ထာဝရ ချစ်ကြရအောင်
ပုရွက်ဆိတ်တွေက ကမ္ဘာကိုကြီးစိုး
ပုတ်သင်ညို
ဂေါ်ဇီလာလို ဖြစ်တဲ့အခါ
မင်း ငါ့ကို မေ့သွားမှာလား …
သစ်ပင်တွေ
ခြေထောက်ပေါက်လို့
ရောက်တတ်ရာရာ
လမ်းသလားနေကြတဲ့အခါ
မင်း နှလုံးသားထဲမှာ
ငါ တည်မြဲခွင့် ရှိပါ့မလား …
နေက အေးပြီး
လက ပူ
သန်းခေါင်ယံ ဆူညံပြီး
နေ့အခါ တိတ်ဆိတ်
မျက်လုံးကို စွတ်မှိတ်
အိပ်ကြရတဲ့အခါ
မင်း ငါ့ကို ပစ်ထားပြီး
အခြားတစ်ယောက်နဲ့
ချစ်သွားမှာလား …
လူထွင်တဲ့ စက်ရုပ်က
လူတွေကို ပြန်တီထွင်
ဆေးဝါးဆိုတာ မလိုအပ်
တစ်ယောက်သေရင်
ဆယ်ယောက် မွေးပေးနိုင်တဲ့
စက်ယန္တရားကြီးတွေ
ပေါ်ပေါက်လာခဲ့ရင်
တို့နှစ်ယောက်ကြားက သံယောဇဉ်
မင်း လွယ်လွယ်နဲ့ ဖြတ်ချင်မှာလား …
ကမ္ဘာကြီးက လေ့ထောင့်ကျ
အဆောက်အအုံတွေက လုံးဝန်း
ရေတွေ နိမ့်ရာက
မြင့်ရာကို ပြန်စီးရင်လည်း
ကောင်မလေးရယ် ..
တို့နှစ်ယောက်ရဲ့ အချစ်တွေ
ဘေးကို သွေဖယ်မသွားကြေး …
ကိုယ်စီထားတဲ့
ကတိစကားလေးတွေနဲ့
အမုန်းရဲ့ အဝေးဆုံး
တို့ နှစ်ယောက်စလုံး
ပြေးပုန်းကြရအောင် … ။
မောင်ရွာ
12 comments
Khaing Khaing
April 25, 2012 at 2:19 pm
ကိုကြီးအံရေ စိတ်ချဘယ်တော့မှ မမုန်းဘူး ကိုကြီးအံရဲ့ကဗျာထဲကလိုဖြစ်ရင်တော့ မုန်းခွင့်ပြုပါနော် …… အမလေးလေး ညဘက်နေထွက်ရင်တော့အိပ်ရေးပျက်ပါပီနော် …….. သစ်ပင်တွေလမ်းလျှောက်တတ်ရင် တော့မလွယ် လမ်းတွေပေါ်မှာ လူတွေကခပ်များများရယ် ဒီကြားထဲ သစ်ပင်တွေပါ ပေါ်လာရင်တော့ ရှုပ်ရှက်ကိုခပ်ကုန်တော့မှာပဲ ……..
ကိုကြီးအံရေ အားပေးသွားပါတယ်နော်
အိမ်လွမ်းသူ
April 25, 2012 at 3:25 pm
Creative Writing !! Thumb up !!
aye.kk
April 25, 2012 at 4:12 pm
မေတ္တာဆိုတဲ့မြေကြီးမှာ..
အချစ်ဆိုတဲ့မျိုးစေ့ဖြစ်ထွန်းပြီး…
မိုးကောင်းကင်ကသစ္စာရေတွေနဲ ့ပက်ဖျန်းပေးပါမှ…
အချစ်ဆိုတဲ့သစ်ပင်ထာဝရရှင်သန်ဖြစ်ထွန်းမယ်လို ့ယုံကြည်တယ်..။
etone
April 25, 2012 at 4:47 pm
အံစာတုံးရေ … ထာဝရချစ်ဖို့ဆိုတာက … အပြောလွယ်သလောက် အလုပ်ခက်တယ် … တကယ် တကယ် … ။ 🙄
လူနှစ်ယောက် ဟာမိုနီ ဖြစ်မနေဘူးဆိုလျှင် ဘယ်လောက်ချစ်ချစ် …. ပြသနာက အမြဲရှိနေမှာပါပဲ … ။ အချင်းချင်းကြားက ပြသနာမဟုတ်တာတောင် ဘေးပယောဂကြောင့် ရတဲ့ ပြသနာတွေ ဝင်လာတတ်တယ် … ။အယူဆ ၊ အတွေးခေါ် ကွဲလွဲမှုတွေအပေါ် နားလည်မပေးနိုင်တာမျိုးဖြစ်တတ်ပြန်ရော … ။
ညှိနှိုင်းတတ်ပြီး … အပေးယူမျှတတဲ့ ဘဝမျိုး ရှိသူတွေကသာ ထာဝရချစ်ခြင်းမျိုး ဖန်တီးနိုင်မယ်ထင်တယ် … ။
koaung
April 25, 2012 at 5:04 pm
ထာဝရ ချစ်နိုင်ဖို့က နားလည်မှု သိတတ်မှု အနွံတာခံမှုတွေ ကအဓိကကျ ပါကြောင်းဘဝပေးအတွေ့အကြုံအားမျှဝေပါ၏
kyeemite
April 25, 2012 at 5:11 pm
အံဇာတုံးတွေ လုံးဝန်းသွားပြီး
ဖရဲသီးအခွံ အနီရောင်ဖြစ်
မိစိန်ပေါက်လက်ထဲကပုလင်း
ဘလက်လေဘယ် ဂိုးလ်လေဘယ်ပြောင်းလည်း
ဒို့အချစ်ကမဟောင်းသွားပါဘူးဟယ်…
မဟာရာဇာ အံစာတုံး
April 25, 2012 at 5:30 pm
@ခိုင်ခိုင်
အမငေး … သများက ဘာတွေ ဘီလိုပြောင်းပြောင်း အချစ်တွေ မပြောင်းဘူးဆိုတာ ပြောချင်တာပါတော် … 😀
အားပေးတဲ့အတွက် ကျေးကျေး ..
_________________________
@အိမ်လွမ်းသူ
ရှဲရှဲ … ပါ ။ creative writing စစ်စစ် ပါလို့ …… 😀
_________________________
@အမအေး
ဒီတစ်ခါ အမေ မဖြစ်တော့ဘူး …
အရင်တုန်းက အမအေး ဆိုတာကို ရိုက်လိုက်တိုင်း အမေအေး ဖြစ်ဖြစ်သွားတတ်လို့ .. အဟီး 😀
အမအေး ပြောသလိုဆို .. မေတ္တာနဲ့ သစ္စာ ပေါင်းစပ်မှ အချစ်က ထာဝရ ရှင်သန်မှာပေါ့နော် ..
_______________________
@မအိတုံ
ဟုတ်ပါရဲ့ဗျာ ..
ခုလို ပြောပြပေးတာ ကျေးကျေးပါလို့ ….
မှတ်ထားလိုက်ပြီ …
“အပေးယူမျှတတဲ့ ဘဝမျိုး ရှိသူတွေကသာ ထာဝရချစ်ခြင်းမျိုး ဖန်တီးနိုင်မယ်ထင်တယ် ”
_______________________
@ကိုအောင်
အူးအောင်ရေ ..
အူးအောင်ရဲ့ ကိုယ်တွေ့လေးကို မျှဝေပေးတာ ချဲချဲပါလို့ ..
😀
___________________
@မိကြီးမိုက်
အံမာ …
သူဂ နာဒို့ သုံးယောက်နဲ့ စပ်ပြီး
တွယ်သွားတာပဲ …
နာကလည်း ထပ်တွယ်လိုက်ဦးမှ …
မိကြီးမိုက် အကြော်အိုးကို မျက်နှာလွှဲလည်း ဒို့ကတော့ အမြဲတမ်း ချစ်နေမှာပဲ .. ဂဲ .. ဂဲ ..
😀
___________________
ခုလို အားပေးကြတာ ရှဲရှဲပါလို့ ….
အားလုံးကိုခင်တဲ့
အံစာတုံး
အလင်းဆက်
April 25, 2012 at 6:35 pm
သိပ်မိုက်တဲ့ကဗျာ…အဟုတ်ကြိုက် သွားပါပြီ.ဗျ ာ..။
မဟာရာဇာ အံစာတုံး
April 25, 2012 at 8:53 pm
ကြိုက်ရင် ရိုက်သွားဗျာ ..
ရော့ … အင့် …
အဲ .. ဟုတ်ပါဘူး ..
😀
ဗိုက်ကလေး
April 26, 2012 at 7:57 pm
ဟေ့လူ
ခင်ဗျား..
ရွာက ထန်းလျက်ကြွေး မပေးနိုင်လို ့ အဝေးဆုံးကို ပြေးပုန်းချင်နေတာမလား
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 26, 2012 at 8:03 pm
မောင်ရွာရေ ထာဝရ အတွက်တဝကြီးချစ်နိုင်ပါစေလို ့——-
windtalker
April 26, 2012 at 9:06 pm
အမုန်းကိုပုန်းရှောင်
ပြုံးမောင်မောင် စာပန်းဖွဲ ့
လာစမ်းကွဲ ့ဘာယီ
အသာတစ်ကြည်ကွဲ ့ နှိပ်လိုက်ရအောင်
ခွက်မှောက်စေပါနဲ ့လေး…