ဘဝနှင့်ရင်းလိုက်ရသော…ယုံကြည်မှုများ….
ဘာသာတရားဆိုတာကို…မိရိုးဖလာအတိုင်း..ဖြတ်လျှောက်ခဲ့တဲ့အချိန်တွေကိုတွက်ကြည့်မိတိုင်း…
ကိုယ်တိုင်မှရိုးသားရဲ့လားဆိုသောအတွေးတို့သည်…ခုတော့…ရှင်းသွားလောက်ပြီဟု…ယုံကြည်မိတော့သည်။
ဟုတ်ပါသည်..။ သေပြီးနောက်ဆိုတဲ့..ကံ..ဒဿန..။ မသေခင်ရှေ့ဘဝ…ဆိုတဲ့..ကံ..ဒဿနဆိုတာကို…အသိရှိရှိသက်တန်းမှာ..
ရမ်းသမ်း…လျှောက်လှမ်းခဲ့ရတယ်ဆိုတာ…သဘောလည်သွားတဲ့..ခုချိန်မှာ….ပြန်စဉ်းစားမိပုံက…
ဘုရားက..သတ္တဝါသေပြီးရင်..ဖြစ်သေးသလား..ဒါမှမဟုတ်…မဖြစ်တော့ဘူးလား…။
ဒါမှမဟုတ်..တစ်ချို့ဖြစ်ပြီး..တစ်ချို့ကမဖြစ်တော့ဘူးလား………..စတဲ့…….တခြားပညာရှိတွေရဲ့အမေးတွေကို…
ငါ…အဲ့ဒါတွေကို..မယူဘူး….လို့…ဘာကြောင့်ပြောသတုန်း..ပေါ့..။ အေး..တဲ့…။ အဲ့ဒါတွေက..တရားနဲ့မှ..မစပ်လျဉ်းတာ..တဲ့..။
( အဗျာကထန သုတ်ဆိုတဲ့…ဘုရားမဖြေခဲ့တဲ့အမေးတွေကလည်း…များလိုက်တာ..(၇၂)…သုတ်လို့တောင်ရှိတယ်လို့သိရတယ်..။)
ကဲ…ထားဗျာ..။
ခုလက်ရှိ…တရားဓမ္မတွေကို..ညွှန်ပြပြောဆိုနေတဲ့…ဆရာတော်တွေကို..ကြည့်လိုက်ပါအုံး…။
ဘုရားက…တရားနဲ့မစပ်လို့…မဟောဘူးလို့..ပြောထားပါလျက်နဲ့… ခုလိုပြုရတဲ့..ဒါန..သီလ..သမထ…ဘာဝနာကြောင့်…..
ယခုဘဝတွင်..တရားမရနိုင်သည့်တိုင်..သေပြီးနောင်ဘဝများတွင်…ဧကန်မုချ…တရားရမည့်..ပါရမီအဟုန်များ….ရရှိပြီး…
ဖြစ်လေရာဘဝတိုင်းတွင်လည်း….စသဖြင့်…ပြောဟောနေကြတာကို…တွေ့ရမှာပါ..။
အဲဒါ…လုံးဝမရိုးသားချက်လို့ပြောရမှာပါ..။ ဘာ့ကြောင့်လဲလို့ဆိုတော့…
ရဟန်းတွေရဲ့ဝိနည်းမှာ..မိမိအမှန်တကယ်…မသိမြင်ဘူးပါလျက်…သိမြင်ဘူးသယောင်..ပြောဆိုရင်..အာပတ်သင့်တယ်..လို့…
ပါရှိကြောင်း..မှတ်သားဘူးတယ်…။ ဟိုတုန်းက..ဘာရယ်မသိပဲ..ကိုယ်လည်း…ယုံကြည်ခဲ့ဘူးပေမယ့်….။ ငါတော့..တကယ်ကို…
အေးချမ်းတဲ့..တရားတွေနဲ့…လောကမှာ..နေပျော်အောင်..အေးချမ်းအောင်..ကြိုးစားတော့မယ်…ဆိုတော့မှ… အဲဒီ…
ရှေ့ဘဝ..နောက်ဘဝ..အကြောင်းတွေကို…စဉ်းစားနေခြင်းက…ယခုမျက်မှောက်..မသေခင်မှာတင်…တရားသိမြင်ပြီး…
တရားရဲ့..အကျိုးတွေကို..ခံစားခွင့်တွေ..ဆုံးရှုံးတဲ့… တားဆီးပိတ်ပင်မှုတွေပါလားလို့… သိလိုက်ရပါတယ်…။
( ဒါကလည်း…ပြောရရင်…ခေတ်နဲအညီတွေးခေါ်လို့ရတဲ့..ယုံကြည်လို့ရတဲ့…တရားဂုဏ်တော်နဲ့လည်းကိုက်ညီတဲ့…
ဆရာတော်တစ်ပါးရဲ့…. လမ်းညွှန်ချက်ကြောင့်ပါပဲ..။)
ဘုရားရှင်ကလည်း…အဲဒါတွေ..စဉ်းစားနေလို့…တရားနဲ့စပ်တာမှ…မဟုတ်တာ..။ ဒါ့ကြောင့်…အဲ့ဒီ..သေပြီးနောက်…
မသေခင်ရှေ့ဆိုတဲ့..ကိစ္စတွေကို..ငါမယူဘူးလို့…ပြောထားတယ်ဆိုတာကို… သိခွင့်ရလိုက်တာလည်း..တစ်ကြောင်းပေါ့။
အဲဒီအချက်တွေသိပါလျက်နဲ့လား…ဒါမှမဟုတ်…မသိချင်ယောင်ဆောင်နေတာလား…သို့မဟုတ်….အဲသလိုပြောရင်…
စား၊ ဝတ်၊ နေရေးတွေ…ခက်ခဲမှာကြောင့်လား…ဗျာ…။ ဘာလို့များ…ဘုရားတပည့်ဖြစ်တဲ့..သံဃာတွေက..
စကားထဲ…တရားထဲ…ထည့်မဟောကြတာလဲ..။ ဟို..အရင်က…တင်ဘူးခဲ့တဲ့..ပို့စ်ထဲကလို…သတ္တိမရှိတာလား..
သိတတ်မှုကင်းတာလား…။ ဘယ်လိုပဲပြောပြောပါ..။ အဲဒီ..ရှေ့ဘဝ..နောက်ဘဝ..ကံ..အယူအဆတွေက…
အိန္ဒြိယနိုင်ငံမှာ…လန်ကွတ်တီတောင်မဝတ်ပဲ…ဗလာကျင်းပြီး…ကိလေသာကင်းတယ်လို့…ပြောဆိုနေထိုင်ကြတဲ့..
ဂျိန်းဘုန်းကြီးတွေရဲ့..ကံ..နဲ့….အတူတူဖြစ်နေတာကို…တစ်ခါလေ့လာမိခဲ့ပြန်တော့…ကိုယ်ဖြတ်သန်းခဲ့ရတဲ့…
ဘာသာရဲ့..အလင်းစက်ဟာ…သာသနာစစ်မဟုတ်နိုင်သော…အဆုံးအမ…လွဲကြီး..ဖြစ်နေသလားလို့…ခံစားမိရင်း..
ဘုရား…မပြောပဲငြင်းဆိုခဲ့တဲ့…အဲ့ဒီ…အဗျာကထန..သုတ်တွေကို..လေ့လာမိခဲ့ပြန်တော့….ကိုယ်တိုင်..ဘဝနဲ့ရင်းထားရတဲ့..
ယုံကြည်မှုတွေရဲ့…တစ်သက်စာ..အလွဲတွေကို…နာကျင်စွာနဲ့…ရဲတင်းစွာ…စွန့်လွှတ်လိုက်တယ်..ဆိုရင်ပဲ…….
လူဟာ..လွတ်လပ်ပေါ့ပါးသွားခဲ့ရပါတယ်…။ သေပြီးနောက်ကို..လုံးဝမစဉ်းစားမိတော့ဘူး…။ ဘာဖြစ်လို့လဲ…ပေါ့..။
စဉ်းစားမိတိုင်းလည်း…ဘုရားကို…သွားသတိရလို့ပါ..။ သူက…မယူဘူးတဲ့..။ မစဉ်းစားဘူးတဲ့..ပေါ့..။
ဒါဆိုရင်..မင်းဟာ…လုပ်ချင်ရာလုပ်…ထင်ရာဆိုင်းမယ့်…မြင်းရိုင်းလိုဖြစ်သွားမလား…။
ဟင့်အင်း…….ယုံကြည်တယ်..။ ဘုရားက..ပြောပေါ့…ခုလက်ရှိ ပစ္စုပ္ပန်ရပ်တည်ချက်တိုင်မှာ…ကိုယ့်ရဲ့..အပြော..အပြု..အနေ..
ဆိုတဲ့…ဝါစာ၊ ကမ္မန္တ၊ အာဇီဝ…မှာ….သမ္မာ( ရိုးသား) သလား၊ မသမ္မာ (ကောက်ကျစ်=ကာမ၊ ရူပ၊ အရူပ နဲ့နေထိုင်ရှင်သန်ခြင်း)သလား
ဆိုတာကို..ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံတိုင်းမှာ….အမြင်မှန်(သမ္မာဒိဋ္ဌိ)၊ အတွေးမှန် (သမ္မာသင်္ကပ္ပ)..ဆိုတဲ့..ပညာမဂ္ဂင်ရယ်…
ကောင်းစွာနိုးကြားတဲ့(သမ္မာဝါယာမ)..၊ ကောင်းစွာကြိုးစားဆိုတဲ့..( သမ္မာသတိ)၊ ကောင်းစွာစိတ်ထားဆိုတဲ့..(သမ္မာသမာဓိ) သမာဓိမဂ္ဂင်..
နှစ်ခုနဲ့..မမေ့မလျော့မပေါ့မဆ..နေထိုင်မယ်ဆိုရင်…ခုဘဝမှာတင်..အေးငြိမ်းရမှာတဲ့…။ ကြိုးစားမှာပေါ့…ဘာဖြစ်လဲ..။ ငြိမ်းချင်တာကိုး…
အေးချင်တာကိုး….။ ဒါက…တရားဂုဏ်တော်ခြောက်ပါးနဲ့လည်း…မဆန့်ကျင်ဘူး….တဲ့..။ တရားဂုဏ်တော်ခြောက်ပါးနဲ့လည်း..
ညီညွတ်တယ်တဲ့…။ ကဲ..ထားပါဗျာ…ဒါက..ကိုယ့်အမြင်ပါ…ပြောချင်တာက…ကျုပ်တို့ဗုဒ္ဓဘာသာဝင်တွေ..နားလည်ထားကြတဲ့…
ကံ..ဆိုတာတွေက…တခြားဘာသာဝင်တွေယူထားတဲ့…ကံ..တွေနဲ့..ဘာမှမထူးခြားဘူးဆိုတာ..သိရအောင်…ဓမ္မဝိဟာရီဆရာတော်…
ရှင်ဉာဏ..ဟောကြားထားတဲ့…ဂျိန်းကံနဲ့…ဗုဒ္ဓကံ ဆိုတဲ့..တရားတော်ကိုသာ….နာကြည့်စေလိုပါကြောင်း…
ချစ်ခြင်းအားဖြင့်…….
တရားတော် download http://www.mediafire.com/?h77nbr1gqemdo67#1″>
5 comments
kai
April 25, 2012 at 2:10 pm
မြန်မာတွေ မတိုးတက်နိုင်ပဲ.. ထစ်နေတာမှာ.. အဲဒါအဓိကအကြောင်းတခုအနေနဲ့ပါတယ်..
တယောက်ထဲ ၃ကိုယ်ခွဲထားတာလေ…
အခုဘဝမှာ အဆင်မပြေရင်.. ပြီးခဲ့တဲ့ဘဝက.. လူကိုလွှဲချတယ်..
လာမယ့်နောင်ဘဝမှာ ကောင်းအောင်တဲ့.. ငရဲနဲ့ခြောက်..ဘုံနဲ့မြှောက်သူတွေစကားအတိုင်းလိုက်လုပ်တယ်..
လက်ရှိဘဝက ပစ္စုပ္ပန်လူကြီးက လုပ်နေတာတွေပါ..
အဲဒါလေးကို.. သတိထားထိမ်းသိမ်းတဲ့သူများလာရင်.. လက်ရှိမျက်မှောက်ခေတ်က.. မြန်မာပြည်ကြီးတိုးတက်လာမှာ အသေအချာပဲ..
ဆိုတော့..
တယောက်ထဲဖြစ်ပြီး
သုံးကိုယ်ခွဲတဲ့ မြန်မာတွေ
ဝေလေလေ.. ဝေလေလေ..
( မခွဲတဲ့သူတွေ.. မပါဘူးနော.. 😆 )
Phaung Phaung
April 25, 2012 at 3:58 pm
အင်း… ဒါကတော့ ဘယ်လိုပြောရမလဲ… ယခုလက်ရှိမှာ ကောင်းအောင်ကြိုးစားနိုင်ဖို့ အားနည်းတဲ့သူများကျတော့ နောက်ဘဝဆိုတာ တွေးမျှော်ရတာပေါ့… ဘဝသံသရာဆိုတာ ပြတ်ဖို့လွန်စွာ
မှ ခဲယဉ်းလှပေခြင်းကိုး …….ဒကာရဲ့ ။ သို့ပေသည့် ထို့အတွက်ကြောင့်တော့ ဘာသာရေးကိုယုံကြည်ချက်
ကင်းမဲ့မသွားလိုက်ပါနဲ့ …။ ဘာပဲဖြစ်ဖြစ် မိုးချမ်းမြေ့လို ဒီဘဝတွင် ငြိမ်းချမ်းအောင် ကြိုးစားကြည့်ပါဦးမယ်။
ဓမ္မဝိဟာရီဆရာတော်…ရှင်ဉာဏ..ဟောကြားထားတဲ့…ဂျိန်းကံနဲ့…ဗုဒ္ဓကံ ဆိုတဲ့..တရားတော်ကိုလည်း နာကြည့်ပါဦးမယ်…ကွယ်။
မိုးချမ်းမြေ့
April 25, 2012 at 4:35 pm
သဒ္ဒါဆိုတာ..ယုံကြည်တာတဲ့..။ ဘာကိုယုံကြည်တာလဲဆိုရင်…
ကိုယ့်ရဲ့အသိဉာဏ်ကို..ကိုယ်ယုံတာတဲ့…။ အဲဒီလို..သဒ္ဒါနဲ့သာ..ရှိကြမယ်ဆိုရင်…
ဘယ်တရားမဆိုနာရဲကြမှာပါပဲ..။ အရင်ခေတ်မဟုတ်တော့ဘူး…လေ…။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 25, 2012 at 10:54 pm
သူကြီးပြောထားတာလေးဖြစ်တဲ့
““အခုဘဝမှာ အဆင်မပြေရင်.. ပြီးခဲ့တဲ့ဘဝက.. လူကိုလွှဲချတယ်..
လာမယ့်နောင်ဘဝမှာ ကောင်းအောင်တဲ့.. ငရဲနဲ့ခြောက်..ဘုံနဲ့မြှောက်သူတွေစကားအတိုင်းလိုက်လုပ်တယ်..
လက်ရှိဘဝက ပစ္စုပ္ပန်လူကြီးက လုပ်နေတာတွေပါ..””
အပြည့်အဝ ထောက်ခံပါကြောင်း၊တခါတရံ စိတ်ညစ်မိပါကြောင်း။
ashinariya
April 27, 2012 at 2:34 pm
ယနေ့ ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓဟောကြားတယ်ထင်ပြီး ဘဝနဲ့ရင်ပြီး ယူထားရတဲ့ အယူတွေဟာ ဗုဒ္ဓမယူခဲ့တဲ့ အယူတွေပါ။ http://myanmargazette.net/95668/uncategorized-other/copypaste ရှိ “သေပြီးနောက် အကြောင်း ဗုဒ္ဓဘုရား မဟောကြားခဲ့ပုံ” သုတ္တံတရားများ တွင် သိနိုင်ပါသည်။