Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီး အသက်ပြန်ဝင်လာရေး နှင့် ပြည်သူတို့အားကိုးရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ ပဏာမကြိုးပမ်းချက်

maungmoenyoNovember 12, 20121min3184

ပြီးခဲ့တဲ့သောကြာနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူုလွှတ်တော်ကိုယ်စားလှယ်တစ်ဥိးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ခုချိန်ခြုံနွယ်တွေနဲ့ရစရာမရှိအောင်ဖုံးလွှမ်းပြီး၊ မြင်မကောင်းအောင်ဖြစ်နေတဲ့ ယခင်ရန်ကုန်ဝိဇ္ဖာနှင့်သိပ္ပံတက္ကသိုလ်ကြီးကို နိုင်ငံတကာအဆင့်အတန်းမှီဖွင့်လှစ်နိုင်ဘို့ အဆိုကိုတင်သွင်းခဲ့ပါတယ်။ ဒီအဆိုမှာ သက်ဆို်င်ရာပညာရေးဌာနသာမက၊ ပြည်တွင်းပြည်ပတတ်သိပညာရှင်များသာမက၊ နိုင်ငံတကာ အလှူရှင်တက္ကသိုလ်နှင့်အဖွဲ့အစည်းများပါဝင်တဲ့ကြိကြပ်ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းဘို့တင်ခဲ့ပါတယ်။ ဒီကိစ္စကို ပညာရေးဝန်ကြီးဌာနက အဆိုအဖြစ်သာမှတ်တမ်းတင်ပြီး နောင်ထွက်လာမဲ့ တက္ကသိုလ်ပညာရေးဥပဒေပေါ်ပေါက်လာမှဆိုတဲ့ “နောက်မှ” ဆိုတဲ့ ရှေးလက်သုံးစကားနဲ့ချွေးသိပ်ဘို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်စုက လွှတ်တော်ရဲ့ဆန္ဒနဲ့အဆုံးအဖြတ်ကိုသာခံယူလိုကြောင်း တင်ပြတဲ့အတွက်၊ လွှတ်တော်မဲဆန္ဒရယူပြီးဒီကိစ္စကိုဆောင်ရွက်ဖို့ အဲ့ဒီနေ့မှာဘဲ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒီနေ့အစည်းအဝေးမှာဘဲ အရည်အသွေးတွေနဲ့ပြည်သူတွေရဲ့ယုံကြည်ကိုးစားမှုတွေတရိပ်ရိပ်ကျဆင်းနေတဲ့၊ သမိုင်းဝင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုလည်းအလားတူ အဆင့်မြှင့်ရေးကိစ္စကိုလွှတ်တော် ကသဘောတူခဲ့ပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့အချက်က feasibility ဆိုတဲ့ကိစ္စကအရေးတကြီးဝင်လာသလို၊ ဒါကောင်းတဲ့အကြံဘဲ၊ အများးအကျိုးအတွက် မရှိမဖြစ်လိုအပ်တဲ့ကိစ္စဘဲဆိုတဲ့ ချိန်ခွင်လျှာအားပြိုင်မှုကဝင်လာပါတယ်။ အဆင့်မြင့်တယ်ဆိုတဲ့အချက်က အလွန်ကောင်းတယ်ဆိုတာငြင်းရမဲ့ကိစ္စမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့လက်ရှိဘတ်ဂျက်အသုံစရိတ်ဟာသေးငယ်လွန်းလှသော်လည်းဘဲ၊ (၂၀၁၁)နှစ်မတိုင်မှီကာလထက်အဆများစွာပိုပြီး၊ ဘတ်ဂျက်တိုးခဲ့ချထားပေးကြောင်း၊ ဒုတိယအကြိမ် စုပေါင်းလွှတ်တော်မှာကျန်းမာရေးဝန်ကြီးဌာနက ကိန်းဂဏန်းများနဲ့နှီုင်းယှဉ်ချပြသွားတဲ့အချက်ရှိပါတယ်။ ဒီနေရာမှာနိုင်ငံတကာရဲ့ထောက်ပံ့ကူညီမှု၊ နိုင်ငံတကာရောက်မြန်မာဆရာဝန်နဲ့ရင်နှီးမြှုပ်နှံမှုဆိုင်ရာ (direct investment) အာသီသပြင်းပြမှုဆိုတဲ့အထောက်အကူတွေအများကြီးလိုအပ်လာပါတယ်။ ဝင်ရောက်မဲ့အရိပ်အခြေတွေလည်း အများကြီးတွေ့နေရပါတယ်။ တွေ့နေရတယ်ဆိုတဲ့စကားက စစ်အစိုးရလက်ထက်ကတွေ့ရပုံနဲ့ ခုတွေ့ရပုံအတော်ကွာခြားတာတွေ့ရပါတယ်။ စစ်အစိုးရလက်ထက် (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ)နဲ့ လမ်းစဉ်ပါတီကာလက ရှိခဲ့တဲ့ “ပြည်တွင်းကအားပြည်တွင်းမှာသာရှိတယ်”ဆိုတဲ့တံခါးပိတ်စီးပွားရေးဝါဒနဲ့ကွာချင်တိုင်းကွာနေပါပြီ။ အဲ့ဒီခေတ်တွေတုံးက လာရောက်ရင်းနှီးကြသူတွေက ပွဲစားအဆင့်တွေသာဖြစ်ပါတယ်။ ခုချိန်ရောက်လာကြတော့မဲ့ အဖွဲ့အစည်းတွေက principle မူရင်းအဖွဲ့အစည်းတွေပါ။ ဆိုလိုတာက ယခင်ခေတ်တွေတုံးက မလေးရှား/စင်္ကံာပူလိုနိုင်ငံမှာအခြေစိုက်တဲ့ University of Pennsylvania/Harvard University/Stanford University ကသူတွေလာကြတာဖြစ်ပေမဲ့၊ ခုချိန်လာကြသူတွေက U.S. တက္ကသိုလ်ကြီးတွေက အဓိပတိကြီးတွေကလာကြတာပါ။ ခုချိန်နေပြည်တော်မှာခြေချင်းလိမ်နေကြပါပြီ။ အစိုးရအနေနဲ့ကျားလား၊ နဂါးလား ခွဲမြင်အောင်ကြည့်တတ်တဲ့အတွေအကြုံတွေလည်းရသင့်သလောက်ရနေ၊ ရှိနေပါပြီ။

သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်တို့လိုပုဂ္ဂိုလ ်တွေကလည်းအဲ့ဒီပင်ရင်းပုဂ္ဂိုလ်များကိုနဖူးတွေ့ဒူးတွေ့တွေ့ဆုံစကားပြောပြီးကြပါပြီ။

နိုင်ငံတနိုင်ငံရဲ့ဖွဲ့ဖြိုးတိုးတက်ရေးကိုမလွဲအသွေညွှန်ပြနေတဲ့ GDP, Infant & Under-5 Mortality Rate, Longevity of Life တွေကိုမြှင့်တင်ပေးနိုင်မဲ့ တခုတည်းသောနည်းလမ်းက၊ နိုင်ငံတည်ဆောက်ရေးမှာ ပညာတတ်များ များများနဲ့မြန်မြန်နေရာရလာကြဘို့ဆိုတဲ့အချက်က သိပ်အရေးကြီးနေပါတယ်။

လွှတ်တော်အတွင်းမှာဆွေးနွေးကြ၊ ဆုံဖြတ်ခဲ့ကြတဲ့ဒီသဘောတူညီချက်ဟာ၊ သန်းပေါင်း(၆၀)သောပြည်သူတွေရဲ့အနာဂါတ်အတွက်၊ မျှော်လင့်ချက်ရောင်ခြည်တွေပါဘဲ။ ဒါတွေ အမြန်အကောင်အထည်ပေါ်လာတာနဲ့အမျှ၊ ကျွန်တော်တို့တတွေ ဘဝအဆင့်မြင့်မားလာရေးဆိုတဲ့မျှော်မှန်းချက် အခြေခိုင်မာလာနိုင်မယ်ဆိုတာ….။

4 comments

  • the best

    November 12, 2012 at 9:52 am

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယခင်ရန်ကုန်ဝိဇ္ဖာနှင့်သိပ္ပံတက္ကသိုလ်ကြီးကို နိုင်ငံတကာအဆင့်အတန်းမှီဖွင့်လှစ်နိုင်ဖို ့အဆိုနဲ ့
    သမိုင်းဝင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုလည်းအလားတူ အဆင့်မြှင့်ရေးကိစ္စအဆိုကို လူတိုင်းကြိုဆိုကြမှာပါ။

    ထိထိရောက်ရောက်အကောင်အထည်ဖေါ်တဲ့အခါမှာ ကိုယ်ကျိုးရှာ စီးပွါးရေးသမားတွေ
    နည်းလမ်းမျိုးစုံသုံးပြီး ပညာရှင်အဖွဲ ့၊ကြီးကြပ်ရေးအဖွဲ ့ထဲပါဝင်လာမှာသေချာပါတယ်။
    ဒီလိုမသမာတဲ့ လူတွေ အမှုဆောင်အဖွဲ ့ထဲ အတင်းဝင်လုံးပြီးနေရာမယူနိုင်အောင်သတိထားဖို ့
    ကြိုတင်ပြင်ဆင်စေလိုပါတယ်။

    • maungmoenyo

      November 13, 2012 at 11:36 am

      မှန်လိုက်လေဗျာ။ ခုချိန်မှာတင်ဘဲ နေပြည်တော်မှာ ဝင်လုံးပြီးကိုယ်ကျိုးရှာကြမဲ့သူတွေ၊ ခြေလှမ်းရှုပ်ချင်းမကရှုပ်နေကြပြီပေါ့။ ဒါပေမဲ့ ခုက ၁၉၉ဝ နှစ်လွန် ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်တဲ့ ဈေးကွက်စီးပွားရေးစနစ်စဖွင့်ခါစမဟုတ်တော့ဘူးလေ။ အစိုးရအဖွဲ့မှာလည်း သူ့ကိုစောင့်ကြပ်သတိပေးမဲ့ အဌာသိပညာရှင်တွေဝန်းရံနေပါပြီလို့…။

  • uncle gyi

    November 12, 2012 at 3:57 pm

    ရန်ကုန်တက္ကသိုလ်အကြောင်းပြောမယ်ဆို
    လွှတ်တော်တွင်းအပြန်အလှန်ပြောဆိုမှု
    ဆုံးဖြတ်မှုတွေအရ
    စုရွှေနဲ့ဘငွေလို့ပဲ
    ပြောလိုက်ချင်ပါတယ်

    • maungmoenyo

      November 13, 2012 at 11:39 am

      “စုရွှေနဲ့ဘငွေလို့ပဲပြောလိုက်ချင်ပါတယ်”………….
      ဟ…လင်းပါအုံး၊ ဒါကဝေါဟာရအသစ်ထင်ပ…။

Leave a Reply