Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အပျိုကြီးလူပျိုကြီးဆိုတာ…နတ်စည်းစိမ်ခံနေရသူများ

ရွှေအိမ်စည်October 18, 20121min88335

ဒီနေ ့လေထန်ကုန်းပျံပျံ က ကျမဝေါ်မှာလာရေးတယ်.အပျိုကြီး..အပျိုကြီးတဲ ့လေ….

.ပြီးတော့ခဏခဏ..စတယ်ပေါ့…။ဖေ ့ဘုတ်မိသားစုကချစ်စရာကောင်းတဲ ့ဓလေ ့ကစနောက်တတ်ကြတယ်။ စိတ်မဆိုကြဘူး..သူ ့ဥိးသူပြောနြ ့တကယ့်နွေးထွေးတဲ ့မိသားစုလေးပါ။

ဒါကြောင့်ကျမလိုဘဲ..တုန် ့ပြန်နိုင်အောင်(မုန်းလို ့ ၊စိတ်ဆိုးလို ့ မဟုတ်ပါ…စာပေသာအဖော်ပြုတတ်သူမလို ့..စာပေရေးရင်းဘဲပြန်လိုက်ပါတယ်။။

May Thuzar Kyaw ရဲ ့အပျိုကြီးလူပျိုကြီးဆိုတာuိုပြန်မန် ့ရင်း   ့အပျိုကြီးလူပျိုကြီးဆိုတာ…နတ်စည်းစိမ်ခံနေရသူများမိတ်ဆက်ပိုစ့် တင်လိုက်ပါတယ်။။။

 

May Thuzar Kyaw ရဲ ့အပျိုကြီးလူပျိုကြီးဆိုတာ…နတ်စည်းစိမ်ခံနေရသူများနဲ ့မိတ်ဆက်ပိုစ့် တင်လိုက်ပါတယ်။။။

အထူးသတိပြုချက်

 

  • ဒီစာစုလေးကတော့မေတို့ရဲ့အနီးအနားပတ်ဝန်းကျင်နဲ့ ခင်မင်ရာဆွေမျိုးသားချင်းတွေထဲက လူပျိုကြီး အပျိုကြီး

တွေရဲ့ထွက်ဆိုချက်တွေကိုစစ်တမ်းကောက်ထားပြီးထွက်ပေါ်လာတဲ့ရလဒ်တွေကို ပြန်လည်ရေးသားထားတာပါ….

.

  • အိမ်ထောင်ရှင်များနှင့် အိမ်ထောင်ပြုရန်ရည်ရွယ်ထားသူများ အနေနဲ့ဒီ  စာကိုဖတ်ဖို့မတိုက်တွန်းလိုပါ……
  • လက်ရှိလူပျိုကြီး အပျိုကြီးများနှင့် လူပျိုကြီး အပျိုကြီးလုပ်ဖို့ ရည်ရွယ်သူများသာဒီစာကို ဖတ်ရှုစေလိုပါသည်။

 

လူတွေက လူပျိုကြီး အပျိုကြီးဆိုတာနဲ့ စချင်နောက်ချင်ကြတယ် သူများအပူကိုယ့်အပူလုပ်ပြီး ဝင်စွက်ဖက်

လေ့ရှိကြပါတယ်။ ရယ်စရာလူသားအဖြစ်သတ်မှတ်ကြတယ်……ထိုအခါ ယခင်အေးချမ်းနေတဲ့ဘဝမှ ပူပင်သောက

များလှစွာသော အိမ်ထောင်သည်ဘဝသို့ ကူးပြောင်းသွားပြီး ဒုက္ခရောက်ကြရသော လူပျိုကြီး အပျိုကြီးများစွာကို

တွေ့နေရသည်….။

 

.လူပျိုကြီး အပျိုကြီးဖြစ်တာရှက်စရာမဟုတ်ပါ..ဂုဏ်ယူတတ်မယ်ဆိုရင် ဂုဏ်ယူစရာတွေမှတစ်ပုံ

ကြီးပါ……ဆရာနန္ဒသိန်းဇံ၏စာအုပ်ထဲကအတိုင်းပြောရမည်ဆိုလျှင်…လိုချင်တာရနိုင်ပါလျက်နဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်

ရှိနေလို့ အိမ်ထောင်မပြုပဲ တမင်နေသူကိုမှ လူပျို လို့ခေါ်တယ်ဆိုတဲ့စကားလေးပါ……

 

လူတွေကဇိမ်ကျကျနေရရင် နတ်စည်းစိမ်ခံရတယ်လို့ပြောကြပါတယ်။ ကိုယ့်ရဲ့လွတ်လပ်သောဆန္ဒနဲ့အညီ လူပျိုကြီး အပျိုကြီးဖြစ်လာသူတိုင်းက နတ်စည်းစိမ်ကိုခံစားနေရသူတွေလို့ပြောရင် မလွန်ဘူးထင်ပါတယ်….

 

အားလုံးကတိုးတက်လာတဲ့လူနေမှုပုံစံအတိုင်း ပြေးလွှားရုန်းကန်နေရတဲ့ကာလမှာ လူပျိုကြီး အပျိုကြီးတို့က

ခြေဆုံးခေါင်းဆုံး သနပ်ခါးလိမ်းနိုင်တုန်း၊ နူတ်ခမ်းမွှေးကို မရိတ်ပဲ ဇာဂနာနဲ့တုန်းပါ။(အချိန်တွေ ပိုနေတာကိုး..ဟုတ်တယ်ဟုတ်)

အပြေးအလွှားနဲ့ဒုကိ္ခတပျားတုတ်နေတဲ့ အုပ်စုထဲသူတို့မပါပါဘူး။

 

ရေခဲသေတ္တာမရှိလို့ပူစရာမလိုသလို နောက်ဆုံးပေါ်တီဗွီကြီးမရှိလည်းကိစ္စမရှိပါဘူး။

 

တစ်ပတ်လုံးအဝတ်မလျှော်လည်းကိုယ့်သဘောနဲ့ကိုယ်ပါ။

 

နံနက်၁ဝနာရီမှ အိပ်ယာထလို့လည်းရပါတယ်။

 

အလုပ်ကိုအပြေးအလွှားလုပ်ပြီး အိမ်ပြန်ရောက်ရင် ညစာချက်ရတဲ့ အိမ်ရှင်မနဲ့တော့ ကွာချင်တိုင်း ကွာနေတာပါပဲ။

 

ဒါဆိုလူပျိုကြီး အပျိုကြီးလုပ်ရတာလည်းမဆိုးပါဘူးနော်…

 

ကိစ္စတိုင်းမှာ အားနည်းချက် အားသာချက်ရှိတာပါပဲ အားနည်းချက်ကိုအသာထားလို့ အားသာချက်ဘာတွေရှိလဲ ရှာကြည့်ရအောင်….ဒီအကြောင်းအရာတွေက လူပျိုကြီး အပျိုကြီးတိုင်းရဲ့အားသာချက်တွေပဲဖြစ်ပါတယ်။ လေ့လာကြည့်ပါ………

 

၁။ မိမိကိုယ်ကိုယ်ပိုင်ဆိုင်ခြင်း

 

ကိုယ်ကဘယ်သူ့အတွက်မှတာဝန်ယူစရာမလိုပါဘူး။ ရာသီဥတုပူလို့ ညဆိုရင် ကလေးကို ယောက်ျားကိုယပ်တောင်ခတ်ပေးနေစရာမလိုပါဘူး….ခရီးထွက်ဖို့ဘယ်သူ့ကိုမှခွင့်တောင်းနေစရာမလို

ကိုယ်အိပ်ချင်အိပ်မယ် ကိုယ်စားချင်စားမယ်  ကိုယ်သွားချင်သွားမယ်။နယ်မှာတာဝန်ကျလို့လည်းဝမ်းနည်းစရာမလိုဘူး။ အိမ်ပြန်နောက်ကျလို့လည်းဘာပြဿနာမှတဘူး………သူများစိတ်နဲ့ကိုယ့်ကိုယ်လို မလုပ်ချင်လည်းလုပ် မသွားချင်လည်းသွားဖြစ်စရာမလိုဘူး…အေးဆေးတယ် လွတ်လပ်တယ်။

 

၂။ မိမိစိတ်ကိုပိုင်ဆိုင်ခြင်း

 

ဘာကိစ္စပဲဖြစ်ဖြစ် ကိုယ့်ဆန္ဒနဲ့ဆုံးဖြတ်ရုံပဲ။ အိမ်ပြန်ပြီးတိုင်ပင်တာတွေ ညှိနှိုင်းတာတွေလုပ်စရာမလိုဘူး။

ကိုယ်လုပ်ချင်ရဲ့သားနဲ့ ကိုယ်သွားချင်ရဲ့သားနဲ့ ကိုယ်စားချင်ရဲ့သားနဲ့ညှိနှိုင်းလို့မရလို့ မလုပ်လိုက်ရတာမျိုးမရှိဘူး …အိမ်ထောင်ဖက်မျက်နှာမငယ်ရအောင်သူ့အမျိုးတွေကို အားအားယားယားမျက်နှာချိုသွေးပြနေစရာမလိုဘူး ။ ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အိပ်ချင်အိပ်မယ် စားချင်စားမယ် နေ့တိုင်းဝယ်စားချင်လည်စားမယ်။ အချဉ်တွေ အငန်တွေချည်းချက်ချင်လည်းချက်မယ်။ သူငယ်ချင်းမိတ်ဆွေတွေအိမ်ကို တစ်နေကုန်လည်ချင်လည်မယ်

အိုကေတယ်နော်..

 

၃။ အနှောင်အဖွဲ့ကင်းခြင်း

 

သားတွဲလဲ၊ သမီးတွဲလဲနဲ့သွားချင်တာမသွားရတာ စားချင်တာမစားရတဲ့ဒုက္ခငြိမ်းတယ်..ဘယ်သူ့ကိုမှငဲ့ညှာစရာမလိုပဲလွတ်လွတ်ကျွတ်ကျွတ်ကြိုးစားခွင့်ရှိမယ်…..

ကိုယ့်အတွက်အဝတ်ဝယ်ဖို့ထက် သားသမီးအတွက်အဝတ်ဝယ်ဖို့ဆုံးဖြတ်စရာမလိုပါ..ငါမရှိရင်တော့ဒုက္ခပါပဲဆိုပြီး

နောက်ဆံငင်စရာမလိုဘူး ။ အလုပ်ကိုနေ့နဲ့ညဆက်လုပ်နေဖြစ်လည်းဘယ်သူ့ကိုမှအားနာစရာမလိုဘူး …….

ဘာအနှောင်အဖွဲ့မှမရှိလို့ လွတ်လပ်မှုကိုအပြည့်အဝခံစားရတယ် … စိတ်ထဲရှိရင်ရှိသလို ထလုပ်နိုင်တယ် ဘယ်သူ့ဩဇာမှခံစရာမလိုပါ….

 

၄။ ပိုမိုနုနယ်လှပခြင်း၊ အရွယ်တင်ခြင်း

 

လူပျိုကြီး အပျိုကြီးတွေဟာ အိမ်ထောင်သည်လောက်အပူမရှိဘူး.. လင်ပူမိတာ သားပူမိတာမရှိဘူး……ဗာဟီရကိစ္စနည်းလို့ကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်နိုင်ပါသည်။ ဝဝလင်လင်အိပ်စက်ရတာ၊ ကိုယ့်စိတ်ကြိုက်စားသောက်ရတာ၊ နုပျိုလှပအောင်ပြင်ဆင်ဖို့အချိန်ရတာ၊ စိတ်ညစ်စရာနည်းတာ၊

ပျော်ပျော်ရွှင်ရွှင်နေရတာ၊ တာဝန်ယူစရာကြီးကြီးမားမားမရှိတာ၊ စိတ်လွတ်လပ်မှုရှိတာတွေဟာ

လူပျိုကြီး အပျိုကြီးတို့ရဲ့ နုပျိုခြင်း ကြောင်းရင်းတွေပဲဖြစ်ပါတယ်

 

၅။ ကျန်းမာခြင်း

 

အပျိုကြီး၊ လူပျိုကြီးတွေဟာ ကျန်းမားရေးကောင်းကြပါတယ်။ စိတ်ဖိစီးမှုနည်းခြင်း၊ လွတ်လပ်မှုရှိခြင်း၊

စိတ်တိုင်းကျနေရခြင်း၊ ကျန်းမာရေးအတွက်လမ်းလျှောက်ခြင်းကအစ ကိုယ်ပိုင်အချိန် အပြည့်အဝရရှိခြင်းတွေဟာ ကျန်းမာခြင်းရဲ့အားသာချက်တွေပါ။

အိမ်ထောင်သည်တွေကသားစာမို့ မယားစာမို့ မစားရက်မသောက်ရက်ရှိနေမယ့်အချိန်မှာ သူ့ဗိုက်သူဝအောင်ဖြည့်

ခွင့်ရတဲ့လူပျိုကြီး အပျိုကြီးတွေကတော့ အဟာရအပြည့်အဝရပါတယ်။ ဆေးမြီးတိုနဲ့အိမ်ရှင်မတွေဆေးကုနေချိန်မှာ

သူတို့ကဆေးခန်းပြဖို့ငွေကြေးအလုံအလောက်ရှိပါတယ်။

 

၆။ အလုပ်ကိုအချိန်ပြည့်အကျိုးခံစားခွင့်ရှိခြင်း

 

အိမ်ထောင်သည်နဲ့လူလွတ်တို့အလုပ်ပြိုင်လျှောက်ရင် လူလွတ်ကိုပဲအလုပ်ခန့်ပါတယ်…အိမ်ထောင်သည်ကအလုပ်ချိန်

၈နာရီအလုပ်လုပ်ရင်လူလွတ်တွေက၁ဝနာရီလည်းအလုပ်လုပ်နိုင်ပါတယ်။ အလုပ်ထဲမှာစိတ်နှစ်ပြီးလုပ်နိုင်သလို နယ်ကို

ဆိုရင်လည်းထသွားထလာသွားလိုက်တာပဲ။အလုပ်လုပ်နိုင်စွမ်းပိုပါတယ်…တခြားစိတ်ဝင်စားစရာမရှိလို့ အလုပ်ကိုစိတ်ရော

ကိုယ်ပါကြိုးစားတယ်….ဒါကြောင့်အလုပ်ခေါ်ရင်တောင်အိမ်ထောင်မရှိသူလူလွတ်ဖြစ်ရမယ်ဆိုပြီးကြေငြာပြီးခေါ်တာပါပဲ

 

၇။ မိမိကိုယ်ကိုအားကိုးခြင်း

 

အိမ်ထောင်သည်တွေကတစ်ယောက်ကိုတစ်ယောက်မှီခိုအားကိုးလေ့ရှိကြပါတယ်။ အပျိုကြီး လူပျိုကြီးတို့ကတော့

မျှဝေစရာလူမလိုပါဘူး။ ကိုယ့်အားကိုကိုးပြီးကြိုးစားကြပါတယ် ကောင်းတာလုပ်ရင်လည်းကောင်းကျိုးကိုကိုယ်ပဲခံစား

ရမှာဖြစ်သလို ဆိုးတာလုပ်ရင်လည်းကိုယ်ပဲခံစားရမယ် ဆိုတာကိုကောင်းကောင်းနားလည်လို့ အတတ်နိုင်ဆုံး

ကိုယ့်အားကိုကိုးပြီးကြိုးစားလေ့ရှိပါတယ်…..ကိုယ့်အားကိုယ်ကိုးတဲ့နေရာမှာ အိမ်ထောင်သည်ထက်ပိုပါတယ်

ကိုယ်ထူကိုယ်ထသမားတွေပါ။။။

 

၈။ ဘာသာရေး၊သာသနာရေးပိုမိုလုပ်ဆောင်နိုင်ခြင်း

 

အပျိုကြီး၊လူပျိုကြီးတွေမှာကိုယ်ပိုင်အချိန် ခပ်များများရတဲ့အတွက် ကိုယ်ဝါသနာပါတဲ့ကိစ္စတွေကို တစိုက်မတ်မတ်

ပိုပြီးလုပ်နိုင်ပါတယ်….အထူးသဖြင့် ဥပုသ်ရက်ရှည်စောင့်တာ တရားများများထိုင်တာ ပုတီးများများစိတ်တာအားလုံးကို

အချိန်ယူဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ အထူးသဖြင့်သာသနာပြုတဲ့ကိစ္စမှာ လူရောစိတ်ပါမြှုပ်ပြီးလုပ်ဆောင်နိုင်ပါတယ်

အိမ်ထောင်သည်တွေလိုငဲ့ညှာစရာမရှိပါဘူး။……

 

၉။ အများ၏အားကိုးရာဖြစ်ခြင်း

 

အိမ်ထောင်သည်တွေကိုအကူအညီတစ်ခုတောင်းကြည့်ပါ။ အိမ်ပြန်ပြီးတိုင်ပင်လိုက်အုံးမယ်ပြောတာနဲ့ ကြုံပါမယ်

လူပျိုကြီး အပျိုကြီးတွေကတော့စက္ကန့်မဆိုင်းကူညီပါလိမ့်မယ်၊ ဒါကြောင့်လည်းအများစုက တစ်ခုခုအကူအညီလိုရင်

အပျိုကြီး လူပျိုကြီးတွေကိုပဲအားကိုးကြပါတယ်၊ ဒါဟာပါရမီဖြည့်ပေးနိုင်စွမ်းမြှင့်တာကိုဖော်ပြတာပါ

အများသူငါရဲ့ အားကိုးမှုကိုအခံရဆုံးက လူပျိုကြီး အပျိုကြီးတွေပါ………..

 

ဒါကကိုယ်တိုင်ကျေကျေနပ်နပ်နဲ့ လူပျိုကြီးအပျိုကြီးဘဝမှာ ရပ်တည်နေသူတို့ရဲ့ အားသာချက်ပါပဲ

 

လူပျိုကြီး အပျိုကြီးဘဝနဲ့အများအကျိုးကိုဆောင်ရွက်သွားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေလည်းရှိကြပါတယ်…….

 

မြန်မာနိုင်ငံမှာဆိုရင် သမိုင်းပညာရှင် ဆရာမကြီး ဒေါ်ကြန်၊ ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်ပိုင်ရှင်

 

ဆရာပါရဂူ တို့က ထင်ရှားသောအောင်မြင်သော အများအကျိုးဆောင်နိုင်သော လူပျိုကြီးအပျိုကြီးများဖြစ်ကြပါတယ်

 

မာသာထရီဇာကလည်း လူမှုရေးကဏ္ဍမှာထင်ရှားသူတစ်ယောက်ပါ။ သူမကအပျိုကြီးဖြစ်ပါတယ်…..

 

ဒါကြောင့်လူပျိုကြီး အပျိုကြီးဖြစ်တာကိုအားမငယ်ကြပါနဲ့……အားသာချက်တွေအများကြီးရှိပါတယ်။

ယောနိသောမနသိကာရ ဆိုသလို သင့်တင့်မျှတအောင်နှလုံးသွင်းရင် ကျေနပ်စရာကောင်းပါတယ်

လို့ပြောရင်း ဖေ ့ဘုတ်စာမျက်နှာပေါ်မှ လူပျိုကြီး အပျိုကြီးများကို

ဤစာဖြင့် ဂုဏ်ပြုရေးသား အားပေးလိုက်ရပါသည်…………….။

35 comments

  • ကိုခင်ခ

    October 18, 2012 at 11:42 am

    အပျိုကြီး လူပျိုကြီး နဲ့ဘဲနေတာကောင်းသလားလို့မေးရင် ? သိချင်သလား နေကြည့်ပေါ့လို့ ဖြေမယ်ဗျာ။
    ဒါဆို အိမ်ထောင်ပြုရင်ကော ကောင်းသလာလို့ မေးရင် ? သိချင်တာလား ယူကြည့်ကြပေါ့လို့ဘဲ ဖြေဖြစ်မှာ ပါဘဲဗျာ။
    ကျွန်တော်ကတော့ လူပျိုကြီး အဖြစ်နဲ့ဘဲ နေတာကောင်းသလားဆိုတဲ့ အဖြေကိုမသိချင်ခဲ့သူမို့–။

  • ရွှေအိမ်စည်

    October 18, 2012 at 11:54 am

    ဒါဆိုလူပျိုကြီးတင်ပေးမယ်…အပျိုကြီးဆိုတာတင်ပေးမယ်…

    အခုချက်အောက်ထုတ်လိုက်မယ်နော်…
    ကိုခင်ခပြောသလိုတော့…မဟုတ်ဘူး…

    အပျိုကြီး လူပျိုကြီး နဲ့ဘဲနေတာကောင်းသလားလို့မေးရင် ? သိချင်သလား နေကြည့်ပေါ့လို့ ဖြေမယ်ဗျာ။
    ဒါဆို အိမ်ထောင်ပြုရင်ကော ကောင်းသလာလို့ မေးရင် ? သိချင်တာလား ယူကြည့်ကြပေါ့လို့ဘဲ ဖြေဖြစ်မှာ ပါဘဲဗျာ။

  • ကိုသင်း

    October 18, 2012 at 12:08 pm

    ဖတ်ကြည့်တော့လည်း ကွက်တိပါပဲလား၊
    ဒါပေမဲ့ ကျွန်တော်က family life ကို ပိုပြိး
    သဘောကျပါတယ်၊မိသားစုနဲ ့နွေးနွေးထွေးထွေး
    နေရတဲ့ဘဝက ပိုပြိးကျေနပ်စရာကောင်းတယ်၊
    မိသားစုတာဝန်နဲ ့ စည်းကမ်းလေးတွေ လိုက်နာ
    ဖို ့တော့လိုပါတယ်။

  • shwe pont

    October 18, 2012 at 12:13 pm

    ကန် ့ကွက်တာတော့ မဟုတ်ပါဘူးရွှေအိမ်စည်ရယ် ၊ ပတ်ဝန်းကျင်မှာတွေ ့နေရတဲ့ အပျိုကြီးတွေ အကြောင်းလေးလဲ ပြောချင်လို ့။
    နတ်စည်းစိမ်ခံစားရတဲ ့အပျိုကြီးဆိုတာမျိုးကတော့ လုံးဝ တကိုယ်ရည် တကာယ၊ အိမ်မှာတယောက်တည်းတည်း သီးသန် ့နေသူများတော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတွေ ့ဘူးတဲ့ အပျိုကြီးများ (ကျွန်မအဒေါ်အပါအဝင်ပေါ့ ) တော့အဲ ဒီလိုမဟုတ်ပါဘူး။
    ကျွန်မအဒေါ်အကြောင်းကိုအရင်ပြောပြပါမယ်။ သူက သားသမီးငါးယောက်ထဲမှာ အပျိုကြီးအဖြစ်နဲ ့ မိဘနှစ်ပါးကို ပြုစုနေတဲ့ သူပါ။ ကျန်တဲ့ မွေးချင်း ၄ ယောက်က အိမ်ထောင်အသီးသီးကျပြီးအိမ်ခွဲနေကြ တော့ အပျိုကြီးဖြစ်သူ ကျွန်မအဒေါ်က မိဘနှစ်ပါးကို အနီးကပ် ပြုစုစောင့်ရှောက်ပြီးနေတာပါ။ မြန်မာနိုင်ငံမှာက ဒီလို မျိုးများတယ်လေ။
    အဲဒီတော့သူ ့ခမျာ နတ် စည်းစိမ်ကို မခံစားရပါဘူး။ မိဘနှစ်ပါးတာဝန်အပြင် ကျွန်မမိဘများက မွေးတဲ ့ကျွန်မတို ့မောင်နှမနဲ ့အခြားသော ဝမ်းကွဲ မောင်နှမများကိုလည်း အပျိုကြီးက ချစ်သေးတော့ တူ တူမတာဝန်တွေကလည်းမသေးပါ။ 😀
    နောက် သက်ကြီးမိဘများနဲ ့နေသူဆိုတော့ မိဘတွေကလည်း အသက်ကြီးနေကြတော့ ကျန်တဲ့ ရပ်ရေး ရွာရေးနဲ ့ လူမှုရေးကိစ္စကို မိဘတွေကိုယ်စား လုပ်ပေးရပါသေးတယ်။
    နောက်အပျိုကြီးတယောက်ကတော့ မောင်တွေ အစ်ကိုတွေက အိမ်ထောင်တွေကွဲလာကြတော့ ပါလာတဲ ့ သားသမီးအားလုံးကို တာဝန်ယူပြီး လုံးလည်လိုက်နေတာကိုလည်း တွေ ့ဘူးပါတယ်။
    ကျွန်မသူငယ်ချင်းတယောက်မှာလည်း မောင်နှစ်ယောက်ရှိပါတယ်။ သူကတော့ အပျိုကြီးမလုပ်ဘူးတဲ့။
    မဟုတ်ရင် ငါ ဘုံကျွန် ဖြစ်သွားလိမ့်မယ်တဲ့။
    မောင် ဘယ်လောက်ကောင်းကောင်း နှမ မီးဖိုချောင်လို ့ အဆိုရှိလို ့တဲ့။
    ဘာသာရေး လုပ်နိုင်တာ။ လှပအောင် နေတာတွေကတော့ ချွင်းချက်မရှိသဘောတူပါတယ် တချို ့ တချို ့သော အပျိုကြီးများ နတ်စည်းစိမ်မရနိုင်ကြခြင်းကို မြင်နေရလို ့ရေးလိုက်တာပါ။ တခြားဘာသဘော မှမရှိပါဘူး။ 🙂

    • ရွှေအိမ်စည်

      October 18, 2012 at 12:38 pm

      မိဘနှစ်ပါးပြုစုစောင့်ရှောက်ရတဲ ့ဂုဏ်နဲ ့တင် သူ ့ဘဝကကျေနပ်စရာပါ..
      သံယောဇဉ်အမျှင်အတန်းအရ တူတူမ တွေ စောင့်ရှောက်ရတာတော ့သူ ကံပေါ့
      တချို ့ကအပူကြီးတယ်လေ……ဒါကိုစာနာတတ်ရင်တော့ကောင်းသား…
      တူတူမတွေ က လည်းသူကိုပြန်ပြီးကျေးဇူးဆပ်ဖို ့သင့်ပါတယ်။

      လောလောဆယ်တော့ (((အပျိုကြီး)))ဆိုတဲ ့ဘလော ့ပိုစ့်ထဲ ကလို…ကားတစ်ဝီဝီစားလိုက်သွားလိုက်..
      အမေ သွားချင်ရာလိုက်ပို ့လိုက်နဲ ့မလို ့…နတ်စည်းစိမ်တင်စားမိပါတယ်

      သိပ်မကြာသေးခင်..၃ လလောက်က ဖေဖေဆုံးတယ်လေ….
      မေမေ တစ်ယောက်ထဲ အထီးကျန်နေမယ်ခံစားမိလို ့…2013 ဆို ကျမ ကအလုပ်ကထွက်မယ်…
      မေမေ သွားချင်ရာ…လူမှုရေးသာရေးနာရေး….လိုက်လုပ်ပေးမယ်ဆုံးဖြတ်ထားတယ်…
      လောလောဆယ်တော့…အလုပ်တွေ လက်စသတ်နေပါတယ်။
      အဲ ့သလိုနေနိုင်ဖို ့နှစ်အတော်ကြာစုဆောင်းထားရတဲ ့အဓိက က ငွေကြေးထင်ပါတယ်။

      ပြန်စဉ်းစားကြည့်တော့လည်း…မာနလား မစွံ ့တာလား ညံ့တာလား….လူတွေ ကိုမယုံတတ်တာလား..ကိုယ်တိုင်ကဘဲကပ်စေးနဲတတ်လို ့လား..(ဟုတ်တယ်နော်…ကိုယ်ရှာထာားတြ ့ငွေပြန်ပေးနေရမှာလည်းကြောက်သေး)))…
      ကိုယ်ကဘဲ သိပ်လောကနဲ ့အဆင်မပြေသလားမသိပါဘူး….
      အိမ်ထောင်ပြုဖို ့ဝေးလာဝေးဖြစ်နေပါတယ်။။။(ချွင်းချက်ပေါ့လေ)

      • shwe pont

        October 18, 2012 at 1:29 pm

        ဟုတ်ကဲ့ပါမရွှေအိမ်စည်ရေ

        ဲအဲဒီအဒေါ်အပျိုကြီးက ကုသိုလ်တော့ တကယ်ရပါတယ်။
        သူ ့ကိုလည်းကျွန်မတို ့ကပဲ ပြန်ပြီးစောင့်ရှောက်မှာပါ။
        အဘိုးအဘွားတွေကိုလည်း သူပဲ အနည်းကပ်ပြုစုနေတာ၊
        ကျွန်မတို ့က အဝေးကပဲ ထောက်ပံ့နိုင်တာ။ တနှစ်နေမှ တခေါက်လောက်သွားကြည့်နိုင်တယ်။
        အမေအတွက် တွေးပေးပြီး၊ သိတတ်တဲ့ မရွှေအိမ်စည်ကိုလည်း ချီးကျူးမိပါတယ်။

  • အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z

    October 18, 2012 at 12:25 pm

    ထပ်ဖြည့်လိုက်ပါအုံးမယ်လေ…

    ၁။ အိပ်ယာထဲ ခွခေါင်းအုံးခွပြီး လွတ်လွတ်လပ်လပ် သေးပန်းလို့ရခြင်း ။
    ၂။ လင်မရသေးတဲ့ အဆိုတော် မင်းသမီး မော်ဒယ် အားလုံးကို
    သိမ်းကျုံးပီးသော် လည်းကောင်း တယောက်ချင်းစီသော်လည်းကောင်း
    ပြောင်ပြောင်သော်လည်းကောင်း ကျိတ်ပီးသော်လည်းကောင်း အားပါးတရ ပြစ်မှားခွင့်ရှိခြင်း
    ၃။ လူမျိုးတူ လူမျိုးခြား ဘာသာတူ ဘာသာခြား အပျို ကြီး-လတ်-သေး များကို ပေါ်ပေါ်တင်တင် ဗူးခွင့် ရှိခြင်း။
    ၄။ လာလာ ခလုပ်တိုက်သမျှသော သူငယ်ချင်း အထီးများအား ယောက္ခမသား ၊ အမ များအား ယောက္ခမ သမီး(ညင်းညင်း) ခေါ်ခွင့်ရခြင်း။
    ၅။ သမီးမွေးထားသော ဘော်ဒါအပေါင်း သူမြတ်လောင်းများအား သူငယ်ချင်း အချင်းချင်း ဖေဖေ၊ မေမေ ခေါ်ဖို့ ဝန်မလေးကြောင်း
    ပြောခွင့်ရှိခြင်း။
    ၆။ လခထုတ်တဲ့ စလစ် ကို နီးစပ်ရာ အီဇာဂါယာ (ဒါကိုလီရှိဗက်) သေတင်းကုပ် တွင် အပ်ခွင့်ရှိခြင်း။
    ၇။ ပလက်ဖောင်း ခေါင်းအုံး ကြုံရာ အိမ် ထိုးအိပ် အိမ်ကို ပြန်လာချင်တဲ့အချိန် ပြန်လာချင်သလို ပြန်လာခွင့်ရှိခြင်း။
    ၈။ လက်ရာမကောင်းတဲ့ ဟင်းစုတ်စုတ်တွေ ကောင်းပါတယ်ကွယ် ဆိုတဲ့ မုသာဝါဒ သုံးကာ ကြိတ်မှိတ်မျိုရန်မလိုဘဲ
    ပိုက်ပိုက်ရှိလျင်ရှိသလို ကြိုက်တာမျိုခွင့် ရှိခြင်း။
    ၉။ အန်ဒါဝယ်ယာ နဲ့ ခြေစွတ်များကို လျှော်ချင်မှ လျှော် လျှော်ချင်သလိုလျှော် မလျှော်လည်း အေးဆေး ဖြစ်ခြင်း။
    ၁၀။ ဝါသနာပါရာ ကိစ္စရပ်များတွင် ဇောက်ချပီး ကိုဖိရင်ဖိ မဟားဒယား လေ့လာလိုက်စားပိုင်ခွင့်ရှိခြင်း။

    • Foreign Resident

      October 18, 2012 at 12:48 pm

      ၈။ လက်ရာမကောင်းတဲ့ ဟင်းစုတ်စုတ်တွေ ကောင်းပါတယ်ကွယ် ဆိုတဲ့
      မုသာဝါဒ သုံးကာ ကြိတ်မှိတ်မျိုရန်မလိုဘဲ

      ဟဲဟဲ ။

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု အူးဘဇင်းဗိုက်

    October 18, 2012 at 12:33 pm

    ဒေါ်ပျိုကြီး
    တစ်နေ ့နှစ်ပုဒ်ပဲ တင်ပါနော်..
    ပုံ
    နတ်စည်းစိမ်ခံနေသူ အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု အူးဘဇင်းဗိုက်
    ဟူး..
    မောအိတာ

    • ရွှေအိမ်စည်

      October 18, 2012 at 12:44 pm

      ပုလင်းကိုင်ပြီးသားမလို ့…လေးစားပြီးသား

      ဘယ်တုန်းကအမည်ပြောင်းလိုက်တာတုန်း..ကိုရင်ပေါက်
      ……………………….

      ကိုရင်ကြည့်ရတာ…မူးနောက်လိုက်ထှာ

    • ဟာဂျီ မိုဟာမက် ဟာ့ဘီးဆပ်ဥ

      October 18, 2012 at 12:49 pm

      ထောက်ခံဘာဒယ်
      ပုံ
      ဟာဂျီ မိုဟာမက် ဟာ့ဘီးဆပ်ဥ.

      • မောင်ပေ

        October 18, 2012 at 1:34 pm

        ဟယ်
        အစ်တီပေး
        အစ်တီပေး
        ဒိုအာတွေ အများကြီးပြန်ပေးမှာ

  • ကိုခင်ခ

    October 18, 2012 at 12:42 pm

    ရွာထဲ တံဆိပ်တော်အပ်ပွဲ ဘယ်တုန်းကများလုပ်လိုက်တာလဲဟင်။ အနော်မသိ်လိုက်လို့ဗျာ။

    • ဇမ္ဗူ့လောကပါလသီရိသုဓမ္မသိဂီ င်္အဂ္ဂမဟာကြောင်ဝတုတ်

      October 18, 2012 at 2:17 pm

      ခုနလေးတင်ပဲ ကိုခင်ခရဲ့…
      မနက်စောစောတုန်းကတော့ (၃)ယောက်လောက်ပဲရကြတာလေ…
      အခုတော့ အကုန်လုံးကို ရှိသမျှဘွဲ့တွေဝေပစ်လိုက်တယ်…
      အစ်ကိုယူဦးမလား…
      အစ်ကို့အတွက် တစ်ခုချန်ထားပေးမယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • ကိုခင်ခ

        October 18, 2012 at 10:42 pm

        ကျေးဇူးပါ ဇမ္ဗူ့လောကပါလသီရိသုဓမ္မသိဂီ င်္အဂ္ဂမဟာကြောင်ဝတုတ် ရေ။
        ဟိုရွာအပြင် ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ခင်ခမို့ မယူရဲပါ့ဗျာ။
        ပိုစ့်တစ်ခုရေးမလားလို့ တွေးနေမိတယ်ဗျာ။

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 18, 2012 at 1:45 pm

    မရွှေအိမ်စည်ပြောသလို နတ်စည်းစိမ်မခံစားရသော်ငြား အိမ်ကမိသားစုအရေး တထောင့်တနေရာက ဝင်ဖြည့်ပီးရင် ကျန်တဲ့ကိတ်စ ကို့သဘောကျတိုင်း လုပ်ချင်ရာလုပ်ခွင့်ရှိတာမို့ နေပျော်တယ်လို့ ခံစားရပါတယ်။ ဥပမာ။ ။ ရှိုးပွဲသွားချင်လား၊ ကမ်းခြေသွားအပန်းဖြေချင်လား၊ သူငယ်ချင်းတေစုပီး ဘုရားဖူးထွက်ချင်လား (ဒါမြင်သာထင်သာချိတာကိုဘဲပြောတာ၊ ခွက်ပုန်းကစ်တဲ့အခန်းမပါတေးဝူးး) ခိခိ။
    :kwi:

  • nigimi77

    October 18, 2012 at 2:11 pm

    “…ကိုယ်ကဘယ်သူ့အတွက်မှတာဝန်ယူစရာမလိုပါဘူး။ ရာသီဥတုပူလို့ ညဆိုရင် ကလေးကို ယောက်ျားကိုယပ်တောင်ခတ်ပေးနေစရာမလိုပါဘူး….”

    မြန်မာရုပ်ရှင်တွေကို ကြည့်ပြီး ဒါတွေကို စိတ်ပျက်နေတာလား ခင်ဗျ ???

    အဲဒီ ကိစ္စမျိုးဟာ လုပ်ကို လုပ်ပေးရမယ် ဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး ။

    မိန်းမက လည်း လင်ကို ချစ်တဲ့ စိတ်နဲ ့ သူ ့မေတ္တာ နဲ ့ သူ မခိုင်းပဲ လုပ်ပေးကြသလို

    ကလေးကိုလည်း အဲဒီလိုပါပဲ မိခင်မေတ္တာနဲ ့ လုပ်ပေးကြတာပါ ။

    ခွေးမကြီးတောင် သူ ့သားသမီးတွေ အတွက် သဘာဝရဲ ့ မေတ္တာတရားနဲ ့ ကာကွယ်

    စောင့်ရှောက်ပေးတာပါ ။

    အစအဆုံး ဖတ်ကြည့်ပြီး အပြုသဘော အမြင်ကို ပြောရရင်

    ၁ ။ အလွန် တကိုယ်ကောင်းဆန်ခြင်း

    ၂ ။ မိမိကိုယ်ကို အထီးကျန်စေခြင်း

    ၃ ။ တာဝန်ယူလို စိတ်မရှိခြင်း

    ၄ ။ ကပ်စေးနည်းခြင်း

    ၅ ။ ဗရုတ်ဗရက် နေလိုခြင်း

    စတဲ့ အချက်တွေကို မြင်လိုက်ရပါတယ် ။

    ဒါနဲ ့ … ဇာဂါးမစပ်…… အူးလေးမ က ဘောပြား လား ဟင်င်င်င်င်င် :kwi:

    • ရွှေအိမ်စည်

      October 18, 2012 at 2:23 pm

      ယောနိသောမနသိကာရ ဆိုသလို သင့်တင့်မျှတအောင်နှလုံးသွင်းရင် ကျေနပ်စရာကောင်းပါတယ်

    • pooch

      October 18, 2012 at 5:17 pm

      ဟုတ်ပါတယ် ကိုတပ်မ ။ သူများတော့ မသိ ကျမက နည်းနည်းထပ်ဖြည့်ပါ့မယ်။ 😀

      ၁ ။ အလွန် တကိုယ်ကောင်းဆန်ခြင်း

      ၂ ။ မိမိကိုယ်ကို အထီးကျန်စေခြင်း

      ၃ ။ တာဝန်ယူလို စိတ်မရှိခြင်း

      ၄။ လက်ဖွာခြင်း ( အပူမရှိလို့ ရသမျှကုန်အောင် သုံးပါတယ်)

      ၅။ လွတ်လွတ်လပ်လပ်နေလိုခြင်း
      ( ထမင်းစားရအောင် လို့ ခေါ်ရင်တောင် စိတ်မထင်တဲ့နေ ဝမ်းခြင်းဆုံတာမှတ်လို့ ဆိုပြီး ဘောက်ကော်တတ်ပါတယ်) 😆

  • jullies cezer

    October 18, 2012 at 2:21 pm

    နောက်ထပ်အားနည်းချက်တစ်ခုက အပျိုကြီး လူပျိုကြီးများ အသက်ကြီးလာရင်
    ပိုက်ဆံရှိမှဖြစ်မှာပါ ပိိုက်ဆံမရှိတဲ့ဦးလေးတွေ အဒေါ်တွေနားကို ဘယ်တူ တူမကမှ
    မကပ်ချင်ပါ မငြိုမငြင်ပြုစုဖို့ဆိုတာ အင်မတင်မှ ရာခိုင်နှုန်းနဲပါတယ်
    အခြွေအရံဆိုတာလည်း ခြွေနိုင်မှရံမဲ့သဘောရှိပါတယ် ……..

    • ရွှေအိမ်စည်

      October 18, 2012 at 4:22 pm

      အမှန်တိုင်းဝန်ခံရရင်…ငွေကတော့ကြိုတင်စုထားပြီးသားလေ….
      တကယ့်တော့ဒီသတင်းကြားလို ့တိုက်တွန်းရတာပါဟာ….
      အခုဆိုလူဦးရေ..သန်း၇၀၀ဝ ကျော်ရှိသွားပြီလေ.
      ….ဘယ့်နှယ့်…အငတ်ဘေးကြုံနေတာ…သန်း၈၅ဝ ရှိတယ်……ခက်ပြီကွယ်..ဒါကြောင့်အပျိုကြီး…လူပျိုဂျီး…..လုပ်ပါတိုက်တွန်းနေတာ…

      ပရဟိတပြုတယ်ဘဲတွေးပါ…..

  • we R one

    October 18, 2012 at 2:26 pm

    တို့က တော့ နဂိုကတည်းက အပျိုကြီးလုပ်ဖို့ ၅ဝ ရာခိုင်နှုန်းသေချာနေပြီမို့ ဒီပို့စ်ကို ဖတ်အပြီးမှာ ၉၉.၉ % သေချာသွားပါကြောင်း… ကျန် ဝ.၀၁ % ကိုတော့ အာမ မခံပါ… 😀

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 18, 2012 at 2:33 pm

    အပျိုဂျီးဒေဒေါ့သိဘူးဗျ
    လဗျိုဂျီဒေဒေါ့ငတ်ဒယ်ဗျ
    ဟဘာရယ်ဟုတ်ပါဘူး :mrgreen: တစ်ခါတစ်လေ နွားနို့လေးဘာလေးသွားသောက်ရင်
    ရေရောထားသလိုလို ဘာလိုလို ဘာလိုလို
    ကိုယ်မှ မြက်ရိတ်မကြွေးထားတော့ ရေရောရင်လည်းရောပေမပေါ့ :harr:

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက်

    October 18, 2012 at 2:38 pm

    အားမငယ်ဘူး..အားမငယ်ဘူး
    လပြိုကြီးပဲ လုပ်မှာ
    ဆိတ်ချ
    :harr:

    • သူရဇော်

      October 18, 2012 at 3:52 pm

      ရတာမလို လိုတာမရ
      လူပျို/အပျိုဘဝ
      ကြိတ်မနိုင် အုံမခဲ
      ရတာလေးယူလိုက်တော့မယ်…..
      ဗိုက်ပူသွားကျဲ

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 18, 2012 at 4:11 pm

    ၉။ အများ၏အားကိုးရာဖြစ်ခြင်း ……………….. ပီး မိမိကိုယ်တိုင်ကျ အားကိုးမဲ့နေခြင်း ..ချင်းးးး ချင်းးးးး
    😀 :mrgreen:

    • ရွှေအိမ်စည်

      October 18, 2012 at 4:19 pm

      (((လူပျိုကြီး)))) ဖြစ်ရတဲ ့အကြောင်းရင်းပိုစ့်ကတူတယ်မလား…ဝန်ခံရင်ပြီးတာပါဘဲ…

      ဝန်ခံလိုက်စမ်းဘာ:P

  • ဟုတ်လိုက်လေ မှန်လိုက်လေ အစ်မရေ…
    တစ်ယောက်တည်းနေပီး ပိုက်ပိုက်ဒွေလှိမ့်ပိမ့်ချာ… ပီးရင်း အထုတ်ကြီးကိုင်ထားပီး တူ၊ တူမဒွေကို ပြုစုအောင်စည်းရုံး…အဲ ဘူမှ မပြုစုဘူးဆိုရင် အဲ့အထုတ်ကို လှူပီး ရိပ်သာကို ဒိုးမယ်.. ဒန် ဒန့် ဒန်…
    ကောင်းဝူးလား.. :harr:

  • နှင်းဆီ ငုံ

    October 18, 2012 at 5:06 pm

    ကောင်းတယ် မွန်မွန်ရေ
    အပြည့်အဝ ထောက်ခံပါတယ် … ဟီးးး

  • အလင်္ကာ ပန်တျာ ဘာရာဏသီ ဝေသာလီ ရာဇ သတိုး ဗြဇ္ဇ တေဇ သီဟ ဒီပ သမိန်မဟာ အမတ်ဒိန် ချစ်သော လဂွန်းအိမ

    October 18, 2012 at 5:08 pm

    အခု မိန်းမ မယူရသေးဘူးဆိုတော့ ပြောထားသမျှအကုန်ထောက်ခံပါတယ်..
    မိန်းမ ရပီးမှပဲ ပြန်လာ ငြင်းဘာ့မယ် ဗျာ…. 🙂

  • ရွှေ ကြည်

    October 18, 2012 at 6:31 pm

    အပျိုကြီးမိရွှေကြည်ပြောဦးမယ် 😆
    အပျိုကြီး လူပျိုကြီး အားနည်းချက်တွေကို ပဲအပြစ်လိုပြောမယ်ဆိုရင် အားသာချက်တွေနဲ့ပြန်လည်ချေပရတာပေါ့။ ဒါသဘာဝပါပဲ။
    အရာရာတိုင်းမှာ အားနည်းချက်အားသာချက်ဆိုတာရှိစမြဲပါ။ နည်းတာများတာတော့ကွာမယ်ပေါ့။
    အဲဒီတော့ ဘာပဲဖြစ်ဖြစ်ကောင်းအောင်နေတတ်ဖို့လိုပါတယ်။
    ဆေးပေးမီးယူဆိုပြီး ယူ၊ သားထောက်သမီးခံရအောင်ဆိုပြီးယူ အဲဒိယူတဲ့သူတွေအားလုံးအိုဇာတာကောင်းပါရဲ့လား အသက်ကြီးမှသားသမီးကဂရုမစိုက်လို့နားမလည်ပေးလို့အချိန်မပေးနိုင်လို့ဆိုပြီး ဝမ်းနည်းအားငယ်စိတ်ဓါတ်ကျနေတဲ့ အဖိုးကြီးအဖွားကြီတွေရှိပါတယ် (အားလုံးမဟုတ်ပါ)
    သားသမီးလည်းမရှိ ယောက်ျား (သို့) မိန်းမ တဦးဦးကသေပြီးတော့ တူ တူမ အားကိုးနေရသူတွေလည်းရှိပါတယ်။
    နောက်သားသမီးကဆိုးသွမ်းလွန်းလို့ ဘုန်းတော်ကြီးကျောင်း ဇရပ်တွေမှာခိုကပ်နေရသူတွေလည်းရှိပါတယ်။( စော်ဘွားကြီးကုန်းကမဟာဆေးဝင်္ကဘာ
    ဘုရားမှာတွေ့ဖူးလို့ပါ)
    နောက် အပျိုကြီး လူပျိုကြီး ဖြစ်တော့ရော မကောင်းဘူးလား ကောင်းသလားဆိုတာမှာ
    တချိုု့ကတော့ ဆွေမျိုးတွေကသိတတ်လို့ကောင်းကောင်းမွန်မွန်နေရသူတွေ မိခင်နဲ့တန်းတူမဟုတ်တောင်
    ချစ်တဲ့ တူ တူမတွေကြောင့်စိတ်ချမ်းသာစွာနေရသူတွေလည်းရှိပါတယ်။
    အဲဒိမှာ လူတိုင်းတော့မဟုတ် အသက်ကြီးပြီး အထီးကျန် အားငယ် စိတ်ကျပြီးဂေါက်သွားတဲ့
    အပျိုကြီး လူပျိုကြီးတွေလည်းရှိပါရဲ့။
    အဲဒိတော့ကာ (ဟူး မောလိုက်တာပြောရတာ အဲလေ စာရိုက်ရတာပြောပါတယ်)
    ဘယ်လိုပဲဖြစ်လာဖြစ်လာစိတ်ထားမှန်စွာနဲ့ တရားတော်တွေနှလုံးသွင်းပြီး ဘဝခရီးလမ်းကိုလျှောက်လှမ်းနိုင်ကြပါစေလို့ပဲ..။
    ဖြစ်လာသမျှမှာဒုက်ခဆိုတာကြီကတော့အနည်းနဲ့အများတော့ကပ်ပါနေမှာပါပဲ
    လူရယ်လို့ဖြစ်လာကတည်းကခန်ဓါရလာကတည်းက ဒုက်ခတွေဆိုတာကိုး

  • သစ် တည်

    October 18, 2012 at 6:54 pm

    လုုံးဝလက်မခံပါဘူး…..ဆန် ့ကျင်ပါတယ်…
    သဘာဝ တရားကိုု အဖြစ်မရှိတိုုင်း…ပညာတက်တိုုင်း..
    သူတပါးအတွေးအခေါ်မှားအောင် မလုုပ်ပါနဲ ့….

  • သစ် တည်

    October 18, 2012 at 7:00 pm

    ယူကြည့်ကြပါ….
    ချောက်ထဲတွန်း ချတာဟုုတ်ဘူးနော်…..
    ဟဲဟဲ……..

Leave a Reply