Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Lost in Post-Production

ムラカミJuly 17, 20125min45519

 

 

ယနေ့ခေတ် compact camera တွေမှာတောင် RAW file format နဲ့ ရိုက်လို့ ရနေပါပြီ .. သို့သော်

pro photographers အချို့တောင် JPEG ဖိုင် အမျိုးအစားနဲ့ ရိုက် တုန်းပါ.. JPEG ကိုရွေးချယ်ရခြင်းရဲ့

ကောင်းကျိုး အချို့ ကတော့ ပိုမို မြန်ဆန် ပိုမို သေးငယ်တဲ့ file အမျိုးအစား ဖြစ်လို့ပါပဲ .. ဒါပေမယ့်

အချို့ ကတော့ RAW file နဲ့ ရိုက်တဲ့ ကောင်းကျိုးအချို့ ကို မသိနားမလည်ကြသေးတဲ့အတွက်

JPEG ကို အသုံးပြု နေကြတာ ဖြစ်ပါတယ်။ အဆိုပါ ကောင်းကျိုးတချို့ ကို သည် tutorial မှာ နည်းနည်း

တူးဆွကြည့်ချင်ပါတယ်။

 

 

What Does The Term “8-Bit” Mean?

8-bit ဒါမှမဟုတ် 16-bit ဆိုတဲ့ အသုံးအနှုံးကို အရင်ရှင်းဖို့လိုပါတယ် …

ဘာနဲ့ပဲ ရိုက်ရိုက် JPEG format နဲ့သာ သိမ်းယူမယ် ဆိုရင် standard “8-bit” image ရရှိမှာဖြစ်ပါတယ်။

JPEG format ရဲ့ မပြည့်စုံမှုတွေဟာ အချိန်ကြာလာလေ ပေါ်ထွက်လာလေပါပဲ ..

အထင်ရှားဆုံး ကိစ္စကတော့ JPEG file ဟာ 16-bit ကို support မလုပ်တဲ့အတွက် ..အမြဲတစေ 8-bit image

အနေနဲ့သာ သိမ်းယူနိုင်မှာ ဖြစ်ပါတယ်

 

RGB(နီ-စိမ်း-ပြာ) နဲ့ Color Channels တွေအကြောင်း သိပြီး သားလို့ assume လုပ်ပြီး ဆက်ရှင်းရရင်ဖြင့်

screen ပေါ်က မည်သည့်အရောင် မဆို အဆိုပါ ၃ရောင် ပေါင်းစည်းခြင်း အားဖြင့် အရောင်ဖော် ထားတာ

ဖြစ်ပါတယ် ဒါဟာမဖြစ်နိုင်ဘူး ကိုယ့် ပုံက အရောင်ပေါင်း သန်းချီ ဖွဲ့စည်းထားတဲ့ ပုံ ပါ…။ တကယ်ပဲ ၃ရောင်

တည်းလား ..????

 

 

သည်မေးခွန်းဟာ မေးခွန်း ကောင်း ပါ..

အဖြေကို ပြောရမယ် ဆိုရင်တော့ .. အမျိုးမျိုး အဖြာဖြာသော အနီ-အစိမ်းနဲ့-အပြာ ရဲ့

shades တွေ ပေါင်း စည်းထားတာ မို့ အရောင်ကွဲ သန်းချီ ဖြစ်လာတာ ပါ ။

သည်တော့ အဆိုပါ shades တွေ များများ ရှိလေလေ ..များများ ရောစပ်နိုင်လေလေ ..ရောင်ကွဲတွေ

များများ ရလာလေလေ လို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။

pure red, pure green, and pure blue တို့ကို ရောစပ်ပြီး အဖြူရောင် pure white

အပါအဝင် ရောင်ကွဲ ရခု ဖန်တီးနိုင်ပါရဲ့ .. သည်ရရောင် ကို ပြန်ရောရင်တော့ အမည်းရောင် pure black

ရသပေါ့

 

 

256 shades of red, 256 shades of green, and 256 shades of blue

ကို ပြန်ရောမယ် ဆိုရင် 256 x 256 x 256 =16.8 million လောက်သော အရောင် တွေ ရရှိလာမှာဖြစ်ပါတယ်။

ဒါဟာ 8-bit image အတိအကျပါပဲ ..။ နောက်တနည်း – a digital photo တစ်ပုံက ပေးနိုင်စွမ်းတဲ့

အများဆုံးသော ရောင်ကွဲ အရေအတွက်လို့ ပြောနိုင်ပါတယ်။(16.8 million)

 

256 ဆိုလို့ ပြန်ကောက်ရရင် 1bit = 2 ဖြစ်ပါတယ်။ 2, 4, 8, 16, 32, 64, 128, 256 ဆိုပြီး exponent နဲ့

သွားလိုက်တာ ..8 bit = 256 ဆိုတဲ့ အရောင် အသွေး shade ကို သယ်ဆောင်နိုင်ပါတယ် .. ဒါကြောင့်

(နီ-စိမ်း-ပြာ) channel တခု စီအတွက် 256 shades တွေ ပိုင်ဆိုင်တယ် လို့ ဆိုနိုင်တာပါ

 

ဒါဟာ ကွန်ပျူတာတွေ အလုပ်လုပ်ပုံနဲ့ ပါတ်သတ် ဆက်နွယ်လို့ နားရှုပ်ကောင်းရှုပ်ပါလိမ့်မယ်…

JPEG ဓာတ်ပုံ ၁ပုံ ဟာ 8-bit image ဖြစ်ပြီး နီ-စိမ်း-ဝါ ရဲ့ 256 shades တွေ ကိုယ်စီ ပါဝင်နေလို့

အများဆုံး16.8 million possible colors ထွက်တယ် ဆိုတဲ့ အချုပ် ကိုသိရင် ရပါပြီ။

 

 

16.8 million colors ဆိုတာ အလွန်များပြားတဲ့ ပမာဏ လို့ မြင်စရာပါ ..။ နည်းတယ် များတယ် ဆိုတာ

နှိုင်းရ တန်ဖိုးတခု သာဖြစ်လို့ … 16-bit နဲ့ နှိုင်.ယှဉ်ကြည့်မှသာ အဖြေသိ နိုင်မှာဖြစ်ပါတယ်။

 

သည်နေရာမှာ သာမန် လူတယောက်ရဲ့ မျက်လုံးဟာ အရောင်သိမှု ဘယ်လောက်ရှိသလဲ ဆိုတာ ဖော်ပြဖို့

လိုအပ်လာပြီ ဖြစ်ပါတယ်။ တချို့ ဆေးဘက်ဆိုင်ရာ အလိုအရတော့ အရောင်ပေါင်း 10 million လောက် လို့

အဆိုရှိပါတယ် သေချာတာကတော ့ 16.8 million မပြည့်ပါဘူး .. ဒါဆို 8-bit JPEG images ကပေး သလောက်

တောင် အကုန်အစင် ခွဲခြားမမြင်နိုင်မှတော့ 8-bit ဟာ good enough? မဟုတ်ဘူးလား လို့ မေးစရာ

ရှိပါတယ်။ ဒါပေမယ့် ..သည်မေးခွန်းကို 8-bit နဲ့ 16-bit images တွေ နှိုင်းကြည့်ပြီးမှ ပြောပါမယ်။

 

2, 4, 8, 16, 32, 64, 128, 256, 512, 1024, 2048, 4096, 8192, 16384, 32768, 65536

(computer ဆိုင်ရာ bit တွေရဲ့ အလုပ်လုပ်ပုံကို ကျော် ပြီး အလွယ်ပြောရရင်)

16-bit images ဟာ shades of red, 65,536 shades of green, and 65,536 shades of blue

16.8 millionကိုမေ့လိုက်ပါ .. 65,536 x 65,536 x 65,536 ကို မြှောက်လိုက်တဲ့အခါ …အံ့ဘနန်း များပြားလှတဲ့

281 trillion possible colors ကို ရရှိမှာဖြစ်ပါတယ်။

 

မဟုတ်သေးဘူး သည်လောက်အများကြီး လိုလို့လား .. 16.8 million colors တောင် ကုန်အောင် မမြင်တဲ့ ဥစ္စာ လို့ အထက်မှာ ရေးသလို စောဒက

တက်စရာ ရှိပါတယ်.. ဟုတ်ကဲ့

ဒါဟာ Photoshop နဲ့ ပြင်ဆင်တဲ့အခါ အမှန်တကယ် ကို လိုအပ်တဲ့ ကိစ္စ ဖြစ်လာပါပြီ ..

ဘာကြောင့်လဲ ဆိုတာ အောက်မှာ ဆက်ရှင်းပါမယ်။

 

Editing In 16-Bit Mode

Photoshop ထဲမှာ လုံးဝ တပုံစံတည်း ဖြစ်တဲ့ ဓာတ်ပုံ၂ပုံ ကို ၁ပုံ8-bit mode ဖြစ်ပြီး တပုံ16-bit နဲ့ ဖွင့်ထားတယ်

ဆိုပါတော့16-bit နဲ့ ပုံဟာ ပိုမိုကြည့်ကောင်းတယ်(ပိုမို အရောင်အသွေးစုံတယ်) လို့ ခံစားရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရဲ့ အမျိုးအစားကိုလိုက်လို့ သည်လို မဖြစ်ဘဲ ကွဲပြားမှု မရှိတာလည်း ရှိကောင်း ရှိမှာပါ …။

(ကျနော်တို့ မျက်လုံးက အဲ့သည့်လောက် အားမကောင်းဘူးမဟုတ်လား)

 

ဒါဆိုရင် ..ဖြေပါမယ်..16-bit image ဘာကြောင့် ပိုကောင်းတယ် လိုအပ်တယ် ပြောသလဲ ဆိုတာကိုပါ..။

ဟုတ်ကဲ့ တစ်လုံးတည်းပါ flexibility ဖြစ်ပါတယ်။ Photoshop သုံးပြီး ဓာတ်ပုံ၁ပုံကို ပြင်ဆင် တည်းဖြတ်တဲ့အခါ

မှာ ပြုပြင်လေလေ ပြဿနာတွေ အဆင်မပြေမှုတွေ ကြုံတွေ့ရနိုင်လာလေလေ ဖြစ်ပါတယ်။

အဖြစ်အများဆုံးသော ပြဿနာ ဟာ “banding” လို့ခေါ်ပါတယ်။ ဓာတ်ပုံပါ ပုံရိပ်ရဲ့ .. detail အရေးအကြောင်းတွေ

ပျောက်ဆုံး တာမျိုး .. အရောင် တစ်ရောင်ကနေ တစ်ရောင် transitions တွေမှာ ပြေပြစ်စွာ အကူးအပြောင်း

 

မပြသနိုင်တော့တာမျိုး ဖြစ်လေ့ ရှိတာပါ …။ သည်လိုမှ မဟုတ်ရင်လည်း colors နဲ့ tonal တန်ဖိုးတွေမှာ
မညီမျှ မလှမပ ဖြစ်တတ်တာတွေရှိပါတယ်…။

 

ဒါကို အောက်မှာ ပုံ၂ပုံ နဲ့ သက်သေပြပါ့မယ် သည်ပုံဟာ black-to-white gradients ကို 8-bit image အနေနဲ့

ဖန်တီးထားတာဖြစ်ပါတယ်။

 

 

သည်အောက်က ပုံကတော့ 16-bit image ဖြစ်ပါတယ် ။

သည်၂ပုံ ဟာ ကနဦးမှာတော့ လုံးဝဥဿုံ တူညီသယောင် ထင်ရပါတယ် ..

 

 

 

သည်၂ပုံကို စတင်ပြုပြင်ခြင်း လုပ်ကြည့်ပါမယ်

Ctrl+L (Win) / Command+L (Mac) နှိပ်ပြီး Levels adjustment Windows ကို ခေါ်ပါတယ် ။

အဆိုပါ Windows အောက်ဆုံးနားက Output လို့ ရေးထားတဲ့ အဖြူ နဲ့ အမည်း မျှားတံ၂ခုကို

ထောင့်ကနေ အလယ် နား ဆီလောက် ရွှေ့ကြည့်ပါတယ်….(8-bit မှာရော 16-bit မှာပါ တူညီစွာ လုပ်ဆောင်

မှာပါ)

 

 

 

 

 

သည်အခါမှာ ပုံရိပ်ဟာ solid grey ဖြစ်သွားပါတယ်..

သည်အထိကို အဆိုပါ ပုံ၂ပုံ ဟာ လုံးဝ ဥဿုံ ထပ်တူ ညီနေသလို ခံစားရပါသေးတယ်..

 

 

 

 

 

 

Levels Windows ကို တခါပြန်ပိတ်ပြီး နောက်တခါပြန်ဖွင့်ပါတယ်. ..

သည်တခါတော့ input level ရဲ့ range ကို ကျဉ်းကြည့်ဖို့အတွက် ဘယ်နဲ့ ညာ အစွန်းမှာရှိတဲ့

pure white & pure black မြှားတံ၂ခုကို အလယ်နားထိ ရွှေ့ကြည့်ပါတယ်။

 

 

 

ဟုတ်ပါတယ် ..အထက်က ပုံ၂ပုံ ကို ယှဉ်ကြည့်တဲ့အခါ အဖြေဟာ ပေါ်လွင်ပြီ ဖြစ်ပါတယ်။8-bit image မှာ

“banding” or “stair-stepping” effect ပေါ်လာပြီ ဖြစ်ပါတယ် .. သည်စမ်းသပ်ချက်ဟာ ကျနော်တို့

8-bit image မှာအရောင်တွေ ချိန်ညှိရင်းကနေ ဘယ်လောက်တောင် details တွေ ဆုံးရှုံး သွားနိုင်တယ် ဆိုတာကို

ပြနိုင်ပါတယ်။

 

 

 

16-bit မှာတော့ မူလအတိုင်း ကောင်းမွန် ချောမွေ့တဲ့ ပုံရိပ် ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

 

 

 

ဘာကြောင့် သည်လို ဖြစ်သလဲ ဆိုတာကို ရှင်းရရင် ဖြင့် 8-bit image မှာ အများဆုံး 256 shades of gray

သာပါဝင်ပြီး 16-bit image မှာတော့ 65,536 shades of gray ပါဝင်လို့ပါပဲ .. သည်တော့ gray ကနေ gradient

အဖြစ် ပြန်ဖြန့်ချတဲ့အခါမှာ အလွန် ကောင်းမွန်တဲ့ flexibility ကို shades တွေအများကြီး ပိုပါတဲ့ 16-bit မှာသာ

ရရှိ နိုင်မယ်လို့ ပြောချင်ပါတယ်။ 16bit မှာလည်း ..shades တွေ ဆုံးရှုံးမှု ရှိပေမယ့် ..ကျနော်တို့ မျက်လုံးနဲ့

မြင်သာတဲ့ ဆုံးရှုံးမှု တခု မဟုတ်ခဲ့ဘဲ .. 8-bit ကတော့ လှေကားထစ်တွေလို အစင်းကြောင်းတွေ

မြင်ရတဲ့အထိ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာ အတွေ့ပဲ ဖြစ်ပါတယ်။

 

(မူရင်း စာရေးသူဟာ အထက်ပါ စမ်းသပ်ချက်ကို ဓာတ်ပုံ သုံးပြီးလည်း ထပ်မံရှင်းပြခဲ့သေးပါတယ်.

သဘောတရား လုပ်ဆောင်ပုံ အကုန် အတူတူဖြစ်လို့ ..ချန်ထားခဲ့ပါတယ်.)

16-bit ဟာ သုံးသင့်တယ် ဆိုပေမယ့် ..အမြဲတစေသော အခြေအနေတိုင်းအတွက် မဟုတ်ပါ။

Hardware requirement ပိုမို မြင့်မားတာမို့ ..Computer အလွန်နှေးကွေးလေးလံလာတတ်ပါတယ်..

အချို့သော filter တွေဟာ 8-bit မှာသာ အလုပ်လုပ်နိုင်တာကိုလည်း သတိချပ်စေချင်ပါတယ်။ နောက်ဆုံး အချုပ်

အနေနဲ့ ပြောရရင်တော့ ..RAW နဲ့ ရိုက် 16-bit နဲ့ ပြင် (ပြင်ပြီးသားကို) .PSD နဲ့ သိမ်းပါ ။ print ဖို့အတွက်

ကျတော့မှ JPEG သုံးပါလို့ လက်တို့လိုက်ရပါတယ်.

 

မူရင်းကို ဖတ်ချင်ရင်တော့ သည်မှာ သွားဖတ်နိုင်ပါတယ်။

 

Ref:

http://www.photoshopessentials.com/essentials/16-bit/

 

 

စာဖတ်သူအပေါင်းကို á€œá€ąá€¸á€…ဏးစွဏဖဟငအ်‌

 

 

Solid Sn@ke

 

 

 

19 comments

  • ဘုဂလန့်

    July 17, 2012 at 7:29 pm

    Solid_Sn@ke ခင်ဗျ….
    ပိုစ့်လေးကို ကော်ပီကူးယူထားပါတယ်
    ကျနော်က ဖိုတိုရှောခ့်ကို ဝါသနာပါတဲ့သူဆိုတော့ အဲ့လိုပညာလေးတွေဆို တအားမျှော်လင့်မိတာဗျ.
    ကျေးဇူးအများဂျီးတင်ပါတယ်နော်

    • ဘုဂလန့်

      July 17, 2012 at 7:30 pm

      အဲ့ လက်မလေးလည်းထောင်ခဲ့ပါတယ်နော်

    • Solid_Sn@ke

      July 17, 2012 at 7:32 pm

      မူရင်း စာမူ သွားဖတ်ပြီး အဲ့သည့်က RBG ရှင်းတာကိုပါ ..
      ဖတ်စေလိုပါတယ်ဗျို့ ..(အခြေခံဆိုရင်ပြောပါတယ်..)

      ကျနော် ရှင်းပေး ရေးပြ နိုင်တာ လစ်မစ် ရှိလို့ပါ…

      ခင်တဲ့
      ဂီ

      • ဘုဂလန့်

        July 17, 2012 at 7:51 pm

        အော် တိုတိုဂီလား တိဘာဘူးဗျာ
        နာမည်ပြောင်းထားတော့ မျက်စိတောင်လည်တွားဒယ်
        တားတားက လူသစ်ဆိုပေမယ့် ရွာထဲကိုဝင်ဖတ်ဖြစ်နေတာကြာပါဘီ ၊ ဒီနေ့မှ မန်ဘာဝင်လိုက်တာ
        အဲ့ဒါကြောင့် စီနီယာသမားတွေကို တစ်ဖက်သတ် ရင်းနီးနေတာပါခင်ဗျ

        • Solid_Sn@ke

          July 17, 2012 at 8:17 pm

          အားပေးတာ ကျေးကျေးပါဗျ…
          ခင်တဲ့

  • ရာဇဝင်လူဆိုး

    July 17, 2012 at 7:47 pm

    ဒါ့ဘုံပညာတော့ ဝါတနာမပါပေမယ့် ပို့စ်မှာ စေတနာပါတယ်၊ ဘယ်လောက်အားထုတ်ပြီး တင်ခဲ့ရတယ်ဆိုတောတော့ ခံစားမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ။ စားရေးသူဆိုတာ စာဖတ်တဲ့သူအပေါ် ဘယ်လောက်အကျိုးပြုနိုင်မလဲဆိုတာပဲ မျှော်လင့်ကြတာပါ။ ဘယ်လောက်အားပေးမှ ဘယ်လိုရေးမယ်ဆိုတာအတွေးက တကယ့်စာပေသမားအစစ် ခံယူချက်မဟုတ်ပါ။ ကိုယ်သိတာကို တစ်ခြားသူ သိစေချင်တဲ့စေတနာနဲ့တင်၊ သိသွားပါလားဆိုတဲ့ အသိနဲ့တင် ကျေနပ်ရင်း………ဆက်သွားပါ…အားပေးနေပါတယ်..။

    • Solid_Sn@ke

      July 17, 2012 at 8:20 pm

      တတ်သမျှတော့ ရေးကြည့်မိတာပဲဗျ …
      လူကြိုက်နည်းမှာ သိလျက်ပေါ့ …
      သည်လိုပါပဲ …တခါတခါ … ကြိုးစားဖတ်ရမှတ်ရတဲ့အပိုင်းတွေ
      များလာတဲ့အခါ ..ကဲ .. မြန်မာလိုစမ်းကြည့်မယ် ဘယ်လိုလဲ …
      ဆိုတာလောက် …. ကြည့်ဖြီး-မှန်းတီး- ဘလိုင်းရွှီးနေ ဖြစ်ပါကြောင်း..

      ကျေးကျေးပါဗျ

      • MaMa

        July 17, 2012 at 9:03 pm

        သူကပဲ သူ့ပိုစ့်ကို လူကြိုက်နည်းတယ် ပြောရသေးတယ်။
        ရွာ့ ဆယ်လီဘရစ်တီကြီးရယ်။

        တခါပြောဖူးလားတော့ မသိဘူး။
        (အခါခါ ထပ်ပြောမိနေရင်လည်း သည်းခံပါ)

        အခု အင်တာနက်ခေတ်ကြီးမှာ
        ` နည်းပညာ သေရွာယူမသွားကြေး´ ဆိုပြီး
        အသိပညာမျှဝေကြတာလေးတွေ တွေ့ရတာ အတော်စိတ်ကျေနပ်စရာကောင်းတယ်။ [:-bd]

        • pooch

          July 17, 2012 at 9:27 pm

          ဟုတ်တယ် မမရေ ကျမတောင် ပန်းကန်ဆေးနည်းအသစ်လေးတွေ တွေ့ထားတာ
          မျှဝေမလို့ ။ ဝိုင်းအော်ကြမှာစိုးလို့ ။ :mrgreen:

  • မောင်ဂီ
    မျက်စေ့လည်အောင်အတော်လုပ်တဲ့လူ။
    ဒီလိုပညာပိုင်းဆိုင်ရာစာမျိုးက ချက်ခြင်းတော့ ဘာတွေမှန်းလဲမသိဘူးဆိုကျော်သွားမှာ။
    နောက်လိုချင်မှ အသဲအသန်ပြန်ရှာဖတ်ရမှာ.

  • Solid_Sn@ke

    July 18, 2012 at 4:29 am

    နည်းနည်းပဲ သိလို့ နည်းနည်းပဲရေးထားတာပါခည..

    သည်ရွာထဲမှာ ..ဖိုတိုရှော့ ဆို ဘယ်သူ့မှ ဗိုလ်မထားတဲ့
    ပညာရှင် အသိုးဂျီးတယောက် ရှိတယ်…
    သူက ပညာအင်မတန် ရှိုလွန်းတာကလား …

    သည်တော့ … အန်သူရေးဇစ်ဗ်တွေ အတွက် …
    စိတ်ထိခိယက်သွားပြီး ..တတ်သမျှလေး …
    ဖာမှောက် အိပ်သွန် ရေးမိတာပါဗျာ …

    သည့်ထက်ပို သိချင်ရင်တော့ သူ့ကိုမေးပါ…
    ကျနော် သည့်ထက် ပိုမပြောပြတတ်တော့ပါ …

    သူ ဘယ်သူလဲ ဟုတ်လား ..
    အင်း …မသိဝူးဗျ ….
    တခါတခါ မန်ဒါလီလေး ဖင်ကောက်ထားတဲ့အဗေတာလေးနဲ့
    ပေါ်ပေါ်လာတတ်တာပဲ …ဟီး …
    :mrgreen:

  • etone

    July 18, 2012 at 10:42 am

    ကိုဂီရေ …. ကျွန်မလို့ လူဗြိန်းတောင် နားလည်အောင် ရှင်းပြသွားနိုင်တဲ့ အရည်ချင်းကို အားကျမိပါတယ် ။
    ဖိုတိုရှော့ကို အခုမှ မူကြိုတက်နေတုန်းမို့ …. အသုံးဝင်လာမယ့်ပို့စ်ဖြစ်တာကြောင့် ….. ပေ့ချ်လိုက်ကူးသိမ်းထားလိုက်ပါတယ် ။ ကျေးဇူးအများကြီးတင်ပါတယ်နော် ။

  • ကြောင်ဝတုတ်

    July 18, 2012 at 11:15 am

    လုပ်ထားဦးပေါ့ကွာ…
    နှစ်ကုန်မှ ခေါင်းမီးတောက်အောင်မေးမယ်… ဖြေဖို့သာပြင်ထားပေတော့…ဟိ

    သူငယ်ချင်း..
    ကြောင်ဝတုတ်

    • Solid_Sn@ke

      July 18, 2012 at 11:21 am

      ဖယားဖယား …
      ကြုံးဝါးချက်က နိုင်းလောက်ရှိတယ်…
      😀

      ဟိုလူဒွေ ပြောတော့ ကမာ္ဘပျက်မှာရှို …သည်နှစ်…
      ပျက်ပါဇေတော်..
      :mrgreen:

  • စိန်ဗိုက်ဗိုက်

    July 18, 2012 at 12:01 pm

    ဖိုတိုရှော့တော့ ရှိတ်ဝင်ရှားတယ်ဗျာ..
    နောက်ထပ်..
    ဖိုတိုစော့ တူတိုရီရယ်လေးတွေလဲ မျှော့်နေပါတယ်..

  • GZ

    March 19, 2013 at 11:29 pm

    နောက်ပိုင်းတော့ သည်ဘက်ပိုလေ့လာဖြစ်မယ်ထင်ပါရဲ့
    ခုတလောမထိတွေ့ရတာကြာလို့မှတ်တယ်.
    သည်အပိုင်းကိုအတော်ကြီးဆာလောင်မိကြောင်းဝန်ခံခဲ့ချင်ပါရဲ့ဗျာ

    :harr:

  • ကြက်အူလှည့်

    June 14, 2013 at 11:03 pm

    သည်ပိုစ့်ကပုံတွေကုန်သွားတာတော့ အမှန်အကန် ဝမ်းနည်းပါကြောင်း.

    • kai

      June 15, 2013 at 1:28 am

      အဲဒီပုံတွေရှိပါတယ်..။
      ၄-၅နှစ်စာ ပုံတွေရဲ့အားလုံးပေါင်း… ဖိုင်ဆိုက်အင်မတန်ကြီးသမို့.. ဆာဗာကြီးဆီပြောင်းမှ.. ပြန်တင်မယ်..
      အခုက.. ဘက်ကပ်.. ဘက်ကပ်..။

Leave a Reply