မိအေးနှစ်ခါနာ
- အဖြူလို့ သမုတ်ထားပေမယ့်
ခပ်နွမ်းနွမ်းရယ်ပါ …
- အပြာရောင် မသန်းနိုင်တော့တဲ့
ကောင်းကင်ရဲ့ ဇာတ်လမ်းကလည်း
မိုးတိမ်တွေနဲ့ပဲ တစ်ခန်းရပ်ခဲ့ …
- ဒါကိုပဲ ပြောကြတယ်
မိုးတွင်း မို့လို့ … တဲ့
- စိမ်းလဲ့လဲ့ သစ်ရွက်က
ချစ်ခြင်းရဲ့ နိမိတ်ပါဆိုရင်
ကျုပ်ရင်ထဲ ဝင်ကြည့်လှည့်
ရော်ရွက်ဝါတွေက
ပျူငှာစွာ ကြိုဆိုနေပါလိမ့်မယ် …
- စိတ်တိုတိုနဲ့
ခဲတစ်လုံး ကောက်ကိုင်ပြီး
အဝေးကြီး ပစ်ချလိုက်တယ် …
- ဆုတစ်ခုတော့
တောင်းလိုက်မိရဲ့
ကျုပ်ရဲ့ ကြေကွဲမှုတွေ
အဲဒီ ခဲနောက် ပါသွားပါစေ …
- ဒေါက်ခနဲ ပြန်ကျ
ကိုယ်ပစ်တဲ့ ခဲ
ကိုယ့်ခေါင်းကို ပြန်ထိကာမှ
အသိတစ်ခုရ
ပေါက်ကွဲမှုတိုင်းဟာ
ကိုယ့်ဆီကို ပြန်ရောက်လာတဲ့အခါ
မိအေး နှစ်ခါနာ ဖြစ်ရပါလား ………….. ။
အံစာတုံး
19 comments
water-melon
June 23, 2012 at 12:31 pm
အော် မိအေးရယ်
တခါတောင်ကြိတ်ခံနေရရင် နှစ်ခါဆို
ုပိုဆိုးမှာပေါ့
အဟီ 🙄
.post img {
float: left;
}
မဟာရာဇာ အံစာတုံး
June 23, 2012 at 12:40 pm
ဟဲ့ … ဟဲ့ ..
ဒီဖရဲသီး ..
ဘာတွေ တွေးပြီး
ဘာတွေ လျှောက်ပြောနေတာဒုံး …
နွေဦး
June 23, 2012 at 12:47 pm
ပစ်လိုက်တဲ့ ဂဲ က ကြီးသလားဟင်..။
ဂဲသေးသေး ဆိုရင်တော့ မိအေးက ပျင်းတောင် ပျင်းသေး တဲ့ ။
ဘဲဥ
June 23, 2012 at 3:19 pm
.post img {float: left;} ဖြဲမရေးတဲ့အတိုင်းလိုက်ပြီးကမြင်းကြည့်ဒါ ဟီး
ko khin kha
June 23, 2012 at 1:06 pm
ကြေကွဲမှု့တွေက ခဲနောက်တော့ပါသွားပါရဲ့
မူလပိုင်ရှင်ဆီမှာဘဲနေချင်လို့ မိအေးခေါင်းပေါ်ခဲပြန်ကျတာပါ။
myanmarcitizen
June 23, 2012 at 1:39 pm
အဝေးကြီးတော့ အဝေးကြီးပစ်တာပါပဲ။ အပေါ်ကိုမှမြောက်ပစ်တော့ ခေါင်းထိတော့မပေါ့။ မိအေးနှစ်ခါမနာ ချင်ရင် နောက်တခါဆို ခဲကြီးကြီးနဲ့သာပစ်။ အဟီး .. 🙂
စိန်ဗိုက်ဗိုက်
June 23, 2012 at 2:12 pm
နောက်တစ်ခါ မပစ်နဲ ့
ဖင်ခုထိုင်ထားလိုက်..အေးကော..
😀
ဘဲဥ
June 23, 2012 at 2:35 pm
ဟဲ့ ဖင်ခုထိုင်လို့ ……………. ……………. ဒုက္ခဖြစ်ကုန်မှာပေါ့အေ့
shwe kyi
June 23, 2012 at 2:25 pm
ိကိုအံစာ ကဗျာကမိုက်တယ် အခုတလောရွာထဲမှာတင်လာတဲ့ကဗျာတွေထဲမှာ အကြိုက်ဆုံးပဲ။
Phaung Phaung
June 23, 2012 at 3:27 pm
ကဗျာထက် မန့်တာတွေကိုကြည့်ပြီး ရီသွားပါကြောင်း။ ကဗျာရှင်ရေ…….စိတ်အဆိုးနဲ့နော်…….။ 😀
သားဦး၊မြေးဦး
June 23, 2012 at 5:02 pm
ရခိုင့်အရေးအတွက် စပ်လိုက်တဲ့ ကဗျာလေး ထင်ပါ၏။
အရမ်းကောင်းပါတယ်ဗျ။
မောင်ပေ
June 23, 2012 at 8:54 pm
မိအေးက၂ခါနာရင်
သာဂိကရော ဘယ်နှစ်ခါ နာတာတဲ့ရဲ ဟင်င်င်။
maung khinmin
June 23, 2012 at 9:49 pm
ကိုယ်ပြုတဲ့ကံ..ကိုယ့်ထံပြန်ရစမြဲလေ….
ခေါင်းပေါက်သွားသေးလား..မသိဘူး..
နောက်တာနော……….
နေဝန်းနီ
June 23, 2012 at 9:53 pm
သူများစကား ယုံလွယ်ရင်တော့ နှစ်ခါမက ဘူး လေးငါးခြောက်ခါ နာမှာပဲ………။
ရဲစည်
June 23, 2012 at 11:46 pm
ဪ မိအေး မိအေး..
နင်က နှစ်ခါထဲပါဟယ်
ငါ့မှတော့ အကြိမ်ကြိမ် နာခဲ့ရသူပါ…..
Thel Nu Aye
June 24, 2012 at 3:01 am
ဒီတခါ အပေါ်မြှောက်ပစ်မိရင် နောက်တခါ ရှေ့ကိုဝေးဝေးပစ်။ နံရံခံနေရင်တော့လဲ ကိုယ့်နှဖူးနဲ့မိတ်ဆက်နေ အုံးမယ်။ ကွင်းပြင်ထဲမှာပစ်။
ရှင်းသန့် နွယ်
June 24, 2012 at 11:07 am
အင်း
မိအေးနှစ်ခါနာတို့…..
ခဲမှန်ဘူးတဲ့စာသူငယ်တို့….
ဖိုးထောင်
June 24, 2012 at 11:08 am
မိအေးရယ် နင်က အနေအထိုင်မတတ်ဘူးကိုး (ခဲ ပစ်တာပြောပါတယ်)
မဟာရာဇာ အံစာတုံး
June 24, 2012 at 12:28 pm
ခုလို …
အနော့်ရဲ့ ကဗျာကို
လာရောက် အားပေးသွားကြပါကုန်သော
အရပ်ကတို့အား
ကျေးဇူး အထူးတင်ရှိပါကြောင်း …………..