မိဘတစ်ဦးက သမီးကို အဝတ်လျော်ခိုင်းလိုက်တယ်…. သမီးဖြစ်သူက သူမလျော်ချင်ပေမယ့် မိဘဖြစ်သူက လျော်ခိုင်းတာမို့ မလွန်ဆန်နိုင်ပဲ..မကျေမနပ်နဲ့ လျော်နေရတယ်ပေါ့…..။ သူ့ခမျာ မလုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်နေရပေမယ့် မိဘဆိုတဲ့သူရဲ့ စကားအခိုင်းကြားမှာ မလွတ်လပ်၊ မအေးချမ်းတဲ့စိတ်နဲ့ အဝတ်လျော်နေလိုက်ရတာ….။ ဆိုတော့… လုပ်တော့လုပ်နေတယ်၊ မလွတ်မလပ်ဘူး။ ပြီးတော့ အကျိုးမများဘူး။ မျက်နှာကလည်း ဆူပုတ်၊ လုပ်တဲ့အလုပ်ထဲလည်း စိတ်မပါ၊ မိဘဖြစ်သူကိုလည်း မကျေနပ် ဖြစ်နေတော့ တာပေါ့ဗျာ….။ ဆိုလိုချင်တာက အဲဒီကလေးမရဲ့သဏ္ဍန်ဟာ ကိုယ်ရော၊ စိတ်ပါ မငြိမ်းချမ်း ဘူး ဆိုတာပါပဲ။ အဲဒါဟာ မတရားခြင်းရဲ့ဖြစ်ရပ်နဲ့၊ သူနဲ့ဆက်စပ်တဲ့ ရလာဒ်တစ်ခုလို့ ထင်မြင်မိတယ်။ အဲဒီတော့…..ဒီလိုလေးပြောင်းကြည့်မလားလို့….တွေးမိတယ်။ “ ငါဟာ..ဒီအဝတ်ကို မလျော်လို့မဖြစ်တော့ဘူး။ မိဘက ခိုင်းတာလည်းဖြစ်တယ်၊ ငါလျော်လိုက်ရင်လည်း မိဘတင်မဟုတ်ဘူး၊ ငါနဲ့ပါတ်သက်နေတဲ့ ငါ့ရဲ့ညီအစ်ကို မောင်နှမတွေ သက်သာမယ်၊ သူတို့လုပ်ချင်တဲ့ […]