Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Mg OggaJuly 3, 20101min2873
လောကမှာ လူမိုက်ရှိသလို လူုလိမ္မာ ပညာရှိဆိုတာလဲ ရှိပါတယ်။ လူမိုက်ဆိုတာ ကောင်း၏ ဆိုး၏ကိုမသိ ကောင်းတာမလုပ် ဆိုးတာလုပ်တဲ့သူ ပညာရှိဆိုတာ ကောင်း၏ ဆိုး၏ သိပြီးကောင်းတာ လုပ်တဲ့ သူလို့ ဓမ္မအသုံးအရ ကျွန်တော်တို့ နားလည်ထားကြပါတယ်။ ဒါပေမယ့် တခါတလေတော့ လောကသဘော လက်ခံထားကြတာရယ် ဓမ္မသဘောရယ် ကွဲလွဲနေသလားလို့ကြာတော့ ခံစားမိတယ်။ ဒီလိုခံစား ဖြစ်သွားအောင် လက်တွေ့ လူမှုဘဝကြီးက ပြောနေသလိုပဲ ဒီပုံပြင်လေးက အသိဉာဏ်ပေးလို့ ဝေမျှ ဖောက်သည်ချလိုက်သဗျ။ ဟိုးတိုတိုတုန်းက ဘာပြည်ကြီးက ညာသူဌေးကြီးတစ်ဦးဆီမှာ အလုပ်လုပ်တဲ့ အခိုင်းအစေ သူဆင်းရဲ အလုပ်သမားလေး တစ်ယောက်ရှိသတဲ့ အဲဒီ သူဆင်းရဲလေးဟာ ညာသူဌေးကြီးပိုင်တဲ့ ခြံဝိုင်းထဲမှာ ရွှံ့နဲ့ ဆောက်ထားတဲ့ သက်ကယ်မိုး တဲလေးမှာနေထိုင်ရပြီး အလွန်ဆင်းရဲလှသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲဒီအလုပ်သမားရဲ့တဲအနားကို ပညာရှိဆိုသူတစ်ဦး […]


Mg OggaJuly 3, 20101min3194
ကိုဦးတို့ အချစ်ဇာတိလမ်းက ထူးဆန်းအံဖွယ်ရာပင် ထူးဆန်းလေစွ အံဖွယ်ကောင်းပေစွ ကိုဦး သီတာကို ချစ်နေတာ အထက်တန်းဘဝတည်းကပါ ကိုဦးက ကြည်မြင့်တိုင်ရက်ကွက်လေးတစ်ခုက သာမန်လူဆင်းရဲလေး တစ်ယောက် မသီတာလား မသီတာက ကြည်မြင့်တိုင်တစ်ဖက်ကမ်း အေးရွာဆိုတဲ့ ရွာလေးတစ်ရွာက မြေပိုင်ရှင် သူဌေးသမီး ဘာပဲပြောပြော မသီတာက ကိုဦးထက် ဓနအင်အားများစွာ သာလေ၏။ မသီတာ ကိုဦးတို့တက်တဲ့ အထက်တန်းကျောင်းကို စတက်ခဲ့တာ ၈တန်းနှစ်တည်းက ကိုဦးရင်ထဲ မသီတာ ဝင်ရောက်နေခဲ့တာ နေမြင့်လေ အရူးရင့်လေဆိုသလို ၁ဝတန်းကျောင်းသားဘဝ မှာ မသီတာကို ကိုဦးချစ်နေတဲ့ အကြောင်း ဖွင့်ဟဖြစ်ခဲ့တယ်။ ကိုဦးက မသီတာကို အလွန်ချစ်နေပေမဲ့ မသီတာကတော့ ကိုဦးကို ချစ်ဖို့ မပြောနဲ့ တိုင်အမှတ်နဲ့ နှပ်တောင် သုပ်မဲ့ ပုံမပေါ်။ ကိုဦးကတော့ ဇွဲကောင်းကောင်းနဲ့ ချစ်ဆဲ […]


Mg OggaJuly 3, 20101min2933
တစ်ခုသော နွေရာသီ ညနေခင်းမှာ အညာက သာယာကုန်းဆိုတဲ့ ရွာလေးမှာ ကိုကျော်ဆန်းဆိုသူသည် စွတ်စို ပေကျံ မောပန်းစွာဖြင့် အိမ်ပြန်လာသည်ကို အိမ်နီးနားချင်းဖြစ်သူ ကိုဆန်းမောင်က ကိုကျော်ဆန်း အဖြစ်ကို သူခြံထဲမှ လှမ်းမြင်လိုက်လျှင် တစ်ခုခုတော့ ကိစ္စပေါ်ပြီဟု ထင်၍ သူ၏ စပ်စပ်စုစု လုပ်ချင်စိတ် ပေါ်လာ သဖြင့် ကိုကျော်ဆန်းကို အကျိုးကြောင်း လှမ်းမေးလိုက် လေသည်။ ဆန်း။ ။ ဘယ်ကပြန်လာတာလဲ ကိုကျော်ဆန်းရဲ့ တစ်ကိုယ်လုံးလည်း ရေတွေ ရွဲ လို့ပါဘလား ဘယ်လိုဖြစ်လာတာလဲဗျ ကျော်။ ။ ကျွန်တော်မြို့ တက်ပြီး နွားသွားရောင်းတာပါဗျာ ဆန်း။ ။ ဟင် ဟုတ်လား ဒါဆို ငွေတွေရလာပြီပေါ့ မနည်းဘဲ ဟဲဟဲ ဘယ်လောက်ရခဲ့ လဲ ဗျ ကျော်။ […]


Mg OggaJuly 3, 20101min2041
ဆန်ပြုတ်ပဲသောက်၊ ထမင်းရည်ကို အရသာခံနေရတဲ့သူတွေကို သတိမရဘဲ အစားအသောက်ကြေးများတဲ့ ကျုပ် … ဆံပင်ညှပ်ရောင်းပြီးမှ ဆန်ဝယ်စားနေရတဲ့သူတွေ ရှိမှန်းသိလျှက်နဲ့ အထက်တန်းစား ဆံပင်ညှပ်ခန်းမှာမှ ညှပ်ချင်တဲ့ ကျုပ် … လုံချည်ပေါင် ဆန်ဝယ်ပြီးမှ ထမင်းဘူးထည့် အလုပ်သွားရသူတွေကို သတိမရဘဲ ဝိုင်လို တစ်ခွက်မသောက်ရရင် အိပ်မပျော်တဲ့ ကျုပ် … တစ်လစာ စားလို့လောက်တဲ့ ငွေကြေးကို အပြုံးမပျက် တစ်ညတည်းဖြုန်းပစ်ဖို့ ဝန်မလေးတဲ့ ကျုပ် … ရေတစ်အိုးရဖို့ တစ်နေ့လုံးအချိန်ပေးရတဲ့ အညာသူလေးတွေကို မစာနာဘဲ ရေဘုံပိုင်ခေါင်းတွေ အခြောက်တိုက် ဖွင့်ထားတဲ့ ကျုပ် … ဆာလာအိတ်ခွံနဲ့ နံရံကာနေရသူတွေကို ကိုယ်ချင်းမစာဘဲ ညတိုင်း အဲယားကွန်း ဖွင့် စောင်ခြုံအိပ်ချင်တဲ့ ကျုပ် … အမှိုက်ပုံဘေးမှာနေ အမှိုက်ပုံမှာ ရှာစားနေရတဲ့သူတွေကို သတိမရဘဲ […]


Mg OggaJuly 3, 20101min1890
ကျွန်တော်မှာ ပုံပြင်တွေပြောတတ်တဲ့ မိတ်ဆွေကြီးတစ်ယောက်ရှိပါတယ်။ ဒီမိတ်ဆွေကြီးက မြန်မာရိုးရာပုံပြင် တွေစု တွေသမျှလူလိုက်ပြောလေရဲ့ ကျွန်တော်လည်း ဒီကောင်ကို ပြောစရာပုံပြင်တစ်ပုဒ်ရှိတယ်။ မြန်မာရိုးရာပုံပြင် တစ်ခုပါပဲ။ ကျွန်တော်ရဟန်းဘဝမှာ နေတုန်းကကြားဖူးခဲ့တဲ့ပုံပြင်လေးပါ။ တခါကရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဝါဆိုတော်မှုတဲ့ ရဟန်းတစ်ပါးရှိလေရဲ့ ထိုရဟန်းက ရဟန်းတို့ နေစဉ်လုပ်ငန်းစဉ်တိုင်း အိမ်စဉ်လှည့် ဆွမ်းခံထွက်ရပါတယ်။ အိမ်တွေနဲ့က မရင်းနီုးသေးတော့ အိမ်ရှေ့မှာပဲ ရပ်ပြီးဆွမ်းခံရတာပေါ့ နောက်ကြာလာတော့ အိမ်ထဲမှာ ဆွမ်းပင့်တာခံရတာပေါ့။ ဒီရဟန်းတော်ကို ထူးထူးခြားခြား ကြည်ညိုတဲ့ ဒကာကြီးတစ်ယောက်ရှိလေရဲ့။ သူက ဒီရဟန်းတော်လာတိုင်း သူရဲ့ လူမှုရေးကိစ္စတွေကို ပြောလေ့ရှိတယ်။ ဥပမာ လယ်ကစပါးဘယ်လောက် ထွက်တဲ့အကြောင်း သူသားကိုအိမ်ထောင်ချပေးမဲ့ အကြောင်းစုံကို ရဟန်းတော်ကို ပြောဆိုလျှောက်ထား လေ့ရှိပါတယ်။ ရဟန်းတော်ကလည်း သူဘာပဲပြောပြော သာဓု သာဓု သာဓု လို့သာပြောလေ့ရှိပါတယ်။ တနေ့ သူအိမ်က […]


Mg OggaJuly 3, 20101min2110
တစ်နေ့ က ထိုင်းကနေပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ကြတယ်။ သူက သူထိုင်းသွားခဲ့ရတဲ့ အတွေအကြုံ တွေကို ကျွန်တော်ကိုပြောပြပါတယ် နောက်ပြောရင်းနဲ့ ထိုင်းမိတ်ဆွေတစ်ဦးပြောတဲ့ စကားတစ်ခုကို သူစိတ်ထဲ ဘဝင်မကျကြောင်း ပြောတယ်။ ထိုင်းမိတ်ဆွေက သူကို မင်းတို့ နိုင်ငံက ရွှေတိဂုံဘုရားက ရွှေတွေက ထိုင်းနိုင်ငံရွှေတွေဖြစ်ကြောင်း မြန်မာနိုင်ငံအနံတလျားက ဘုရားတွေကရွှေငွေရတနာတွေက ထိုင်းနိုင်ငံကရတာဖြစ်ကြောင်း မင်းတို့ မြန်မာဘုရင်တွေက စစ်နိုင်တော့  တို့ဆီက ရွှေတွေရတနာတွေယူသွားတာတဲ့ ဒီလိုပြောတော့ သူငယ်ချင်းက မခံနိုင်ဘူး ပြန်ပြောရအောင်ကလည်း အကြောင်းရှာမရတော့ ဒီအတိုင်းလေး ငြိမ်ပြီး ဘာမှပြန်မပြောပဲ နေခဲ့ရတာ စိတ်ထဲ အခုထိအခဲမကျေဖြစ်နေတယ်ဆိုတာကို ကျွန်တော်ကို ရင်ဖွင့်ပြောပြတယ်။ ရှေးက စစ်တိုက်တဲ့က နိုင်သူစားကြေး တောတွင်းဥပဒေကြီးစီုးလေတော့ နိုင်သူက ရှုံးသူဆီက ရသမျှမောင်ပိုင် စီးတာ ထုံးစံပါ။ ဒါပေမယ် မတရားယူလာတဲ့ […]


Mg OggaJuly 3, 20101min1650
တစ်ခါတစ်လေ ကျွန်တော်က ပေါက်ကရအတော်တွေးတဲ့ ကောင်ပါ တွေးလိုက်ရင်လည်း ဘယ်သူမှလက်မခံနိုင်တဲ့ အတွေးမျိုးတွေ ကျွန်တော်တွေးဘူးတဲ့ အတွေးတွေ ထဲက ပေါက်ကရအတွေတွေးကို ပြန်ပြောပြပါရစေဗျာ။ ငယ်ငယ်က ၈တန်းလောက်ထင်တယ် ယဉ်ကျေးမှုသင်တန်းတစ်ခု ကျွန်တော်တက်နေတဲ့ အချိန်ပေါ့။ အဲဒီနေ့က ဆရာမက ကျွန်တော်တို့ကို ဇာတ်ကြီးဆယ်ဘွဲ့ သင်တော့ သုဝဏ္ဏသာမဇာတ်သင်တဲ့အချိန်မှာ ဆရာမကို စိတ်ညစ်အောင်လုပ်ခဲ့ဖူးတယ်ဗျ။ ဆရာမက သုဝဏ္ဏသာမဇာတ်ကိုပြောပြပြီး အဲဒီထဲက ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ ဆိုပြီးမေးကော သင်တန်းသားတွေက အလောင်းတော် သုဝဏ္ဏသာမကို ကြိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ သူက မိဘကျေးဇူးဆပ်လို့ပါဆိုပြီး တစ်တန်းလုံးနီးပါးဆိုကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်က သုဝဏ္ဏသာမကို မြားနဲ့ ပစ်တဲ့ ဘုရင်ကြီးကို အကြိုက်ဆုံးပဲလို့ ပြောလိုက်တဲ့ အခါတစ်တန်းလုံး ငြိမ်သက်သွားတယ်။ ဆရာမက မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ကျွန်တော်ကို ဘာဖြစ်လို့လည်း မေးတယ်။ […]


Mg OggaJuly 3, 20101min2000
ကျနော်မှာ အကျင့်တခုရှိတယ်ဗျ ပတ်ဝန်းကျင့်ရဲ့ အသံကို နားထောင်နေတတ်တယ် ဆရာပါရဂူဘာသာပြန်တဲ့ သိဒထလို. မြစ်ရေစီးသံနားထောင်တာကို အားကျတာလည်းပါတယ်။ မိုးရွာရင်လည်း မိုးစက်တွေသွပ်မိုးပေါ်ကျတဲ့အသံ ကိုဂီတသံလိုနားထောင်တတ်တယ်။ တူထုသံ ကားမောင်းသံ ကျေးငှက်သံ လူတွေစကားသံ ဒီအသံ အကုန်ကို တစ်ယောက်တည်းရှိတဲ့ အခါနားထောင်တတ်တယ်ဗျ အခုလည်းကျနော် ခရီးထွက်စရာရှိလို. ရထားစီရမယ် အင်း အခုလိုုခေတ်မီဖွံဖြိုးတိုးတတ်လာတော့ လမ်းပန်းဆက်သွယ်ရေးက အတော်ကောင်းဗျ အတော်လည်းအဆင်ပြေတယ် ဒါနဲ့ ကျနော်ရထားကို ဘူတာကြီးကစီးတယ်ဗျ ထုံးစံအတိုင်းအဖော်မပါလာတော့ ပတ်ဝန်းကျင်က အသံတွေနားထောင်ပြီးတော့ အပျင်းဖြေရတာပေါ့ ရထားမထွက်ခင်ကြားရတာတွေက စုံလို.ပေါ့ဗျာ အပြန်အလှန်နှုတ်ဆက်သံတွေ၊ ဈေးရောင်းသူတွေအောင်တဲ့ အသံတွေပေါ့ အံမယ်ရထားက အချိန်မှန်တဲ့ဗျ ၅နာရီ ခွဲဆို ထွက်တာပဲ ကျနော်လည်း စကားပြောဖော်မရှိတာနဲ့ အသံတွေနဲ.ဖော်ပြုနေတာပေါ့ အစကြားတာ ရထားဥဩစွဲသံဗျ ပေါ်ပူပေါ် ……ပေါ် နောက် ရထားဘီးလိမ့်သံကြားရတယ် ဟုတ်………ဟုတ်..ဟုတ်..ဟုတ်..ဟုတ် […]


Mg OggaJuly 2, 20101min1980
လွန်ခဲ့တဲ့ ငါးနှစ်လောက်က နယ်မြို.လေးတစ်မှာ နာမည်ကြီး စာရေးဆရာတစ်ဦးရဲ့ စာပေဟောပြောပွဲကို ကျနော်သွားရောက်နားထောင်ခဲ့ ရပါတယ်။ဆရာကြီးက ဘာခေါင်းစဉ်နဲ.ဟောပြောသွားတယ် ဆိုတာ ကျနော် မမှတ်မိတော့။သူစပြောလိုက်တာက“ကျနော် မြတ်စွာဘုရားလောက် လောဘမကြီးဘူး ဘာဖြစ်လို.လဲဆိုတော့ မြတ်စွာဘုရားက သဗ္မုညုတဉာဏ်တော်ကြီးကို လိုချင်တယ် ကျနော်ကမလိုချင်ဘူး” တဲ့လေ ပရိတ်သတ် အားလုံး တဟားဟားနဲ့ လက်ခုတ်တွေတီးကြတာ ဆူညံသွားတာပဲ။ အဲဒီ လက်ခုပ်တီးတဲ့သူ တွေအထဲ ကျနော်လည်း ပါတယ်။ အဲဒီတုန်းက ကျနော်က ဖြစ်တည်မှုပဓာနဝါဒတို. ကမှုးတို. ဆတ်တို.ကို အရူးအမှုးကြိုက်နေတဲ့ ကာလကိုး။အဲဒီတုန်းက ကျနော်စကားလုံးတိုင်းက အနီနံကလည်း သင်းနေတာပဲ။ နောက်မှ တောင်မြို့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၊ ဆရာကြီးဦးရွှေအောင်တို.ရဲ့ စာတွေဖတ် တော့မှပဲ ဘုရားမှန်းတရားမှန်း ကျောင်းမှန်းကန်မှန်း သိခဲ့ရတာပေါ့ဗျ။ အဓိကပြောချင်တာက ကျနော်တို. ဗုဒ္ဓမြတ်စွာဘုရားက တကယ်ပဲလောဘကြီးသလား။ သဗ္မုညုတဉာဏ်တော်ကြီးကို လိုချင်တယ်ဆို.တာ […]

n112121818800962_48871.jpg

Mg OggaJuly 2, 20101min1910
ဒီ Mandalay Gazette မှာ ကျွန်တော်တို့ ပုံပြောသူများအဖွဲ့ ကိုစိတ်ဝင်စားသူများ ရှိကြလို့ ဝမ်းသာပါတယ် အခု ပုံပြောသူများအဖွဲ့ရဲ့ စိတ်နေစိတ်ထားနဲ့ အခြေအနေလေးကို ကျွန်တော်တို့ ပုံပြောသူများ အဖွဲ့မှ မချမ်းငြိမ်းဖြူ က ခံစားရေးသားထားတာကို တင်ပြလိုက်ပါတယ် လမ်းမှာပေါ်မှာ လူငယ် ၁ဝ ယောက်လောက် လမ်းလျှောက်နေကြသည်။ အဝေးမှ ကြည့်လျင် တော်တော် ဆော့တဲ့ အဖွဲ့လို့ ထင်လိမ့်မည်။ သူတို့ အဖွဲ့ သည် ပူပြင်းလှသည် မတ်လနေရောင် အောက်မှာ အပြုံးမပျက် လမ်းလျှောက်နေကြသည်။ သူတို့ အဖွဲ့တွင့် လမ်းပေါ်တွေသမျှကို ခြေထောက်ဖြင့် လိုက်ကန်နေတဲ့သူပါသည်။ ဂစ်တာကြီးကို ကို့ရို့ကားယား လွယ်ပြီး လမ်းလျှောက်ရင်း ဂီတာတီးသူပါမည်။ ထိုသူတီးသမျှကို အပေါက်လမ်း မတည့် လိုက်ဆိုသူ နှစ်ယောက်လောက် ပါမည်။လွယ်အိတ်စုတ်ကြီး […]


Mg OggaJuly 2, 20101min1660
ဘောဂဗေဒ အထူးပြုတွေ ဖွံဖြိုးရေးပညာ အထူးပြုတွေ အတွက် ရည်ရွယ်ပါတယ် လူမှုလေ့လာ ဆန်းစစ်ချက် နည်းလမ်းလေးတစ်ခုပါ PRA ဆိုတာ အတိုကောက်ပါ ဖွံဖြိုးရေးလောကထဲက လူတွေကတော့ PRA ဆိုရင်တန်းသိကြသဗျ။ အရှည်ကတော့ Participatory Rural Appraisal မြန်မာလိုပြန်ရင် ကျေးလက်ဒေသပါဝင်ရောယှက်ဆောင်ရွက်  မှုဆိုင်ရာ လေ့လာဆန်းစစ်မှုလို့ တိုက်ရိုက် အဓိပ္ပာယ်ရတယ်။ ဆရာတစ်ယောက်ကတော့ သိမြင်ခံစား လက်တွေ့လှုပ်ရှား နည်းစဉ်လိုပြောဖူးပါတယ်။  PRA နည်းလမ်းကို ၁၉၈၈ခုနစ် ကင်ညာနိုင်ငံမှာ National Environment Resources and Clark University,USA က စတင်အသုံးပြုတယ်လို သိရပါတယ်။ နောက်ပိုင်းမှာ ရပ်ကျေးလူထုရဲ့ ဖွံဖြိုးရန်အလုပ်ကို ရပ်ကျေးလူထုက လူတွေလုပ်မှသာ ရေရှည်ဖွံဖြိုးနိုင်မယ်လို့ အတော်အများယုံကြည်လာကြတယ်။ ၁၉၉၄ခုနှစ်နောက်ပိုင်းမှာ ဖွံဖြိုးမှုနည်းတဲ့နိုင်ငံတွေမှာ PRA Training Workshop […]


Mg OggaJuly 2, 20101min1660
ပဲခူးကျောက်တန်းကျေးရွာရှိ ဝေဠုဝန်ဘုန်းတော်ကြီးသင် ပညာဒါနကျောင်း၏ ခန်းမဆောင်တစ်ခုထဲတွင် (၄)နှစ် အရွယ်မှ (၈)နှစ်အရွယ်ကလေးငယ် နှစ်ရာခန့် ဆူညံပွက်လော ရိုက်နေသည်။ယင်းအချိန်တွင် အသက် ၂၄နှစ်ခန့် ရှိ လူငယ်တစ်ဦး က ကလေးများအား ယခုကဲ့သို့ အသံတစ်ခုပေးလိုက်သည်။ “ဟိုင်း- Hi” ကလေးငယ်များက “ဟယ်လို-Hello” ဟုပြန်ထူးလိုက်သည်။ ဆူညံနေသောအသံများ တိတိဆိတ်သွားသည်။ “ညီလေးတို့ ညီမလေးတို့ ရေ အစ်ကိုတို့က ရိုးရာပုံပြင်လေးတွေပြေညပြဖ ို့ လာခဲ့တာပါ။ ပုံပြင်လေးတွေ နားထောင်ကြမလား” ဟု ထိုလူငယ်က မေးလိုက်ရာ ကလေးငယ်တွေကလည်း တညီတညွတ်တည်း နားထောင်မည်ဟု ပြောကြသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆရာ၊ဆရာမများသည် မိမိအတန်းသားများ ဆူညံနေလျှင် ကျောက်သင်ပုန်းကို ကြိမ်လုံးဖြင့် ရိုက်ကာ ငြိမ်အောင် လုပ်သည်ကို သွားသတိရသည်။ ယခု လူငယ်လေးလုပ်သည့် ဟိုင်း […]


Mg OggaJuly 2, 20101min2270
ပုံပြင်တွေ ပြောပြတတ်တဲ့ ကျွန်တော်သူငယ်ချင်းကြီးကို သတိရလို့ ပုံပြင်တစ်ပုဒ်လောက် ပြောပြချင်တယ်ဗျ။ PRA သင်တတန်းကသင်ပေးလိုက်တဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ဖွံဖြိုးရေး အမြင်ဖွင့်ပေးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ တွေးတောဆင်ခြင်ကြည့်ပေါ့ဗျာ တခါက လူဆင်းရဲတစ်ယောက် တောလမ်းတစ်ခုမှာလျှောက်သွားရင်း မုဆိုးတစ်ယောက်လုပ်ထားတဲ့ ထောင်ချောက်ဟောင်းတစ်ခု ဖြစ်တဲ့ တွင်းနက်ကြီးတစ်ခုထဲ ခြေချော်ပြီး ကျသွားလေရော။ ကယ်မယ့် သူကလည်းမပေါ်လာ အဓိက သူထမင်းမစားရတာ သုံးရက်တောင်ရှိပြီ။ ကံကောင်းချင်တော့ ဒီတောလမ်းနားကို ဖြတ်သွားတဲ့ သူဌေးကြီးတစ်ဦးက တွင်းထဲက သူအော်သံကိုကြားလိုက်ရတယ်ဗျ။ ဒီလိုကြားတော့ ဒီသူဌေးကြီးက တွင်းထဲကသူကိုကြည့်လိုက်ပြီး ဘာအကူအညီပေးရမလဲ မေးလိုက်တယ်။ တွင်းထဲက သူကကျွန်တော်ဗိုက်ဆာတယ်လို့ ပြောလိုက်တယ်။ ဒါနဲ့ သူဌေးကြီးက အေး အခုတော့ စားစရာမပါလာဘူး အိမ်ရောက်မှ အိမ်က အစေခံကိုပို့ခိုင်း လိုက်မယ် နောက်ရက်တွေလည်း ပုံမုန်ပိုပေးမယ်လို့ ကတိပြုပြီး အိမ်ပြန်သွားတာပေါ့။ သူဌေးကြီးက သူပေးထားတဲ့ […]