Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


maungmoenyoNovember 20, 20121min81124
(၂၀၁၄) မြန်မာကအာဆီယံ ဥက္ကဌရာထူးရယူချိန်မှ လာရောက်မယ်လို့တွက်ဆကြသူတွေအားလုံးကို အံ့အားသင့်စေမဲ့ အမေရိကားပြည်ထောင်စုသမ္မတအိုဘားမားရဲ့ ပထမဆုံးမြန်မာခရီးစဉ်ဟာ တိုတောင်းလှပေမဲ့ နှစ်နိုင်ငံ ရဲ့ နောက်ဆက်တွဲ ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို အမှန်တကယ်ဘဲမြန်ဆန်သွားစေပါတယ်။ သေချာတာကတော့ မြန်မာနဲ့ geopolitics အရ ရော၊ စစ်ရေးနိုင်ငံရေးဆက်ဆံမှုမှာ ကနဦးလမ်းခင်းပြီးဖြစ်တဲ့ အင်အားကြီး တရုတ်နဲ့ ရုရှ နိုင်ငံများကတော့  မျက်စေ့ဒေါက်ထောက်ကြည့်နေမယ်ဆိုတာမလွဲပါဘူး။ ဒုတိယသက်တမ်းရဲ့ ကနဥိးပြည်ပခြေလှမ်းလည်းဖြစ်၊ နကိုကတည်းက နိုင်ငံတကာနိုင်ငံရေးဇာတ်ခုံမှာ အာဏာရှင်စနစ်ကိုတည်ငြိမ်တဲ့ နည်းလမ်းနဲ့လျင်မြန်စွာအသွင်ကူးပြောင်းယူနေတဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ဖြစ်စဉ်ကိုလည်း၊ ကွင်းဆင်းလေ့လာချင်တဲ့ အာသီသရှိတာကြောင့်လည်းပါလိမ့်မယ် လို့ယူဆရပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၀) ရွေးကောက်ပွဲမှာ နိုင်ငံတကာကဩချရလောက်တဲ့ ကြိုတင်မဲပေးစနစ်ဘုံးဘောလအောနဲ့ တက်လာတဲ့အစိုးရမို့ အများက ရစရာမရှိအောင်ဝိုင်းဝေဖန်တိုက်ခိုက်ခြင်းခံရတဲ့  အခြေအနေအသိုက်အမြုံကနေ၊ ပေါ်ထွက်လာတဲ့အစိုးရမို့ ဒိလောက်ကြီးမြန်ဆန်မဲ့ပြုပြင်ပြောင်းလဲမှုရှိလာလိမ့်မယ်လို့ ဘယ်သူကမမှမထင်ခဲ့ပါဘူး။ ဒေသတွင်းအာဆီံယံနိုင်ငံများသာမက၊ အနောက်နိုင်ငံများကပါ အံ့ဩလောက်တဲ့ ပြုပြင်ပြောင်းလဲမှု တွေကိုဇောက်ချလုပ်လာတဲ့ သမ္မတဥိးသိန်းစိန်ရဲ့ […]


maungmoenyoNovember 12, 20121min3404
ပြီးခဲ့တဲ့သောကြာနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူုလွှတ်တော်ကိုယ်စားလှယ်တစ်ဥိးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ခုချိန်ခြုံနွယ်တွေနဲ့ရစရာမရှိအောင်ဖုံးလွှမ်းပြီး၊ မြင်မကောင်းအောင်ဖြစ်နေတဲ့ ယခင်ရန်ကုန်ဝိဇ္ဖာနှင့်သိပ္ပံတက္ကသိုလ်ကြီးကို နိုင်ငံတကာအဆင့်အတန်းမှီဖွင့်လှစ်နိုင်ဘို့ အဆိုကိုတင်သွင်းခဲ့ပါတယ်။ ဒီအဆိုမှာ သက်ဆို်င်ရာပညာရေးဌာနသာမက၊ ပြည်တွင်းပြည်ပတတ်သိပညာရှင်များသာမက၊ နိုင်ငံတကာ အလှူရှင်တက္ကသိုလ်နှင့်အဖွဲ့အစည်းများပါဝင်တဲ့ကြိကြပ်ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းဘို့တင်ခဲ့ပါတယ်။ ဒီကိစ္စကို ပညာရေးဝန်ကြီးဌာနက အဆိုအဖြစ်သာမှတ်တမ်းတင်ပြီး နောင်ထွက်လာမဲ့ တက္ကသိုလ်ပညာရေးဥပဒေပေါ်ပေါက်လာမှဆိုတဲ့ “နောက်မှ” ဆိုတဲ့ ရှေးလက်သုံးစကားနဲ့ချွေးသိပ်ဘို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်စုက လွှတ်တော်ရဲ့ဆန္ဒနဲ့အဆုံးအဖြတ်ကိုသာခံယူလိုကြောင်း တင်ပြတဲ့အတွက်၊ လွှတ်တော်မဲဆန္ဒရယူပြီးဒီကိစ္စကိုဆောင်ရွက်ဖို့ အဲ့ဒီနေ့မှာဘဲ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနေ့အစည်းအဝေးမှာဘဲ အရည်အသွေးတွေနဲ့ပြည်သူတွေရဲ့ယုံကြည်ကိုးစားမှုတွေတရိပ်ရိပ်ကျဆင်းနေတဲ့၊ သမိုင်းဝင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုလည်းအလားတူ အဆင့်မြှင့်ရေးကိစ္စကိုလွှတ်တော် ကသဘောတူခဲ့ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က feasibility ဆိုတဲ့ကိစ္စကအရေးတကြီးဝင်လာသလို၊ ဒါကောင်းတဲ့အကြံဘဲ၊ အများးအကျိုးအတွက် မရှိမဖြစ်လိုအပ်တဲ့ကိစ္စဘဲဆိုတဲ့ ချိန်ခွင်လျှာအားပြိုင်မှုကဝင်လာပါတယ်။ အဆင့်မြင့်တယ်ဆိုတဲ့အချက်က အလွန်ကောင်းတယ်ဆိုတာငြင်းရမဲ့ကိစ္စမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့လက်ရှိဘတ်ဂျက်အသုံစရိတ်ဟာသေးငယ်လွန်းလှသော်လည်းဘဲ၊ (၂၀၁၁)နှစ်မတိုင်မှီကာလထက်အဆများစွာပိုပြီး၊ ဘတ်ဂျက်တိုးခဲ့ချထားပေးကြောင်း၊ ဒုတိယအကြိမ် စုပေါင်းလွှတ်တော်မှာကျန်းမာရေးဝန်ကြီးဌာနက ကိန်းဂဏန်းများနဲ့နှီုင်းယှဉ်ချပြသွားတဲ့အချက်ရှိပါတယ်။ ဒီနေရာမှာနိုင်ငံတကာရဲ့ထောက်ပံ့ကူညီမှု၊ နိုင်ငံတကာရောက်မြန်မာဆရာဝန်နဲ့ရင်နှီးမြှုပ်နှံမှုဆိုင်ရာ (direct investment) အာသီသပြင်းပြမှုဆိုတဲ့အထောက်အကူတွေအများကြီးလိုအပ်လာပါတယ်။ […]


maungmoenyoNovember 6, 20121min68720
မှတ်မိသလောက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူတဲ့ မဟာလုပ်ငန်းကြီးကို မြန်မာနိုင်ငံတဝှမ်း လှည်းနေလှေအောင်းမကျန် နောက်ဆုံးလုပ်ခဲ့တာက (၁၉၈၃)လောက်ကလို့ထင်ပါတယ်။ သန်းခေါင်စာရင်းဌာနကြီးရဲ့ညွှန်ကြားရေးဝန်ဖြစ်တဲ့ ဗိုလ်မှူးကြီးသန်းညွန့် (အရမ်းသန်းညွန့် လို့လဲနံမယ်တွင်တဲ့ ဗိုလ်နေဝင်းရဲ့ ငယ်မွေးခြံပေါက်) ကဦးစီးလုပ်ခဲ့တာပါ။ မောင်မိုးညိုတို့ အခြေခံပညာအလယ်တန်းအဆင့် လောက်ဘဲရှိမယ်ထင်ပါတယ်။ စာရင်းကောက်လုပ်ငန်းကိုဝင်ရောက်ပြီး တပျော်တပါးလုပ်အားပေးခဲ့ ကြတာကိုအမှတ်ရမိပါတယ်။ အကိုအမ တက္ကသိုလ်ကျောင်းသားကြီးတွေက စာရင်းကောက်အဖွဲ့ခေါင်းဆောင် အဖြစ်၊ နောက်အတန်းကြီး၊ ဘွဲ့ရတက္ကသိုလ်ကျောင်းသားတွေက စာရင်းစစ်အနေနဲ့ လုပ်အားပေးခဲ့ကြပါတယ်။ ဒီကိစ္စကိုလွှတ်တော် စတင်စဉ်ကတည်းကအမတ် အချို့ကတင်ကြတာတွေ ကြားမိပါတယ်။ သန်းခေါင်စာရင်း ဆိုတဲ့အတိုင်း၊ သတ်မှတ်ထားတဲ့ရည့်ညွှန်းရက် Census date ညသန်းခေါင်ယံ(၁၂)နာရီတိတိမှာ၊ စာရင်းကောက်ယူရာအိမ်ပေါ်ရောက်ရှိနေသူအားလုံကိုစာရင်းကောက်ယူရတဲ့ထုံးစံမို့၊ အဲ့ဒီအချိန်မှာ ခရီးလွန်နေသူ၊ ဝေးရပ်တာဝန်ကျနေသူ၊ အကြောင်းတစုံတရာကြောင့် မိသားစုနဲ့ကင်းကွာနေသူ၊ လင်ကွဲမယားကွဲကအစ၊ ဒီလိုကိစ္စတွေကိုဘယ်လိုသတ်မှတ်မလဲဆိုတဲ့ ကိစ္စကအရေးကြီးလာပါတယ်။ လာမဲ့ ၂၀၁၄ သန်းခေါင်းစာရင်းကို မတ်(၂၉)သန်းခေါင်ယံ(၁၂)နာရီတိတိမှာစတင်ပြီး၊ တနိုင်ငံလုံအတိုင်းအတာ နဲ့တော့၊ ဧပြီ (၁၀)ရက်နေ့အထိ […]


maungmoenyoOctober 18, 20121min3254
ပါတီတွင်း ဖြုတ်ထုတ်သတ် လမ်းစဉ်နောက်လိုက်နေသော ပြည်ခိုင်ဖြိုးပါတီဝင်အမတ်မင်းများ(ဝါ) လူထုဆန္ဒကိုဘေးချိတ်ပြီးကိုယ်ထင်ရာစိုင်းနေသော ပြည်ခိုင်ဖြိုးပါတီအမတ်များအကြောင်း (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၆၄) ကခွင့်ပြုချက်အရ၊ နိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများဟာ အရွေးချယ်ခန့်အပ်ခံရချိန်ကစပြီး သက်ဆိုင်ရာပါတီများမှာပါဝင်ဆောင်ရွက်ကူညီခြင်းအလျင်း မပြုလုပ်ရဘူးဆိုတဲ့ ပညတ်ချက်ရှိနေပါတယ်။ ဒါပေမဲ့ပါတီမှာတော့ ရာထူးနေရာမယူထားရဘူးဆိုတဲ့ ပညတ်ချက်ကိုမထားဘူးလို့ယူဆရမဲ့ပုံပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့တနင်္လာနေ့ ပြည်ခိုင်ဖြိုး အမည်ခံ ကြံ့ဖွံ့ပါတီ ဗယိုညီလာခံမှာ ကိုယစားလှယ်များကို သမ္မတဦးသိန်းစိန်နဲ့ ဒုသမ္မတ ဒေါက်တာမောက်ခမ်း တို့ကလိုက်လံနှုတ်ဆက်နေတာတွေ့တော့၊ အခြေခံဥပဒေရဲ့ ပညတ်ချက်က ဘယ်အတိုင်းတာအထိလဲဆိုတဲ့ မေးစရာဖြစ်လာပါတယ်။ တဖက်ကကြည့်ပြန်ရင်လဲ ဒီမိုကရေစီထွန်းကားပါတယ် ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ကိုယ့်ပါတီရဲ့ affiliation ကိုဖေါ်ပြလေ့ရှိကြတာတွေ့ရပါတယ်။ ဒါဟာလက်တွေ့သဘာဝလဲကျ၊ ဖြစ်လဲဖြစ်သင့်တာပါ။ ဒါပေမဲ့ transparent လို့ဆိုထားတဲ့နိုင်ငံရေးလမ်းစဉ်သစ်ကြီးမှာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ဆိုလိုရင်းကိုဘာမှန်းတောင်မသိနိုင်လောက်အောင်ယေဘူယျကျတဲ့ပြဌာန်းချက်ကြောင့်၊ လူထုကမျက်စိလည်ခြင်းမကလည်နေရပါပြီ။ ကြံ့ဖွံ့ပါတီအနေနဲ့ ဒီလိုညီလာခံကိုကျင်းပရတာက ပါတီတွင်းလက်ရှိဖြစ်ပေါ်နေတဲ့၊ အမှန်တော့ပါတီဝင်များက သက်ဆိုင်ရာ အုပ်ချုပ်ရေး အခင်းအကျင်းတွေမှာ မဖုံးနိုင်မဖိနိုင်တဲ့ […]


maungmoenyoSeptember 21, 20121min66621
“ပြည်ထောင်စုသင့်၊ မစုသင့်” ဆိုတဲ့ မောင်မိုးညိုရဲ့ဆောင်းပါး ရဲ့နောက်ဆက်တွဲ ကိစ္စလေးတွေ မောင်မိုးညိုတို့မိတ်ဆွေတွေကြားထဲ ခေါင်းချင်းရိုက်ခဲ့၊ ငြင်းခုန်တဲ့အဖြစ်လေးတွေ တီးတိုးအဖြစ်ကနေ၊ အကျယ်အကျယ်ဖြစ်လာပါတယ်။  ဖြစ်ရပုံကဒီလိုပါ။ အရင် ဗိုလ်သန်းရွှေလက်ထက် လက်သန်ပြောင်ခဲ့ပြီး နိုင်ငံအရင်းအမြစ်တွေမကျန် လက်ရဲဇက်ရဲလုပ်ခဲ့ကြတဲ့ ဝန်ကြီးဝန်ကလေးပြုတ်တွေ၊ အာဏာ လက်မဲ့ဖြစ်တော့၊ အရင်ကသုံးခဲ့တဲ့ စရိုက်တွေ ဘရိတ်အုတ်မရတဲ့ အဖြစ်တွေရောက်မှန်းမသိရောက်သွားပါတယ်။ ခက်တာက အရင်ခေတ်အဆက်ဆက် ဝန်ကြီး၊ ဗိုလ်ချုပ်ပြုတ်များဟာ၊ ဒီနေ့ပြုတ်ပြီးတာနဲ့ လမ်းပေါ်ရောက်သွားပြီး၊ ဘေးထိုင်၊ဘိုင်ကျ၊ဘုပြောဘဝ ကိုအရှင်လတ်လတ်ရောက်ကြပါတယ်။ ခုခေတ်ပြောင်းချိန်မှာတော့ အဲ့ဒီ လက်သရမ်းအုပ်စု ကအလိုအလျောက်လွှတ်တော်အမတ်များဖြစ်သွားယုံမက၊ သက်ဆိုင်ရာလွှတ်တော်များရဲ့ ကော်မတီအသီးသီး (မိမိတို့ ဝန်ကြီးဘဝအဆက်ဆက်ကရယူခဲ့တဲ့ဌာနများအတိုင်း) မှာ ဥက္ကဌများဖြစ်သွားကြတယ်ဆိုပါတော့။  ဥပမာ- အရင်ကျန်းမာရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဒေါက်တာကျော်မြင့် ဟာ လွှတ်တော်ရဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ကော်မီတီမှာ ဥက္ကဌဖြစ်သွားပါတယ်။ လက်ရှိအသစ်စက်စက်တက်လာတဲ့ ဝန်ကြီးများရဲ့အရေးပါအရာရောက်မှုတွေကို မနာလိုမရှုစိမ့်ဖြစ်လာကြယုံမက၊ အရင်ကမိမိတို့တချက်လွှတ်ပိုင်စိုးခဲ့တဲ့အခွင့်အာဏာတွေ လက်လွှတ်ကြရလို့ မစားနိုင်မအိပ်နိုင်ဖြစ်လာကြတယ်လို့ဆိုကြပါတယ်။ […]


maungmoenyoSeptember 16, 20122min2903
“ဆိုရေးရှိကဆိုနိုင်ကြသော” (တနည်း) “ဖြစ်ပေါ်ပြောင်းလဲမှုများ ပြည့်နှက်နေသော” ခေတ်တခုဆီသို့ မောင်မိုးညိုတို့အပါအဝင် ပြည်သူအားလုံးက အရှိန်အဟုန်ဖြင့်ချင်းနင်း ဝင်ရောက် နေကြပြီဟုဆိုရပေမည်။ တစ်နှစ်လည်သား သာသာကာလအတွင်း ဒီမိုကရေစီရေးလမ်းကြောင်းပေါ် ရောက်ရှိ လာသော စစ်အစိုးရတဖြစ်လဲ၊ မြန်မာအစိုးရ၏ သတင်းသစ်များ ယနေ့မီဒီယာလောကတွင် ပလူပျံအောင် နေရာယူနေသောအချိန်ဟုလည်းဆိုရမည်။ ပြီးခဲ့သော ဇွန် (၂၅)ရက်က မြို့တော်သစ်နေပြည်တော်၏ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သော လူမှုရေးကာကွယ်စောင့်ရှောက်မှု ဆိုင်ရာနိုင်ငံလုံးညီလာခံသို့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ကိုယ်တိုင်တက်ရောက်ပြီး၊အားတက်သရော်ပါဝင်ဆွေးနွေးခဲ့သည်။ မြန်မာလူထုအတွက်လွန်ခဲ့သော နှစ်ပရိစ္ဆေဒများစွာကတည်းကအကျိုးခံစားခွင့်ရှိသင့်သော၊ တနည်းဆိုရသော် ကမ္ဘာတဝှမ်းနှင့်အိမ်နီးချင်းနိုင်ငံနေ မိသားစုများနှင့်တန်းတူအဆင့်အတန်းတူ ခံစားခွင့်ရှိသင့်သော လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် (Myanmar social protection system) ထူထောင်ရာတွင် လိုအပ်သောအချက်အလက်အမှန်အကန်များ တိတိကျကျ လိုအပ်သလို၊ အဖွဲ့အစည်းလူထုလူတန်းစား ပေါင်းစုံထံမှ အကြံညဏ်များရယူကြရန်အရေးကြီးပုံတို့ကို အသားပေးဆွေးနွေးသွားကြသည်။ အဓိကမီးမောင်ထိုးဦးစားပေးသင့်သော အလွှာလူတန်းစားများဖြစ်သည့် အမျိုးသမီးနှင့်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ […]


maungmoenyoAugust 21, 20121min3248
ဒီကနေ့ဘဲ နိုင်ငံတော်သမ္မတရုံးကနေလွှတ်တော်ကိုယ်စားလှယ်များဆီ သဝဏ်လွှာတစောင်ပါးလိုက်ပါတယ်။ ကိစ္စက လွန်ခဲ့တဲ့လက လွှတ်တော်တွင်းအဖွဲ့အစည်းများကို ပြည်ထောင်စုအဆင့် ပေးသင့်မပေးသင့် ပူညံပူညံဖြစ်လာတော့၊ လွှတ်တော်တွေကတောင်းဆိုလို့၊ အစိုးရအဖွဲ့ကိုယ်စား  ပြည်ထောင်စုရှေ့နေချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုအဓိပ္ပါယ်ဖွင့်ပေးဘို့တင်ပါတယ်။ ပြည်သူ့လွှတ်တော်ဒု-ဥက္ကဌ ကလဲ ခုံရုံးရဲ့ ဖြတ်ထုံးကို (၁)နာရီကျော်ကြာ မတ်တပ်ရပ်နာခံရလို့၊ အမတ်မင်းများက သိက္ခာကျတယ်၊ အဲ့ ဒီခုံရုံးကို recall ပြန်လုပ်ဖို့စာစုတင်ကြပါတယ်။ ပြည်သူ့လွှတ်တော်(၂)ရပ်မှာ အမျိုးသားလွှတ်တော်ကတော့ ပူညံတယ်လို့သိပ်မကြားရပေမဲ့၊ ပြည်သူ့လွှတ်တော်ကတော့ တဖွဲ့လုံးနီးနီး ကန့်ကွက်ကြပါတယ်။ ဒီနေ့သမ္မတကပြန်ကြားတဲ့ သဝဏ်လွှာကိုလေ့လာကြည့်ရင်ရှင်းပါတယ်။ (၁) ခုံရုံးရဲ့ဖြတ်ထုံးဟာ နည်းလမ်းကျပြီး၊ အဲ့ဒီဖြတ်ထုံးဟာ အပြီးအပြတ်ဖြစ်တယ်ဆိုတဲ့ အချက်ကိုထောက်ပြတာရယ်၊ (၂) ဒီလိုဆုံးဖြတ်ချက်ကိုမလိုက်နာနိုင်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁၂)က ပေးထားတဲ့ လုပ်ပိုင်ခွင့်ကိုသုံးနိုင်ခွင့်ရှိတယ်လို့ဆိုပါတယ်။ အဲ့ဒီအခန်းကဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်တရပ်ရပ်ကိုပြင်ဆင်၊ နှုတ်ပယ်၊ ပြောင်းလည်း၊ ဖြည့်စွက် လိုရင် ဘယ်လိုလုပ်ရမလဲလို့ဆိုထားတာပါ။ အဲ့ဒီမှာလဲ (၂)ပိုင်းရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်ကပြင်ဆင်ခွင့်ရှိတဲ့ […]


maungmoenyoAugust 17, 20121min131355
အရပ်ထဲပြောကြတဲ့ “ရှေးရိုးစွဲ” ဆိုတဲ့ အယူသီးကြတဲ့ကိစ္စက နိုင်ငံတော်အဆင့်လူသိရှင်ကြားဖြစ်တဲ့အခြေအနေ အထိ ရောက်နေပါပြီ။ သမ္မတကြီးဦးသိန်းစိန်ရဲ့ပြည်ပခရီးစဉ်တခုမှာဝန်ခံပြောသွားတဲ့ နောက်ပိုင်း ပြန်သုံးသပ်သင့်တဲ့ အစိုးရပိုင်းကဏ္ဍကိုမြန်မာပြည်သူတွေနဲ့အတိုက်အခံက စတင်သတိပြုမိလာကြပါတယ်။ အမျိုးသားခေါင်းဆောင်ကြီးနေရာမှာရှိနေပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မိမိပါတီတွင်းမှာရှိကြတဲ့ ရှေးရိုးစွဲဝါဒီများကို ဖြောင့်ဖြဆွေးနွေးရတဲ့ အဖြစ်တွေလည်းမဖုံးနိုင်မဖိနိုင်ကြားရ မြင်ရနေပါတယ်။ အမှန်ပြောရရင် ရှေးရိုးစွဲမိရိုးဖလာအယူဝါဒဟာ နိုင်ငံအုပ်ချုပ်ရေးသာမက၊ စီးပွားရေး နဲ့အထူးသဖြင့် လူမှုရေး၊ ဘာသာရေးနဲ့ မိသားစုရေးကိစ္စတွေမှာ အမြစ်တွယ်နေတာနှစ်ပရိစ္ဆေဒကြာပါပကော။ ကိုယ်တိုင်ဘယ်လောက်အယူသီးမှုရှိလဲဆိုတဲ့ မိမိကိုယ်ကိုပြန်သုံးသပ်မိတဲ့ဘဝက ကွန်ပျူတာရှေ့ထိုင်ပြီး ကမ္ဘာလောကကြီးရဲ့ ဖြစ်ပျက်နေတဲ့လောက internet ကို ဝင်ကြည့်ဘို့အစပြုရာက “ငါအတော်ခေတ်နောက်ကျနေပါလား” ဆိုတဲ့ မသိမသာ ဝန်ခံစိတ်ဝင်လာရတာပါဘဲ။  ထိုနည်းတူဘဲ သတင်းစာမျက်နှာဖုံးတွေမှာ နိုင်ငံထိပ်ပိုင်းအစိုးရလူကြီးမင်းတွေ အစည်းဝေးခန်းစားပွဲပေါ်ကိုယ်ရှေ့မှာရှိနေတဲ့ ကွန်ပြူတာတွေထိုင်ပြီး ဘာတွေလုပ်ကြမှာပါလိမ့်ဆိုတဲ့ “သို့လော”မေးခွန်းတွေ ပြည်သူတွေက သိချင်ကြမှာအမှန်ပါဘဲ။ ထိုနည်းတူစွာဘဲ အစိုးရရုံးတွင်းလုပ်ငန်းတွေမှာစတင်ချင်းနင်းဝင်ရောက်လာပြီဖြစ်တဲ့ networking စနစ်ကို ခတောင်းကြိုက်လိုက်နေကြရတဲ့ (တနည်း) […]


maungmoenyoJune 29, 20121min3707
ဒီနေ့မနက် Obamacare လို့ခေါ်တဲ့ Healthcare Reform Act (HRA) ရဲ့ အမေရိကန်နို်င်ငံသားတိုင်းမရှိမနေရ ကျန်းမာရေးအာမခံထားရှိရေး ပြဌာန်းချက်ကို နိုင်ငံရဲ့အဆင့်မြင့်ဆုံးတရားလွှတ်တော်ချုပ်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင်းအရ တရားဝင်ကြောင်း (၅)မဲ(၄)မဲနဲ့ သဘောတူလိုက်ပါတယ်။ အဲ့ဒီပြဌာန်းချက်က စီးပွားရေးလောကနဲ့ အာမခံကုမ္ပဏီကြီးများကို အရှိုက်ထိုးနိုင်လောက်တဲ့ပြဌာန်းချက်မို့၊ အာမခံကုမ္ပဏိအတော်များများကမနှစ်မြို့ကြပါဘူး။ စီးပွားရေးလောကသားတွေရဲ့ကျောထောက်နောက်ခံကို ရယူနေကြတဲ့ Republican ပါတီ အနေနဲ့လည်း ဒီပြဌာန်းချက်အပါအဝင် ဒီဥပဒေရဲ့ ပြဌာန်းချက်အတော်များများဟာ သူတို့ရဲ့ နိုင်ငံရေးအပေါ်စီးရယူလိုမှုကို ရိုက်ချိုးနိုင်လောက်တဲ့လက်နက်လို့ယုံကြည်ထားကြပုံရပါတယ်။ အကျိုးအမြတ်ရရေးကိုသာအခြေပြုထားလေ့ရှိတဲ့ ကျန်းမာရေးအာမခံကုမ္ပဏီကြီးတွေ (insurance carriers) တွေ သွေးပျက်တဲ့ တရားလွှတ်ချုပ်ရဲ့ ဖြတ်ထုံးဆိုရင်လည်းမမှားဘူးပေါ့။ အဆုံးအဖြတ်မဲ့ကို Republican ပါတီသမ္မတကခန့်အပ်သူ တရားသူကြီးချုပ်ကပါဝင်မဲပေးနိုင်ခဲ့တဲ့အတွက် အနိုင်ရသွားခြင်းဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဥပဒေရဲ့အကျိုးသက်ရောက်မှုကို တရားသူကြီးချုပ် John  Roberts ကကောင်းကောင်း ကြီးလေ့လာပြီးလက်ခံထားပြီးဖြစ်လို့လို့ယူဆနိုင်ပါတယ်။ သမ္မတရဲ့မိန့်ခွန်းမှာ ဒီဖြတ်ထုံးဟာ လက်ရှိအာမခံရှိဆဲအမေရိကန်များကိုပိုမိုလုံခြုံမှုပေးနိုင်မဲ့အပြင်အဓိပ္ပါယ်ရှိတဲ့၊ […]


maungmoenyoJune 20, 20121min3508
http://www.pewsocialtrends.org/2012/06/19/the-rise-of-asian-americans/ အမေရိကရဲ့ ၂၀၁ဝ သန်းခေါင်စာရင်းက အာရှသားအားလုံးအတွက်အားတက်ဖွယ် ဆန်းစစ်လေ့လာချက်တခုကိ နာမည်ကျော် Pew Research ကနေဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ (၁) အမေရိကရဲ့နိုင်ငံတကာမှ ပြောင်းရွှေ့အခြေချနေထိုင်သူဦးရေဟာ သမိုင်းမှာပထမဦးဆုံအကြိမ် အဖြစ်၊ ရှိရင်းစွဲ Hispanic ကျော်လွန်သွာေးကြာင်းတွေ့ရပါတယ်။ (Hispanic immigrant 31% နှင့် Asian 36%) (၂) ပြောင်းရွှေ့လာသူအားလုံးရဲ့ (၆၁%) သော Asian များဟာ အခြေခံဘွဲ့ဒီကရီ တခုအနဲဆုံးရရှိထားပြီးသူများဖြစ်ပါတယ်။ (white -31% နှင့် Hispanic 13% တဲ့) (၃) Asian တစ်ဦးရဲ့ ပျမ်းမျှ တနှစ်ပါတ်လုံးဝင်ငွေ က ($66,000) ရှိချိန်မှာ white တွေက $44,000 နဲ့ Hispanic တွေက $ 33,000 ဘဲရကြပါတယ်။ (၄)Asian […]


maungmoenyoJune 14, 201210min55813
A Burmese’s request to all Medias:   “Stop Pushing a Religion War to my Country” This post is entitled to all the Medias who are responsible for the news they are creating which are recently concerned with the latest news with Rohingya people in my country. My name is Htet San, a born and raised […]


maungmoenyoApril 12, 20121min3004
တပ်မတော်ကာကွယ်ရေးဦးစီချုပ်ဟာ တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုလွတ်လပ်စွာစီမံခွင့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ခွင့်ပြုချက်ဟာ အကြွင်းမဲ့အာဏာကိုများပေးထားသလား။ မပေးပါဘူး။ ဒါပေမဲ့ ဒီပြဌာန်းချက်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ တပ်တွေနဲ့ပါတ်သက်ပြီးချထားခွင့်၊ဖြန့်ကျက်ခွင့်၊ တပ်စွဲခွင့်၊ ချဲ့ထွင်ခွင့်၊ စစ်ဆင်ခွင့်တွေ ဟာ လူထုရဲ့သဘောတူညီချက် (ဝါ) အစိုးရ (သို့) ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့တွေရဲ့ ခွင့်ပြုချက်၊ ဒါမှမဟုတ် အတည်ပြုသဘောတူခွင့်တွေရှိမှ အတည်ဖြစ်ပါတယ်။ ကျန်ကိစ္စတွေအားလုံးဟာလည်း၊ ဗဟိုအစိုးရ နဲ့ ဒေသဆိုင်ရာအစိုးရတွေရဲ့အချုပ်အခြာအာဏာ နဲ့ ယှဉ်လာရင် ကြိုတင်ခွင့်ပြုချက်ယူရပါမယ်။ တပ်မတော်ကာကွယ်ရေးဦးစီချုပ်ဟာ နိုင်ငံတော်မှာအရေးပေါ်အခြေအနေအရ အချုပ်အခြာအာဏာကိုရယူသုံးစွဲခွင့် အချိန်မရွေး ရှိတယ်ဆိုတဲ့ ပြဌားချက်ကရော။ ဒါလည်း အစိုးရ နဲ့ လွှတ်တော်တို့ရဲ့သဘောတူညီချက်ပါရပါမယ်။ ဒါကြောင့် ကာ/လုံ လို့ခေါ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတာရှိနေတာပါ။ “အရေးပေါ်အခြေအနေ” ဆိုတဲ့ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာလည်း အစိုးရကိုပြစ်တင်ရှုတ်ချယုံသက်သက်၊ ကိုယ်ရဲ့ဆန့်ကျင်ဖက်ပါတီတွေရဲ့ ဆန့်ကျင်ဝေဖန်မှု၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို “အရေးပေါ်အခြေအနေ” လို့သမုတ်ခွင့်မရှိပါဘူး။ “အရေးပေါ်အခြေအနေ” ဆိုတဲ့အခြေအနေဟာ […]


maungmoenyoApril 5, 20121min3224
အမှန်ဆိုရလျင် ပြီးခဲ့သော ဧပြီ (၁)ရက်နေ့မှ ပေါ်ထွက်လာသော အမျိုးသားဒီမိုကရေစီ ၏ရွေးကောက်ပွဲ အပြတ်အသတ် အောင်မြင်မှုရလာဒ်သည် မြန်မာ့သမိုင်းစာမျက်နှာသစ်တစ်ရပ်ကို မြန်မာလူထုအတွက် မွေးဖွားလိုက်ခြင်းပင်ဖြစ်သည်။ ယင်းအောင်မြင်မှု နှင့်အတူ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သိက္ခာရှိသော အောင်မြင်မှု ကိုထိန်းသိမ်းပါ ဟူသော လမ်းညွှန်ချက်က အရွေးချယ်ခံ အမတ်အသစ်စက်စက် များ၏ ဂုဏ်ပုဒ်ကို ပိုမိုမြင့်မားသွားစေသလို၊ နိုင်ငံ၏ဒီမိုကရေစီရေး ကြိုးပမ်းမှုဂုဏ်ဒြပ်ကို နိုင်ငံတကာအလယ်တွင် မြှင့်တင်ပေးရာလည်းရောက်သွားပေသည်။ မြန်မာ့နိုင်ငံရေးကို သမိုင်းကြောင်းနှင့်ချီပြီးပြောရသော် ဥပဒေပြုလွှတ်တော်တွင် မူဝါဒချင်းမတူညီသော အတိုက်အခံပါတီ အနည်းဆုံးနှစ်ခု၏ ပါဝင်လာသော အရေးကိစ္စကား ကြီးမားသော နိုင်ငံရေးရေစီကြောင်းအပြောင်းအလဲကြီးတရပ်ဖြစ်သည်။ “ဖဆပလ” အစိုးရ လက်ထက် ရှိခဲ့သော တည်မြဲ နှင့် သန့်ရှင်း ပါတီကြီးနှစ်ရပ်၏တရားလွန်အားပြိုင်မှုက နိုင်ငံကိုစစ်အာဏာရှင်စနစ်ဆီသို့ ဆွဲယူ ဦးတည်သွားစေသော အကြောင်းတရားအရင်းခံဖြစ်ခဲ့သည်။ လွှတ်တော်တွင်း ဒီမိုကရေစီ […]