောင်းပေးရင် ပိုကောင်းတာပေါ့” ဟု ပြောသည်။ လက်ရှိ ကားဈေးကွက်တွင် မြန်မာမီနီဆလွန်းများမှာ ကျပ်သိန်း ၆ဝ နှင့် ၆၅ သိန်းသာ ရှိသော်လည်း စက်မှုဝန်ကြီးဌာနမှ ကျပ် ၇၅ သိန်း သတ်မှတ်ကာ ရောင်းချပေးလျက် ရှိသည်။ ယခင်က မြန်မာမီနီဆလွန်းကား ဝယ်ယူရာတွင် အရောင်မှာ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ အဖြူ၊ ရွှေအိုရောင်၊ ငွေအိုရောင်တို့သာ ရရှိနိုင်သော်လည်း လက်ရှိအချိန်တွင် အနက်ရောင်တစ်မျိုး ထပ်တိုးလာပြီး ဝယ်ယူသူများ အနေဖြင့် အရောင်စိတ်ကြိုက် ရွေးချယ်နိုင်ပြီဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ရ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

  • htet way

    March 5, 2013 at 4:50 pm

    အခုလို ဖတ်ရှု့ အားပေးတာ ကျေးဇူးပါ။
    ကား အကြောင်းကတော့ ကျွန်တော် သိပ် မကျွမ်းပါဘူး

  • နေဝန်းနီ

    March 5, 2013 at 7:58 pm

    ဆရာဝေးရယ် နွေပူူပူမှာ ဖုတ်ထူကထူနဲ့ (ကျုပ်တို့ အရပ်က ဖုန်ကိုဖုတ်လို့ ခေါ်တာဗျ) သူများကားတွေဖြတ်နေတာတောင်စိတ်ညစ်ဖို့ကောင်းရတဲ့အထဲ …..။ အဲဒိလိုစိတ်မကူးချင်ပါဘူး (တစ်ကယ်က မဝယ်နိုင်လို့) ကားဝယ်ပြီးရင်တော့ ကျွန်တော့ဆီလာမလည်နဲ့ဗျာ လာချင်ရင်လိုင်းကားနဲ့ဖြစ်ဖြစ် ရထားနဲ့ဖြစ်ဖြစ်လာ ( ကားရပ်ထားစရာနေရာမရှိတာလည်းပါတယ်…။ )

  • ညလေး

    March 6, 2013 at 10:01 am

    လူငယ်တစ်ယောက်ရဲ့ အတွေးလေး….
    ရန်ကုန်မှာ ကားဝယ်မယ့်အစားးး ကားပါကင်ထောင်ရင်ကောင်းဝူးလားနော်….
    ကားတွေက မှိုလိုပေါက် ထားစရာနေရာက မရှိ အနီးအနားက ဘုန်းကြီးကျောင်းတွေမှာထိုးရတဲ့အဖြစ်…ဆိုးပါ့….

  • htet way

    March 6, 2013 at 9:29 pm

    “လူငယ်တစ်ယောက်ရဲ့ အတွေးလေး”
    ကျေးဇူးပါ ဆရာမ ညလေးခင်ဗျာ။ ကျွန်တော့်ကို လူငယ်လေး လို့ ပြောတဲ့
    အတွက် ကျေးဇူးတင် ပါတယ် ။ ဒါမှ ကဗျာတွေရေးတဲ့ အခါ အော် ..
    ငါ အသက် မကြီးသေးပါဘူး လူငယ်လေးပါ လို့…..။
    နွေဦးပေါက်ရင် ကားတစ်စီး ဝယ် မယ် ဆိုတဲ့ ခေါင်းစီက “ဆရာနေမျိုး” ရဲ့ ကဗျာ ခေါင်းစီး ပါ။
    ဒီဆောင်းပါး ခေါင်းစဉ် နဲ့ ၂၀၀၆ခုနှစ်က ရွှေ မြင်သာဂျာနယ်မှာ စာရေးဆရာ
    မင်းနွယ် စိုးနဲ့ ပတ်သက်ပြီးရေး ခဲ့ ဖူးပါတယ်။အဲ့ ဒီ တုန်းက ကား ကြပ်တာတွေ..
    အခုတော့ ရန်ကုန်မြို့ ကြီးရဲ့ ကားလမ်းတွေကြပ်တာနောက် နယ်က လမ်းပြင်မယ် ဆိုပြီး
    ပြင်ဟန်ပြ တာတွေကို စိတ်ထဲ အစာမကြေလို့ ရေးလိုက် မိတာပါ။
    ဖတ်ပေးတာရော ၊ လူငယ်လေးလို့ ပြောတာရော ကျေးဇူးတင်တယ် ဆရာမ
    နောက်ကြုံ ရင် လက် ဖက်ရည် တိုက်ပါ့မယ်။

  • ညလေး

    March 7, 2013 at 9:56 am

    ဆရာ ကလဲ လုပ်ပီ လူငယ်ဆိုတာ ညလေးကို ညလေးပြောတာပါ့ဆရာရဲ့ ကားကြပ်တဲ့ပြဿနာတွေ တွေ့တွေ့နေရလို့ ညလေးသာ ဗိုက်ဆံအများရီးးရှိရင် ကားမဝယ်ဝူးး့ပြောတာပါ ကားပါကင်ထောင်မယ်လို့ ့
    ဒါမယ့် ဆရာတိုက်တဲ့ လကလက်ဖက်ရည်တော့ သောက်ချင်သားးးးအဟီ

  • htet way

    March 7, 2013 at 11:44 am

    ဟုတ်ကဲ့ …
    အားပေးတာ ကျေးဇူးပါ
    ညလေးက ကိုယ်ရောင် ဖျောက် ထား တယ်နော် ကျွန်တော် တို့ က
    ရွာ သား ချင်း သိကြတဲ့ အထဲ ကျွန်တော့် အားနည်း ချက်ပါ ညလေး ကို မသိ
    ခဲ့ ပါဘူး။ စာတွေတော့ ဖတ်တယ် နော် ။ စာ ကို သိပါတယ် ။
    ဒီတော့ လက် ဖက်ရည် ဘယ် ရှာ တိုက် ရမယ် မှန် း မသိ
    ဒီတော့ ကား ..ဆရာမ အနေနဲ့ သောက် လိုက်ရပြီ သာ သဘောထား ပါလေ။

  • awra-cho

    March 8, 2013 at 1:38 pm

    mini လေးအစား ဂျစ်ကားအလုံပိတ်လေးက ဟန်မယ်ထင်ပါရဲ့ ဗျာ၊ သူက ကျောက်ဂွမ်းကလဲ စိတ်မချရ၊ကားက သေးတော့ ကိုယ်တွေ ကားပေါ်တက်တာနဲ့ ကားက ပြားနေမှာ၊ အခုတော့ နယ်မှာ ဆိုတော့ အေးဆေးပဲ၊

Leave a Reply