Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စာပေစိစစ်ရေး ပိုမိုတင်းကျပ်စွာ တားမြစ်

၂၈ ဇွန် ၂၀၁ဝ – ခေတ်ပြိုင်
နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများကို စာပေစိစစ်ရေးက ပြီးခဲ့သည့်သီတင်းပတ်မှ
စတင်ကာ အစီအစဉ်သစ်ချမှတ်၍ ပိတ်ပင်တားမြစ်မှုများ ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။
စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက“အခုဆို နိုင်ငံရေးသတင်းတွေ၊ ဆောင်းပါးတွေ၊ အင်တာဗျူးတွေနဲ့
ပတ်သက်ရင် ဒု-ဗိုလ်မှူးကြီး မျိုးမြင့်မောင် (ရေ) ကပဲ တိုက်ရိုက်ကိုင်တွယ်တယ်။ အခုနောက်ဆုံး နိုင်ငံရေးဆိုင်ရာ
အကြောင်းအရာတွေကို ဖော်ပြခွင့် မပေးသလောက်နီးနီး ဖြုတ်ပယ်ပေးရတယ်။ နောက် ပိတ်ပင်ထားတဲ့
ကလောင်တွေ ဖော်ပြခွင့် ပြုထားတာကိုလည်း ပြန်ပြီး ပိတ်ပင်တားမြစ်ဖို့ ညွှန်ကြားထားတယ်။ ဒါပေမယ့် The
Voice ဂျာနယ်တစောင်တော့ မပါပါဘူး” ဟု ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းပုဂ္ဂလိက သတင်းဂျာနယ်အယ်ဒီတာတဦးက ၎င်းတို့ဂျာနယ်တွင်
လာမည့်အပတ်မှစပြီး နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ တင်ပြတော့မည်မဟုတ်ကြောင်း ပြောဆိုသည်။
ယခုတပတ် ထုတ်ဝေသည့် ဂျာနယ်များအနက် ဖလားဝါးနယူး ဂျာနယ်တွင် နိုင်ငံရေးစာမျက်နှာနှင့် Debate ကို
ဖော်ပြနိုင်ခြင်း မရှိသကဲ့သို့ True ဂျာနယ်တွင်လည်း နိုင်ငံရေးသတင်းများနှင့် နိုင်ငံရေးသမားအကြောင်းများ
ဖော်ပြနေသည့် အချပ်ပို (၄) မျက်နှာစလုံးနှင့် လူထုစိန်ဝင်း၊ မောင်ဝံသ ဆောင်းပါးများ မပါဝင်တော့ပေ။
PDF created with pdfFactory trial version www.pdffactory.com
လျှပ်တစ်ပြက်ဂျာနယ်တွင် အခန်းဆက် ဖော်ပြနေသည့် စာရေးဆရာနိုင်ဝင်းဆွေ၏ မဟူရာမေတ္တာ
ဝတ္ထုရှည်ကြီးနှင့် မော်နီတာ ဂျာနယ်တွင် ဖော်ပြနေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် သက်ဆိုင်သည့်
ဆောင်းပါးများ၊ စာရေးဆရာ မောင်သော်က၊ မောင်သစ် (မောင်ကိုယု)၊ ကဗျာဆရာကြီးတင်မိုး၊ ဦးသန့်တို့၏
ဆောင်းပါးများကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရသည်။
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင် ခွင့်ပြုထားပြီးသား စာရေးဆရာနိုင်ဝင်းဆွေနှင့် ပတ်သက်သည့်
ဆောင်းပါးတပုဒ်ကိုလည်း ဖော်ပြခွင့်မပြုတော့ကြောင်း သိရသည်။
နိုင်ငံရေးပါတီသစ်တခုမှ ခေါင်းဆောင်တဦးကလည်း “ပြီးခဲ့တဲ့အပတ်က ဂျာနယ်နှစ်စောင်လောက်က
ကျနော်တို့ကို လာမေးမြန်းသွားတယ်။ နောက် ဂျာနယ်တွေထွက်တော့ ပါမလာတာနဲ့ လှမ်းမေးတော့
စာပေစိစစ်ရေးက ခွင့်မပြုလို့ဆိုပြီး ပြန်ဖြေတယ်။ တကယ်ဆို ကျနော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့
ကျနော်တို့ပါတီအကြောင်းတွေကို လူထုသိအောင် လုပ်နိုင်တာ လောလောဆယ် ပုဂ္ဂလိက
ဂျာနယ်တွေကနေတဆင့်ပဲ ရှိတယ်။ နောက် ကျနော်တို့ကို ခွင့်ပြုတဲ့ ထုတ်ဝေခွင့်တွေ ဆိုတာဟာလည်း
ပါတီလမ်းစဉ် လုပ်ငန်းစဉ်တွေပဲ ဆိုတော့ ဂျာနယ်တွေလောက် ပျံ့နှံ့မှာမဟုတ်ဘူး။ စစ်အစိုးရအနေနဲ့
ရွေးကောက်ပွဲကို တကယ်စေတနာနဲ့ လုပ်ပေးချင်တာ မှန်ရင် ဒီလောက် ဘောင်ကျဉ်းကျဉ်းလေးတော့
ခွင့်ပြုသင့်ပါတယ်” ဟု ပြောသည်။
ကျန်သည့်သတင်းမီဒီယာများဖြစ်သည့် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ စသည်တို့ကိုလည်း
စစ်အစိုးရက တိုက်ရိုက်ကိုင်တွယ် ထိန်းချုပ်ထားသည်။
စစ်အစိုးရက ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလထဲတွင်
ကျင်းပပေးလိမ့်မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေချိန်တွင် ရွေးကောက်ပွဲဝင်ရောက်မည့်
နိုင်ငံရေးပါတီများအနက် အချို့မှာ ယခုအချိန်အထိ ပါတီမှတ်ပုံတင်ခွင့် မကျသေးသည့်ပါတီများ ရှိသကဲ့သို့
တရားဝင်မှတ်ပုံတင်ခွင့် ကျပြီးသည့် နိုင်ငံရေးပါတီများမှာလည်း လွတ်လပ်စွာ စည်းရုံး ဟောပြောခွင့်များ၊
ထုတ်ဝေခွင့်များမရှိဘဲ အကန့်အသတ်ဖြင့်သာ ခွင့်ပြုခြင်းခံနေရသည်။
စစ်အစိုးရက ပါတီများ တည်ထောင်ခွင့်ပေးပြီး နောက်ပိုင်း ဂျာနယ်များတွင် တပတ်လျှင် ပျမ်းမျှ
နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး အစရှိသဖြင့် ပုဒ်ရေပေါင်း (၅ဝ၊ ၆ဝ) မက
ပါကြောင်း၊ ဂျာနယ်အတော်များများ နိုင်ငံရေးကဏ္ဍ အထူးစာမျက်နှာများဖြင့် ဖော်ပြကြကြောင်း၊ ယခု
ဂျာနယ်အားလုံးပေါင်းမှ သတင်း၊ ဆောင်းပါး (၁ဝ) ပုဒ်ပင် မပြည့်တော့ကြောင်း ရန်ကုန်မြို့မှ
ဂျာနယ်အယ်ဒီတာတဦးက ပြောကြားသည်။

NEJ / ၂၈ ဇွန် ၂၀၁ဝ – ခေတ်ပြိုင်နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများကို စာပေစိစစ်ရေးက ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ အစီအစဉ်သစ်ချမှတ်၍ ပိတ်ပင်တားမြစ်မှုများ ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက“အခုဆို နိုင်ငံရေးသတင်းတွေ၊ ဆောင်းပါးတွေ၊ အင်တာဗျူးတွေနဲ့ပတ်သက်ရင် ဒု-ဗိုလ်မှူးကြီး မျိုးမြင့်မောင် (ရေ) ကပဲ တိုက်ရိုက်ကိုင်တွယ်တယ်။ အခုနောက်ဆုံး နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို ဖော်ပြခွင့် မပေးသလောက်နီးနီး ဖြုတ်ပယ်ပေးရတယ်။ နောက် ပိတ်ပင်ထားတဲ့ကလောင်တွေ ဖော်ပြခွင့် ပြုထားတာကိုလည်း ပြန်ပြီး ပိတ်ပင်တားမြစ်ဖို့ ညွှန်ကြားထားတယ်။ ဒါပေမယ့် TheVoice ဂျာနယ်တစောင်တော့ မပါပါဘူး” ဟု ပြောကြားသည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းပုဂ္ဂလိက သတင်းဂျာနယ်အယ်ဒီတာတဦးက ၎င်းတို့ဂျာနယ်တွင်လာမည့်အပတ်မှစပြီး နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ တင်ပြတော့မည်မဟုတ်ကြောင်း ပြောဆိုသည်။ယခုတပတ် ထုတ်ဝေသည့် ဂျာနယ်များအနက် ဖလားဝါးနယူး ဂျာနယ်တွင် နိုင်ငံရေးစာမျက်နှာနှင့် Debate ကိုဖော်ပြနိုင်ခြင်း မရှိသကဲ့သို့ True ဂျာနယ်တွင်လည်း နိုင်ငံရေးသတင်းများနှင့် နိုင်ငံရေးသမားအကြောင်းများဖော်ပြနေသည့် အချပ်ပို (၄) မျက်နှာစလုံးနှင့် လူထုစိန်ဝင်း၊ မောင်ဝံသ ဆောင်းပါးများ မပါဝင်တော့ပေ။လျှပ်တစ်ပြက်ဂျာနယ်တွင် အခန်းဆက် ဖော်ပြနေသည့် စာရေးဆရာနိုင်ဝင်းဆွေ၏ မဟူရာမေတ္တာဝတ္ထုရှည်ကြီးနှင့် မော်နီတာ ဂျာနယ်တွင် ဖော်ပြနေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် သက်ဆိုင်သည့်ဆောင်းပါးများ၊ စာရေးဆရာ မောင်သော်က၊ မောင်သစ် (မောင်ကိုယု)၊ ကဗျာဆရာကြီးတင်မိုး၊ ဦးသန့်တို့၏ဆောင်းပါးများကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရသည်။ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင် ခွင့်ပြုထားပြီးသား စာရေးဆရာနိုင်ဝင်းဆွေနှင့် ပတ်သက်သည့်ဆောင်းပါးတပုဒ်ကိုလည်း ဖော်ပြခွင့်မပြုတော့ကြောင်း သိရသည်။နိုင်ငံရေးပါတီသစ်တခုမှ ခေါင်းဆောင်တဦးကလည်း “ပြီးခဲ့တဲ့အပတ်က ဂျာနယ်နှစ်စောင်လောက်ကကျနော်တို့ကို လာမေးမြန်းသွားတယ်။ နောက် ဂျာနယ်တွေထွက်တော့ ပါမလာတာနဲ့ လှမ်းမေးတော့စာပေစိစစ်ရေးက ခွင့်မပြုလို့ဆိုပြီး ပြန်ဖြေတယ်။ တကယ်ဆို ကျနော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ကျနော်တို့ပါတီအကြောင်းတွေကို လူထုသိအောင် လုပ်နိုင်တာ လောလောဆယ် ပုဂ္ဂလိကဂျာနယ်တွေကနေတဆင့်ပဲ ရှိတယ်။ နောက် ကျနော်တို့ကို ခွင့်ပြုတဲ့ ထုတ်ဝေခွင့်တွေ ဆိုတာဟာလည်းပါတီလမ်းစဉ် လုပ်ငန်းစဉ်တွေပဲ ဆိုတော့ ဂျာနယ်တွေလောက် ပျံ့နှံ့မှာမဟုတ်ဘူး။ စစ်အစိုးရအနေနဲ့ရွေးကောက်ပွဲကို တကယ်စေတနာနဲ့ လုပ်ပေးချင်တာ မှန်ရင် ဒီလောက် ဘောင်ကျဉ်းကျဉ်းလေးတော့ခွင့်ပြုသင့်ပါတယ်” ဟု ပြောသည်။ကျန်သည့်သတင်းမီဒီယာများဖြစ်သည့် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ စသည်တို့ကိုလည်းစစ်အစိုးရက တိုက်ရိုက်ကိုင်တွယ် ထိန်းချုပ်ထားသည်။စစ်အစိုးရက ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလထဲတွင်ကျင်းပပေးလိမ့်မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေချိန်တွင် ရွေးကောက်ပွဲဝင်ရောက်မည့်နိုင်ငံရေးပါတီများအနက် အချို့မှာ ယခုအချိန်အထိ ပါတီမှတ်ပုံတင်ခွင့် မကျသေးသည့်ပါတီများ ရှိသကဲ့သို့တရားဝင်မှတ်ပုံတင်ခွင့် ကျပြီးသည့် နိုင်ငံရေးပါတီများမှာလည်း လွတ်လပ်စွာ စည်းရုံး ဟောပြောခွင့်များ၊ထုတ်ဝေခွင့်များမရှိဘဲ အကန့်အသတ်ဖြင့်သာ ခွင့်ပြုခြင်းခံနေရသည်။စစ်အစိုးရက ပါတီများ တည်ထောင်ခွင့်ပေးပြီး နောက်ပိုင်း ဂျာနယ်များတွင် တပတ်လျှင် ပျမ်းမျှနိုင်ငံရေးနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး အစရှိသဖြင့် ပုဒ်ရေပေါင်း (၅ဝ၊ ၆ဝ) မကပါကြောင်း၊ ဂျာနယ်အတော်များများ နိုင်ငံရေးကဏ္ဍ အထူးစာမျက်နှာများဖြင့် ဖော်ပြကြကြောင်း၊ ယခုဂျာနယ်အားလုံးပေါင်းမှ သတင်း၊ ဆောင်းပါး (၁ဝ) ပုဒ်ပင် မပြည့်တော့ကြောင်း ရန်ကုန်မြို့မှဂျာနယ်အယ်ဒီတာတဦးက ပြောကြားသည်။

One comment

  • လင်းဝေကျော်

    June 30, 2010 at 4:13 am

    စည်းကမ်းပြည့်ဝသော ဆိုတာ ဒါကိုခေါ်တာဖြစ်မယ်…

Leave a Reply