အချစ်ဇာတ်လမ်းလေး တစ်ပုဒ်
ကိုဦးတို့ အချစ်ဇာတိလမ်းက ထူးဆန်းအံဖွယ်ရာပင် ထူးဆန်းလေစွ အံဖွယ်ကောင်းပေစွ
ကိုဦး သီတာကို ချစ်နေတာ အထက်တန်းဘဝတည်းကပါ ကိုဦးက ကြည်မြင့်တိုင်ရက်ကွက်လေးတစ်ခုက သာမန်လူဆင်းရဲလေး တစ်ယောက် မသီတာလား မသီတာက ကြည်မြင့်တိုင်တစ်ဖက်ကမ်း အေးရွာဆိုတဲ့ ရွာလေးတစ်ရွာက မြေပိုင်ရှင် သူဌေးသမီး ဘာပဲပြောပြော မသီတာက ကိုဦးထက် ဓနအင်အားများစွာ သာလေ၏။
မသီတာ ကိုဦးတို့တက်တဲ့ အထက်တန်းကျောင်းကို စတက်ခဲ့တာ ၈တန်းနှစ်တည်းက ကိုဦးရင်ထဲ မသီတာ ဝင်ရောက်နေခဲ့တာ နေမြင့်လေ အရူးရင့်လေဆိုသလို ၁ဝတန်းကျောင်းသားဘဝ မှာ မသီတာကို ကိုဦးချစ်နေတဲ့ အကြောင်း ဖွင့်ဟဖြစ်ခဲ့တယ်။ ကိုဦးက မသီတာကို အလွန်ချစ်နေပေမဲ့ မသီတာကတော့ ကိုဦးကို ချစ်ဖို့ မပြောနဲ့ တိုင်အမှတ်နဲ့ နှပ်တောင် သုပ်မဲ့ ပုံမပေါ်။ ကိုဦးကတော့ ဇွဲကောင်းကောင်းနဲ့ ချစ်ဆဲ မြတ်နိုးဆဲ ပါပဲ။ အချို့နေရာတွေမှာ ကိုဦး အပေါ် မသိတာ ဆက်ဆံတာမျိုးတွေက စိတ်နာဖို့ ကောင်းလှသည်။ ကိုဦးကို မသီတာအနေနဲ့ လူလို့ပင်မြင်ပုံ မပေါ် ကျွန်တော်တို့ သူငယ်ချင်းတွေက ကြားတည်းက မခံရပ်နိုင်ဖြစ်နေရပေမဲ့ ကိုဦးကတော့ စိတ်နာပုံမပေါ် ခက်တော့ ခက်နေပြီ ကိုဦးရေ။
ဒါနဲ့ ဆယ်တန်းစာမေးပွဲကို ကျွန်တော်တို့ သူငယ်ချင်း အားလုံးနီးပါး အောင်ကြပေမဲ့ ကိုဦးကတော့ ရူံးနိမ့်ခဲ့တယ်။ မသီတာကလည်း ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ဝင်ခွင့်ရသည်။ ကိုဦးက တော့ ဆယ်တန်းမအောင်တာကို သိပ် ဝမ်းမနည်း မသီတာနဲ့ မတွေရသည်ကိုသာ ဝမ်းနည်းနေသည်။ ကျွန်တော်တို့ မိန်းထဲသို့ သွားရင် ကိုဦးရံဖန်ရံခါ လိုက်ပါလာတက်သည်။ ကျောင်းထဲသို့ရောက်ရင် ကိုဦးက မသီတာနားတွင် အမြဲရှိနေတက်သည်။ မသီတာကတော့ ဖုတ်လေတဲ့ငပိ ရှိတယ်တောင်မထင်။ ကိုဦး က သူရင်တွင်း ဝေဒနာကို ကုခပေးဖို့ မသီတာကို အကြိမ်းပေါင်းများစွားတောင်ဆိုခဲ့ပေမဲ့ မသီတာက ဆယ်တန်းမအောင်တဲ့ အကောင်က ငါကို ချစ်ရေးဆိုရအောင် အဆင့်မရှိဘူးဆိုပြီး ပြောဆိုလွှတ်မြဲ။ ကိုဦး အဲဒီနောက်ပိုင်းက စပြီး ကျွန်တော်တို့ နဲ့ အတူ မိန်းထဲသို့ မလိုက်တော့ အိမ်တွင်းအောင်းပြီး စာကို အားသွန်ခွန်စိုက် ကြိုးစားနေလေသည်။ ပညာတတ်ကြီး ဖြစ်ဖို့တော့မဟုတ် မသီတာနဲ့ နီးဖို့သာဖြစ်သည် ကို ကျွန်တော်တို့ အားလုံး ရိမ်မိကြပါသည်။
ကျွန်တော်တို့တွေ ဒုတိယနှစ်ကျောင်းတက်တဲ့ အချိန်မှာ ကိုဦး က ဆယ်တန်းအောင်ပြီး ပထမနှစ်တက်နေရပြီ ကိုဦးရည်မှန်းချက်အောင်မြင်ပါသည်။ အခုသူ မသီတာနဲ့ နီးသွားလေပြီ ကျောင်းဝန်းတစ်ခုတည်းကိုး။
ဒီကထိရောက်နေလည်း မသီတာကကိုဦး မေတ္တာကို အသိမှတ်မပြုနိုင် ပေမဲ့ ကိုဦးခမျာမှာတော့ မသိတာကို အရင်တုန်းက အတိုင်း မလျှော့ပဲ ချစ်နေဆဲ။ မသိတာကို ကိုဦး ချစ်စကားကြိုက်စကား သွားပြောတိုင်း မသီတာက စာနာခြင်းကင်းကင်းဖြင့် ငြင်းဆိုခဲ့သောကြောင့် ကိုဦးခမျာ အရှက်ကွဲပေါင်းလည်း မနည်း။ ကြားတည်းက ကိုဦး သူငယ်ချင်းဖြစ်သော ကျွန်တော်တို့ က မခံချင် ကိုဦးကို သနားလေလေ မသီတာကို စိတ်နာပြီး ကြည့် မရဖြစ်လေ ကာယကံရှင် ကိုဦးကတော့ အူတူတူ ကြောင်တောင်တောင်နဲ့ မသီတာကို ရိုးရိုးကြီးကို အဆုံးမဲ့ချစ်နေတာကိုကြည့်ပြီး သူငယ်ချင်းအစား ဝမ်းနည်းမိတာ ကျွန်တော်တို့ သူငယ်ချင်းတွေပါ။ နောက်ဆုံး ကျွန်တော်တို့ သူငယ်ချင်းတွေက ကိုဦးကို အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည် မသီတာကို ဆက်လိုက်နေမယ်ဆိုရင် ငါတို့ ကိုသူငယ်ချင်းမတော်တဲ့တော့ဆိုပြီးတော့ ဖြစ်ပါသည် ကိုဦးအတွက် အတော်လေးပြင်းထန်တဲ့ အမိန့်တစ်ခု ဖြစ်ပါတယ် ချစ်ရသူနဲ့ ချစ်တဲ့ သူငယ်ချင်းကြား ဘာရွှေးချယ်ရမလဲ ဒွိဟဖြစ်စေခဲ့ပါသည်။ ချစ်ဖို့ကောင်းတဲ့ ကျွန်တော်တို့ သူငယ်ချင်း ကိုဦးက ကျွန်တော်တို့ သူငယ်ချင်းတွေကို ပဲရွှေးချယ်ခဲ့ပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်တဲ့ အမိန့် ကို ကိုဦးလိုက်နာခဲ့ပါတယ် မသီတာ ကို လုံးဝ စကားလိုက်မပြောတော့ဘူး ဒါပေမဲ့ မသီတာ အခန်းနားသွားပြီး မသီတာကို ငေးကြည့်နေတတ်တယ်။
ကိုဦး ကျွန်တော်တို့ သူငယ်ချင်းတွေကို မတိုင်ပင်ပဲ ကိုယ်ဘာသာမသီတာနဲ့ နီးဖို့ စီမံကိန်းတစ်ခု ရေးဆွဲနေတာ ကျွန်တော်တို့ နောက်မှ သိခဲ့ရပါတယ်။ ဒီစီမံကန်းကို မဟာဗျုဟာကျကျ သူဖော်ဆောင်နိုင်ခဲ့ပါတယ်။ ကိုဦးတို့ ဒုတိယနှစ်စာမေးပွဲ အပြီးနောက်ဆုံးရက် ကိုဦးတို့ ဒုတိယနှစ် က မနက်ပိုင်းတည်းကပြီးပြီ ကျွန်တော်တို့ မသီတာတို့ တတိယနှစ်တွေ က ညနေပိုင်းမှ စာမေးပွဲ ဖြေပြီးကြမှာ…….
ကိုဦး က သူ့ သူငယ်ချင်း သံလွင်ဆီက စစ်သုံး ဓားမြောင် တစ်လက် မနေ့တည်းက ငှားထားတယ်။ နောက် ကြိုးခိုင်ခိုင် တစ်ချောင်း ယူပြီး နေလယ်ထဲက သမ္မန်ဆိပ် ကိုသွားပြီး ပန်းဆိုးတန်းက လှေသမားတစ်ယောက် ကို ငှားလာခဲ့တယ် ငှားတဲ့ ပုံကလည်း ကြည့်အုံးလေ သူညီမလေး ဝက်ရူးပြန်ရောဂါ ဖြစ်နေလို့ ဆေးရုံက ဆင်းပြီး အေးရွာကို ပြန်မလိုဆိုပြီး လှေသမားကို ပြောထားတယ်။ မသီတာတို့ စာမေးပွဲပြီးတာ ၅နာရီလောက် မှာ ပြီးပေမဲ့ သူငယ်ချင်းတွေနဲ့ လျှောက်လှည်နေသောကြောင့် ၆နာရီခွဲလောက်မှ အိမ်ကိုပြန်နေတယ်။ ရနာရီ သမ္မန်ဆိပ်ရောက်တော့ ကိုဦးက မသီတာကို ဓားနဲ့ ထောက်ပြီးပါးစပ်ကို အဝတ်နဲ့ စည်းပြီး သူငှားထားတဲ့ လှေ ပေါ်ကို တင်လိုက်တယ် လှေသမားက မသီတာကို ဝက်ရူးပြန်ရောဂါသည်လို ယုံကြည်သွားပြီး သူလှေပေါ် တင်တဲ့ နေရာမှာ ဝင်တောင် ကူညီပေးတယ်။ နောက် လူသူရှင်းတဲ့ လယ်ကွင်းတွေ ရှိတဲ့ ဘက်ကို ခေါ်သွားတယ်။ နွေရာသီမှာ စပါးမစိုက်တော့ လယ်ကွင်းထဲက လယ်စောင့် တဲမှာလည်း လူမရှိ အဲဒီ လူမရှိတဲ့ လယ်စောင့် တဲ လေးဆီ ကြိုးထုပ်ထားတဲ့ မသီတာကို ခေါ်ဆောင် သွားတယ်။ တဲလေးမှ မသီ်တာကို ကိုဦးက မသီတာခင်ဗျား ကျွန်တော်ကို ပြန်မချစ်နိုင်မဲ့ အတူတူ ကျွန်တော်လည်း ခင်ဗျားကို မရမဲ့ အတူတူ ခင်ဗျားကို သတ်မယ် ပြီးရင် ကျွန်တော်ကိုယ့် ကျွန်တော် သတ်သေမယ် ဘယ်လိုလဲလိုပြောပြီး အသံမထွက်အောင် စည်းထားတဲ့ အဝတ်ကိုဖြေပေးလိုက်တယ်။
မသီတာကလည်း မာနကို မလျှော့
ကောင်းတယ် နင်ကိုကောင်ကို ယူမဲ့ အစား သေတာမှကောင်းသေးတယ် လို့ ပြန်ပြောတယ်။
ကိုဦးက
အေး သတ်မှာ မပူနဲ့ ဒီညတော့ ငါသိပ်ချစ်တဲ့ မျက်နှာလေးကို တစ်ညလုံးထိုင်ကြည့်အန်းမယ် နောက်မှ သတ်မယ်။
လယ်စောင့်တဲလေးမှာက ခြင်တွေက ပေါလှတယ် ကြိုးထုပ်ခံထားရတဲ့ မသီတာအနား ခြင်တွေ ဝု်ိင်းအုံကိုက်ကြတော့ ကိုဦး ခမျာ မနေနိုင်တော့ ခြင်တွေ ကို ရိုက်မောင်းပေးနေရတာပေါ့ ရိုက်မောင်း တာမှ တကယ်ကို ကြင်ကြင်နာနာ လေးကို မောင်းပေးနေတာ ကိုယ်ပိုင်ထားတဲ့ အမြတ်ရတနာကို ထိန်းသိမ်းစောင့်ရှောင်နေသလိုပဲ။ မသီတာ တွေဝေသွားသည့် နောက်နေ့ နံနက်ဆို သူကို ဓားနဲ့ ထိုးသတ်မဲ့ သူက အခု သူကို ခြင်မကိုက်အောင် မောင်းပေးနေတော့ မသီတာရဲ့ အသည်းနှလုံးက သံမဏိမဟုတ်။ ကိုဦးကို မသီတာ ချစ်မိသွားပြီ ကိုဦးရဲ့ အချစ်ကို မသီတာ လက်ခံလိုက်ပြီ။ ကိုဦး အချစ်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း မသီတာကို ပြောတော့ ကိုဦး ၂မိနစ်လောက် အံဩမင်သက်မိတယ်။ နောက်ကြိုးတွေ ဖြေပေးလိုက်ပြီး လယ်စောင့်တဲလေးဟာ သူတို့ နှစ်ဦးရဲ့ ချစ်ဗိမာန်လေးဖြစ်သွားတာပေါ့။နောက်နေ့ မနက်မှာပဲ မြို့နယ်တရား ရုံးမှာ လက်မှတ်ထိုးလိုက်ပြီး အကြင်လင်မယားဖြစ်သွားလေရဲ့။
ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားမှာတော့ သူတို့ စုံတွဲရဲ့ ဇာတ်လမ်းဟာ အဆန်းကြယ်ဆုံး ပုံပြင်လေးတစ်ခုပါပဲဗျာ
P.S: ၁၉၈၅ခုနှစ်လောက်က တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ နေရာဒေသ နဲ့ နာမည်များကို ပြောင်းလဲထားပါတယ်။ ဒီဇာတ်လမ်းလေးကို ပြန်ပြောပြတဲ့ သူငယ်ချင်း ကိုသန့်စင်(ပုံပြောသူများ) ကို အထူးကျေးဇူးတင်ပါတယ်။
လူတိုင်း လူတိုင်း ချစ်ခြင်းမေတ္တာကို်ခံစား ပွေဖက်နိုင်ကြပါစေ။
4 comments
intro
July 3, 2010 at 7:23 pm
တယ်ဟုတ်ပါလား… မိန်းမတွေရဲ့အချစ်စိတ်က အဲသည့်လောက်တောင် မြန်လား!!
present
July 4, 2010 at 3:13 am
ဘယ်ဆိုးလို့တုံးဗျ..တမင်များဒီလိုကြံလိုက်လေရော့သလား?…..
maylay
August 28, 2010 at 11:58 am
အင်…ဘယ်လိုကြီးလဲမသိ။ တစ်ညအတွင်းပြောင်းလဲသွားတာ မြန်လွန်းသလားလို့။ ခြင်လေးမောင်းပေးယုံလောက်နှင့် ကြွေသွားတယ်ဆိုတာ ဟုတ်မှဟုတ်ပါလေစ 😛
လင်းငယ်
August 28, 2010 at 2:21 pm
တကယ်လို့ အဲဒီလိုသာ ဖြစ်မလားဘူးဆိုရင် ဒီဇာတ်လမ်းတစ်ပုဒ်က ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ဝမ်းနည်းစရာ ကဗျာတစ်များ ဖြစ်နေမလား မသိဘူး။