– – ++++++++++++++++++++++++++++ ++++++++++++++++++++++++++++   ချစ်ခြင်း၏ အရှင်သခင် ကျွန်ုပ် တိုင်တည်ပါရစေ … အသင် ထည့်ပေးထားခဲ့သော ကျွန်ုပ်၏ ရင်ဘတ်တွင်းမှ အသင်၏ ကျေးကျွန်များအား ပြန်လည် ခေါ်ငင်လှည့်ပါ … အသင် အသက်သွင်းခဲ့သော ကျွန်ုပ်၏ ရင်ခုန်သံ ယန္တရားအား လာရောက် ရပ်တန့်ပေးလှည့်ပါ … အသင် တည်ဆောက်ပေးခဲ့သော ကျွန်ုပ်၏ အိပ်မက် ကမ္ဘာအား ပြန်လည် ဖျက်ဆီးပစ်လှည့်ပါ … အသင် ယူဆောင်သွားခဲ့သော ကျွန်ုပ်၏ ညများစွာကိုလည်း ပြန်လည် အသက်သွင်းလှည့်ပါ … အသင် တပ်ဆင်ပေးခဲ့သော ကျွန်ုပ်၏ ကဗျာရေးတတ်သည့် လက်ကိုလည်း ပြန်လည် သိမ်းဆည်းလှည့်ပါ … အို … သခင် အပင်များ အစိမ်းရောင် […]


+++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++   မနက်ခင်း …. ပြတင်းတံခါးကို တွန်းဖွင့်လိုက်ချိန် … အအိပ်မက်တဲ့ နေ … ရောက် မလာသေးပေ ……..။   လေညှင်းတွေက အလုအယက် … ငါ့ကို …. ဇွတ်တိုး ဖက်ကြတယ် ……။   တိတ်ဆိတ်ဆဲ ပတ်ဝန်းကျင်ကြားက ငှက်ငယ်လေးတို့ရဲ့ တွန်ကျူးသံတွေဟာ မနက်ခင်း၏ ဟန်ပန် ခေါင်းလောင်းသံလေးတွေများလား ……။   အမှောင်တွေ ကင်း မိုးလင်းစ ကောင်းကင်အောက်မှာ စပါယ်ဖြူတွေ ပွင့်လန်းနေကြတာလည်း နှစ်သက်၊ ကြည်နူးစရာပါပဲ ……။   ဒီမနက်ခင်းလေးထဲ … သစ်ရွက်လေးတွေလည်း ငြိမ်သက် ရစ်ပတ်ဖို့ မရည်စူး ဒါပေမယ့် ချစ်တတ်ရင် မနက်ခင်းရဲ့ အလှဟာ သိမ်းပိုက် ထားချင်စရာ […]


– – – – – – – – – – – – ++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++   မိုးရိပ်ဆင် … တိုးတိတ် ရင်ခွင် … မင်း ပုံရိပ်တွေ ထင်တာတိုင်း … ဒီလူမှာ အရူးတစ်ပိုင်း ………..။   နေကပူ … ဖြေမရ သူ … အပြင်မှာ တောက်ပပေမယ့် … ကောက်မရ၊ အောက်ကျနေတာ ငါ့ရဲ့စိတ် ………..။   အအေးဓာတ် … အနွေးဓာတ်မဲ့တဲ့ ရင်ခွင် … သူ့ အငွေ့အသက် … ပြေးထွက်သွားခဲ့ အဝေးဆုံး … ပြန်ရနိုင်ဦးမလား …………….။   […]


– – – – – – – – – – – – ++++++++++++++++++++++++++++++ ရိုးရိုးလေးပါပဲ ဟိုရှေ့က ငှက်လေးတွေ တေးဆိုနေကြတယ်လေ … ရိုးရိုးလေးပါပဲ ဟိုနားက ပန်းလေးတွေ ပွင့်လန်းနေကြတယ်လေ … ရိုးရိုးလေးပါပဲ အလင်းရဲ့ နှလုံးသားကို အမှောင်က တစ်စတစ်စ ဝါးမြိုချတယ်လေ … ရိုးရိုးလေးပါပဲ တိုးတိုးလေး သူကပြောတယ် ‘သိပ် ချစ်တယ်’ တဲ့ … ရိုးရိုးလေးပါပဲ တိုးတိုးပြီး ဖက်တွယ်ထားရင်း အနမ်းများက နှုတ်ခမ်းနားမှာ ခိုနားနေကြတယ် … ရိုးရိုးလေးပါပဲ အဲဒီ ညနေခင်းတွေ ပြန်တွေးမိတိုင်းမှာ ဝမ်းနည်းမျက်ရည်က ပါးပြင်ထက် အလိုလို စီးကျလာတတ်တယ် … ရိုးရိုးလေးပါပဲ ခိုးခိုးပြီး […]


ခုဟာက မိုးတွင်းဆိုတော့ ….. ကျနော် အရင်က ရေးသားခဲ့ဖူးတဲ့ မိုးနဲ့ ပတ်သက်တဲ့ကဗျာလေးတွေကို ဒီရွာကြီးက ကဗျာချစ်သူတွေနဲ့ မျှဝေ ခံစားချင်ပါတယ် … သို့ဂလိုကြောင့် အောက်က ကဗျာလေးတွေကို မျှဝေခံစားဖို့အတွက် ရေးသား ဖော်ပြလိုက်ပါကြောင်း ………   ချစ်သူ = မိုး   မိုးက အငြိုးနဲ့ရွာ လေတွေလည်း ပါတယ် … သစ်ပင်တွေ ယိမ်းထိုး အငြိုးနဲ့မိုးရယ် ငါ့တစ်ကိုယ်လုံးကို ရွှဲရွှဲစိုစေတယ် … မနက်က နေသာလို့ ထီးက မပါ ဒီလိုအခါမှ မင်းက တအားရွာချတယ် …. မင်း ရက်စက်တယ်ကွယ် ……….. ။   ____________ မိုးနဲ့အတူ …….   မိုးစက်လေးတွေ တဖွဲဖွဲ […]


အဖြူလို့ သမုတ်ထားပေမယ့် ခပ်နွမ်းနွမ်းရယ်ပါ … အပြာရောင် မသန်းနိုင်တော့တဲ့ ကောင်းကင်ရဲ့ ဇာတ်လမ်းကလည်း မိုးတိမ်တွေနဲ့ပဲ တစ်ခန်းရပ်ခဲ့ … ဒါကိုပဲ ပြောကြတယ် မိုးတွင်း မို့လို့ … တဲ့ စိမ်းလဲ့လဲ့ သစ်ရွက်က ချစ်ခြင်းရဲ့ နိမိတ်ပါဆိုရင် ကျုပ်ရင်ထဲ ဝင်ကြည့်လှည့် ရော်ရွက်ဝါတွေက ပျူငှာစွာ ကြိုဆိုနေပါလိမ့်မယ် … စိတ်တိုတိုနဲ့ ခဲတစ်လုံး ကောက်ကိုင်ပြီး အဝေးကြီး ပစ်ချလိုက်တယ် … ဆုတစ်ခုတော့ တောင်းလိုက်မိရဲ့ ကျုပ်ရဲ့ ကြေကွဲမှုတွေ အဲဒီ ခဲနောက် ပါသွားပါစေ … ဒေါက်ခနဲ ပြန်ကျ ကိုယ်ပစ်တဲ့ ခဲ ကိုယ့်ခေါင်းကို ပြန်ထိကာမှ အသိတစ်ခုရ ပေါက်ကွဲမှုတိုင်းဟာ ကိုယ့်ဆီကို ပြန်ရောက်လာတဲ့အခါ မိအေး နှစ်ခါနာ ဖြစ်ရပါလား ………….. […]


မိုးရိပ်ဆင် တိုးတိတ်ရင်ခွင် မင်းပုံရိပ်တွေထင်လာတိုင်း ဒီလူမှာ အရူးတစ်ပိုင်း ….. အအေးဓာတ် အနွေးဓာတ်မဲ့တဲ့ ရင်ခွင် သူ့အငွေ့အသက် ပြေးထွက်သွားခဲ့ အဝေးဆုံး ပြန်ရနိုင်ဦးမလား …… နေကပူ ဖြေမရသူ အပြင်မှာ တောက်ပပေမယ့် ကောက်မရ အောက်ကျနေတာ ငါ့ရဲ့စိတ် ……. သဘာဝ ငါရလိုက်တဲ့ အမုန်းများ အရှုံးများ သစ်လွင် ဟိုတုန်းကဆိုတာ ငါ့မှတ်ဉာဏ်ပေါ်မှာပဲ အရုပ်ထင်ခဲ့ …… နွေကမ္ဘာ မဖြေသာဘူး ချစ်သူ မင်းပေးခဲ့တဲ့ ရက်စက်မှု ငါ့ကို ရူးသွပ်စေခဲ့ …….. မှောင်မိုက်ညဉ့် အသံကုန်အော်ဟစ် မင်းကို အရမ်းချစ်တယ် ….. ဘယ်သူမှမကြား မင်း လျစ်လျူရှုထားတဲ့ ရင်ထဲက .. ကြေကွဲနှလုံးသားနဲ့ …………. ။ မောင်ရွာ


အချစ် … အချစ် … အချစ် ဆေးလိပ်လေး တစ်လိပ်လောက်မှ သောက်မကောင်းတဲ့ အချစ် … မိုးတိမ်တွေ ဖုံးနေတဲ့ ကောင်းကင်ပြာလို အရောင်တွေ လွင့်ပြယ်သွားပြီဖြစ်တဲ့ အင်္ကျီတစ်ထည်လို အတောင်ကျိုး ငှက်တစ်ကောင်လို ဘာမှကို မကောင်းဘူး … သူများတွေ ပြောကြတာတော့ ပျော်စရာကြီး ကိုယ်တိုင် စမ်းစစ်ကြည့်တော့ ပျင်းစရာအတိ သူမှားလား ကိုယ်မှားလား မသိ လမ်းခွဲခဲ့၏ … အချစ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့စံချိန်ကို ရိုက်ချိုးလိုက်သော တာတိုပြေးသမားလို့ ကိုယ့်ကိုယ်ကိုပဲ ကင်ပွန်းတပ်လိုက်တယ် (လက်ဖက်မပါ၊ ကွမ်းမပါ) … ချိန်းတွေ့ခဲ့တာ ခုနစ်ခါ သိမ်းပြီး မေ့ခဲ့ရတာ တစ်သက်တာ ဟား … ဟား … နာကျင်စရာကြီးပဲ အတိတ်ကို စောင်းကြည့်တော့ အဆိုတော်ကြီးရဲ့ […]


အနေ မနီးရသေးပေမယ့် ငါ့ရင်ထဲမှာ နင်အမြဲရှိတယ် မင်းအလှက ရင်ကိုနှောင်တွယ် ယောင်လိုက်တိုင်းလည်း မင်းနာမည် ‘ … ‘ အရမ်းချစ်နေမိတယ် ကောင်မလေးရယ် ……….. ။ မောင်ရွာ  


အသက်ရှူသံတွေကြားမှာ ပေါက်ဖွားလာခဲ့တဲ့ ရင်ခုန်သံတစ်စုံဟာ အဲဒီ အသက်ရှူသံတွေကြားမှာပဲ ပျောက်ဆုံး၊ ပျက်စီးသွားခဲ့တယ် …. အိပ်မက်တစ်ခုကို မက်လိုက်ရသလိုပါပဲ … နိုးထလာချိန်မှာ ဖမ်းဆုပ်မရတော့ပေမယ့် ဝေဒနာ ဒဏ်ချက်တွေကတော့ ယနေ့အချိန်ထိပဲ ငါ့ နှလုံးသားကို ရိုက်ခတ်ဆဲ …..။ မောင်ရွာ (သူမ မဖတ်ခဲ့သော ကဗျာများ)


ပုရွက်ဆိတ်တွေက ကမ္ဘာကိုကြီးစိုး ပုတ်သင်ညို ဂေါ်ဇီလာလို ဖြစ်တဲ့အခါ မင်း ငါ့ကို မေ့သွားမှာလား … သစ်ပင်တွေ ခြေထောက်ပေါက်လို့ ရောက်တတ်ရာရာ လမ်းသလားနေကြတဲ့အခါ မင်း နှလုံးသားထဲမှာ ငါ တည်မြဲခွင့် ရှိပါ့မလား … နေက အေးပြီး လက ပူ သန်းခေါင်ယံ ဆူညံပြီး နေ့အခါ တိတ်ဆိတ် မျက်လုံးကို စွတ်မှိတ် အိပ်ကြရတဲ့အခါ မင်း ငါ့ကို ပစ်ထားပြီး အခြားတစ်ယောက်နဲ့ ချစ်သွားမှာလား … လူထွင်တဲ့ စက်ရုပ်က လူတွေကို ပြန်တီထွင် ဆေးဝါးဆိုတာ မလိုအပ် တစ်ယောက်သေရင် ဆယ်ယောက် မွေးပေးနိုင်တဲ့ စက်ယန္တရားကြီးတွေ ပေါ်ပေါက်လာခဲ့ရင် တို့နှစ်ယောက်ကြားက သံယောဇဉ် မင်း လွယ်လွယ်နဲ့ ဖြတ်ချင်မှာလား … ကမ္ဘာကြီးက လေ့ထောင့်ကျ […]


လ မသာတဲ့ ညအခါ စီးကရက်ကို ဖွာ အပြီးသတ်ခဲ့တဲ့ဇာတ်ကို ပြန်လည် တွေးတောရင်းနဲ့ ငါ ‘အချစ်ဆိုတာ ဘာလဲ’ လို့ မေးဖြစ်ခဲ့တယ် … ရင်ထဲမှာ တစ်ယောက်တည်း ရှိခဲ့တာပါ ‘အချစ်ဦး’ ပါ လို့လည်း အကြိမ်ကြိမ် အခါခါ ပြောခဲ့ဖူးတယ် … ဟူး းးးးးးးးးးးးးးးး မင်းအတွက် ငါတကယ် ခံစားခဲ့ရဖူးတယ် … ရင်နှင့်အမျှ ချစ်ခဲ့ပါတယ် အသစ်တွေလည်း မနှောင်ဖွဲ့ ဒီကောင်ရဲ့ အချစ်တွေဟာ မင်းအတွက် သီးသန့်ထားခဲ့တာပါ ဒါကို မင်း မမြင်တတ် ဇာတ်လမ်း ဖြတ်ဖို့ပဲ မင်း တတ်ခဲ့တယ် … အော် …. ဘာလိုလိုနဲ့ တစ်နှစ်တောင်ကျော်လွန်ခဲ့ အိုဘယ့် .. အချစ်ဟောင်းလေးရယ် ခုထိလည်း ငါ […]


  ကျနော်ဟာ ကဗျာကို ဝါသနာပါသူ တစ်ယောက်ပါ .. ။ မရေးတတ် ရေးတတ်နဲ့ ကဗျာတွေကိုလည်း မောင်ရွာ ဆိုတဲ့ ကလောင်အမည်ခံပြီး ရေးခဲ့တယ် … ။ ကလောင်အမည်ခံ ထားပေမယ့်လည်း မဂ္ဂဇင်းတိုက်တွေကိုတော့ ကျနော့်ကဗျာတွေကို ပို့ဖူးခဲ့တာတော့ မဟုတ်ပါဘူး။ အခု ကဗျာလေးကိုလည်း ဖတ်ရှုပြီး ဝေဖန်ပေးကြပါဦးလို့ … ။ ခင်မင်စွာဖြင့် မောင်ရွာ တစ်ဖြစ်လဲ အံစာတုံး