Mg OggaDecember 18, 20111min710
အခုချိန် ပရဟိတလူငယ် အဖွဲ့လေးတွေများစွာ ပေါ်ပေါက်လာတာ အားရစရာ။ ဒါပေမယ့် ပရဟိတလူငယ်အဖွဲ့ အတော်အများ အကြောင်းကြောင့် စနစ်တကျ မလုပ်နိုင်တာတွေရတယ်။ အဖွဲ့တိုင်း အဖွဲ့တိုင်း အစည်းဝေးတွေ လုပ်ပြီး ဘာမှလည်း မထူး အလုပ်ရှုပ်တယ် ဟိုကွေ့ ဟိုတက်နဲ့ လှော် ဒီကွေ့ ဒီတက် နဲ့ လှော်ဆိုတာမျိုးတွေ ကြားနေရတော့ ပရဟိတလူငယ်အဖွဲ့စည်းတွေမှာ အစည်းဝေးဘယ်လို လုပ်သင်တယ် ဆိုတာ ကို သိထားသလောက်လေး မျှဝေ လိုက်ပါတယ်။ သိပြီးသား တတ်ပြီးသား မဟာ့ မဟာ ဆရာ့ ဆရာ ကြီးများအတွက် မရည်ရွယ်ပါ။ ကိုယ်အားကိုယ်ကိုး လူငယ်ပရဟိတ အဖွဲ့များအတွက်သာ……………………. အစည်းဝေးဆိုတာ ကျနော်တို့ လူမူ အသိုင်းအဝိုင်းမှာ အစည်းအဝေးအမျိုးမျိုးရှိပါတယ်။ လပတ်အစည်းဝေး၊ နှစ်လယ် အစည်းဝေး၊ နှစ်ပတ်လည် အစည်းဝေးဆိုတဲ့ […]


Mg OggaDecember 13, 20111min28428
အခြေခံဥပဒေ ရေးဆွဲပြီးကာစ ကျွန်တော်တို့ လူငယ်တစ်သိုက် ၂၀၀၈ အခြေခံ ဥပဒေကိုဘာများ ပါမလဲ သဲကြီးမဲကြီး လေ့လာနေတဲ့ ကာလဖြစ်သည်။ လေ့လာနေရင် အခွင့်အရေးတစ်ခု ပေါ်လာသည် CE Civil Education Multiplier သင်တန်း တတ်ခွင့်ရလိုက်သည်။ Multiplier ဆိုတာ အမြင့်ဖွင့် အခြေခံအဆင့်လောက်လည်းမဟုတ် ဆရာဖြစ် သင်တန်း ToT လို့လည်း မမြင် ဒီနှစ်ခုကြားက အမျိုးအစားဖြစ်သည်။ သင်တန်းတတ်သူများ က ဗမာမဟုတ်သည့် တိုင်းရင်းသား များသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူငယ်ကွန်ရက် က ကျွန်တော်ရယ် ပပ ရယ် တတ်ခွင့် ရသည်။ ပပ ကလည်း မွန်ဗမာ ကျွန်တော်တစ်ယောက်သာ ဗမာပါသည်။ နောက် သင်တန်းမှာ ကိစ္စတစ်ခု အပြန်အလှန် ဆွေးနွေးစရာတစ်ခု […]


Mg OggaDecember 12, 20111min790
ဆရာကြီးဦးရွှေအောင်ဟာ ကျွန်တော်အနှစ်သက်ဆုံး ဗုဒ္ဓဒဿနပညာရှင်ကြီးဖြစ်ပြီး ဗုဒ္ဓတရားတော်တွေ ကို ဖွင့်ဆိုရာမှာ အတော်လေးနှစ်သက်ပါတယ် (ယောမင်းကြီးကို မြင်းထိန်းချီးကျုးသလိုများဖြစ်မလားမသိ) ဆရာကြီးရဲ့ စာအုပ်တွေအကုန်လုံးကို အကုန်ဉာဏ်မမှီပေမဲ့ အတော်အများ ဖတ်ဖြစ်တယ်။ Maslow က စိတ်ပညာရှင်တွေထဲ ဖရိုက်ပြီးရင် အနှစ်သက်ဆုံးပါ။ သူကတော့ အမေရိကန်နိုင်ငံသားလူသား ဝါဒီ စိတ်ပညာ ရှင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ လူသားလိုအင်အဆင့်ဆင့် သီအိုရီနဲ့ နာမည်ကြီးတဲ့ စိတ်ပညာရှင်ယောက်ပါ။ စိတ်ပညာသင်ဖူးသူတိုင်းသူရဲ့ Humanistic theories of self-actualizationကို သိမှာပါ။နောက်ပိုင်း ဖွံဖြိုးရေးလုပ်ငန်း တွေမှာ Needs base approach ဆိုပြီးလုပ်လာတော့ ဖွံဖြိုးရေးသမား အတော်အများ လေ့လာရတဲ့ သီအိုရိ တစ်ခုဖြစ်ပါတယ်။ ဒီ Maslow’s hierarchy of needs နဲ့ ဆရာကြီးဦးရွှေအောင် နဲ့ ဘာဆိုင်လည်း […]


Mg OggaDecember 11, 20111min24115
အဘ ဆုံးတာကြာပြီ အခုချိန် အဘကို အရမ်း သတိရမိရဲ့။ အဘက ရွာကို အင်္ဂလိပ်လက်ထက်အပြီး ပထစ ဖဆပလ ခေတ် ပြည်တွင်းစစ်ကတည်းက ရွာကျေးရွာလူထုက ရွှေးချယ်ထားတဲ့ သူကြီး ။ သူ သူကြီးနေရာ ကို ရတာ ရွှေးကောက်ပွဲလုပ် မဲခွဲဆုံးဖြတ်တာလဲမဟုတ်ဘူး အစိုးရနဲ့ ရောင်စုံသူပုန်တွေ က လာပြီး သူကြီး လုပ်ခိုင်းလို့ လုပ်တာလဲ မဟုတ်ဘူး တိုင်းပြည်မငြိမ်မသက် ဖြစ်တဲ့ အချိန် ကျေးရွာကို ဦးစီး ဦးဆောင် ခိုင်းလို့ အဘ မတတ်သာပဲ ကျေးရွာ အုပ်ချုပ်ရေး သူကြီး နေရာရခဲ့တာပါ။ အဘ က တော့ အေးအေး ဆေးဆေးပဲနေလို်တယ်။ ဒါပေမဲ့ သူချစ်တဲ့ ရပ်ရွာအတွက် သူ လုပ်ပေးရတယ်ပေါ့။ ပြည်တွင်းစစ်ကာလ […]


Mg OggaDecember 11, 20111min1104
စနေမောင်မောင်၊ ရာဟုမောင်မောင်၊ ကာတွန်းမောင်မောင်တို့ စသဖြင့် မြန်မာပြည်တွင် မောင်မောင် များစွာရှိသည်။ အခု ကျွန်တော်ပြောပြမည့် မောင်မောင်ကား ဖေ့ဘုတ်မောင်မောင် ဖြစ်လေသည်။ ဖေဘုတ်မောင်မောင် အင်တာနက် မသုံးခင်က နာမည်မှာ မောင်မောင် ပင်ဖြစ်သည်။သို့သော် အင်တာနက် စသုံးတတ်ပြီးနောက်ပိုင်း ချက်မောင်မောင် ဂျီတော့မောင်မောင် စသဖြင့်ခေါ်ကြသည်။ အခုတော့ ချက်မောင်မောင် ဂျီတော့ မောင်မောင်မဟုတ်တော့ ပိုအဆင်မြင့်လာပြီး တော်လှန်ရေးသမားမျိုးချစ် ဖေဘုတ်မောင်မောင် ဖြစ်လာပြီ။ မောင်မောင်သည် ၁ဝ တန်းကျကာ ဘာလုပ်ရမှန်းမသိ လက်ယားလက်ယား ဖြစ်နေချိန် အကိုတစ်ဝမ်းကွဲ မောင်မောင် ပျက်စီးမည်စိုးသောကြောင့် သူဖွင့်ထားသော အင်တာနက်ဆိုင်တွင် ဆိုင်စောင့် ရန် တာဝန် ပေးသည်။ ဒီအချိန်မှစ၍ မောင်မောင် အင်တာနက်ကို စတင်သုံးတတ်လာလေသည်။ မောင်မောင်က ၁ဝ တန်း မအောင်သော်လည်း လေ့လာမှုအားကောင်းသည်။ […]


Mg OggaMarch 27, 20111min60
  မြန်မာရိုးရာ သင်္ကြန်ကို ရူထောင့်ပေါင်းဆုံက ချည်းကပ်ကြဖို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူငယ်အဖွဲ့ က စကားဝိုင်းလေးတစ်ခု လုပ်ပြီး ဆွေးနွေးခဲ့တာကို ပြန်တင်ပြလိုက်ပါတယ်။ ပါဝင်ဆွေးနွေးကြသူများမှာ ဆရာဘိုဘိုလွင်၊ဆရာသုမောင်စိုး၊ဆရာအောင်မျိုးဝင်း၊သိန်းစိုး၊အောင်အောင်၊ညိုမီ၊မိလေးနွယ်၊ပပဖြိုး၊ စုမြတ်ရတနာ၊ဥဂ္ဂါ ဘို – သင်္ကြန်ဆိုတာ သက္ကတဘာသာစကားကလာတာလို့ ပြောလို့ရတယ် သင်္ကြန ္တဆိုတဲ့ စကားလုံးကဆင်းသက်လာတာပဲ အဓိပ္ပါယ်ကတော့ ပြောင်းရွှေ့ခြင်း ပြောင်းလဲခြင်း ကူးပြာင်းခြင်းလို့ ကြားဖူးတာပဲ ဥ – ဟုတ်တယ် သင်္ကြန် အယူအဆ ဆိုတာလဲ အိနိ္ဒယဘယ်က လာတယ်လို့ထင်တယ် ညို – အင်း ဟုတ်တယ်နော် သု – အင်း သင်္ကြန်က မြန်မာပြည်ကို ဘယ်အချိန်တည်းက စရှိတာလဲပြောပြပါအုံး ဥ – ပုဂံစော


Mg OggaMarch 27, 20111min85
ဘောဂဗေဒ လေ့လာနေသူတွေ ဖွံဖြိုးရေးပညာလေ့လာနေသူတွေ အတွက် ရည်ရွယ်ပါတယ် ဆာဗေးတွေ ကွင်းဆင်လေ့လာမှုတွေလုပ်ရင် ဒါလေးက အတော် အသုံးဝင်ပါတယ်။ ကျွန်တော်လည်း သိထားသလောက်ဝေမျျလိုက် သိပ်တော့ မသိဘူးဗျ ဖောက်သည်ချယုံသတ်သတ်ပါဗျာ ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းရေးဆွဲရာတွင်ဖြစ်စေ၊ စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ချက် များကို စိစစ်သုံးသပ်ရာတွင်ဖြစ်စေ၊ စီမံကိန်း၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်သုံးသပ်ရာတွင် ဖြစ်စေ စီမံကိန်းဝန်ထမ်းများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရပါသည်။ ဤသို့ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် Participatory Rural Appraisal (PRA)နည်းလမ်းများကို အသုံးပြု ကြပါသည်။ ဤလမ်းညွှန်စာအုပ်သည် PRA နည်းလမ်းများကို အသုံးပြု၍ ဒေသတစ်ခု၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားသာချက်များ၊ အားနည်းချက်များ၊ ပြဿနာများ ၊ အခက်အခဲများ၊ လိုအပ်ချက်များ၊ အခွင့်အလမ်းများကို ဒေသခံများနှင့် ပူးပေါင်းဖော်ထုတ်နိုင်ရန် […]


Mg OggaMarch 27, 20111min50
အခု မျက်မှောက်ခေတ်ကြီးထဲမှာ ကျေးကျွန်စနစ် ထွန်းကားနေတယ် ဆိုရင် စာရှုသူယုံမလား ကျွန်စနစ်က ဟိုး ဂရိခေတ်လောက်ကနေစပြီး အမေရိကန် ပြည်တွင်းစစ်မှာ ချုပ်ငြိမ်းသွားပြီလို့ စာရှုသူပြောမှာပဲ အခုဟာ ခေတ်သစ်ကျွန်စနစ် တကယ်ကို ရှိနေသေးပါတယ်။ အရင် ခေတ်ဟောင်းပုံစံတော့ မဟုတ်တော့ဘူးပေါ့။ ကျွန် ကို အဘိဓာန် ထဲမှာရှာကြည်ပါလား The state of being under the control of another person တဲ့ တခြားလူတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာနေရသူပေါ့။ ကျွန် ဆိုတာ လွတ်လပ်သောဆန္ဒဆုံးရှုံးလျက်၊ အဓမ္မနည်းလမ်းတွေ အသုံးပြုလျက်၊တခြားတပါးသူခိုင်းတာ လုပ်ရတဲ့ သူပေါ့။ ကျွန်ဆိုတာနဲ့ နိုပ်စက်ညှင်းပန်းခံ ရတာပေါ့။ အခု ကျွန်စနစ်က ရှေးကနဲ့ နည်းနည်းပဲကွာမယ်။ ဟိုတုန်းကလိုပဲ နှိပ်စက်ညှင်းပန်းခံရတုန်း၊အခကြေးငွေ နည်းနည်းပဲရတုန်း ဒီလိုဖြစ်နေတဲ့ […]


Mg OggaMarch 27, 20111min53
ကချင်ပြည်နယ် ကို လေ့လာရေးခရီးသွားဖို့ ကျွန်တော်ပါဝင်ခွင့် ရလိုက်တော့ ပျော်မိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကချင်ပြည်ကို တစ်ခေါက်ရောက်ဖူးခဲ့တယ်။ အဲဒီအချိန်တုန်းက အလုပ်ကိစ္စနဲ့ MMRD က ဝန်ထမ်းတွေနဲ့ ကိုညီလင်းဆက်၊ ကိုယောသားတို့နဲ့ အတူသွားခဲ့ ဖူးတယ်။ အခုတစ်ခေါက်က ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ် ကွန်ရက် အစီစဉ်နဲ့ ဒေသအသီးသီးက အခြေခံ လူငယ်ခေါင်းဆောင်တွေ နဲ့ အတူ ကချင်ပြည်နယ်မှာရှိတဲ့ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေကို သွားရောက်လေ့လာအတုယူပြီ်း ကိုယ့်ဒေသက ဖွံဖြိုးရေးလုပ်ငန်းတွေမှာ  ပြန်လည် အသုံးချလုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ကချင်ပြည်နယ်ကို သွားရောက် ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ ဗုဒ္ဓဘာသာလူငယ်အစီစဉ်ရဲ့ သင်တန်းတာဝန်ခံ ပပ၊ ကရင်ပြည်နယ်က နော်သိန်းသန်းထွေး၊ ဧရာဝတီတိုင်း ဒေးဒရဲက သန့်ထွဋ်ဦး၊ ကယားပြည်နယ် လွိုင်ကော်က နှင်းအိသွယ်၊ ဒီးမော့ဆိုက ကြည်သာဝင်း၊ ဖယ်ခုံက […]


Mg OggaJuly 17, 20101min570
မင်း­­­­ရှိတယ်။ ငါရှိတယ်။ ဒါပေမယ့် မင်းမရှိဘူး။ ငါမရှိဘူး။ သူတို့ရဲ့စိတ်၊ သူတို့ရဲ့အကြည့်၊ သူ တို့ရဲ့အသိတွေကို ရှောင်တိမ်းရင်း၊ ကွယ်ရင်းဝှက်ရင်း ငါတို့ရှင်သန်တယ်။ မင်းတို့ပါးစပ်ပေါက်တွေ ငါ့ကိုခဏငှား ကြပါ။ အဲဒါနဲ့… မြို့တစ်မြို့တည်မယ်။ ဒါပေမယ့် အဲဒီမှာ အသက်ရှူလို့မရဘူး။ သေလို့မရဘူး…။ ပိုက်ဆံနဲ့ဝယ် လို့ရတာတစ်ခုရှိတယ်။ အဲဒါအမုန်းတရားတွေပေါ့။ အလွှာပါးပါးလေးလှပ်နေတဲ့နေရာဆီ ငါ့စိတ်ခဏခဏသွား သေတယ်။ ဒါတွေက ကော်ဖီတစ်ခွက်ရဲ့ အာသီသလည်း ဖြစ်နိုင်သေးတယ်။ တစ်ဖက်ကမာ္ဘမှာ အစာငတ်လို့ ကလေးတွေသေနေတယ်။ လူတွေသေနေတယ်….။ သေနေတယ်…။ ငါ့ရဲ့ဆာလောင်မှုက အခုလိုရူးသွပ်ဖို့ လား? ရာစုနှစ်တစ်ခုရဲ့နောက်ကြောင်းရာဇဝင်မှာ Globalization မရှိတာသေချာလား? ကာဗွန်ဒိုင်အောက်ဆိုဒ် မများတာသေချာလား? ယဉ်ကျေးမှုတွေနဲ့လှပခဲ့တာသေချာလား? သေချာခဲ့ရင်တောင် လူတွေအချင်းချင်း သတ်ခဲ့ကြတာပဲ၊ မုန်းခဲ့ကြတာပဲ။ ငြှင်းဆဲခဲ့ကြတာပဲ။ နယ်မြေတွေလုခဲ့ကြတာပဲ။ လူတွေကိုယုံကြည်ဖို့၊ လူတွေ အားလုံးကို ယုံကြည်ဖို့မင်းရဲ့စိတ်က […]


Mg OggaJuly 3, 20101min681
ပေါတယ်ဆိုတဲ့ စကားလုံးဟာ ကောင်းတာလည်းယူလိုရသလို မကောင်းတာလည်းယူလို့ရပါတယ်။ ပေါများတယ် ပေါကြွယ်တယ် ဆိုပြီးကောင်းတာရှိသလို ပေါတောတောနဲ့ ငပေါ သောက်ပေါ ဆိုပြီး မကောင်းတဲ့ အသုံးနှုန်းလည်းရှိပါတယ်။ ပေါတယ်ဆိုတာဘာလဲဆိုတော့ မရှားတာပေါ့ လွယ်လွယ်ကူကူရတဲ့ အရာပေါ့ဗျာ။ လူတွေသိပ်တန်ဖိုးမထား မလေးစားကြဘူးပေါ့ဗျာ။ အဲဒီလိုပဲ လူတွေက တန်ဖိုးရှိအောင် အထာကိုင်ကြတယ် မိန်းကလေးတွေက မှုကြတယ် ဒီနေ့ရတဲ့ အရာကိုမနက်ဖြန်ပေးကြတယ်။ တန်ဖိုးထား တတ်အောင်လို့တဲ့ လွယ်လွယ်ကူကူ ရရင် တန်ဖိုးမထားတတ်ကြဘူးတဲ့ ဒါကြောင့် လွယ်နေတာကို မလွယ်အောင် ခက်အောင်တမင်ကို လုပ်ကြရပါသတဲ့ဗျာ။ ကျွန်တော်ကိုလည်း သူငယ်ချင်းတစ်ယောက်က ဟေ့ကောင်မင်းပေါတောတောမနေနဲ့ လူမလေးပဲနေလိမ့်မယ်တဲ့ သူပြောတာလည်း ဟုတ်တုတ်တုတ် ကျွန်တော်ကျောင်းမှာ ဆို ဂျူနီယာ ချာတိတ်တွေကို သူတို့ ကြိုက်မကြိုက်မသိ စာသင်ပေးတယ် သူတို့က အစတော့ စီနီယာဆိုပြီးနားထောင်သေးတယ် နောက်တော့ ကျွန်တော်တွေတာနဲ့ […]

safe_image.php_.jpeg

Mg OggaJuly 3, 20101min630
ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ်တစ်သိုက် ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးထွက်တဲ့အခါကပေါ့။ ကမ်းခြေ မှာ ကျွန်တော့်သူငယ်ချင်တွေ ပျော်ပါးဆော့ကစားနေပေမဲ့ ကျွန်တော်မှတော့ အမျိုးအမည်မသိတဲ့ နှလုံးသားဝေဒနာကို ခံစားနေရတော့ သူငယ်ချင်းတွေကို မပျော်နိုင်မပါးနိုင် သူငယ်ချင်းတွေနဲ့ဝေးတဲ့ နေရာ ခပ်လှမ်းလှမ်း သဲသောင်ပြင်မှာ တကိုယ်တည်း ထိုင်ပြီး ပင်လယ်ကြီးနဲ့ ဝင်ဆဲနေလုံးကြီးကို ငေးနေကြည်နေမိတယ်။ ခဏကြာတဲ့ အခါမှာ ကျွန်တော်နဘေး ကလေးနှစ်ယောက် သဲအိမ်ဆောက်ပြီးကစားနေကြတယ်။ ကလေးတွေက မောင်နှမထင်ရတယ် အငယ်မိန်းကလေးက ၁ဝနှစ် အကြီးယောကျာင်္းလေးက ၁၅နှစ်လောက်ရှိပြီ ထင်တယ်။ သူတို့ အမအကြီးဆုံးလို့ထင်ရတဲ့ မိန်ကလေးကတော့ ကျွန်တော်နဲ့ ရွယ်တူလောက်ပဲ သူကတော့ ပင်လယ်ထဲမှာ လှိုင်းစီးနေတယ်။ သူကို ကျွန်တော်ကကြည့်နေတယ် ထင်မှာစိုးလို့ ကလေးတွေ ကစားနေတာကိုပဲ ကြည်နေမိတယ်။ ယောကျာင်္းလေးက အသက်က မိန်းကလေးထက်ကြီး တော့ သူဆောက်ထားတဲ့ သဲအိမ်လေးက […]


Mg OggaJuly 3, 20101min650
ဖွံဖြိုးရေးလုပ်သားတွေ ရွာထဲဝင်ရင် ကျင်ကြံရမည့် စည်းကမ်းများစွာရှိပါတယ် ရွာသားတွေကို မျှော်လင့်ချက် မပေးရ၊ ရွာသားတွေ မျက်စီနောက်အောင်မနေရ၊ရွာသားတွေနဲ့ တစ်သားထဲ နေရမယ်၊လူထုဆီသွား၊ လူထုနဲ့ နေ၊ လူထုဆီက သင်ယူ၊ လူထုဆီက ရှိတာနဲ့ စ ပြီးတော့ လူထုမှာရှိတဲ့ အရာနဲ့ပဲ တည်ဆောက်ပါ စသဖြင့်ပေါ့ ဒါတွေဟာ လူမှုဖွံဖြိုးရေးလုပ်သားတိုင်း နားလည်ထားတဲ့ ကျင့်ဝတ်တွေပါ။ ဒါပေမယ့် ဒီအတိုင်ကျင့်ကြံတဲ့ သူရှားပါတယ်။ ဆရာကြီးလို့ ခေါ်ခံရတဲ့ ဖွံဖြိုးရေးဘိုးအေကြီးအချို့ တောင် ဒီလိုမလုပ်ကြပါဘူး ထားပါတော့လေ။ အရင်က ရွာတွေသွားရင် ရွာသားတွေ ကျွေးတာ ကျွန်တော်တို့တွေ စားခွင့်ရှိပါတယ်။ နောက်ပိုင်း ကျေးရွာကို အကူအညီလာပေးတဲ့ သူတွေကြောင့် ကျေးရွာမှာ ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်လာလို့ ကျေးရွာက ကျွေးတဲ့ ဟာကို မစားရဘူးလို့ စည်းကမ်းလုပ်လိုက်ပါတယ်။ ဒါပေမယ့် […]