Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တပ်မတော် နှင့် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား

maungmoenyoApril 12, 20121min3034

တပ်မတော်ကာကွယ်ရေးဦးစီချုပ်ဟာ တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုလွတ်လပ်စွာစီမံခွင့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ခွင့်ပြုချက်ဟာ အကြွင်းမဲ့အာဏာကိုများပေးထားသလား။

မပေးပါဘူး။ ဒါပေမဲ့ ဒီပြဌာန်းချက်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ တပ်တွေနဲ့ပါတ်သက်ပြီးချထားခွင့်၊ဖြန့်ကျက်ခွင့်၊ တပ်စွဲခွင့်၊ ချဲ့ထွင်ခွင့်၊ စစ်ဆင်ခွင့်တွေ ဟာ လူထုရဲ့သဘောတူညီချက် (ဝါ) အစိုးရ (သို့) ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့တွေရဲ့ ခွင့်ပြုချက်၊ ဒါမှမဟုတ် အတည်ပြုသဘောတူခွင့်တွေရှိမှ အတည်ဖြစ်ပါတယ်။ ကျန်ကိစ္စတွေအားလုံးဟာလည်း၊ ဗဟိုအစိုးရ နဲ့ ဒေသဆိုင်ရာအစိုးရတွေရဲ့အချုပ်အခြာအာဏာ နဲ့ ယှဉ်လာရင် ကြိုတင်ခွင့်ပြုချက်ယူရပါမယ်။

တပ်မတော်ကာကွယ်ရေးဦးစီချုပ်ဟာ နိုင်ငံတော်မှာအရေးပေါ်အခြေအနေအရ အချုပ်အခြာအာဏာကိုရယူသုံးစွဲခွင့် အချိန်မရွေး ရှိတယ်ဆိုတဲ့ ပြဌားချက်ကရော။

ဒါလည်း အစိုးရ နဲ့ လွှတ်တော်တို့ရဲ့သဘောတူညီချက်ပါရပါမယ်။ ဒါကြောင့် ကာ/လုံ လို့ခေါ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတာရှိနေတာပါ။ “အရေးပေါ်အခြေအနေ” ဆိုတဲ့ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာလည်း အစိုးရကိုပြစ်တင်ရှုတ်ချယုံသက်သက်၊ ကိုယ်ရဲ့ဆန့်ကျင်ဖက်ပါတီတွေရဲ့ ဆန့်ကျင်ဝေဖန်မှု၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို “အရေးပေါ်အခြေအနေ” လို့သမုတ်ခွင့်မရှိပါဘူး။ “အရေးပေါ်အခြေအနေ” ဆိုတဲ့အခြေအနေဟာ သိသာထင်ရှားလှတဲ့အနေအထားရှိပါတယ်။ အစိုးရက သာ တည်ဆဲအခြေခံဥပဒေ နဲ့ လွှတ်တော်တွေ ကိုရပ်ဆိုင်းခွင့်ရှိပါတယ် (suspend)။ ပယ်ဖျက်ခွင့် (annul) လုပ်ခွင့်မရှိပါဘူး။ တပ်မတော်အကြီးကလည်းထိုနည်း၎င်းပါဘဲ။ ကာ/လုံက လွှတ်တော်မခေါ်နိုင်လို့ အရေးပေါ်အခြေအနေကြေငြာခဲ့ရင်လဲ နောက်လွှတ်တော်မှာပြန်ပြီးတင်ပြသဘောတူချက်ယူရပါတယ်။ အဲ့ဒီလွှတ်တော်က ကန့်ကွက်ခဲ့လို့ရှိရင် တပ်မတော်ကာကွယ်ရေးဦးစီးချုုပ်ကို အစိုးရကပြည်သူကိုယ်စား တရားစွဲရပါမယ်။ တပ်ကလည်းခုံရုံးတင်စစ်ဆေးရပါမယ်။ ဆိုလိုတာက အရေးပေါ်အခြေအနေကြေငြာပြီးအာဏာထိမ်းသိမ်းခြင်းဟာ တရားမဝင်ပျက်ပြယ်တယ်ဆိုတဲ့သဘောပါဘဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုုပ် ဟာလည်းအဲ့ဒီအတွက်ပြစ်ဒါဏ်ကျခံရပါမယ်။ တပ်မတော်အကြီးအကဲတွေကို လွှတ်တော်တွေကခေါ်ယူမေးမြန်းခွင့် အပြည့်ရှိသင့်ပါတယ်

လက်ရှိအခြေအနေအရ တပ်တွေတိုးချဲ့နေသေးတာတွေက တကယ်လိုအပ်နေသေးလို့လား။ ပြည်တွင်းငြိမ်းချမ်းရေးပန်းတိုင်ကိုရောက်လုပြီလို့ အစိုးရက ကြွေးကြော်နေတာဘဲ။

ဟုတ်ပါတယ်။ လက်ရှိတပ်တွေတိုးချဲ့နေတာ၊ တပ်စည်းရုံးမှုတွေလုပ်နေတာ၊ ရပ်ထဲရွာထဲ၊ တပ်စွဲနေကြတာတွေဟာ ဒီမိုကရေစီနည်းလမ်းနဲ့ဖြောင့်ဖြောင့်ကြီးဆန်ု့ကျင်ပါတယ်။ တိုးတက်တဲ့အမေရိက လိုနိုင်ငံမျိုးတွေမှာဆိုရင်ရပ်ရွာထဲ တပ်စွဲရင်(သို့) လက်နက်ကိုလူမြင်ကွင်းမှာကိုင်စွဲလမ်းသလားရင် (သို့) ရပ်ကွက်ထဲမှာရှိတဲ့ရည်းစားအိမ်ရှေ့မှာ ကြွားချင်လို့ လက်နက်ကြီးတပ်ဆင်ထားတဲ့ယာဉ်တခုခုစီးနင်း လှည့်လည်ရင် နီးရာရဲစခန်းကိုတိုင်ခွင့်ရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ တပ်ရာထူးအဆင့်မြှင့်တင်ခြင်း၊ တပ်တိုးချဲ့ခြင်းတို့ဟာ အပြောတမျိုးအလုပ်တမျိုးလုပ်နေတဲ့အခြေအနေမှာ ရှိပါတယ်။ တရားမဝင်စာရင်းများအရ တပ်အင်အား က (၅) သိန်းလောက်လို့ခန့်မှန်းကြပါတယ်။ ကြောက်ခမ်းလိလိပါ။ ဒါတွေရပ်တန်းကရပ်ရပါမယ်။ ဒါတွေအားလုံကို အနာဂါတ်မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးယန္တရားမှာတပ်မတော်ရဲ့အခန်ူကဏ္ဍ လို့ ဖြီးဖြန်းထားတာသက်သက်ပါဘဲ။ ဘာမှမဆိုင်ပါဘူး။ အံ့ဩစရာကောင်းတာက ဘယ်သူကမှမေးခွန်းမထုတ်တာ (မထုတ်ရဲတာ) ပါဘဲ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုလက်ရှိအခြေခံဥပဒေက ဒုတိယသမ္မတရာထူးနဲ့ တန်းတူထား ထားတာသဘာဝကျရဲ့လား။

ဒါတွေဟာပညတ်ပါဘဲ။ ကိုယ်လိုချင်တဲ့ပုံစံမရ ရအောင်ဆွဲသွင်းထားတာပါ။ ရှင်းရှင်းပြောရရင် တချက်လွှတ်အမိန့်အာဏာ အချိန်မရွေးသုံးလို့ရအောင်ဖန်တီးထားတဲ့အခြေအနေတွေပါဘဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုသမ္မတကသာ လွှတ်တော်ရဲ့သဘောတူညီချက်နဲ့ခန့်အပ်သင့်ပါတယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်အားလုံးကိုသမ္မတ ခွဲဝေပေးတာဘဲဖြစ်ရပါမယ်။ သူလုပ်သမျှကိစ္စအဝ၀၊ သူသိသမျှကိစ္စအဝဝ ကိုသမ္မတ(သို့) သမ္မတက လုပ်ပိုင်ခွင့်ခွဲဝေပေးထားသူ (ကာကွယ်ရေးဝန်ကြီး) ကသိရပါမယ်။ ခုအချိန်မှာတော့ ကာကွယ်ရေးဝန်ကြးီဟာ ကာ/ချုပ်ရဲ့အောက်မှာရောက်နေတာမို့ဇောက်ထိုးမိုးမျှော် ဖြစ်နေပါတယ်။

သမ္မတဟာ လက်နက်ကိုင်တပ်များအားလုံးရဲ့ သေနာပတိဖြစ်ရပါမယ်။ စစ်ဆင်ရေးအမိန့် ကိုတမျိုးသားလုံးနဲ့ပါတ်သက်ရင်ဘဲဖြစ်ဖြစ်၊ ဒေသတခုရဲ့အချုပ်အခြာကိုထိခိုက်နေရင်ဘဲဖြစ်ဖြစ် သမ္မတကသာ ကြေငြာခွင့်၊ ပြင်ဆင်ခွင့်၊ ရုတ်သိမ်းခွင့်ရှိရပါမယ်။

တပ်မတော်ရဲ့လက်ရှိအနေအထား အနေအထားဖြစ်တဲ့ “တပ်မတော်သည်သာအမိ၊ တပ်မတော်သည်သာအဖ” ဆိုတဲ့ကိစ္စကရော။

ဒါတွေဟာ ယခင် စစ်အစိုးရရဲ့ မျက်စိလှည့်စားလိုက်တဲ့ ဆောင်ပုဒ်တခုပါ။ တပ်မတော်ကျင့်ဝတ်မှာ “ပြည်သူသည်သာအမိ၊ ပြည်သူသည်သာအဖ” ဆိုတာကို တမင်ပြောင်းလိုက်တာပါ။ တပ်မတော်သားတွေကို လူထုပြောတာယုံစရာမရှိဘူး။ အထက်ကစစ်မိန့်ဟာ သူတို့အတွက်ဗျာဒိတ်ဘဲလို့သတ်မှတ်ရိုက်သွင်းလိုက်တဲ့ စိတ်ဓါတ်စစ်ဆင်ရေးဗျူဟာတခုပါဘဲ။

တပ်မတော်ဟာ တကယ်တော့ အခြားဝန်ထမ်းအဖွဲ့အစည်းတွေလို၊ ဝန်ထမ်းအဖွဲအစည်းတခုသာလျင်ဖြစ်ပါတယ်။ သက်စွန့်ဆန်ဖြား ဝန်ကိုထမ်းရလို့သာ hero လို့သတ်မှတ် အမွှန်းတင်ကြတာပါ။ ဒီနေရာမှာလည်း အစိုးရက အတင်းအမွှန်းတင်ခိုင်းနေရသေးသရွေ့ hero အစစ်တွေဖြစ်မလာနိုင်ပါဘူး။ ရပ်ထဲရွာထဲ အရေးကြုံရင် စစ်တပ်က အရင်ဆုံးလူထုအကြိုးကိုဆောင်ရွက်ပေးတဲ့သာဓက (သတင်းစာထဲ၊ media ထဲပါကောင်းရုံသက်သက်မဟုတ်) တွေ နိုင်ငံနဲ့အဝှမ်းမြင်လာပြီး၊ လူထုနဲ့ ယဉ်ပါးလာမှ၊ သူတို့ကိုလည်းလူထုက သီးသန့်လူတန်းစားလို့မထင်မြင်မယူဆလာတော့မှ ဒီအခြေမျိုးယုံကြည်ချက်စွဲမှတ်လာပါလိမ့်မယ်။ ဒါကလဲအချိန်တော်တော်ယူရပါလိမ့်အုံးမယ်။

အနာဂါတ် မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုမျိုးဖြစ်နိုင်သလား။

ဒီအချက်ဟာ တည်ဆဲအစိုးရတွေရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးအပါအဝင်၊ ခက်မကြီး(၅)ဖြာစလုံးက ပွင့်လင်းပြီး၊ စည်းချက်ကျကျ မောင်းနှင်လာမှသာ (transparency and harmony) အာမခံချက်က ရှိလာနိုင်ပါမယ်။ လိုက်လျောညီထွေရှိလာနိုင်ပါတယ်။ လူထုရော အစိုးရအဆက်ဆက်တိုင်းက တပ်မတော်ရဲ့ပူးပေါင်းပါဝင်မှု၊ အာဏာခွဲဝေကျင့်သုံးမှုတွေကို နှစ်ဦးနှစ်ဖက် နားလည်မှုအပြည့်ရှိနိုင်မှုအတိုင်းအတာအပေါ်၊ ကျင့်းသားရလာမှုတို့အပေါ်မှာ များစွာတည်ပါတယ်။

အခြေခံဥပဒေ မှာ တပ်မတော်ရဲ့သီးခြားရပ်တည်အာဏာသုံစွဲခွင့်ဟာ အာဏာကို အချိန်မရွေးကိုင်စွဲသုံစွဲခွင့်၊ ရယူခွင့်၊ လွှတ်တော်တွေမှာ ပါဝင်ခွင့် mandate တွေဆိုတဲ့ပြဌာန်းချက်တွေဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာကိုကျဆင်းခြင်းမကကျဆင်းစေယုံမဟုတ်ဘဲ၊ အစိုးရအဆက်ဆက်ရော၊ လူထုကိုပါ ဒါဟာ မရှိမဖြစ်တဲ့ကိစ္စပါလားလို့ သိမှတ်မှားစေပါတယ်။

လက်ရှိအခြေခံဥပဒေက တပ်မတော်သားတွေကိုဥပဒေပြုမှုအာဏာ (၂၅%) ပေးထားတဲ့ကိစ္စကရော။

ဒါကတော့ရှင်းပါတယ်။ နိုင်ငံတကာဒီမိုကရေစီစံနှုန်း နဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တဲ့ ပြဌာန်းချက်တွေပါ။ တပ်မတော်ရဲ့ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူဒေါ်အောင်ဆန်ူစုကြည် အပြင် နိုင်ငံတကာကရော၊ ပြည်တွင်းကပါ လက်ညှိုးထိုးဝေဖန်ဖြစ်တင်စရာဖြစ်နေတဲ့ကိစ္စဖြစ်နေပါတယ်။ ဒါကိုအချိန်တခုသတ်မှတ်ပြီးပြန်ရုတ်သိမ်းရပါမယ်။ ဒါကိုလည်းပြီးခဲ့တဲ့ ရွေးကောက်ပွဲအကြို တီဗွီ မဲဆွယ်ဟောပြောတဲ့အချိန်မှာဒေါ်စုကထောက်ပြသွားပါတယ်။ ဒီကိစ္စကို လက်ရှိအစိုးရက တီဗွီမှာ ဆင်ဆာမလုပ်ခြင်းဟာ ထူးခြားတဲ့အချက်ဖြစ်နေတာကိုသတိပြုကြပါ။ တပ်မတော် ကို professional အသွင်ကူးပြောင်းရေး၊ တပ်မတော်သိက္ခာပြန်အဖတ်ဆယ်ရေးဟာ ဒီဖွဲစည်းပုံအခြေခံဥပဒေပြဌာန်းချက်များပြင်ဆင်နိုင်ရေး၊ လူထုနဲ့တပ်မတော် တပြေးညီဖြစ်လာရေးတို့အပေါ်မှာများစွာမူတည်နေပါတယ်။

တပ်မတော်ရဲ့ဦးတည်သင့်တဲ့အခြေအနေ။

လူရိုသေရှင်ရိုသေ တပ်မတော်ဖြစ်ဘို့အချိန်ယူရပါအုံးမယ်။ အဓိက ကတော့ professional အသွင်ကူးပြောင်းဘို့၊ တပ်မတော် သင်တန်းကျောင်းတွေအားလုံးရဲ့ လေ့ကျင့်ရေးလက်စွစြာတမ်းတွေပြန်လည်သုံးသပ်ပြင်ဆင်ဘို့၊ အုပ်ချုပ်ရေးအဆင့်ဆင့်ကိုပြန်ပြင်ဆင်ဘို့၊ တပ်မတော်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ ပြန်ပြင်ဆင်ဘို့၊ ဝန်ထမ်းအဖွဲအစည်းအဖြစ်မြင်လာအောင်ပြင်ဆင်ဘို့၊ တည်ဆဲ့ဥပဒေ၊ နည်းဥပဒေတွေရဲ့ပြဌာန်းချက်အားလုံးဟာ ဟာ သာမာန်ပြည်သူတွေလိုဘဲ တူညီတဲ့ ပြဌာန်းချက်ဖြစ်နေဘို့၊ demilitarize တပ်အင်အားလျောှချပြီး၊ အမြဲတမ်းတပ်များအပြင် အရန်တပ်များဆိုပြီးဖွဲ့စည်းဘို့ လိုအပ်ပါတယ်။

4 comments

  • yama nya

    April 12, 2012 at 10:38 am

    ဟုတ်တယ်ဗျ ။ ကာကွယ်ရေးဝန်ကြီးထက် ကယ်ကွယ်ရေးဦးစီးချုပ် အထက်ရောက်နေတာကိုက သဘာဝ မကျတာ ။ ခေတ်မီပြီး အင်အားခိုင်မာတောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ကတော့ ရှိသင့်တာက အမှန်ပဲ ။ ထိုင်းနယ်စပ်နဲ ့ ဘင်္ဂလား ရေပြင်မှာ ကျနော်တို ့ နိုင်ငံ သိက္ခာကျခဲ့ရတယ် မဟုတ်လား ။ ဒါပေမယ့် လက်နက်အားကိုးနဲ ့ ကိုယ့် လူထုကို အနိုင်ကျင့်တဲ့ တပ်မတော်တော့ မဖြစ်သင့်ဘူးပေါ့ ။ ဖွဲ ့စည်းပုံအရ တပ်မတော်က လွယ်လင့်တကူ အာဏာသိမ်းနိုင်သည်ဖြစ်စေ မသိမ်းနိုင်သည်ဖြစ်စေ သူတို ့သိမ်းချင်ရင် သိမ်းလို ့ရတာတော့ အမှန်ပဲ ။ ထိုင်းကိုပဲ ကြည့်ပေါ့ ။ လူတွေရဲ ့ အသက် ၊ အိုးအိမ် ၊ စည်းစိမ်တွေကို ပျက်စီးစေနိုင်တဲ့ လက်နက်တွေ ကိုင်ထားတာကိုး ။ ပြောရရင် အများကြီးပေါ့ဗျာ ။

  • ကိုမိုးညိုရေ——

    ဘာကောင်မှန်းမသိတဲ့ စစ်တပ်က ကောင်တွေက တော့
    သက်ဆိုးရဖည်ဖို ့ရသလောက်လုပ်ကြအုံးမှာဘဲပေါ့။နို ့
    မဟုတ်ရင်လဲ ထောင်နန်းစံရမှာ သိပြီးသားလေ။

  • zaw min

    April 12, 2012 at 9:43 pm

    လောလောဆယ်တော့ မြန်မာ့တပ်မတော် အထက်မှာ မောင်လပြည့်လေးရှိတယ်။နေပူတော် မှ ရန်ကုန်သို့သွားမယ့်လေယာဉ်တောင် အထူးသံတမာန်ကိုစောင့်နေတာပါဆိုပြီး သူကို့စောင့်ပေးနေရတာလေ။
    မီးမီးသော်ရေ…စာရေးသူက ဦးမိုးညိုပါ..။

  • Lwin Aung

    April 13, 2012 at 3:07 pm

    Military should defend for our country. But now it is confused because of insurgent or rebel ( one side view ) and nationalist ( other side view ). Discussion or Negotiation can only solve the problem. Any military cause fire or trouble their enemy villages for example US military’s Vietnam war history .

Leave a Reply