“အညာဒေသကရွာလေးတစ်ရွာသို့အလည်ရောက်ခြင်း”
“အညာဒေသကရွာလေးတစ်ရွာသို့အလည်ရောက်ခြင်း”
အညာနွေကတော့ပူပါတယ်။
အခုဆောင်းအထွက်နွေအဝင်မှာကို ပူစပြုလာပါပြီ။
အညာဆိုထား ရေငံသောက်မြက်ခြောက်စားလို့ အမှတ်သညာပြုထားကြတာကိုးဗျ။
ပြီးခဲ့တဲ့ရက်ကတော့ မန်းလေးမြို့မြောက်ဘက် ဆယ်မိုင်ကျော်ကျော်လောက်ဝေးတဲ့ရွာလေးကိုရောက်ခဲ့ပါတယ်။
“အင်ကျယ်”တဲ့။
သခင်မတောင်ခြေနားမှာရှိတဲ့ရွာလေးပေါ့။
ကြာနီကန်ထိကတော့ကျောက်လမ်းမ။
အဲဒီကိုလွန်တာနဲ့ အညာဒေသထုံးစံအတိုင်းဖုံထူထူလမ်းကလေး။
ဖုံထူပါတယ်ဆိုမှ နွားအုပ်ဖြတ်တော့ဖုံပိုထသပေါ့။
ရွာထဲကိုဝင်တော့ ဖုန်တလုံးလုံး။
လယ်လုပ်ငန်းလုပ်တဲ့ဒေသဆိုတော့ နွားစာကောက်ရိုးဂိုဒေါင်ရှိမယ်။
နွားတွေရှိမယ်။
အလေ့ကျအပင်လေးတွေနဲ့ရွာစည်းရိုးလေးတွေရှိမယ်။
ဝါးပေါတဲ့ဒေသဆိုတော့ ဝါးလုံးလေးတွေနဲ့ခြံစည်းရိုးခတ်ထားတာရှိမယ်။
အားလုံးကတော့ ခြံကျယ်ဝင်းကျယ်နဲ့ပါဘဲ။
ရွာကအိမ်ခြေသုံးရာကျော်လောက်ရှိတယ်ပြောပါတယ်။
ခြံဝင်းတစ်ခုထဲမှာငှက်ပျောခိုင်ကြီး ကသီးနေလိုက်တာ အားပါးတရ။
ဒါနဲ့ဘဲ ရွာခံအိမ်ကထမင်းကျွေးတာကိုဝင်စားကြပါတယ်။
ကြက်သားအရည်သောက်။
ငရုတ်သီးနဲ့ငါးခြောက်ကြော်။
ငှက်ပျောဖူးကိုသရက်ပိုးတီချဉ်နဲ့ရောသုပ်။
ပဲနှပ်။
စားလို့အတော်ကောင်းပါတယ်။
ထမင်းစားပြီးတော့ နွားနို့စစ် မလိုင်ပျစ်ပျစ်ကို ခြံထွက်ငှက်ပျောသီးကိုကြော်ထားနဲ့ဧည့်ခံပါတယ်။
အားနာစရာမလို ဟန်ဆောင်စရာမလို ဘိုက်ကားအောင်တဝစားပြီးတော့ ပြန်လာခဲ့ကြပါတယ်။
အဲဒီရွာကနေအရှေ့တက်ရင်တော့ အိမ်ရှေ့မင်းထန်းတောကိုရောက်ပါတယ်။
ကဲ နောက်တစ်ခေါက်သွားရင်လိုက်ခဲ့ကြပါအုံးလားဗျာတို့။
ကိုပေါက်လမ်းသလားနေသည်
27-2-2013
19 comments
ခိုင်ဇာ
March 5, 2013 at 9:48 am
အိမ်ရှေ့မင်း ထန်းတော။
လယ်ကြွက်ကင် နဲ့ ထရေချို။
:kwi:
ညလေး
March 5, 2013 at 10:08 am
အညာကို ရောက်သွားရသိုပါပဲ လေးလေးရယ်…
ပုံ5 က တကယ့် ကိုသဘာဝ ကျကျလေး နဲ. ကြည့်လို.အရမ်းကောင်းတယ် လေးပေါက်…
Ma Ei
March 5, 2013 at 10:50 am
လမ်းမှာ နေပူ ဖုန်ထူပေမယ့်
အိမ်ခြံဝိုင်းလေးထဲမှာတော့ စိမ်းစိုနေတာပဲနော်…
ကိုပေါက်ဓာတ်ပုံတွေကြည့်ပြီး ခရီးထွက်ချင်လာမိတယ်…
kyeemite
March 5, 2013 at 11:05 am
6 စိမ်းစိုငြိမ်းချမ်းတဲ့အေးရိပ်သာယာ..ဆိုတဲ့အိမ်လေးသဘောကျတယ်ဗျာ..
အသက်ကြီးလာရင် အဲလိုခြံဝန်းလေးနဲ့ အဲလိုအိမ်လေးနဲ့ သစ်ပင်လေးတွေ
စိုက်ပီးနေချင်တာ…ကြည့်ပီး ဖီးလ်တက်သွားတယ်ဆြာပေါက်ရေ…..
နောက် ကိုပေါက်စားခဲ့တဲ့ ထမင်းနဲ့ဟင်းကလည်း သွားရေတောင်ကျချင်တယ်…
ကျနော်လည်း ငှက်ပျောဖူးသုတ် သိပ်ကြိုက်တာဗျ…သတိရသွားပြီဗျာ…
ဈေးမှာ ဝယ်လို့ရရင် မဒန်မိုက်ကို သုပ်ခိုင်းအုံးမယ်…. :hee:
Myo Thant
March 5, 2013 at 11:10 am
ထန်းတောတော့ စိတ်ဝင်စားတယ်ဗျာ
ခွင့်ကလည်း မရသေးလို့ပေါ့ ၊ နိူ့မို့ရင်တော့
🙂 🙂 🙂
ဗုံဗုံ
March 5, 2013 at 11:30 am
အီးး ဟီးး ဟီးး ဓာတ်ပုံတွေမြင်တော့ အိမ်ကိုလွမ်းသွားပြန်ပြီ တော်ပြီ အမေ့ဆီဘဲ ပြန်တော့မယ် :byae:
Wow
March 5, 2013 at 2:38 pm
ပြန်လာရင် ဆေးမထိုးတဲ့ ငှက်ပြောတစ်ခိုင်လောက် ခုတ်ခဲ့ပါလားဟင်….
ဗုံဗုံ
March 5, 2013 at 3:06 pm
မမဝိုးအတွက် ဆေးမထိုးတဲ့ ငှက်ပျောခိုင်တစ်ခိုင်ရယ် ဆေးမထိုးတဲ့ ငှက်ပျောဖူး ဆယ်ဖူးရယ်ဆေးမထိုးတဲ့ ငှက်ပျောအူ ဆယ်ပိုင်းရယ် ကို အိမ်က အူးလေးကို ပို့ခိုင်းလိုက်မယ် မမဝိုးက အူးလေးကို ဆေးမထိုးတဲ့ အာဘွားး တွေ အများကြီးပြန်ပေးလိုက် နော် နော် နော်
ခိုင်ဇာ
March 5, 2013 at 3:18 pm
ဝါး ။
မနိုင်ရင် ပြောနော်။
ငှက်ပျောခိုင်တွေ အရမ်းများနေရင်ပြောတာ။
ကိုပေါက်(မန္တလေး)
March 5, 2013 at 5:20 pm
အင်း ဆေးမထိုးတဲ့အားဘွားးးးးးးးးးးးးးးးးးးးးးးးးးးးးးး
တိန် တိန့်ဂွမ်
Char Too Lan
March 5, 2013 at 5:39 pm
5နွားတစ်ယှဉ်းနဲ့ကောက်ရိုးပုံ အဲ့ပုံလေးကြိုက်ဒယ်ဗျို ့ …
ကြက်သားအရည်သောက်။
ငရုတ်သီးနဲ့ငါးခြောက်ကြော်။
ငှက်ပျောဖူးကိုသရက်ပိုးတီချဉ်နဲ့ရောသုပ်။
ပဲနှပ်။ထမင်းစားပြီးတော့ နွားနို့စစ် မလိုင်ပျစ်ပျစ်ကို
ခြံထွက်ငှက်ပျောသီးကိုကြော်ထားနဲ့ဧည့်ခံပါတယ်။
ဒါတွေလဲစားချင်တယ်…. 🙁
မောင် ပေ
March 5, 2013 at 8:29 pm
အပေါ်က လူတွေ ပြောနေတဲ့ ဆေးထိုးတယ် ဆိုတာ
ငှက်ပျောသီး ကို ဆေးစိမ်တာပဲ ကြားဖူးပါတယ်ဗျာ
ဆေးထိုး တယ် ဆိုတာ ဘယ်လိုများပါလိမ့်
ဒါနဲ ့
ဗိုက်ကားအောင် စားပြီးမှ ပြန်တယ် ဆိုတာကိုတော့ ၁၀၀% ယုံပါကြောင်း
အဲဒါ အဲဒါ
อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile
March 5, 2013 at 10:25 pm
ကိုပေါက်က ကျေးလက်ဒေသ ပုံလေးတွေတင်တော့
ကျုပ်လည်း မွေးရပ်ဇာတိရွာကိုတောင် လွမ်းလာပြီဗျာ…………
ရွာမှာရှိတဲ့ စာဥတို့ ထွေးညိုကို လွမ်းသလို ရွာပြန်ပြီး နွားကျောင်း လယ်ထွန်ပြီး
ထမင်းဂျမ်းခဲ ယပ်ခပ်စားပီး ဘဝဂို အေးရာအေးကြောင်းလေး ဖြတ်သန်းရင်ကောင်းမလားပဲ…..
ကိုပေါက်(မန္တလေး)
March 5, 2013 at 10:36 pm
ဒီအညာရွာလေးက တကယ့်ကိုသာယာပါတယ်။
ပိုသာယာစေတဲ့အကြောင်းက ကြက်သားဟင်းအရည်သောက်ကလေးနဲ့ ငှက်ပျောဖူးသုတ်ကိုချက်ကြွေးတဲ့
ရွာသူလေးကလဲ လှတ ပတဗျာ။
အဲသဟာကြောင့်
ညလေး
March 6, 2013 at 10:22 am
လေးပေါက် တို.ကတော့ ဖောက်ပြီ….ဗျောက်အိုးးးးးး
အဟိ
ဇွဲမာန်(အင်းဝ)
March 6, 2013 at 4:56 pm
အကိုပေါက်ရေ ………
ရိုက်ချက်ကတော့ ကန်းကုန် အညာဒေသ လွမ်းရပါ၏
နေဝန်းနီ
March 6, 2013 at 8:52 pm
ကိုပေါက်ရေ….။ ဘယ်နဲ့ မိုင်းတွေ ထိနေပါလားဗျ…။ အိမ်ရှေ့မင်းထန်းတောကိုတော့ စိတ်ဝင်စားတယ်ဗျာ ထန်းတောပုံတွေလုပ်ပါဦး ………..။ ရွာတွေကတော့ ကျွန်တော်တို့ ဆီက နဲ့တူတူလောက်ပါပဲ…။ ကျွန်တော်တတို့ ဘက်က ရွာတွေက အိမ်ဆိုင်လေးတွေပေါတယ်ဗျ လာခဲ့ပါဦးလား အကြွေးတောင်းရင်း …….။ ခင်ဗျား တောင်းစရာရှိတယ်ဆိုတဲ့ အကြွေးတွေကော ရပြီလား
ကိုပေါက်(မန္တလေး)
March 6, 2013 at 9:58 pm
ကိုနေ မိုင်းထိ ဆို လူချစ်လူခင်ပေါကြောင်းပြတာပါ။
လာမယ်လာမယ်ဆိုပြိးမရောက် တာကိုနေရေ
မဟာရာဇာ အံစာတုံး
April 2, 2013 at 10:09 pm
ရွာ … ရွာ … ရွာ …
ဒီမြင်ကွင်းတွေ မြင်မိတိုင်းမှာ
စိတ်တွေက ချက်ချင်း ပြေးထွက်
ဇာတိ ရွာအရပ်ဆီကို ….
ဖေပေါက်ဂျီးရေ …
နံပါတ် ၉ ပုံလေးကတော့ အပီပြင်ဆုံးပဲဗျာ …