…. အလှည့်အပြောင်း ….
မိဘတစ်ဦးက သမီးကို အဝတ်လျော်ခိုင်းလိုက်တယ်….
သမီးဖြစ်သူက သူမလျော်ချင်ပေမယ့် မိဘဖြစ်သူက လျော်ခိုင်းတာမို့
မလွန်ဆန်နိုင်ပဲ..မကျေမနပ်နဲ့ လျော်နေရတယ်ပေါ့…..။
သူ့ခမျာ မလုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်နေရပေမယ့် မိဘဆိုတဲ့သူရဲ့
စကားအခိုင်းကြားမှာ မလွတ်လပ်၊ မအေးချမ်းတဲ့စိတ်နဲ့ အဝတ်လျော်နေလိုက်ရတာ….။
ဆိုတော့…
လုပ်တော့လုပ်နေတယ်၊ မလွတ်မလပ်ဘူး။ ပြီးတော့ အကျိုးမများဘူး။ မျက်နှာကလည်း
ဆူပုတ်၊ လုပ်တဲ့အလုပ်ထဲလည်း စိတ်မပါ၊ မိဘဖြစ်သူကိုလည်း မကျေနပ် ဖြစ်နေတော့
တာပေါ့ဗျာ….။ ဆိုလိုချင်တာက အဲဒီကလေးမရဲ့သဏ္ဍန်ဟာ ကိုယ်ရော၊ စိတ်ပါ မငြိမ်းချမ်း
ဘူး ဆိုတာပါပဲ။
အဲဒါဟာ မတရားခြင်းရဲ့ဖြစ်ရပ်နဲ့၊ သူနဲ့ဆက်စပ်တဲ့ ရလာဒ်တစ်ခုလို့ ထင်မြင်မိတယ်။
အဲဒီတော့…..ဒီလိုလေးပြောင်းကြည့်မလားလို့….တွေးမိတယ်။
“ ငါဟာ..ဒီအဝတ်ကို မလျော်လို့မဖြစ်တော့ဘူး။ မိဘက ခိုင်းတာလည်းဖြစ်တယ်၊
ငါလျော်လိုက်ရင်လည်း မိဘတင်မဟုတ်ဘူး၊ ငါနဲ့ပါတ်သက်နေတဲ့ ငါ့ရဲ့ညီအစ်ကို
မောင်နှမတွေ သက်သာမယ်၊ သူတို့လုပ်ချင်တဲ့ အလုပ်ကိုလည်း လုပ်နိုင်ကြမယ်၊
ဒါဆိုရင်တော့..ငါရဲ့ အဝတ်လျော်ခြင်းအမှုကိစ္စဟာ ငါနဲ့ဆက်စပ်တဲ့ ပတ်ဝန်းကျင်ကို
အေးချမ်းစေမှာဖြစ်သလို်၊ ငါလည်းပဲ ငါနဲ့ဆက်စပ်တဲ့ ပတ်ဝန်းကျင်ကို သာယာ
ငြိမ်းချမ်းအောင် ငါတတ်နိုင်သလောက် ကူညီပံ့ပိုးပေးနိုင်တဲ့ သူတစ်ယောက်အဖြစ်
လောကအကျိုးဆောင်နိုင်သူဖြစ်မယ် ” တဲ့ စိတ်ကလေးများ ပြောင်းလိုက်နိုင်မယ်ဆိုရင်…
ထိုကလေးမလေးဟာ စိတ်ဓါတ်အမြင်ကို အသိဉာဏ်နဲ့ ယှဉ်ပြီးထိန်းကွပ်နိုင်ခဲ့တာမို့…
၁။ စိတ်ကြည်မှုတွေ ရှိနေမယ်၊
၂။ မျက်နှာထားတွေ ဝင်းလက်ရွှင်ပြနေမယ်၊
၃။ အလုပ်ကြောင့်မောပန်းနေပေမယ့်၊ ချွေးပြန်နေပေမယ့်၊ လုပ်ရတဲ့အပေါ်မှာ
ကျေနပ်စွာနဲ့ ပြုံးပျော်နေမယ်။
၄။ သူ့ရဲ့စိတ်ဓါတ်နဲ့ သူ့ရဲ့လုပ်ရပ်အပေါ်မှာ ဂုဏ်ယူစွာနဲ့ ကြည်နူးကျေနပ်နေမယ်။
၅။ သူရဲ့ အမူအရာမှန်သမျှမှာ တက်ကြွရွင်လန်းမှုတွေနဲ့ သက်ဝင်နေပြီး…မြင်ရသူတိုင်းက
အလုပ်အပေါ်မှာ ကြည်နူးနေတဲ့ သူ့ရဲ့ပုံရိပ်တွေကို ဝမ်းပန်းတသာ သာဓုခေါ်နေကြမယ်။
…စသည်ဖြင့်ပေါ့ဗျာ…
ဒီလိုမျိုး အသိနဲ့ စိတ်ဓါတ်မကောင်းမှုလေးကို ထိန်းကွပ်ပြောင်းလဲနိုင်မယ်
ဆိုရင်တော့…လောကလူသားတွေ အေးချမ်းနိုင်မလားလို့..တွေးမိတာကြောင့်ပါ။
ဒီလိုပါပဲ…..
လယ်သမားတွေ လယ်လုပ်နေကြတယ်……
ငွေရဖို့..လယ်ကို ထွန်ယက်စိုက်ပျိုးနေကြတာလို့ ပြောနေကြတယ်။
ကုန်သည်တွေ ကုန်သွယ်နေကြတယ်….
ငွေရဖို့ ကုန်သွယ်နေကြတယ်လို့ ခံယူနေကြတယ်။
ဆရာဝန်တွေက လူနာတွေကို ကုသနေကြတယ်….
တစ်ချို့က ဂုဏ်နဲ့ငွေကိုအကြောင်းပြပြီး ကုနေကြတယ်….။
စာရေးဆရာတွေက စာရေး…
ဝေဖန်ရေးသမားတွေက ဝေဖန်…
တရားပြသူတွေက…တရားပြ…
ဘုန်းကြီးဝတ်သူက…ဝတ်…
သီလရှင်ဖြစ်သူက..ဖြစ်…
စစ်တိုက်သူက…တိုက်….
ရှေ့နေက..တစ်ဖုံ…
ဝန်ထမ်းက..တစ်မျိုး….
ကျောင်းဆရာက တစ်သွယ်….စတဲ့…
နယ်ပယ်အမျိုးမျိုးမှာ…အလျဉ်းသင့်မှုလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေကြတဲ့
ပုဂ္ဂိုလ်တိုင်းဟာ…သက်ဆိုင်ရာ အလုပ်တွေကို လုပ်နေကြပါတယ်။
တစ်ချို့ကလည်း ကျေကျေနပ်နပ်၊ တစ်ချို့ကလည်း မကျေမနပ်၊
တစ်ချို့ကလည်း ပေပေကတ်ကတ်၊ တစ်ချို့ကလည်း နေနေတတ်တတ်၊
ငါ ဒါကို၊ ဘာကြောင့်…ဘာလို့…ဘယ်ပုံ….. ဘယ်နည်းနဲ့…လုပ်နေရတာလဲ…
မကျေမနပ်နဲ့လုပ်နေရတာလား…ကျေကျေနပ်နပ်လား…။
ကျေနပ်နေရင်ကော…မိမိပတ်ဝန်းကျင်နဲ့ထိစပ်မှုဟာ..အကျိုးများနေသလား…၊
အကျိုးမဲ့နေသလား…။ မကျေမနပ်ဖြစ်နေရင်ကော…ဘယ်လိုကြောင့်လဲ…
ဘယ်လိုနည်းနဲ့ ဘယ်ပုံစံပြောင်းလဲလိုက်ရင် ကျေနပ်စရာအဖြစ် ပတ်ဝန်းကျင်
လောကကို အကျိုးဖြစ်စေမလဲ……….စသည်ဖြင့်…..
အမြင်ပြောင်းအသိ၊ အတွေးပြောင်းလမ်းမှန်ကို ရွေးချယ်ပြီး…ကိုယ်လုပ်နေတဲ့အလုပ်
အပေါ် အသိအမြင်ရှင်းရှင်းနဲ့…ကျေနပ်ကြည်နူးနိုင်ကြမယ်ဆိုရင်……
မိမိနဲ့ထပ်တူ၊ မိမိနဲ့ထိစပ်နေတဲ့ ပတ်ဝန်းကျင်လောကကြီး…..အေးချမ်းနိုင်မယ်ဆိုတဲ့
အတွေးလေးဖြစ်မိတာကြောင့်…အဝတ်မလျော်တတ်တဲ့ ကလေးမရဲ့ ဥပမာနဲ့တင်စားပြီး..
ချစ်ခြင်းအားဖြင့် တင်ပြမိပါကြောင်း………………………………………..
7 comments
P chogyi
February 1, 2013 at 11:20 am
မိုးရယ်…ချမ်းမြေ့ပါစေကွာ…..
ဆရာတော် ဥူးသုမင်္ဂလတရားတော်ထဲမှာ နာယူဖူးပါတယ်
ဆိုက်ကားဆရာဟာ ပိုက်ဆံရလို့ လိုရာခရီးကိုပို့ပေးသလို
စေတနာလေးနဲ့ ပို့ပေးတော့ ပိုက်ဆံအပြင် ကုသိုလ်ပါရတဲ့
အကြောင်းလေး နာယူဖူးပါတယ်။
မိုးချမ်းမြေ့
February 1, 2013 at 5:57 pm
ဘယ်လိုဖြစ်ဖြစ်….ဝင်ရောက်အားပေးသွားတာရယ် ဝင်မန့်ပေးသွားတာရယ်ကို
အထူးကျေးဇူးတင်ရမှာပါ။ ကျေးဇူးပါ p chogyi ခင်ဗျာ။
Mobile
February 1, 2013 at 10:12 pm
လေ့ဖာဖတ်ရှု့အားပေးလိုက်ပါတယ်ခင်ဗျ။
ဒီလိုအတွေးလေးတွေ သားသမီးတိုင်း ကိုယ်စီရဲ့စိတ်ထဲမှာ ရှိသင့်ပါတယ်။
ကိုယ်လဲတစ်ချိန်ကျရင် မိဘနေရာကိုရောက်လာအုံးမှာပါပဲ ဒီလိုဆိုတော့ ဂေါ်မစွံတဲ့လူတွေက
ပြောလိမ့်မယ်ပေါ့ ငါ့တို့က မိဘနေရာမရောက်ဘူးလို့ ။
kyeemite
February 2, 2013 at 11:19 am
အတွေးလေးကိုနှစ်သက်မိပါတယ်ဗျာ…
အရေးလေးလည်းကောင်းပါဂျောင်းးး
မောင်ပေ
February 2, 2013 at 12:31 pm
အလှည့်အပြောင်း
အရွဲ ့တစောင်း
တပည့်မကောင်း
မနှဲ ့ဖယောင်း
လုံမလေးမွန်မွန်
February 3, 2013 at 2:12 pm
ကိုယ်ရွေးချယ်လို့ဖြစ်စေ.. မတတ်သာလို့ဖြစ်စေ.. လုပ်ကိုလုပ်ရတော့မယ်ဆိုတဲ့ အရာပေါ်မှာတော့ ကိုယ်တတ်နိုင်သလောက်.. ကိုယ်စွမ်းရှိသမျှ အကောင်းဆုံးလုပ်ရမှာပါပဲ..
ဥပမာလေးကို နှစ်သက်မိပါကြောင်း…
kyeemite
February 6, 2013 at 2:28 pm
“ကိုယ်လုပ်နေတဲ့အလုပ်
အပေါ် အသိအမြင်ရှင်းရှင်းနဲ့…ကျေနပ်ကြည်နူးနိုင်ကြမယ်ဆိုရင်……”
ကျေနပ်ကြည်နူးနိုင်ဖို့ မလွယ်တဲ့အလုပ်တွေလည်း ဒုနဲ့ဒေးပါနော…. :kwi: