လူနဲ့အပူ…
“….. လူနဲ့အပူ ….”
လူဟာလူပါပဲ…
အပူဟာအပူပါပဲ…။
လူနဲအပူ..အတူထင်ပြီး
တစ်ချို့လူတွေက
အပူပျောက်ချင်တာနဲ့
ဂူထဲအရောက်သွားကြ…။
တစ်ချို့ကြတော့
အပူအေးချင်တာနဲ့
လူနဲ့ဝေးရာပြေးကြ…။
မရတဲ့အဆုံး
တောထဲဝင်ပုန်းတဲ့သူလည်းတွေ့ရ…
မရ….။
အပူဆိုတာက…
လူမှာလာကပ်တာလေ..။
ဆိ်ုတော့…
အပူငြိမ်းချင်လို့တောထဲသွားသွား…
ဘုရားမှာပဲ ဆုတောင်းတောင်း
ဂူမှာပဲအောင်းအောင်း..
ကောင်းစွာငြိမ်းတယ်ထင်ရပေမယ့်
တကယ်က..ငြိမ်းတာမဟုတ်
အတင်းလုပ်ယူလို့
ငြိမ်နေတဲ့သဘောပေါ့…။
ပြောရရင်…
မပီပြင်တဲ့အသိ(ဓမ္မ)ကြောင့်
ထီမထင်တဲ့အပူတွေဟာ
တဒင်္ဂငြိမ်သွားကြပေါ့…။
အဲ့ဒါ…သစ္စာဆိုတဲ့
အရိယာဓမ္မစက်ကို
(တက်တက်စင်…)
လွဲမှားစွာသိထားကြလို့ပါပဲ…။
လူနဲ့အပူမကွဲသ၍
ထူထဲတဲ့ကိလေသာ
ဘယ်ခါမှမငြိမ်းပဲ
ငြိမ်ရုံသာငြိမ်နေမှာကြောင့်
ဘယ်ဟာအပူ…
ဘယ်ဟာလူဆိုတာကို
သေခြာစွာလေ့လာနိုင်ဖို့
ဆန္ဒနဲ့ပေါ့….။
11 comments
aye.kk
February 19, 2012 at 6:35 pm
လူနဲ ့အပူအတူတူပါ(ကိလေသာမကုန်သေးသရွေ ့ပြောတာပါ)။
သေခါမှပင်အမှန်တကယ်ငြိမ်းပါမည်။(ကျမရဲ ့အမြင်ပါ)
မိုးချမ်းမြေ့
February 22, 2012 at 1:19 pm
aye.kk ပြောသလို ကျွန်တော်လည်းအရင်က လူနဲ့အပူဟာအတူပဲလို့ သိထား၊ မှတ်ယူ
ထားတာပါ။ တကယ်က aye.kkပြေတဲ့ ကိလေသာကုန်ဖို့ဆိုတာက နဂိုကကြိုပြီးများ ကိလေသာ ကရှိနေလို့လားပေါ့..။ တကယ်တော့ ကိလေသာဆိုတာ… စစ်မှန်တဲ့အမြင်(သမ္မာဒိဋ္ဌိ)၊ စစ်မှန်တဲ့အတွေးအကြံ(သမ္မာသင်္ကပ္ပ)၊ မရှိပဲ..ကိုယ်ပြုမိမှားခဲ့တဲ့အရာတွေအပေါ်မှာ သာယာတတ်ပြီး…
အခွင့်အရေးကြုံရင်..ပြန်လည်ကြွလာတတ်တဲ့သဘောကိုသာ..ဆိုလိုရမှာပါ။
ကိလေသာဆိုတာမျိုးက သေမှာကုန်တတ်တဲ့အရာဆိုတာကိုတော့ တရားဂုဏ်တော်(၆)ပါးနဲ့တိုင်းတာကြည့်ရင်လွဲမှားတိမ်းချော်နေမှာပါ။
မယုံပါနဲ့အုံး aye.kk ရေ..။ ကိုယ့်အသိဉာဏ်ကို ကိုယ်သာပိုင်စိုးခွင့်
ရနိုင်ဘို့ဆိုတာ…လောကမှာအရေးအကြီးဆုံးပါ..။ (ခုခေတ်က IT ခေတ်လေ…)
တချို့ကလည်း…ကိုယ့်နဲ့အယူအဆမတူရင်..ရန်လုပ်နေကြတာဟာ…
ခေတ်နောက်ပြန်နေသလိုပါပဲ။
( reply မှာနောက်ကျသွားတာတော့ နားလည်ပေးပါ။)
windtalker
February 19, 2012 at 6:48 pm
ဘုရားရိပ်မှာအေးချမ်းတယ်ဆိုပေမယ့်
ဝိပဿနာကျင့်ကြံအားထုတ်ရခြင်း သည် ပိုရွေ ့အေး၏
မိုးချမ်းမြေ့
February 22, 2012 at 1:28 pm
တစ်ယောက်ထဲအတွက်သာ..အေးတာနေမှာပါ။ ဒါကလည်း..လူတောထဲမတိုးခင် ငြိမ်ပြီး
အေးတဲ့သဘောလို့ပြောရမှာပေါ့။ တကယ်တမ်းဖြစ်ရမှာက အပူ(ဒုက္ခ၊ သမုဒယ) ကင်းစင်တဲ့
လူအဖြစ်မှ လူတောထဲမှာနေပြီး..သားတွေ၊ သမီးတွေနဲ့၊ ဆွေမျိုးမိသင်္ဂဟတွေနဲ့၊ သိုက်သိုက်
ဝန်းဝန်းညီညွတ်စွာ..ပျော်ပျော်ပါးပါး ငြိမ်းအေးရမှာသာလျှင်ဖြစ်ပါကြောင်း…။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 19, 2012 at 6:56 pm
မိုးချမ်းမြေ့ရေ မိုက်တယ်ဗျ…..
တစ်ချို့ကြတော့
အပူအေးချင်တာနဲ့
လူနဲ့ဝေးရာပြေးကြ…။
မရတဲ့အဆုံး
တောထဲဝင်ပုန်းတဲ့သူလည်းတွေ့ရ…
kyawtheinmyint 23
February 19, 2012 at 8:32 pm
လောဘ၊ဒေါသ၊မောဟ ကိလေသာ ပူလောင်ခြင်းသဘော။
ကိုပေါက်(မန္တလေး)
February 19, 2012 at 10:06 pm
အပူုက သူ့ဘာသာသူနေတာပါဗျာ။
လူ ဆိုတဲ့လူက
ကိုယ့်ဆီမလာ လာအောင်
ဇွတ်ခေါ်။
ညှော်လိုညှော်
အော်လိုအော်………….
တကယ်ဆိုးတာက ကျုပ်တို့လူတွေပါဗျာ။
အပူက သူ့ဘာသာသူ နေ နေတာပါ။
မိုးချမ်းမြေ့
February 22, 2012 at 1:45 pm
ဟုတ်တယ်…သူ့ဟာသူနေတာပါ။ ဒါပေမယ့်…သူများလုပ်ထားတဲ့ကိလေသာမဟုတ်ဘူး..။
ကိုယ်ရဲ့အသိမှား၊ အမြင်မှားတွေနဲ့ပြုခဲ့ဘူးတဲ့ကံတွေက..နှပ်နေတာလေ။ အဲဒါကို
(အနုသယ)လို့ခေါ်တယ်ပေါ့။ အဲ..သွားတော့မကြုံက်နဲ့ လစ်တာနဲ့..မှားချင်နေတော့တာပဲ…။
အဲဒါအဝိဇ္ဖာဆိုတဲ့ မသိမှုဦးစီးတဲ့ အသိမှား၊ အမြင်မှားတွေက ထပ်နှိုးဆော်တာပေါ့…။
အဲဒါကိုပဲ..ကိလေသာလို့ပြောတာ….တဲ့….။ ဆိုလိုတာက…သူ့ဟာသူနေပေမယ့်…
ကိုယ့်ဘာသာကိုယ်လုပ်ထားတာကိုပဲ..ပြောချင်တာပါ…။ မမြင်ဘူး၊ မကြားဘူး၊ မစားဘူး၊
မထိတွေ့ဘူးပါပဲနဲ့…ဘယ်အရာကိုသွားပြီး..သာယာခြင်းဆိုတဲ့…အပူကပ်နိုင်မှာလဲ….ပေါ့..။
jujuma
February 22, 2012 at 3:15 pm
အပူ က အပူ … လူက လူပါပဲ ..
ဘယ်သူမပြု မိမိ မှု တဲ့.. စကားပုံလေးလိုပေါ့…
ကိုယ်ပြုလို့ ကိုယ်ခံရတာ..ကိုယ်မှားလို့ ကိုယ် ပူရတာ…
သံသရာထဲမှာ လည်ပတ်နေသရွေ့ အပူ ဆို တာ ထိနေအုံးမှာပါပဲ …
ကဗျာလေးကအရမ်းကောင်းလို့ ကော်ပီယူထားလိုက်ပီနော်..ခွင့်ပြုပါ …
manawphyulay
February 22, 2012 at 2:27 pm
လူနဲ့အပူကတော့ အမြဲ တွဲနေတာပါပဲ။ ဘယ်လောက်ပဲ အေးချမ်းပါတယ်ဆိုဆို ပူလောင်ခြင်းဆိုတဲ့ ရမ္မက်ကတော့ ရှိနေတတ်ပါတယ်။ အပူတော့ထဲက မထွက်မချင်းတော့ ပူနေဦးမှာပါပဲလေ။ ကဗျာလေးအရမ်းကောင်းပါတယ်။
အဲ စာလုံးပေါင်းလေးနည်းနည်းပြောလို့ရမလားရှင့်။ သေခြာဆိုတာ မှားနေပါတယ်။ သေချာမှ သတ်ပုံအမှန်ဖြစ်ပါတယ်နော်။
ခင်မင်စွာဖြင့်
မနော
မဟာရာဇာ အံစာတုံး
February 22, 2012 at 2:45 pm
လူဆိုတာ ရုပ် ..
အပူ ဆိုတာ စိတ် ..
ဒီတော့ အပူ တွေကပ်တဲ့ စိတ်လေးကို မေတ္တာဓာတ်နဲ့ ဖုံးလွှမ်းထားလိုက်ရင် လူဆိုတာ အေးချမ်းလာမှာ အမှန်ပါပဲဗျာ … ။
ကျနော့် အထင်အမြင်ကို ပြောတာပါ …