ရိုးရိုးလေးပါပဲ
–
–
–
–
–
–
–
–
–
–
–
–
++++++++++++++++++++++++++++++
ရိုးရိုးလေးပါပဲ
ဟိုရှေ့က ငှက်လေးတွေ
တေးဆိုနေကြတယ်လေ …
ရိုးရိုးလေးပါပဲ
ဟိုနားက ပန်းလေးတွေ
ပွင့်လန်းနေကြတယ်လေ …
ရိုးရိုးလေးပါပဲ
အလင်းရဲ့ နှလုံးသားကို
အမှောင်က တစ်စတစ်စ
ဝါးမြိုချတယ်လေ …
ရိုးရိုးလေးပါပဲ
တိုးတိုးလေး သူကပြောတယ်
‘သိပ် ချစ်တယ်’ တဲ့ …
ရိုးရိုးလေးပါပဲ
တိုးတိုးပြီး ဖက်တွယ်ထားရင်း
အနမ်းများက နှုတ်ခမ်းနားမှာ
ခိုနားနေကြတယ် …
ရိုးရိုးလေးပါပဲ
အဲဒီ ညနေခင်းတွေ
ပြန်တွေးမိတိုင်းမှာ
ဝမ်းနည်းမျက်ရည်က
ပါးပြင်ထက်
အလိုလို စီးကျလာတတ်တယ် …
ရိုးရိုးလေးပါပဲ
ခိုးခိုးပြီး မျှော်လင့်မိတာ
သူ့အချစ်တွေကို
ပြန်လည် ရရှိဖို့ပါ …
ရိုးရိုးလေးပါပဲ
ဒီသံသရာ လောကထဲ
အသည်းကွဲဖူးတာလည်း
ကိုယ် တစ်ယောက်တည်းမှ
မဟုတ်တာပဲလေ ………….။
by – မောင်ရွာ
++++++++++++++++++++++++++++++
45 comments
mamanoyar
January 10, 2013 at 9:35 am
ကဗျာလေးကို လာဖတ်သွားတယ်နော်
ဦးဦးအံစာ အသဲကွဲဖူးလားဟင်
မဟာရာဇာ အံစာတုံး
January 10, 2013 at 9:57 am
အသည်းလား ????
ကွဲဖူးတာပေါ့ဗျာ …….
ဒါကြောင့် ဒီလို ကဗျာတွေ ထွက်လာတာပေါ့ ….
ပထမဆုံး အားပေးသွားတာ ကျေးကျေးပါ မမနိုရာ …
•*¨နန်းတော်ရာသူ •*¨
January 10, 2013 at 10:35 am
အတဲကွဲလို့ဘဲ ဂလောက်ကောင်းတဲ့စာတွေထွက်လာနိုင်တာပေါ့။
အရိုးပေါ်အရေတင်ပါပဲ
သူများလို ဘီယာဆိုင်မထိုင်ရလို့ ဗိုက်မရွှဲ
အရိုးပေါ်အရေတင်ပါပဲ
ဒိုးနတ်တွေဝယ်မစားနိုင်လို့ အဆီမတက်တယ်
အရိုးပေါ်အရေတင်ပါပဲ
အညောင်းထိုင်တာများလို့ ဝမ်းလည်းချုပ်တယ်။
အရိုးပေါ်အရေတင်ပါပဲ
တစ်လတစ်ခါအသည်းကွဲလို့ စိတ်ဓာတ်ပြဲတယ်။( :'( )
:kwi: :harr:
မဟာရာဇာ အံစာတုံး
January 10, 2013 at 12:18 pm
ယောက်ခမဂျီးကလည်း …
ဘာရို့ တစ်လတစ်ခါ အသည်းကွဲရဒါဒုံးးး 🙄
တားတားဒို့လို လူဂျိုလေးဒွေ ..
အသည်းကွဲဒယ် ဆိုဒါဂမှ
ဟုတ်ဟုတ် မဟုတ်ဟုတ် .. ဟုတ်တုတ်တုတ် နိုင်သေးးး
•*¨နန်းတော်ရာသူ •*¨
January 11, 2013 at 2:50 pm
တူ့ကိုယ်ဇားရေးပေးဒဲ့ဟာဂို ဗျဲ 🙁 :byae:
ဦးကြောင်ကြီး
January 10, 2013 at 10:04 am
ရိုးရိုးလေး
သိုးဖိုးဈေး
ပိုးမျိုးဌေး
ဂိုးရှိုးမေး
တိုးကျိုးပေး
ဒိုးကိုးထွေး
စိုးမိုးဖွေး
ဟိုးနိုးတေး..။
မောင့်ကျက်သရေ ဂီ့
January 10, 2013 at 10:07 am
အသည်းက တခါကွဲရင်
နာသွားရော…နာတော့ ရောင်တယ်..
ရောင်တော့ ပိုကြီးလာတယ် …ပိုကြီးလာတော့..
နောက်တယောက် ဆန့်သွားသပေါ့ဗျာ…
:harr:
အားပေးသွားပါတယ်ဗျို့ ….
ဦး ကျောက်ခဲ
January 10, 2013 at 10:07 am
အသည်းကွဲတာ ကော်ရည်သောက်လို့ပြန်မဆက်ဘူး ကိုအံစာရဲ့…..
ဟိုအရည်သောက်ပြီး မှောက်ပစ်လိုက်
:harr:
ဘဲဥ
January 10, 2013 at 10:08 am
နင် … တစ်ကယ်ပါ ရိုးရိုးလေးပဲလှနေတာ
ဆန်းဆန်းပြားပြား လုံးဝ မပါပါ…………..
ငါ… တစ်ကယ်ပါ ရိုးရိုးလေးပဲ ချစ်နေတာ
ဆန်းဆန်းပြားပြား လုံးဝ မပါပါ…………
တစ်ကယ်ပါ ……… ရိုးရိုးလေးလှတော့
ရိုးရိုးလေးပဲ………….. ချစ်တာပေါ့…………..
………………………….
နေအုံး ဂဏန်းပေါင်းလိုက်အုံးမယ်
အိုဘာဒဲ့…………
surmi
January 10, 2013 at 10:14 am
အသည်းကွဲတယ်ဆိုတာ ဘယ်အချိန်ကစခဲ ့မှန်းမသိ
ဒါပေမဲ ့ ………
ကွဲပြီးသူတိုင်းကတော့ သူများကွဲတာတွေ ့ရင်
စာနာတတ်သလို ၊ ဟာသလည်း လုပ်တတ်ပြန်တယ်
အကြံတစ်ခုပေးမယ်
ခဏခဏ မကွဲစေဖို ့ ပလပ်စတတ်အသည်းနဲ ့ လဲတတ်ထားလိုက်…….
:kwi:
မဟာရာဇာ အံစာတုံး
January 10, 2013 at 12:29 pm
+++++++++++++++
@ ဥဆာမိ
ဟေ့လူ .. ဥဆာမိ
ကျုပ်က ရင်ထဲက အချစ် ဆိုတဲ့အရာကို
အိုက်ဒီ အသည်းနဲ့ တင်စားထားဒါ ….
အချစ်တစ်ခု ပြိုပျက် တွားဒယ်ပေါ့ …
(သိရင်လည်း သိဒယ်လို့ မှတ်)
ဒီတော့ကာ … ကျုပ် ပေါလိုဒါကတော့ …
တဂယ့် အသည်းဂိုဒေါ့ ပလက်စတစ် အသည်းနဲ့ မလဲလိုဂျောင်းး
လဲရင် ဂန့်တွားနိုင်၍ ဖစ်ဘာဂျောင်းးးး
++++++++++++++
@ ဥကြောင်ရီး
ဟိုးနိုးတေး ဆိုးဆိုးလေး
တိုးတိုးမွှေး ရိုးရိုးတွေး
မိုးမိုးရေး စိုးစိုးပေး ……။
+++++++++++++++
@ ကိုဂီ
အွန် …..
အဲ့လိုဂျီးလား ….
ဒါဆိုရင်တော့ ..
အသည်းကွဲလေ နောက်ထပ် အများကြီး ရလေပေါ့ …
အားပေးသွားတာ ကျေးဇူးဗျို့ …….။
+++++++++++++++++++
@ ဥကျောက်
ဟေ့လူဂျီးး
စကားကို ချင်းချင်းပေါဘာ ..
ကျုပ်ကို ဘယ်အရည် သောက်ခိုင်းနေဒါဒုံးးး
+++++++++++++++++++++
@ ဘဲဥ
ဟဲ့ …. ဘဲဥ
ဟိုမှာ နင့်မိန်းမ လိုက်လာတယ် …
လက်ထဲမှာလည်း တုတ်ဂျီးနဲ့ …
နင်တော့ သေပီတာမှတ် …
+++++++++++++++
ဗုံဗုံ
January 10, 2013 at 10:37 am
ရိုးရိုးလေးပါဘဲ
ဒီတစ်ယောက်နဲ့လွဲသွားတာ
သူ့ထက်ပိုချစ်တတ်တဲ့ တစ်ယောက်နဲ့ တွေ့ဖို့အတွက်ပေါ့ 🙂
Mon Kit
January 10, 2013 at 10:41 am
မောင်အံဇာ.. အသည်းကွဲ ဖူးတာကောင်းတာပေ့ါ.. ဒါမှ ဒူပေဒါပေခံနိုင်မှာ…
အသည်းက ဖြူစင်လွန်းရင် ကောင်းဝူးးး… :kwi:
အံမာလေး.. ကွန်မန့်ပေးရတာ ခက်ထှာနော်… :byae:
သူကြီးရေ… ရက်စက်ချက်…
ညလေး
January 10, 2013 at 10:44 am
အဆိုတော် နီနီခင်ဇော် က အသဲကွဲ တာကို ဝဲစွဲ သလိုမျိုး ကုတ်ကုတ်ကုတ်နေတာ….တဲ့..
အူးအံချာတုန်း က တကယ်တော…..ရိုးရိုးလေးပါဘဲ လို.လဲ ပြောကြပြန်တယ်…
ဘယ်ဟာ အမှန်လဲ ဗျာ…..
မဟာရာဇာ အံစာတုံး
January 10, 2013 at 12:39 pm
+++++++++++++++++++++++
@ ညလေး
အမြင် မတူကြဘူးလေ ….
ခံယူပုံချင်းလည်း ပြောင်းတာပေါ့ ….
တစ်နေရာကို ရောက်ဖို့အတွက်ဆိုရင် …
လမ်းတွေက အများကြီးပဲလေ ….
ခုလည်း ဒီလိုပေါ့နော် …
ကျနော့်ရဲ့ အမြင်မှာတော့ ဒီလို အသည်းကွဲတယ်ဆိုတာ
လူအများစု ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ရိုးရိုးလေး အဖြစ်ပါပဲလို့ ……။
+++++++++++++++++
@ ဗုံဗုံ
အဟမ်းးးး ဟမ်းးး
ဟို ဘုရင်ကြီး ဆုတောင်းလို ဖစ်နေရင်ကော
ဘိုလုပ်မဲ ….
သူ့ထက် ချစ်တတ်တဲ့လူ မဟုတ်ဘဲ ..
သူ့ထက် ဆိုးတဲ့လူ ဖြစ်နေမှ ဒုတ်ခွ …….။
++++++++++++++++++++
@ Mon Kit
အန် … အသည်းကွဲဖူးတာ ကောင်းတာပေါ့ဒဲ့ ….
ဟုတ်လောက်ပါတယ် …
ခဲမှန်ဖူးတဲ့ စာသူငယ် လိုပေါ့ ….. အဟီးးး
+++++++++++++++++++++++
kai
January 10, 2013 at 10:51 am
Heartbreak နှလုံးကွဲတယ်လုပ်ကြပါကွယ်..
တို့မြန်မာတွေများ.. ပြောလိုက်ရင်တော့..လွန်ခဲ့တဲ့အနှစ် ဘယ်နှသချေ်.. သချာ်.. ဒေဝဒတ်လောင်းလျှာ.. ရွဲဆိုတဲ့အလုံးတွေရောင်းတော့.. ဘယ်လိုလုပ်တယ်.. ဘယ်လိုစိတ်ရှိတယ်.. ခံရတယ်ဆိုတာကအစ.. အသေးစိတ်( စာပေမှတ်တမ်းမရှိ) ဒိဗ္ဗအသိ.. အမြင်နဲ့.. အသေးစိတ်သိကြတယ်..။(ဆိုတာပဲ)
ကိုယ့်ဗိုက်ထဲက.. အသဲ(Liver) နဲ့..နှလုံး(Heart) ကျ.. ဘယ်ဟာကဘယ်နေရာနေမှန်း.. ဘာကိုတင်စားမှန်းမကွဲဘူး..
အာဟိ..အာဟိ..။ :kwi:
Mon Kit
January 10, 2013 at 11:05 am
ဟယ်.. နာ တို့ကို သူကြီး ဝင်ဆော်တွားပီ.. :byae:
ဦး ကျောက်ခဲ
January 10, 2013 at 11:17 am
သူကြီး
နှစ်လုံးဆိုရင် “ရှော့” ရှိတယ် ခင်ဗျ…..
တော်ကြာ ဘယ် “နှစ်လုံး” ကို ရည်ရွယ်တာလဲမေးရင် အပိုတွေဖြေနေရဦးမယ်….
:harr:
5 + 12 = 17 (Yes I am a human)
ဦး ကျောက်ခဲ
January 10, 2013 at 11:25 am
မွှားလို့
“နှစ်လုံး” မှဟုတ် “နှလုံး” ……
ဟမ်း….. ဂဇတ်ထဲ သရဲတွေဝင်ပြီး စာဖတ်နေပြီနဲ့တူတယ်….
:harr:
7 + 5 = 12 ( ကျွန်တော် မောင်ကျောက်…. “လူ” ပါခညာ )
မဟာရာဇာ အံစာတုံး
January 10, 2013 at 12:44 pm
ဒီမှာ .. ဘဂျီးးး
အသည်းဗျ … အသည်းး
အသဲ မဟုတ်ဘူးးး သေသေချာချာ ကျည့်ဘာ .. ငွင်းး ငွင်းး
ဒါ့ထက် …
အသည်းနှလုံး လို့ ပူးသုံးရင်ဂေါ ဘာဖစ်သတုံးဗျာ …
ဥကျောက် ပေါဒလိုဘဲ …
တစ်ခါတစ်ခါ စကားနဲ့ ပေါရရင် …
နှလုံး ဆိုဒါထက် .. အသည်းနဲ့ တင်စား ပေါဒါဂ ပိုပြီး နားရှင်းလို့မို့ ..
အိုက်ဒီလို သုံးဂျတာပေါ့လို့ ………
kai
January 10, 2013 at 3:15 pm
ဟင်..
သတ်ပုံဂိုဏ်းထဲဝင်လိုက်ပလား..၊ ဒုက်ခွ.. :kwi:
ဆိုတော့..
အသည်းနဲ့နှလုံး ခွဲကြည့်လိုက်ရင်..သိတာကိုတောင် သိအောင်မလုပ်ခဲ့တဲ့..သချာ်မတတ်တဲ့.. ရှေးစွန်းစွဲတွေစကားများ..
ယုံနေရသေးတယ်..။
( ဘာမဆိုင်ညာမဆိုင်.. ကြုံကစ်ကလေး.. ) :harr:
Hnin Hnin
January 10, 2013 at 4:00 pm
မောင်အံ မန့် မဖတ်ရခင်ကတည်းက အသည်းနှလုံး ကိုပဲ ပိုနှစ်သက်တာ..
” နှလုံး ကွဲတယ် ” ဆိုတာ တငြိုးကြီး..ပြီးတော့ စာချိုးကြီး…
(စာချိုးကြီး = တိုက်ရိုက် ဘာသာပြန်တာ)
” အသည်းနှလုံး ” ရဲ့ အဖျားဆွတ် တင်စားခေါ်ကြတဲ့ ” အသည်း ” ဆိုတာ
” သည်းသည်းကဲကဲ ချစ်တတ်သော နှလုံးသား ” လို့ ဆိုလိုရင်းပါ..
ဟုတ်လားတော့ သိဘူး… :kwi:
pooch
January 10, 2013 at 11:37 pm
ဘယ်လိုဖြစ်နေတာလဲ သူကြီး တင်စားထားတာလေ 👿
ဒါလေးက အစ လိုက်ပြီး ကပ်တွက်ပြောနေအုန်းမှာလား သူကြီးပြောသလို နှလုံးကွဲတယ်ဆို လူကြားလို့မှ မကောင်း
သူငယ်အံကတော့ သူ့မလဲ မရိုးရဘူး အသဲရော နှလုံးရော ကွဲနည်းတွေကို စုံနေတာပဲ ။ ဆင်ကော်ဆောင်ထားပါ့လား 😆
ခိုင်ဇာ
January 10, 2013 at 11:15 am
ခက်ပါ့။
စီကယူတီ ကွက်ရှင် လုပ်စရာရှားလို့ အင်မတန်မုန်းတဲ့ ဂဏန်းသင်္ချာပေါင်းခိုင်းနေသေး။
အရမ်းခက်တယ်။
မသကာ အချစ်ဦး၏ မွေးနှစ်ပြောပါတို့ အသက်ပြောပါတို့ဆို လွယ်လွယ်မြန်မြန်ပြောရသေး။
ခု မောင်အံစာ ဒီ စာကို ကြိုက်တယ်လို့ ဝင်ပြောချင်တာ ဂဏန်းပေါင်းစက်ရှာပျင်းလို့ပါဆို။
မောင်အံစာ အားပေးသွားတယ်။
“””ဒီသံသရာ လောကထဲ
အသည်းကွဲဖူးတာလည်း
အံစာ တစ်ယောက်တည်းမှ
မဟုတ်တာပဲလေ ………….။”””
နှလုံးကတော့ သူကြီးပဲ ကွဲလိမ့်မယ်။ :kwi:
မဟာရာဇာ အံစာတုံး
January 10, 2013 at 12:47 pm
အားပေးတွားလို့ ကျေးကျေးဘာ မမခိုင်ဇာ ..
ဂဏန်း ပေါင်းစက်ဂျီးလည်း ပျောက်တွားဘာဘီ …
ဒါနဲ့ …
သူကြီး နှလုံးကွဲရင် ဘူ အရင်ငိုမဲ ….
ခိုင်ဇာ
January 10, 2013 at 1:19 pm
သူကြီးပဲ အရင် ငို ရမယ် ထင်ပါတယ်။
ခင်ခ
January 10, 2013 at 12:27 pm
အသည်းဘဲကွဲသည်ဆိုစေ နှလုံးဘဲကွဲသည်ဆို ဘာဘဲကွဲကွဲ ဦးကျောက်ခဲပြောသလို
အသည်းကွဲတာ ကော်ရည်သောက်လို့ပြန်မဆက်ဘူး ကိုအံစာရဲ့…..
ဟိုအရည်သောက်ပြီး မှောက်ပစ်လိုက် ဆိုတာတော့ မကြုံးဝင်ပါကြောင်း ထပ်လောင်းပြောမယ်ဗျာ။
ခင်ခ
January 10, 2013 at 12:29 pm
အကြုံးဝင်ပါကြေင်း ထပ်လောင်းပြောမယ်ပါ။ ( အမှားပြင်ချက် )
မဟာရာဇာ အံစာတုံး
January 10, 2013 at 12:50 pm
ဘာဗန်ဗီ …
ကျုပ်ကို ဟိုအရည်ဘဲ သောက်ခိုင်းနေဂျဒယ် …
လူဇိုးဂျီးဒွေ …. အဟီးး
အားပေးသွားတာ ကျေးကျေးဘာဂျ …
ခင်ခ
January 10, 2013 at 1:14 pm
ဪ သဘောကလည်း ပေါက်ရန်ခဲဗျာ
သောက်မလို့ အဖော်မရှိဘူး ပြောလိုက်ရင် ပြီးရော။
ဒါဆို အဖော်မရှိလို့သွားတာပါဆိုပြီး မဒမ်ကို အကြောင်းပြကာ ဒီက လာမလို့ဟာ။
ဘာမှန်းလည်းသိဘူး လူဇိုးဂျီးဒွေ တဲ့။
အရီးခင်လတ်
January 10, 2013 at 4:34 pm
ဒီလိုပါဘဲ။
“ရိုးရိုးလေးပါဘဲ”တဲ့ ပြောကြမယ်။
သူ့ကိုမှ လက်မတွဲ ရင် သူ့ဘဝ ပျက်တော့မတဲ့။
တကယ်ထားခဲ့ကြည့်။
ဘာမှ မဖြစ်ပါဘူး။
ကိုယ့်ထက်သာတာတောင် ရှာသွားနိုင်ရဲ့။
သူ့ကို အသည်းခွဲခဲ့ရကျိုးနပ် သလိုတောင်ရှိသေး။
မဆန်းပါဘူး။
လူဆိုတာ ကိုယ့်ကိုယ်ကို အရင်ချစ်သင့်တာ။
ရိုးရိုးလေးပါဘဲ။
(ဟိ ဟိ – အရီး ဝင်ပွါးသွားသည်။ ဘာကိုမှ မရည်ရွယ်ပါ)
:harr:
မဟာရာဇာ အံစာတုံး
January 10, 2013 at 8:41 pm
အရီး …
ခုလို ဝင်ပွားပေးဒါ ကျေးကျေးဘာ …
အနော် ကြားဖူးထားဒါဂ ..
လူဆိုတာ …
ကိုယ့်ကိုယ်ကို အရင် ချစ်ပြီးဒါးဒဲ့ ….
သူညားဂို ဂျစ်ဒယ် ဆိုဒါလည်း ကိုယ့်လောက်တော့ ချစ်ဘာဘူးဒဲ့ ….
ဟုတ်လားဒေါ့ .. သိဝူးးး ကြားဖူးဒါ .. အဟီးး
ကြည်ဆောင်း
January 10, 2013 at 4:52 pm
ဒီလိုအသဲကွဲဘူးလို့လဲ ဒီလိုကဗျာတွေ စာတွေ ရေးနိုင်နေတာမို့လား
များများအသဲကွဲခံလို့ စာတွေကဗျာတွေ များများပိုရေးနိုင်ပါစေ….
အလင်းဆက်
January 10, 2013 at 8:09 pm
ရိုးရိုးလေးပါပဲ ..မီတူး…အဲ..ဟုတ်ပေါင်….
ရိုးရိုးလေးရေးထားတာလေးကို..
ရိုးရိုးလေး.ဖတ်သွားမိပါဒယ်..ခည။.
🙂
မောင်ပေ
January 10, 2013 at 8:48 pm
ရိုး ရိုး လေး
ဖိုး ဖိုး ပေး
ဂျိုး ဂျိုး ကွေး
ပျိုး ပျိုး ဆေး
နှိုး နှိုး မေး
တိုး တိုး အေး
ဂန္ဓာရီ ဆြာအုပ်
January 11, 2013 at 3:56 pm
ကိုပေကတော့လုပ်ပြီ
အပျိုတွေလှလို ဟုတ်ပြီ
အကိုတွေထလို့တုတ်ပြီ
အလိုတွေဝလို့ သုတ်ပြီဗျို့
မဟာရာဇာ အံစာတုံး
January 10, 2013 at 8:59 pm
@ ပေါင်မေ
တိုးတိုးအေး ခိုးလိုးလေး
စိုးစိုးမွှေး ခိုးခိုးတွေး
ရိုးရိုးလေး (ကျိုက်ထီးရိုး တွားဒီ)
+++++++++++++++++++
@ ကြည်ဆောင်း
အမငေးးး
ဆုတောင်းဂ ကျမ်းလိုက်ဒါ …
ဖလားးး ဖလားးး
အိုက်လိုဂျီးဒေါ့ ခီဏ ခီဏ ကွဲရဘာစေနဲ့ …
++++++++++++++
@ အလင်းဆက်
ရိုးရိုးလေး ဖတ်တွားဒဲ့
အလင်းဆက်ကိုလည်း
ရိုးရိုးလေးဘဲ ကြောလိုက်မယ် ..
ကျေးကျေးဘာဘဲကွယ် ….
++++++++++++
Mr. MarGa
January 10, 2013 at 9:25 pm
ရိုးရိုးလေးပါပဲ
မင်းအကြောင်း ငါတွေးတယ်
ရိုးရိုးလေးပါပဲ
မင်းနဲ့ ငါချစ်ခဲ့
ရိုးရိုးလေးပါပဲ
တစ်နေ့တော့ ငါရစ်ခဲ့
ရိုးရိုးလေးပါပဲ
နောက်တော့ လင်မယား
ရိုးရိုးလေးပါပဲ
အခုတော့ အိုပြီလား
:harr:
မဟာရာဇာ အံစာတုံး
January 10, 2013 at 9:45 pm
အိုပြီပေါ့ ……
ရိုးရိုးလေးပါပဲ ..
ခညားဂ လိုအိုဂျီးဘဲ …
ရိုးရိုးလေးပါပဲ …
ကျုပ်က လူဂျိုလေးဘဲ ….
:kwi:
လုံမလေးမွန်မွန်
January 10, 2013 at 10:57 pm
အတဲကွဲနေသလား…
အရက်ကို အမူးတောက်ပီး အတဲကွဲတချင်းဖွင့်ပီး ငိုဘာ..
အစားနဲ့ပါးစပ် မပြတ်အောင်စားဘာ…
အတဲပြန်ဆက်တွားဘာလိမ့်မယ်… 🙂
ဂန္ဓာရီ ဆြာအုပ်
January 11, 2013 at 4:03 pm
မောင်အံစာ အသဲကွဲ
သန်းခေါင်ယံမှာ တဗျဲဗျဲ
ကြောင်ဝရံတာ တွဲလဲ
ဘောင်ထရံပါ ဆွဲဖြဲ
နောက်ဆုံးတော့ ပေါင်ခြံမှာ ဝဲစွဲ
ကိုပေါက်(မန္တလေး)
January 11, 2013 at 10:12 pm
မောင်အံ
မင်းနဲ့ငါနဲ့တွေ့ခဲကြ
လမ်းဘေးကလက်ဖက်ရည်ဆိုင်
ငုတ်တုတ်ထိုင်
နှစ်ခွက်စာမတတ်နိုင်တော့
အချိုရဲရဲတစ်ခွက်မှာ
ရေနွေးပွားကာတစ်ခွက်စီမော့
စကားလုံးတွေနဲရောချ
အစီခံထိနေတဲ့ ပေါ့တိုကို တစ်လှည့်စီဖွာ
ဒါပေမယ့် ပျော်ခဲ့ကြရတယ်လေ
ပြန်စဉ်းစားရင်လွမ်းစရာ
အင်းးးးးးးးးးးးးးးးးးးးးးးးး
ဘဝဆိုတာ
ရိုးရိုးလေးပါဘဲ။
ရွှေ ကြည်
January 12, 2013 at 10:30 am
ငါ့မောင် ရိုးရိုးလေးပဲတွေးလိုက်ပါ အသည်းကွဲလည်း (သို့) နှလုံးကွဲလည်း အသက်ကတော့ဆက်ရှင်နေရမှာပဲလေ။
စားဝတ်နေရေးကပိုအရေးကြီးပါသကွဲ့
မောင်ထက်ကြီး(မုံရွာ)
January 12, 2013 at 2:48 pm
အသည်းကွဲပေမယ်.အသက်ဆက်ရှင်နေမှာကတော.ဟုတ်ပါတယ်ဗျာ..
နှလုံးကွဲရင်တော.မဖြစ်နိုင်ဘူးထင်ပါတယ်ဗျာ…..
ရွှေ ကြည်
January 12, 2013 at 9:58 pm
အွန်