လူထုဆန္ဒကိုဘေးချိတ်ပြီးကိုယ်ထင်ရာစိုင်းနေသော ပြည်ခိုင်ဖြိုးပါတီအမတ်များအကြောင်း

maungmoenyoOctober 18, 20121min1954

ပါတီတွင်း ဖြုတ်ထုတ်သတ် လမ်းစဉ်နောက်လိုက်နေသော ပြည်ခိုင်ဖြိုးပါတီဝင်အမတ်မင်းများ(ဝါ) လူထုဆန္ဒကိုဘေးချိတ်ပြီးကိုယ်ထင်ရာစိုင်းနေသော ပြည်ခိုင်ဖြိုးပါတီအမတ်များအကြောင်း

(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၆၄) ကခွင့်ပြုချက်အရ၊ နိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများဟာ အရွေးချယ်ခန့်အပ်ခံရချိန်ကစပြီး သက်ဆိုင်ရာပါတီများမှာပါဝင်ဆောင်ရွက်ကူညီခြင်းအလျင်း မပြုလုပ်ရဘူးဆိုတဲ့ ပညတ်ချက်ရှိနေပါတယ်။ ဒါပေမဲ့ပါတီမှာတော့ ရာထူးနေရာမယူထားရဘူးဆိုတဲ့ ပညတ်ချက်ကိုမထားဘူးလို့ယူဆရမဲ့ပုံပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့တနင်္လာနေ့ ပြည်ခိုင်ဖြိုး အမည်ခံ ကြံ့ဖွံ့ပါတီ ဗယိုညီလာခံမှာ ကိုယစားလှယ်များကို သမ္မတဦးသိန်းစိန်နဲ့ ဒုသမ္မတ ဒေါက်တာမောက်ခမ်း တို့ကလိုက်လံနှုတ်ဆက်နေတာတွေ့တော့၊ အခြေခံဥပဒေရဲ့ ပညတ်ချက်က ဘယ်အတိုင်းတာအထိလဲဆိုတဲ့ မေးစရာဖြစ်လာပါတယ်။ တဖက်ကကြည့်ပြန်ရင်လဲ ဒီမိုကရေစီထွန်းကားပါတယ် ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ကိုယ့်ပါတီရဲ့ affiliation ကိုဖေါ်ပြလေ့ရှိကြတာတွေ့ရပါတယ်။ ဒါဟာလက်တွေ့သဘာဝလဲကျ၊ ဖြစ်လဲဖြစ်သင့်တာပါ။ ဒါပေမဲ့ transparent လို့ဆိုထားတဲ့နိုင်ငံရေးလမ်းစဉ်သစ်ကြီးမှာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ဆိုလိုရင်းကိုဘာမှန်းတောင်မသိနိုင်လောက်အောင်ယေဘူယျကျတဲ့ပြဌာန်းချက်ကြောင့်၊ လူထုကမျက်စိလည်ခြင်းမကလည်နေရပါပြီ။

ကြံ့ဖွံ့ပါတီအနေနဲ့ ဒီလိုညီလာခံကိုကျင်းပရတာက ပါတီတွင်းလက်ရှိဖြစ်ပေါ်နေတဲ့၊ အမှန်တော့ပါတီဝင်များက သက်ဆိုင်ရာ အုပ်ချုပ်ရေး အခင်းအကျင်းတွေမှာ မဖုံးနိုင်မဖိနိုင်တဲ့ ကိစ္စတွေတခုပြီးတခုပေါ်လာတာ ကြောင်းလဲပါပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး(၂) ခုလောက်ကစပြီး လွှတ်တော်(၂)ရပ်ကြား လွန်ဆွဲခဲ့ကြတဲ့ ပြည်ထော်စုလွှတ်တော်ကအတည်ပြုပြီးသားကိစ္စကိုပြောင်းပြန်လှန်ပြီးပြန်ပယ်ဖျက်ခဲ့တဲ့ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဖြုတ်ထုတ်သတ်ကိစ္စ၊ ခုနောက်ဆုံးဧရာဝတီတိ်ုင်းအစိုးရဝန်ကြီးချုပ်ကို impeach လုပ်မဲ့ကိစ္စ စသဖြင့်ကိစ္စတွေအလျှိုလျှိုပေါ်လာနေတာ အားလုံးအမြင်ပါဘဲ။ ဒီထက်ဆိုးတာက ဖွဲ့စည်းပုံခုံရုံးက လွှတ်တော်အဖွဲ့အစည်းကော်မတီတွေနဲ့ပါတ်သက်ပြီး နောက်ဆုံးဖြတ်ထုံးဖြစ်တဲ့ပြည်ထောင်စုအဖွဲ့အစည်းများမဟုတ်ပါဘူးဆိုတဲ့ဆုံးဖြတ်ချက်ကိုဂရုမစိုက်ဘဲ၊ ပြီးခဲ့တဲ့စက်တင်ဘာ (၂၁)ရက်နေ့ထုတ်နိုင်ငံတော်ပြန်တမ်းတွေမှာ၊ လွှတ်တော်ကော်မတီတွေအားလုံးကို ပြည်ထောင်စုအဆင့်အဖွဲ့များအဖြစ် အပိုဒ်ခွဲ(၂) တွေမှာခပ်တည်တည်နဲ့သတ်မှတ်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကတော့ အဲ့ဒီလိုသတ်မှတ်ချက်လုပ်တဲ့ကော်မတီတခုလောက်ဘဲပြန်တမ်းမှာ တွေ့ရပါတယ်။ လွှတ်တော်(၂)ရပ်ပေါင်းတဲ့ပြည်ထောင်စုလွှတ်တော်မှာတောင်ဒီလိုသတ်မှတ်ချက်မလုပ်ရသေးဘဲ၊ အောက်လွှတ်တော်ရုံးကပြည်ထောင်စုအဆင့်သတ်မှတ်လိုက်တော့၊ အခြေခံဥပဒေဇောက်ထိုးမိုးမျှော်ဖြစ်နေပြီဆိုတဲ့အချက် သွားတွေ့ရပါတယ်။

ဒါတွေအားလွုးရဲ့မြစ်ဖျားခံရာကတော့ အရင်စစ်အစိုးရလက်ထက် အာဏာလက်ကိုင်စွဲပြီးထင်တိုင်းကြဲခဲ့ကြတဲ့ ဝန်ကြီးဝန်ကလေး ဗိုလ်ချုပ်ပြုတ်များဟာ၊ အရင်တုံးကလို ရာထူးကနားရတာနဲ့လမ်းဘေးရောက်သွားခြင်း မဟုတ်ဘဲ၊ ရာထူးလဲမရျိ၊ လမ်းဘေးရောက်တာလဲမဟုတ်တဲ့၊ လမ်းခုလတ်ရောက် အမတ်မင်းများဘဝရောက်သွားရကြရာကဇာတ်လမ်းစတယ်လို့ ဆိုရပါမယ်။ ယခင်က တချက်လွတ်ရခဲ့တဲ့အာဏာတွေ နေ့မြင်ညပြောက်ဖြစ်သွားတော့၊ နေမထိထိုင်မသာဖြစ်ကြရတာက၊ နိုင်ငံရေးသမားတွေရဲ့ ဖြစ်မြဲဓမ္မတာတွေပါ။ အရင်ကခံစားရတဲ့ရာထူးအရှိန်အဝါတွေကိုပြန်အိပ်မက်မက်ရင်း၊ ဖြစ်လေမလားဆိုတဲ့ကြိုးပမ်းချက်တခုဖြစ်နေတာသိသာလွန်းပါတယ်။ အဆိုးဆုံကတော့ ကိုယ်မဲဆန္ဒရှင်တွေမပြောနဲ့အနားမှာကပ်နေတဲ့ သူတွေ၊ အမတ်မင်းအချင်းချင်းတောင် ဒီလိုတောင်းဆိုမှု၊ ဖြုတ်ထုတ်သတ်မှုတွေဟာ ဘာကြောင့်လဲဆိုတာ ရျင်းမပြနိုင်ပါဘူး။ လူထုအတွက်တိုက်ရိုက်အကျိုးရှိလာလို့လားဆိုတော့လဲမဖြေနိုင်ကြပါဘူး။ မဖြေကြဘူးလို့ဆိုရအောင်။

တကယ်တော့ဒီလိုအချင်းချင်းဖြုတ်ထုတ်သတ်ခြင်းဟာပါတီအတွက်အကျိုးမရှိတဲ့အပြင်၊ ပြင်ပကမြင်ရင်လဲ ကြည့်မကောင်းပါဘူး။ ဒီကိစ္စတွေရင်ကြားစေ့ရေးအတွက် အမည်ခံခေါင်းဆောင်တွေလို့ ဆိုထားတဲ့သမ္မတကိုခေါ်မဖြစ်လို့ခေါ်ရတဲ့အခြေဆိုက်နေပုံရပါတယ်။ သေသေခြာခြာပြန်ကြည့်ရင်မြန်မာ့ နိုင်ငံရေးသမိုင်းကြောင်းမှာ ဖဆပလအဖွဲ(၂)ခြမ်းကွဲရခြင်းဟာ ပြင်ပကစနက်ကြောင့်မဟုတ်ဘဲပါတီထဲကလူအချင်းချင်းကွဲကြဆဲကြရင်းနဲ့ဖြစ်ရတာပါ။ (၂၆)နှစ်တပါတီစနစ်နဲ့သက်ဇိုးရှည်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကြီးဟာလဲ အထဲကအက်ကြောင်းကြောင့်ခွာပြဲရတာပါ။ ဒီသင်္ခန်းစာတွေကိုကြံ့ဖွံ့ပါတီကခေါင်းဆောင်တွေကကောင်းကောင်းကြီးမြင်ကြပုံရပါတယ်။ ကျန်အတိုက်အခံတွေကတောင်ဘာမှမဖြစ်ရဘဲ၊ ပါတီဝင်ချင်းတိုက်ကြခိုက်ကြ၊ စွပ်စွဲကြရာကဖြစ်ကြရတာပါ။ ဒီကိစ္စကို ဒီတကြိမ်မှာ ပြေလည်အောင်မလုပ်နိုင်ရင်၊ ကြံ့ဖွံ့ဟာ တဆည တဖြစ်လဲ မဆလပါတီရဲ့လမ်းကိုလိုက်ရဘို့မြင်နေကြောင်းပါ။

4 comments

  • ကိုသင်း

    October 18, 2012 at 11:42 am

    သတ်ရင်း၊သတ်ရင်းနဲ ့တစ်ယောက်မှ မကျန်ရင်
    ပိုမကောင်းဘူးလားကွယ်။

  • ဟာဂျီ မိုဟာမက် ဟာ့ဘီးဆပ်ဥ

    October 18, 2012 at 12:51 pm

    ကော်မန့်ပေးရမှာ ကြောက်တယ်တော့ :harr:

  • kai

    October 19, 2012 at 3:30 am

    နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၆၃)တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအတွက် လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် နိုင်ငံ့ ဝန်ထမ်းများဖြစ်ပါက“နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများ သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊နိုင်ငံ့ဝန်ထမ်းဖြစ်လျင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နှုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်´´ဟု ဖော်ပြပါရှိသည်။
    နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်များဖြစ်ပါက အခြေခံဥပဒေ ပုဒ်မ (၆၄)တွင်“နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ´´ဟု ဖော်ပြပါရှိသည်။

    ထို့ကြောင့် ဦးဇော်ဌေးက သူ၏ ဖေ့ဘုတ်စာမျက်နှာတွင်“နိုင်ငံတော်သမ္မတကြီးသည် ပါတီဥက္ကဌဖြစ်လျှင် ပါတီဥက္ကဌ ရာထူးမှ နှုတ်ထွက်ရမည်ဟူ၍ပြဌာန်းထားခြင်းမရှိပါ။ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်သာ ပြဌာန်းထားခြင်းဖြစ်ပါသည်။´´ဟု ရှင်းလင်းရေးသားထားသည်။

    Crd : http://www.facebook.com/7daynews/posts/427046004023706

    ==
    ဆိုတော့…
    အဲဒီ ၂၀၀၈အခြေခံဥပဒေ ဘယ်သူမှတိတိကျကျမဖွင့်တတ်.. ဖွင့်တာကိုစိစစ်ကြပ်မတ်တဲ့..တရားရေးလည်းအာဏာမရှိတာမို့.. နောက်၁ဝစုနှစ်အတွင်း.. သွားမှာပါ..။
    ဘယ်လိုသွားမလည်းမသိပေမယ့်.. မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာအရ.. :kwi: စစ်တပ်အာဏာသိမ်းတာနဲ့သွားဖို့များကြောင်း..။

    1947 Constitution (1948 to 1962) – ၁၄နှစ်
    ၁၁နှစ်ပြင်ဆင်
    1974 Constitution (1974 to 1988) – ၁၄နှစ်
    အနှစ် ၂ဝ ပြင်ဆင်
    2008 Constitution (2008 to 20??) – ၁?နှစ်
    အနှစ် ၃ဝ ပြင်ဆင်
    204? Constitution (204? to 20??) – :kwi:

    1947 Constitution
    The 1947 constitution was drafted by Chan Htoon and was used from the country’s independence in 1948 to 1962, when the constitution was suspended by the socialist Union Revolutionary Council, led by Ne Win. The national government consisted of three branches: judicial, legislative and executive. The legislative branch was a bicameral legislature called the Union Parliament, consisting of two chambers, the 125-seat Chamber of Nationalities (လူမြိုးစုလှတျတောျ Lumyozu Hluttaw) and the Chamber of Deputies (ပွညျသူ့လှတျတောျ Pyithu Hluttaw), whose seat numbers were determined by the population size of respective constituencies.[3][4]

    1974 Constitution
    Approved in a 1973 referendum, the 1974 constitution was the second constitution to be written. It created a unicameral legislature called the Pyithu Hluttaw (the People’s Assembly), represented by members of the Burma Socialist Programme Party.[5] Each term was 4 years.[4] Ne Win became the president at this time.

    1988-2010
    Upon taking power in September 1988, the military based State Law and Order Restoration Council (SLORC) suspended the 1974 constitution.[6][7] The SLORC called a constitutional convention in 1993, but it was suspended in 1996 when the National League for Democracy boycotted it, calling it undemocratic.[7] The constitutional convention was again called in 2004, but without the National League for Democracy.[7] Burma remained without a constitution until 2008.[7]

    2008 Constitution
    On 9 April 2008, the military government of Burma released its proposed constitution for the country to be put to a vote in public referendum on 10 May 2008, as part of its roadmap to democracy. The constitution is hailed by the military as heralding a return to democracy, but the opposition sees it as a tool for continuing military control of the country.
    http://en.wikipedia.org/wiki/Constitution_of_Burma

  • maungmoenyo

    October 19, 2012 at 9:39 am

    အဲ့ဒီအတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ အခရာကျနေရတဲ့အကြောင်းပါ။ rule of law ကိုရေလဲနဲ့သုံးပေမဲ့လည်း ကိုယ်ဘာပြောလို့ပြောမှန်းမသိ ဖြစ်နေကြသူတွေ ဒုနဲ့ဒေးပါဘဲ။ ကြောက်စရာကောင်းတဲ့ကိစ္စကတော့ အဓိပ္ပါယ်ဖွင့်ရာမှာ ဒွိဟဖြစ်စရာပြဌာန်းချက်တွေကို ဖြတ်ထုံးပြုပေးမဲ့ဖွဲ့စည်းပုံဆိုင်ရာခုံရိုးကလည်း မရှိလို့၊ တရားလွှတ်တော်ချုပ်က ကြားဝင် ဆုံးဖြတ်ပေးလားဆိုတဲ့ ကိစ္စကလည်းဘယ်သူမှမသိပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ လက်ရှိဖွဲ့စည်းပုံကို ကိုယ်တိုင်ရေးခဲ့ကြတဲ့ authors များကို ကိုယ်အာဏာပြန်ရရှိရေးကိုယ်ကျိုးရှာ ဝိသမသား လွှတ်တော်အမတ် လက်တဆုပ်စာကြောင့် လမ်းဘေးရောက်နေပါပြီ။ မြန်မာနိုင်ငံရဲ့တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ခုချိန်မှာ အုပ်ထိန်းသူမဲ့တဲ့အချိန်ကာလထဲချင်းနင်းဝင်ရောက်မှန်းမသိဝင်နေကြောင်းပါ။

Leave a Reply