ပုံပြောတဲ့ဓလေ့ မရှိတော့ရင်
ပဲခူးကျောက်တန်းကျေးရွာရှိ ဝေဠုဝန်ဘုန်းတော်ကြီးသင် ပညာဒါနကျောင်း၏ ခန်းမဆောင်တစ်ခုထဲတွင် (၄)နှစ် အရွယ်မှ (၈)နှစ်အရွယ်ကလေးငယ် နှစ်ရာခန့် ဆူညံပွက်လော ရိုက်နေသည်။ယင်းအချိန်တွင် အသက် ၂၄နှစ်ခန့် ရှိ လူငယ်တစ်ဦး က ကလေးများအား ယခုကဲ့သို့ အသံတစ်ခုပေးလိုက်သည်။
“ဟိုင်း- Hi”
ကလေးငယ်များက “ဟယ်လို-Hello” ဟုပြန်ထူးလိုက်သည်။ ဆူညံနေသောအသံများ တိတိဆိတ်သွားသည်။ “ညီလေးတို့ ညီမလေးတို့ ရေ အစ်ကိုတို့က ရိုးရာပုံပြင်လေးတွေပြေညပြဖ
ို့ လာခဲ့တာပါ။ ပုံပြင်လေးတွေ နားထောင်ကြမလား” ဟု ထိုလူငယ်က မေးလိုက်ရာ ကလေးငယ်တွေကလည်း တညီတညွတ်တည်း နားထောင်မည်ဟု ပြောကြသည်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆရာ၊ဆရာမများသည် မိမိအတန်းသားများ ဆူညံနေလျှင် ကျောက်သင်ပုန်းကို ကြိမ်လုံးဖြင့် ရိုက်ကာ ငြိမ်အောင် လုပ်သည်ကို သွားသတိရသည်။ ယခု လူငယ်လေးလုပ်သည့် ဟိုင်း ဟယ်လို (Hi-Hello) နည်းမှာ ကျောက်သင်ပုန်းကို ကြိမ်လုံးနှင့် ရိုက်သည် နည်းထက်သာပြီး ကလေးငယ်တွေကို ကောင်းကောင်း ထိန်းနိုင်ခဲ့တာ တွေရသည်။ ယင်းနောက် လူငယ်လေးက ကလေးငယ်များကို ဤသို့ပြောလိုက်သည်။
“ညီလေးတို့ ညီမလေးတို့ရေ ပုံပြင်တွေကို ညီလေးတို့ ညီမလေးတို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ မပြောကြတော့ဘူး ဆိုရင် ပုံပြင်တွေ ဘာဖြစ်သွားမယ် ထင်သလဲ” ဟုမေးလိုက်ရာ ကလေးများ “ပျောက်သွားမယ်”ဟုပြန်ဖြေလိုက်သည်။
ဒီလိုလူငယ်လေးကပြောလိုက် သည့်စကားနှင့် ကလေးငယ်တို့ပြန်ပြောလိုက်သည့် စကားများ နားထဲတွင်ပဲတင့် ထပ်သွားသည်။ ကျွန်တော်တို့ လူငယ်၊လူကြီးအများစုမှာ ယနေ့ခေတ်ကလေးငယ်များကို ပုံပြောပြသည့် ဓလေ့ မရှိသလောက် နည်းပါးသွားတာတွေရသည်။
ယခု ဒီလူငယ်လေးများက ပုံပြောသည့် ဓလေ့၊ပုံပြင်လေးတွေကို ချစ်တတ်တဲ့ ဓလေ့၊ပုံပြင်တွေပြောပြီး ပုံပြင်တွေကို ထိန်းသိမ်းဖို့ ကလေးငယ်များကို ပါးစပ်နဲ့ မပြောဘဲ ပုံပြင်လေးတွေ ပြောပြီး ကဗျာတွေရွတ်ပြီး ကလေးတွေကို ပညာပေးတာတွေရတော့ ပုံပြင်တွေကို ထိန်းသိမ်းပြီး ပုံပြောသည့်ဓလေ့ ပြန်လည်ဖြစ် ပေါ်လာအောင် ပြုလုပ်တဲ့ လူငယ်လေးတွေရှိနေပါသေးလား သိလိုက်ရသည်။
“ပုံပြင်တွေကို ပြောတဲ့အခါမှာ ကလေးတွေနားလည်နိုင်တဲ့ ပုံပြင်မျိုးကို ကလေးတွေ ကလေးတွေရဲ့ အခြေအနေ၊ လက်ခံ နိုင်မှုပေါ် မူတည်ပြီး ပုံပြင်တွေ ကို ရွှေးချယ်ရရပါတယ်။ ကလေးတွေ နားလည်နိုင်မဲ့ စကားလုံးမျိုးကို ရွှေးချယ်ပြီး ပြောပါတယ်။ ဒါမှသာ ပုံပြင်ကပြောတဲ့ အသိပညာကို ကလေးငယ်တွေရမှာပါ” ဟု ပုံပြောသူများအဖွဲ့မှ ဥဂ္ဂါ ကဆိုသည်။
ကလေးသူငယ်များကို ပုံပြင်ဇာတ်ကောင်အလိုက် စကားလုံးများဖြင့် သရုပ်ဆောင်ပြီး ပုံပြင်များပြောပြခဲ့ရာ အနုပညာရှင်များမဟုတ်သော်လည်း ကလေးများနားလည် သဘောပေါက်အောင် ပုံပြောပြနိုင်တာကိုတွေ ရသည်။
အဆိုပါအဖွဲ့လေးက ကလေးများကို ပုံပြင်လိုက်ပြောပြသည်မှာ သိပ်မကြာသေး၊ လသားအရွယ် အဖွဲ့လေး သာဖြစ်ကြောင်း ပုံပြင်ချစ်တတ်သည့် လူငယ်များစု၍ ကလေးငယ်များကို ပုံပြောသည့် လူငယ်အဖွဲ့ သာဖြစ်သည်။
“ပုံပြင်တွေ ၊တေးကဗျာများကို ဘာကြောင့်စုဆောင်းရသလဲ ဆိုရင် ယဉ်ကျေးမှုဓလေ့ထုံးစံများကို အပြန်ပြန် အလှန်လှန် သိနိုင်ဖို့ ဖြစ်သည်”ဟု ဆရာကြီး လူထုဦးလှ ကရေးသားဖူးသည်။ “ကချင်၊ကယား၊ကရင်၊ချင်း၊ မွန်၊ ရခိုင်၊ရှမ်း၊ဗမာ စတဲ့ အားလုံးရဲ့ ကလေးတွေဟာ သူတို့ညီအကို မောင်နှမတွေရဲ့ ပုံပြင်တွေ တေးသီချင်းတွေ ကြားရ သီဆိုရရင် တစ်ဦးနဲ့ တစ်ဦး ပို ရင်နီုးကြပြီး ချစ်ခင်ကြပါတယ်။ လူကြီးတွေလည်း ဒီသဘော အတိုင်းပါပဲ။ ဒါကြောင် လူမျိုးစု ပုံပြင်တွေ၊တေးကဗျာများ အပါအဝင်ကျွန်တော်တို့ လူမျိုးစုပေါင်းစုံ ရဲ့ တောဓလေ့ ပုံပြင်တွေ(folk tales)၊ တေးကဗျာများ (folk song) နဲ့ ထုံးစံယဉ်ကျေးမှု အရပ်ရပ်ကို များများဖော်ထုတ်ကြဖို့ လိုပါတယ်” ဟု ဆရာကြီး လူထုဦးလှက ရေးသားခဲ့တာ ကြားဖူးပါသည်။
အဆိုပါ ပုံပြောသူများအဖွဲ့ က လူငယ်တစ်ဦးက “အစကတော့ ပုံပြင်တွေ ကိုပြောဖို့ စိတ်မဝင်စားခဲ့ဘူး။ ဒီအဖွဲ့လေးနဲ့ ကလေးတွေကို ပုံလိုက်ပြောပြီးတဲ့နောက် ပုံပြင်တွေကို ချစ်ရမှန်း၊ ထိန်းသိမ်းရမှန်း သိလာတယ်။ ရိုးရာဓလေ့တွေကို ထိန်းသိမ်းတဲ့ အပြင် ပျော်စရာလည်း ကောင်းပါတယ်”ဟုပြောသည်။
တစ်နေ့ ကလေးတွေကို ပုံပြောတဲ့ ဓလေ့ မပြုလုပ်ကြရင်၊ရိုးရာပုံပြင်များ၊ညအိပ်ရာဝင် ပုံပြင်များ ကွယ်ပျောက်သွားမှာပါ။ ဒါကြောင့် ကလေးတွေကို ပုံပြောသည့် ဓလေ့ ပြန်လည်ဖြစ်ပေါ် စေရန် ပုံပြင်များ ပြန်ပြောကြဖို့ လိုပါတယ်။
ပုံပြောသူများအဖွဲ့မှ လူငယ်များသည် ကလေးများနှင့် တစ်နာရီနီးပါး ခန့် ပုံပြင်များ၊ကဗျာများ၊ကစားနည်းများ ကစားကြပြီး ညနေဖက်တွင် ရန်ကုန်သို့ပြန်ခဲ့ကြရာ ကားပေါ်တွင် ယနေ့ ပုံပြောသည့်ပုံစံ မည်သည် အချက်တွေ လိုနေသေသည် အားနည်း နေသည်ကို သုံးသပ်ရင်း ပြန်လာခဲ့ကြသည်။ အားလုံးစိတ်ထဲတွင်တော့ နောက် ဘယ်ကျောင်း က ကလေးတွေကို ဘယ်လို ပုံပြင်တွေ ပြောရမလဲဆိုသည့် စိတ်ကူးလေးများဖြင့် အိမ်သို့ ပြန်လာခဲ့ကြလေတော့သည်။
p.s: 27/6/2010 မှာ Youth Social Association က ဝေဠုဝန် ဘုန်တော်ကြီးသင်ပညာဒါနကျောင်း၊ ကျောက်တန်းစံပြကျေးရွာ၊အင်းတကော်၊ပဲခူးမြို့နယ်တွင် သွားရောက် လှူဒါန်းသည်ကို ကျွနုပ်တို့ ပုံပြောသူများ က ကလေးများကို ရိုးရာပုံပြင်များ ပြော၍ ဖျော်ဖြေပညာပေး(Edutainment ) လုပ်ပေးခဲ့သည်ကို Envoy News Journal မှ သတင်းထောက်ပိုင်စီုးဦး ရဲ့ သတင်းဆောင်းပါး(Vol.1,No14 8/7/2010 thu) ကို ပြန်လှည် ဖော်ပြခြင်း ဖြစ်ပါသည်