သူမ (ကဗျာတို)
ကျွန်ုပ်၏ ထက်သန်လှသော ကဗျာ လက်စောင်းကြောင့် အမည်မသိ ကမ္ဘာကျော်၊ မြန်မာကျော်၊ အကုန်ကျော် မဂ္ဂဇင်းကြီး၏ မျက်နှာဖုံး စာမျက်နှာတွင် ဖော်ပြခံခဲ့ရသော ကဗျာတစ်ပုဒ်အား ဤနေရာမှာ ရွာသူားအပေါင်း သိစိမ့်သောငှာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ၏ (အမှန်ကား ရေးမိရေးရာ ရေးသားထားသော ကဗျာသာ ဖြစ်၏ ) ။ ကျွန်ုပ်၏ ချစ်တတ်လှသော နှလုံးသားကြီး ပေါက်ကွဲပြီးနောက် ပေါက်ဖွားလာခဲ့တဲ့ အဆိုပါ ကဗျာငယ်အတွက် ကျွန်ုပ်အား ရက်စက် သွားခဲ့သော ချစ်သူအား ကျေးဇူးအထူး တင်ရှိပါကြောင်း … (အမှန်ကား သူငယ်ချင်းရဲ့ အသဲကွဲဖီလင်ကို ဘာသာပြန်ဆိုခြင်းသာ ဖြစ်၏ ) ။
ဖတ်ချင်သလိုဖတ်၍ မန့်ချင်သလို မန့်သွားကြပါကုန် ….
ပုံ
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
_______________________________________________
သူမ
ကဝေမ
ငါ့အသည်းကို ခြွေချ
ကြေမွအောင် နင်းချေခဲ့
အပျင်းပြေ …… တဲ့ ။
မောင်ရွာ
(သူမ မဖတ်ခဲ့သော ကဗျာများ)
_______________________________________________
23 comments
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
February 19, 2012 at 3:11 pm
သူမ
မူပြ
နောက်တော့
သူရွ
အခုတော့
လူချ
(စာကြွင်း။ လူချ = ကလေးတွေကို ရိုက်သော အိမ်ထောင်ရှင်မဟု ဆိုလိုခြင်းဖြစ်) … 🙂
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 19, 2012 at 3:34 pm
ဖြေးဖြေးလုပ်ပါ ကိုကင်းရယ် ..
အခုတော့ လူချ ဆိုတော့ လန့်သွားတာပဲ ….
တော်သေးတယ် စာကြွင်းလေး ပါလာလို့ … 😀
ဒါနဲ့ အခုတလော ကိုကင်းတစ်ယောက် ပျောက်နေပါလားဗျ … ။
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
February 19, 2012 at 3:40 pm
ပျောက်ဆို
ပထမက
လိုင်းပျောက်
အခုတော့
ရွာရောက်
(မှတ်ချက်။ ကာရံညီအောင်ပြောခြင်းဖြစ် အမှန်တော့ မြန်နှုန်းမြင့်တဲ့ နေပြည်တော်ရောက်နေပေမယ့် သုံးချိန်မရှိလို့ပါဗျ .. ဒါနဲ့ စကားမစပ် ရွာထဲမှာ လိုက်မမှီအောင် စာတွေကများနေတယ် … ဟူး ဖတ်ဖို့ အချိန်က မလောက်တော့ ခက်ပါ့ဗျာ )
aye.kk
February 19, 2012 at 3:31 pm
ကဝေဆိုတာ..
လှည့်စား..
ငါသူနာမ်ရုပ်..
အဟုတ်ရှူမှတ်ပြေပါစေ..။
water-melon
February 19, 2012 at 3:35 pm
အသည်းကွဲနေပါတယ်ဆိုမှ
ကိုအံကလည်း
ဖရဲလည်းပေါက်ကွဲလိုက်မယ်
တောင်မ
လိုချင်ရင်ယူသွား
မလိုချင်ပြန်ထား
ငါ့အချစ်ကိုများ
ပေါ့ပေါ့တန်တန်ထား။
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 19, 2012 at 3:39 pm
ဟိုက် … အလန်းဇယား ပါလား …။
သူ့ကဗျာက ပိုတောင် ထိသေး .. ဟေ ဟေး …
😀
ပေါက်ဖော် ဘယ်ပျောက်နေတုန်း ဖရဲရဲ့ … ။
ထိုင်နေတာ ကြာပြီ သူ့တွေ့ရသေးဘူး … ။ သူရှိရင် ပိုမြိုင်မယ် ထင်တယ် … 😀
water-melon
February 19, 2012 at 4:06 pm
အမလေး ကိုအံရေ
ကိုစိန်ပေါက်ဖော်က ကောင်မလေးနဲ့လည်နေတာဗျ
သူကကျွန်တော်တို့ထက်ပိုစွံတယ်ဗျ
သူမရှိတော့ ပျင်းနေတာ
အမြန်လာပါ ပေါက်ဖော်ရေ
htet way
February 19, 2012 at 4:33 pm
တစ္ဆေမ
ငါ့ကိုကြောက်အောင်နုတ်ခမ်းနီဆိုးပြီး လန့်ပြ
ငါ့ နှလုံးကို စားဖို့ လက်ကိုဆန့်ထ
အဆာပြေ တဲ့။
အော် ကဝေထက်ဆိုးတဲ့ တစ္ဆေ….
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 2:04 pm
ဆရာထက်ဝေးပြောမှပဲ
ကျုပ်တော့ ကဝေ ထက် တစ္ဆေကို
ပိုကြောက်သွားမိသဗျို့ … 😀
စိန်ပေါက်ပေါက်
February 19, 2012 at 5:59 pm
သူမ
မူလှ
ပူလှ
ငဒူမ
အူကျ
ဘူသဟ
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 2:47 pm
စိန်ပေါက်
နေသောက်
သူမှောက်
အိမ်အပြန် လေးဘက်ထောက် …
ဂလောက် … ဂလောက် … ဂလောက် …
😀 😀
blackchaw
February 19, 2012 at 6:04 pm
အဆိုတော် တာရာ ရဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။
ကျွန်တော့် ရဲ့ မိုက်မည်းမှုပဲ
သူမကို ချစ်မိတာ
တဲ့။
ခင်ဗျားလည်း မိုက်မည်းတဲ့ လူတစ်ယောက်ပဲ
ကိုအံစာတုံးရေ။
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 2:53 pm
ဟုတ်ပါတယ် ဦးဘလက်ရေ ..
ကျွန်တော် သူမကို ချစ်ခဲ့မိတာကိုက မိုက်မဲတာပါ ..
ဒီလောက် မိုက်လှတဲ့ ငမိုက်သား ငမိုးရိပ် သေစမ်း … ဆိုပြီး ကိုယ့်ကိုယ်ကို ကြိမ်စင်္ကြာနဲ့ ရိုက်လိုက်တယ် ..
ဖြန်း … ဖြန်း … ဖြန်း …
😀 😀
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 19, 2012 at 6:53 pm
သူမ မဖတ်သွားပါပေမယ့် ကျနော်တို ့ဖတ်သွားပါတယ်နော်။အသဲကွဲသမားချင်းမို ့
နားလည်ပါတယ်။
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 3:00 pm
အဟီး …
ကိုနာဂ က အသည်းကွဲသမားကြီး ဆိုပဲ .. 😀
လာရောက် ဖတ်ရှုသွားတဲ့အတွက် ကျေးဇူးပါ …
windtalker
February 19, 2012 at 6:55 pm
အကယ်ရွေ ့ ကိုအံဂျီး သည်သာ ၁၈ နှစ်သားဖြစ်ခဲ့ရွေ ့
သူမ သည်သာ ၁၆နှစ်သမီးအပျိုမ ဖြစ်ခဲ့သော် ။
“ ၁၆ နှစ်မ….. ၁၆ နှစ်မ ”
စိန်ပေါက်ပေါက်
February 19, 2012 at 7:45 pm
ဟေ့လူ..
ဘာတွေအော်နေတာလဲ
သဂျီးအိပ်နေတယ်
တိတ်တိတ်နေ.
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 4:53 pm
အင်း ကိုပေ လုပ်လိုက်မှပဲ
အသက်တွေတောင် ပြန်ငယ်ချင်တွားပီ … 😀
kyeemite
February 20, 2012 at 10:46 am
အံဇာမ
ခံသာချ
ကံပါမှ
ဈာန်ပါရ
ပြန်ပါမှ
တန်မှာပ
ပြန်ပီဂျ…
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 4:55 pm
ကြီးမိုက်
သမီးမိုက်
ဘီသူမှ မခိုက်
ဒက်စ် ရွိုက် … ဒက်စ်ရွိုက် ..
မိုက်ကယ်ဂျော်နီငပွ
February 20, 2012 at 11:07 am
( သုံးသပ်ခြင်းကဗျာ )
ငါချစ်နိုင်သလောက်
ငါ့ကိုမုန်းနိုင်တဲ့သူ
ငါမြတ်နိုးသလောက်
ငါ့ကို တန်ဘိုးမထားတဲ့သူ
ငါစွဲလမ်းသလောက်
ငါ့ကို ဂရုမစိုက်တဲ့သူ
……………………
( ပေါက်ကွဲခြင်းကဗျာ )
တောက် !!!!!!!!!!!!!!!!!!!!!!!!!!
ငါ့အချစ်ကို ကတ်ကတစ်ငါးလို ဟင်းချက်စားတဲ့ကောင်မ
နေနှင့်ဦးပေါ့
မင်္ဂလာစုံတွဲ ဆယ့်ရှစ်ခါဆက်တိုက်ပေါက်
ဘုန်းကြီးကျောင်းအုပ်တံတိုင်းကို ထုံးသုတ်ပေးပြီး
ဒင်းအဘ ဘုန်းကြီးကျောင်းလာရင် ဆရာတော်ကို နားချခိုင်း
ဒင်းနဲ့ငါ မင်္ဂလာဆောင်ပြီးတဲ့ညမှာ တောထွက်မယ် 👿
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 4:58 pm
ဂျော်နီငပွ ..
တော်ပြီဂျ ..
ဆော်ကြည်က ခက်မည် …
သို့ကြောင့်
မျက်နှာကို ခပ်တည်တည်ထား …
😀
စိန်ပေါက်ပေါက်
February 20, 2012 at 5:02 pm
သောက်စားခြင်း ကဗျာ
သောက်နေတုန်းတော့ ခေါင်းမကိုက်ဘူး
သောက်ပြီး မနက်ကျမှ လာကိုက်တဲ့ အရက်
တောက်..
အေဘေးအရက်
များကြီးသောက်ပြီး ခေါင်းမကိုက်တဲ့အရက်မရှိတာ ဒေါခွီးတယ်