Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

…… ရဟန္တာတဲ့ ……

“ ရဟန္တာသေလို့မီးရှို့ရင် ဓါတ်တော်ကျသတဲ့ ” ဆိုသော စကားကို လွန်ခဲ့သော (၂ဝ)လောက် ကတည်းက ကြားဖူးထားသည်။ ထိုသို့လည်း ယုံကြည်လေသည်။ သိုပေမယ့် ကိုယ်ကိုယ်တိုင်က ငြိမ်းချမ်းရာဖြစ်တဲ့ တရားစစ်ကို ရှာဖွေတော့မယ်လို့ ဆုံးဖြတ်ပြီး တရားရိပ်သာတွေဝင်…နှစ်နဲ့ချီပြီး တရားတွေအားထုတ်၊ နီးစပ်ရာစာပေ တွေကိုလည်းလေ့လာ…မိခဲ့ပြန်တော့ တရားရခြင်းကို ပေတံတစ်ခုအနေနဲ့..အဆင့် သတ်မှတ်ထားတာကို်…ဤကဲ့သို့တွေ့ရသည်။

သောတာပန်..အဆင့်

သကဒါဂါန်..အဆင့်…

အနာဂါန်….အဆင့်….

ရဟန္တာ….အဆင့်……….ဆိုပြီးတွေ့ရတယ်။

ကျန်တဲ့အဆင့်တွေကိုတော့ထားပါ။ ရဟန္တာဆိုတဲ့စံကို တိုင်းတာတဲ့နေရာမှာ တစ်ချို့က ရဟန္တာဆိုတာ…ဖြစ်ပြီဆိုရင် သုတ်အိတ်(အမျိုးသားများနှင့်သာဆိုင်)ပြုတ်ကျသွားရော တဲ့။ ဘာ့ကြောင့်လဲဆိုရင် ကိလေသာမရှိတော့တာကြောင့်တဲ့။ တစ်ချို့ကျတော့လည်း ရဟန္တာဆိုတာ သေလို့မီးရှို့ရင် ဓါတ်တော်တွေကျသတဲ့။ (အလုံးကလေးများ၊ အချောင်း ကလေးများကို ဆိုလိုသည်) တစ်ချို့ကလည်း ရဟန္တာဆိုတာ မိန်းကလေးတွေမရစ ကောင်းဘူးတဲ့……စသည်ဖြင့် အမျိုးမျိုးပြောကြနေတာပါပဲ…။

အဲဒီထဲကမှ…. ရဟန္တာဆိုတာဖြစ်ပြီဆိုရင် သုတ်အိတ်ပြုတ်ကျသွားရောဆိုတဲ့ အယူအဆထင်မြင်ချက်ကို တောင်တန်းသာသနာပြု ဦးဥတ္တမသာရ ဆရာတော်ကြီးက ဤသို့ငြင်းပယ်လိုက်တယ်။ “ သုတ်အိတ်ပြုတ်ကျသွားတယ်ဆိုတာကတော့ မဖြစ်နိုင် ဘူး၊ လူ(ယောက်ကျား)ဆိုတဲ့မျိုးက သုတ်အိတ်မရှိတော့ရင် (၆)လထက်ပိုပြီး အသက် ရှင်လို့မရဘူး …” တဲ့…။

တစ်ချို့ကလည်း ဓါတ်တော် (အလုံးကလေးများ၊ အချောင်း ကလေးများကို ဆိုလို သည်) ဆိုတဲ့အချက်ကို ရဟန္တာနဲ့ယူဆထားတော့… ကိုယ်ယုံကြည်ရတဲ့ဆရာတော် ဆိုရင်..မီးရှို့လိုက်ရင် ဓါတ်တော်မကျမှာဆိုးလို့….မီးမရှို့ခင်ကတည်းက အုန်းရေတွေ ဆောင်ထားပြီး ဖျန်းရတာတို့၊ ထင်းချောင်း၊ သနပ်ခါးချောင်းတွေကို ထောပတ်ဆီနဲ့ လောင်းထားရတာတို့တွေလုပ်ကြတာတွေလည်း တွေ့နေရတတ်တယ်။

အဲဒီတော့…ရဟန္တာရဲ့စံနှုန်းဟာ…..ဘာနဲ့တိုင်းတာကြမလဲဆိုတာပါပဲ..။

ရဟန္တာသေလိုမီးရှို့ရင်ဓါတ်တော်ကျတယ်ဆိုတဲ့ အယူအဆဟာလည်း မိုးကုတ်ဆရာ တော်ကြီးတို့ရဲ့ဟောပြောချက်၊ ကိုယ်ထင်ရာကိုယ်ပြောသွားတဲ့ ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ စာအုပ်ကိုရေးသားသူ ဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ထင်မြင်ချက်၊ မြန်မာတွေအထွဋ်အမြတ် ထားပြီးယုံကြည်နေတဲ့ မိလိန္ဒပညှာဝတ္ထု…ရဲ့ ညွှန်ပြချက်တွေဖြစ်နေတော့ တကယ်ပဲ ဟုတ်တော့မလိုလိုပေါ့။ ဘုရားကိုယ်တိုင်က အဲ့သလိုပြောသွားခဲ့သလား….. (သိရင် ပြောပေးကြပါ)

တကယ်တမ်း ရဟန္တာဆိုတာရဲ့ စံပေတံကို ထင်မြင်ချက်နဲ့ လျောက်ပြောနေရုံနဲ့ မပြီးပါဘူးလို့နားလည်ပါတယ်။ လက်တွေ့ဘဝထဲ အသုံးမတဲ့အဖြစ်တွေဖြစ်နေရင် ပယ်ပစ်ရမှာမဟုတ်ပါလား။

အင်္ဂလိမာလကြီးကိုကြည့်ရင်…..မီးရှို့တာလည်းမပါဘူး..။ ဓါတ်တော်လည်း မလိုပါဘူး။ ပန်းချီပုံတွေထဲမှာတော့ လက်သုံးတော်ဓါးကိုချပြီး…ဘုရားရှေ့မှာ ဒူးတုတ်၊ ပြီးတော့ ဘုရားကတရားဟော….ပြီးတော့ရဟန္တာဖြစ်သွားရောတဲ့.. ဘာကြာလိုက်လို့လဲ…..။

ပြောချင်တာကတော့ မဖြစ်နိုင်တဲ့စံပေတံတွေကို ယုံကြည်နေရင်တော့ ဒီတစ်သက် ရဟန္တာဆိုတာ လုံးဝကို ရှားပါးသွားနိုင်ပါကြောင်း………..

21 comments

  • myanmarcitizen

    July 16, 2012 at 4:11 pm

    “ရဟန္တာဆိုတာ…ဖြစ်ပြီဆိုရင် သုတ်အိတ်(အမျိုးသားများနှင့်သာဆိုင်)ပြုတ်ကျသွားရော တဲ့။ ဘာ့ကြောင့်လဲဆိုရင် ကိလေသာမရှိတော့တာကြောင့်တဲ့။ ”

    အဲ့ဒါကြီးတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ ကိလေသာ ဆိုတာ အဲ့တစ်ခုထဲတင်တော့ မကလောက်ဘူးထင်တာ ပဲ။

    ၁. ကျင့်တဲ့အကျင့်
    ၂. ပြောတဲ့အပြောအဆို
    ၃. အမှုအရာ
    အဲ့ဒါတွေနဲ့ ယှဉ်ကြည့်ရမယ်နဲ့တူတယ်။ အနဲဆုံးတော့ ရဟန္တာမဟုတ်တောင် သီလစင်ကျယ်တဲ့သူ လို့တော့ ပြောလို့ရမှာပေါ့။ (မှန်မလားတော့ သိဘူး ဝင်ပွားကြည့်တာ)

  • မဟာရာဇာ အံစာတုံး

    July 16, 2012 at 4:18 pm

    ဒီလိုပါ …
    ပထမဆုံး အနေနဲ့ ပြောချင်တာကတော့ မိုးချမ်းမြေ့ ပြောတဲ့ …

    “ရဟန္တာသေလိုမီးရှို့ရင်ဓါတ်တော်ကျတယ်ဆိုတဲ့ အယူအဆဟာလည်း မိုးကုတ်ဆရာ တော်ကြီးတို့ရဲ့ဟောပြောချက်၊ ကိုယ်ထင်ရာကိုယ်ပြောသွားတဲ့ ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ စာအုပ်ကိုရေးသားသူ ဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ထင်မြင်ချက်၊ မြန်မာတွေအထွဋ်အမြတ် ထားပြီးယုံကြည်နေတဲ့ မိလိန္ဒပညှာဝတ္ထု…ရဲ့ ညွှန်ပြချက်တွေဖြစ်နေတော့ တကယ်ပဲ ဟုတ်တော့မလိုလိုပေါ့။ ဘုရားကိုယ်တိုင်က အဲ့သလိုပြောသွားခဲ့သလား….. (သိရင် ပြောပေးကြပါ)”

    ဆိုတဲ့ စကားကို ပါပဲ ….။
    ဒီစကားဟာ အခြားသူတွေကို ဝေဖန်တိုက်ခိုက်တဲ့ စကားမျိုး ဖြစ်နေပါတယ်။
    အဲ့ဒီစကားထဲမှာ မိုးကုတ်ဆရာတော်ကြီး တို့ရဲ့ လို့ သုံးထားတာ ထောက်ရင် ဆရာတော် အများအပြားကို ရည်ညွှန်း တိုက်ခိုက်ထားပါတယ်။
    ပြီးတော့ ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်ကို …
    နောက်တော့ မြန်မာတွေ အထွဋ်အမြတ်ထားတဲ့ လို့ ဆိုထားတော့ မိလိန္ဒပညှာကို ဖတ်ကြမှတ်ကြတဲ့ မြန်မာလူမျိုးတွေကို တိုက်ခိုက်ထားပါတယ် ……… ။

    ကျနော့် အထင်ပြောရရင် ဒီစာတွေအရ မိုးချမ်းမြေ့ဟာ ဘတ်စ်ကားတစ်စီးပေါ်မှာ ကိုယ့်ထက် အသက်အရွယ် ကြီးရင့်တဲ့ လူတွေကို တွန်းတိုက်ပြီး ထိုင်ခုံ လုထိုင်ဖို့ ကြိုးစားနေသူလို့ ထင်မိပါတယ်။

    ကျနော့်အနေနဲ့ မိုးကုတ်ဆရာတော်ကြီးရဲ့ တရားတွေကို တစ်ပုဒ်မက နာကြားခဲ့ဖူးပါတယ်။ ပြီးတော့ ကျန်တဲ့ ဆရာတော်တွေရဲ့ တရားတွေကိုလည်း အခါအားလျော်စွာ နာကြားခဲ့ဖူးပါတယ်။ ဦးဋ္ဌေးလှိုင်ရဲ့ စာအုပ်တွေကိုလည်း ဖတ်ဖူးပါတယ်။ မိလိန္ဒပညှာကိုလည်း ဖတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လို့လည်း ရဟန္တာတိုင်း ဓါတ်တော်ကျတယ်လို့ တစ်ထစ်ချ ဟောထားတာ ရေးထားတာကို မတွေ့ရပါဘူး။

    ဓါတ်တော်ကျတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း မြန်စွာဘုရား အပါအဝင် ရဟန္တာတွေဟာ အဓိဋ္ဌာန်မှသာ ဓါတ်တော်ကျတယ်လို့လည်း မှတ်သားခဲ့ဖူးပါတယ်။ ဒါကြောင့် အဓိဋ္ဌာန်မှသာ ဓါတ်တော် ကျမှာလို့ နားလည်ထားပါတယ်။ ဂေါတမ မြတ်ဘုရားရဲ့ ညီတော်ဖြစ်တဲ့ ရှင်အာနန္ဒာ ပရိနိဗ္ဗာန် ပြုကာနီးမှာ နှစ်ပြည်ထောင်အတွက် ကိုယ်နှစ်ပိုင်းကို ဓါတ်တော်အဖြစ် ထားရစ်ခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ ဒါကြောင့်လည်း ရဟန္တာတွေရဲ့ ဓါတ်တော်ဟာ အလုံး၊ အချောင်းတင် မဟုတ်ကြောင်း မှတ်သားခဲ့ဖူးပါတယ်။ ဒါကတော့ ကျနော် သိသလောက် ဓါတ်တော် အကြောင်းပါပဲ။

    • မိုးချမ်းမြေ့

      July 16, 2012 at 6:48 pm

      မဟာရာဇာ အံစာတုံး ခင်ဗျ…..
      ဘယ်ထိုင်ခုံမှဝင်ထိုင်ချင်လို့ပြောတာမဟုတ်ပါဘူး…
      ကျုပ်တို့တွေအားလုံးရဲ့ ရင်ထဲမှာသတ်မှတ်ထားတဲ့ ရဟန္တာတို့ရဲ့ စံနှုန်းထားတွေကို လိုသလိုဖွင့်ခဲ့ကြတဲ့ ပညာရှင်ကြီးတွေကိုပဲဆိုလိုတာပါ။ ပြီးတော့ သူတို့ကိုယ်တိုင်လည်း ရဟန်းကိစ္စပြီးပြီလားလို့မေးရင်….တစ်ပါးမှ ဖြေသွားကြသူမရှိဘူး….။
      ဒါကြောင့် ……..ဘယ်လိုစံနဲ့တိုင်းကြသလဲဆိုတာကို သိချင်တာပါ။
      ဆရာတော်ကြီးတွေကိုလည်း စော်ကားလိုစိတ်မရှိပါဘူး…။ ကျုပ်ကိုယ်တိုင်းလည်း မိုးကုတ်ဆရာတော်ကြီးရဲ့တရားတွေကို နာဖူးပါတယ်။
      ခုဟာက….ဆရာတော်ကြီးတွေက တော်တော်…တပည့်တွေက ပိုကဲပြီး….
      ကိုယ်ယုံကြည်ရတဲ့ဆရာတော် ဆိုရင်..မီးရှို့လိုက်ရင် ဓါတ်တော်မကျမှာဆိုးလို့…. မီးမရှို့ခင်ကတည်းက အုန်းရေတွေ ဆောင်ထားပြီး ဖျန်းရတာတို့၊ ထင်းချောင်း၊ သနပ်ခါးချောင်းတွေကို ထောပတ်ဆီနဲ့ လောင်းထားရတာတို့တွေလုပ်ကြတာတွေလည်း
      တွေ့နေရလို့ပါခင်ဗျ….။
      အဲဒီတော့…ရဟန္တာရဲ့စံနှုန်းဟာ…..ဘာနဲ့တိုင်းတာကြမလဲဆိုတာကိုလည်း…
      ဝင်ရောက်ဆွေးနွေးဖို့….ဖိတ်ခေါ်မိတာလေ…။

      • မဟာရာဇာ အံစာတုံး

        July 17, 2012 at 3:49 pm

        မိုးချမ်းမြေ့ ခင်ဗျာ ..

        ရဟန္တာစံနှုန်းကို မတိုင်းခင်မှာ
        ကျနော် အကြံပြုချင်တာကတော့
        သောတာပန် စံနှုန်းကိုပဲ အရင်ဆုံး တိုင်းကြည့်ပါဦးလို့ အကြံပေးချင်ပါတယ် …

        အနာထပိဏ် သူဌေးကြီးနဲ့ သူ့သမီး ရဲ့ ဇာတ်ကြောင်းကို ကြည့်ရင်
        သောတာပန်၊ သကဒါဂမ် တို့ရဲ့ စံနှုန်းကိုတောင် တိုင်းတာဖို့ တော်တော်ခက်တယ်ဆိုတာကို တွေ့ရပါတယ် ..
        အရိယာနယ်ထဲ ရောက်သွားတဲ့ သောတာပန်ပုဂ္ဂိုလ် အနာထပိဏ်သူဌေးကြီးတောင်
        သူ့သမီးကို သကဒါဂမ်ဖြစ်မှန်း မသိဘူးဆိုတော့ ကျနော်တို့လို ပုထုဇဉ်တွေ အနေနဲ့ဆိုတာ တကယ် မလွယ်ပါဘူး …

  • စိန်ဗိုက်ဗိုက်

    July 16, 2012 at 4:27 pm

    အတော် ပါးစပ် စည်းမရှိ၊ လက်စည်း မရှိတဲ့လူတွေ..
    ဒင်းတို ့ကြောင့် ခက်ပါရဲ့..

  • Wow

    July 16, 2012 at 5:40 pm

    “ရဟန္တာဆိုတာ…ဖြစ်ပြီဆိုရင် သုတ်အိတ်(အမျိုးသားများနှင့်သာဆိုင်)ပြုတ်ကျသွားရော တဲ့။ ဘာ့ကြောင့်လဲဆိုရင် ကိလေသာမရှိတော့တာကြောင့်တဲ့။ ”
    ဒါဆိုရင်တော့ရဟန္တာဆိုတာ ကုန်းကုန်းသာသာ လောက်ပဲဆိုတဲ့သဘောပေါ့… အော် လူဒွေလူဒွေ….

  • Gipsy

    July 16, 2012 at 5:56 pm

    ဟုတ်ပါသကောဗျာ…၊
    ထိုင်နေ အကောင်းသား၊ ထ မှ ကျိုးမှန်းသိ ဖြစ်နေမှာမို့…၊
    ဝင်ရောက် မဆွေးနွေးရဲပေါင်ဗျား…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 16, 2012 at 7:15 pm

    အတည်ဘောက်နဲ့ပြောရရင်ဒေါ့ ( ရဟန္တာ ) ဆိုတာကိုပြောတော့မယ်ဆိုရင်
    ( နိဗ္ဗာန် ) ဆိုတာကို ပြောတဲ့သဘောလေးရှိတယ်လို့ ဆိုခြင်ပါတယ် ( ဆင်ခြင်နိုင်ကြဘို့ပါ )
    ( ရဟန္တာ ) ဆိုတာ ( ( နိဗ္ဗာန် ) ကို ( မျက်မှောင့်ပြုသူ) ) လို့ အလွယ်နားလည်နိုင်ရပါမယ်
    ယနေ့ ငြင်းခုန်နေကြတဲ့ ( နိဗ္ဗာန် ) ရဲ့ သဘောမှာ ကျုပ်သတိထားမိသေလောက်
    ( နိဗ္ဗာန် ) ကိုရောက်ရင် ဘယ်ခွေးမှ လူထင်စရာမလိုဘူး
    ( ( နိဗ္ဗာန် ) ဆိုတာ ( ရသ ) တစ်မျိုး ) လို့ မူတည်းပြီးပြောနေတာကို တွေ့ရှိနေရပါတယ်
    ဒါ့ကြောင့်
    ခင်ဗျားတို့ကို ကျုပ်အနေနှင့် ပြင်းပြင်းထန်ထန် သတိပေးခြင်တာကတော့
    ( နိဗ္ဗာန် ) ဆိုတာ
    ထီပေါက်ပြီးချမ်းသာမှတော့ ဘယ်ခွေးမှ လူထင်စရာ မလိုဘူး ဆိုတဲ့ သဘောမဟုတ်ဘူး ဆိုတာလေး
    သတိချပ်နိုင်ကြဘို့ပါ
    ( အမှန်တော့ လူပြိန်းနားလည်အောင်ပြောရရင်တော့ ဘာမှ အလိုမရှိမှတော့ ဘယ်ခွေးကို လူထင်စရာလိုဦးမှာလည်း )
    ( အာသဝေါကုန်ခမ်းခြင်း ) သဘောပါ
    ( နိဗ္ဗာန် ) ဆိုတာ ရဿ မဟုတ်ပါ
    ( နိဗ္ဗာန် ) ဆိုတာ ခံစားစရာမဟုတ်ပါ
    နောက်မှဆက်ပြောမယ်
    ခု
    ကျုပ်
    အသဗျာလေးနည်းနည်း ရွှင်နေတယ် ပြောခြင်တာက နည်းနည်းကောင်းနေတယ်

  • J@ckal

    July 16, 2012 at 9:19 pm

    ခင်ဗျားလက်လှမ်းလို့ မှီလား
    ကျုပ်ကတော့ မမှီဘူး
    သေရင် ဘယ်သွားမလဲ သိလား
    ကျုပ်ကတော့ မသိဘူး
    လူတွေထဲက လူဘဲ
    ဒီတော့ လူအတိုင်းဘဲ နေတယ်
    သူများတွေ ပြောတာ ဟောတာ နားထောင်တာ ကျင့်ကြံတာ အားလုံးရင်ထဲမျာထား
    ဘာသာတရားအရေး ယုံကြည်မှုနဲ့ ကျင့်ကြံမှုက တန်းညှိပြီး တပုံစံထဲ လုပ်ယူလို့မရဘူး
    နှစ်၅ဝလောကအချိန်ယူ အသိပညာရှင်၊အတတ်ပညာရှင် အယောက်၁၀၀ဝလောက် လေ့လာကျမ်းပြုပြီး ပြန်လည်သုံးသပ်မှုထက် မပိုတဲ့အဆင့်ကို ခင်ဗျားက စာလုံးရေ ၁၀၀ဝ မပြည့်တပြည့်နဲ့ အလကားရတဲ့ စာမျက်နှာပေါ်မှာ တထိုင်တည်း အဖြေမထွက်ချင်နဲ့
    ဒီအတွေးမျိုး ရှိနေရင်တော့ ဆယ်ဘဝ သေတောင် အဖြေမရဘူး။
    ခင်ဗျားစာက ဒေါသသင့်စေတဲ့ စာတော့ မဟုတ်ဘူး ဒါပေမဲ့ ခုခင်ဗျား စာရေးခဲ့တဲ့ ကီးဘုတ် အကြောင်းကိုတောင် မသိသေးရင်
    ခေါင်းစဉ်တပ် ရေးတင်ထားတဲ့ အကြောင်းအရာကြီးကို သိဖို့မပြောနဲ့ ထိုင်တွေးနေရင်တောင် …. အင်း မလွယ်ဘူး ကိုယ့်လူ….
    ဒီနေ့ည ညစာ သေချာ စားပါ
    မနက်ဖြန် အိမ်သာ စောစောတက်လိုက်ခြင်းဟာ…. ဝမ်းချုပ်ပြီး ဝမ်းနှတ်ဆေးစားနေရသူထက် မြင့်မြတ်တဲ့ ကျင့်စဉ်လို့ မှတ်လိုက်ပါ

    ပုံ/
    ခွေးအ
    နောက်က မကိုက်ဘဲ ရှေ့တဲ့တဲ့က ကိုက်သွားသည်

  • Pye Kun Zaw

    July 16, 2012 at 9:22 pm

    ကျွန်တော်လေ့လာမိရသလောက်တော့ ရဟန္တာတိုင်းဓါတ်တော်မကျပါ။ ဓါတ်တော်ကျတိုင်းလည်း ရဟန္တာမဖြစ်ပါဘူး။ တစ်ခါတစ်လေမှာ ဘုရားအလောင်းတွေ(ရဟန္တာမဟုတ်သေး) လည်းဓါတ်တော်ကျနိုင်ပါတယ်။ ပြီးတော့ဘုရားအလောင်းတွေဟာလည်း စေတီတည်ထိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
    ကျွန်တော်ငယ်ငယ်ကဆို အရပ်ထဲမှာ ဈာန်ကြွတဲ့ဘုန်းကြီးမြင်ရင်ဘဲဖြစ်ဖြစ် ပျံလွန်တော်မူပြီးအလောင်းမပုပ်သိုးရင်ဘဲဖြစ်ဖြစ် ရဟန္တာလို့လွယ်လွယ် ထင်လိုက်ကြပါတယ်။ ဈာန်အကျင့်က သမထပါ။ ဝိပသနာမကူးရင် ဒါမမဟုတ် အရတ္တဖိုလ်ရတဲ့အထိ အားမထုတ်ရင် ရဟန္တာမဟုတ်သေးပါ။

  • kai

    July 17, 2012 at 3:32 am

    ရဟန္တာတပါးရှိရင်.. လူ့လောက,က.. အင်မတန်အကျိုးများတယ် ဆိုကြတယ်..
    ဘာ့အတွက်ကြောင့်လည်း.. စိစစ်ဆွေးနွေးကြည့်ဖို့ကောင်းတယ်..

    စကားအတင်းစပ်ပြောရရင်.. လူ့ခန္ဓာက ကြွင်းတဲ့.. အရိုးစ..ပြာတွေနဲ့.. ကျန်ရစ်သူတွေ…. အမှတ်တရဖြစ်အောင်.. ခဲတန်လုပ်လို့ရတယ်..
    စိန်ပွင့်လေးတွေဖြစ်အောင်လုပ်လို့ရတယ်..
    တန်ခိုးရှင်.. တခုပဲလိုတယ်..

    ပိုက်ပိုက်.. $$$ :mrgreen:

    Cremation Diamonds made from ashes
    http://www.cremationsolutions.com/Cremation-Diamonds-Made-From-Ash...
    Cremation diamonds made from ashes. Cremation jewelry diamonds created from the ashes of your loved one. Cremation urn … A true memorial to a unique life. Embrace your … Cremation Scattering Ashes Service Professionals · Scattering …

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 17, 2012 at 9:26 am

      ဟန်ကျပြီ သဂျီးမင်းခင်ဗျား
      လွန်လေပြီးတဲ့ ဆရာတော်ကြီးတွေ အချို့ရဲ့ ဓာတ်တော်တွေ နဲ့
      သဂျီးမင်းတရားကြီးရဲ့ အရိုးတွေကို ဆိုခဲ့ပြီးသလို
      ( လူ့ခန္ဓာက ကြွင်းတဲ့.. အရိုးစ..ပြာတွေနဲ့.. ကျန်ရစ်သူတွေ….
      အမှတ်တရဖြစ်အောင်.. ခဲတန်လုပ်လို့ရတယ်..
      စိန်ပွင့်လေးတွေဖြစ်အောင်လုပ်လို့ရတယ်.. )
      ဆိုတာတဲ့နည်းနဲ့ လုပ်ထားတဲ့ သဂျီးဓာတ်တော်တွေ 😀
      တူမလားလို့ သိခြင်သား
      အင်မတန် စွန့်လွှတ်သက်သေပြုပြထိုက်တဲ့ ကိစ္စဖြစ်တဲ့အတွက်
      အတင်းအကြပ်တိုက်တွန်းဘာဒယ်
      ပြုတော်မူပါ သဂျီးမင်းခင်ဗျား
      ကွိကွိ

  • ဇောက် ထိုး

    July 17, 2012 at 6:57 am

    လူမှာ ကိလေသာ အပြည့်ရှိနေတာ… ပုထုဇဉ်။
    လူမှာ ကိလေသာလုံးဝကင်းစင်သွားတာ…..ရဟန္တာ။
    ကိလေသာ ဆိုတာ သုတ်အိပ်ကို ပြောတာမဟုတ်ဘူး… ကိလေသာဆိုတာ စိတ်ရဲ့အညစ်အကြေး…စိတ်ကို ညစ်နွမ်းစေတဲ့ လောဘ ဒေါသ..ကိလေသာ ၁၀=ပါးပြထားတယ်။ စိတ်ရဲ့အညစ်အကြေးမှန်သမျှ ကိလေသာ လို့ပြောလဲ ရမယ်ထင်တယ်။

    နိဗ္ဗာန်ဆိုတာ သမုဒယသစ္စာကြောင့်ဖြစ်တဲ့ ဒုက္ခသစ္စာချုပ်ငြိမ်းသွားတာ…….
    အရှင်းဆုံးထပ်ပြောရရင်.. လူမှာ ကိလေသာကြောင့်ဖြစ်တဲ့.. ဒုက္ခချုပ်ငြိမ်းသွားတာ….
    ကျွန်တော့်အမြင်ကို တင်ပြခြင်းဖြစ်ပါသည်။

  • Ko out of...

    July 17, 2012 at 9:49 am

    မြန်မာပြည်မှာ တရားစစ်တာ ကိုးရီးယား၊ဂျာပန်စသည့် မဟာယာန နိုင်ငံမှာ စစ်တဲ့ တရားနဲ့မတူဘူး..
    သူတို့က ပိုပြီးသေချာတယ်…

    သူတိုတရားစစ် ဋ္ဌာနက..
    တရားစစ်ပြီဆိုရင်… မြန်မာပြည်က ရိပ်သာတွေလို မဟုတ်ဘူး…တရားထိုင်စဉ်က ယောဂီရဲ့ အတွေ့ အကြုံကို လျှောက်ခိုင်းတာ မဟုတ်ဘူး..လျှောက်ရင် သူများပြောသံကြားနဲ့ ကမ္မဋ္ဌာန်းဆရာကို
    လိမ်တာက ရှိနိုင်သေးတယ်..
    – သူတို့က ဘယ်လို လုပ်လဲဆိုတော့…တရားစစ်တဲ့အခန်းထဲကို အလွန်ချောမောလှပတဲ့ ၁၇/၁၈ နှစ်
    အရွှယ် အပျိုမယ်လှလှ လေးတွေကို အခန်းထဲမှာထားတာ…
    တရားအားထုတ်တဲ့ ယောဂီတွေ တရားလာစစ်ပြီဆိုရင်..အဲဒီမိန်းမရဲ့ ကိုယ်ကာယ အလှအကိုကြည့်
    ခိုင်းတာ..တချို့ဆိုအဖြေ မပေါ်လို့…အင်္ကျီတွေကိုတောင် ချွတ်ခိုင်းတာ..
    ဒီလိုကြည့်ခိုင်းပြီး..ဘာလုပ်တယ်ထင်လဲ?…အဲဒီယောဂီရဲ့…ကျားတန်ဆာကို တယောက်ယောက်က
    ဖမ်းကိုင်လိုက်တာ…ကိုင်လိုက်လို့ တောင်းတင်းနေရင် ရဟန္တာ မဟုတ်သေးဘူး… တရားမရသေးဘူးလို့
    လုပ်တယ်…

    တအားတင်းရင် ပုထုဇဉ်..နည်းနည်းပျော့ရင် ..သောတာပန်…ဒီထက်နည်းနည်းပျော့ရင် သကဒါကမ်
    စသည် လုံးလုံး ပျော့ရင် စိတ်မရှိတော့ရင် ရဟန္တာ ဆိုပြီးလုပ်ကြမလားဘဲ?..

    တချို့များ ရဟန္တာ မဖြစ်မှာစိုးလို့ စိတ်မလာတော့တဲ့ ဆေးတမျိုးကိုသောက်လာကြပြီး..ရဟန္တာ လို့လုပ်တာ…

    – နောက်..ဓါတ်တော်ကျတာ လည်းသိပ်အထူးအဆန်းကြီး မဟုတ်ဘူး..

    လူတွေကို မီးင်္သဂြိုလ်အပြီး ပြာမဖြစ်ခင်မှာ…
    အုန်းရည်နဲ့ အရိုးက ပျော်ကျလာတဲ့ အရည်ကို အုန်းရည်နဲ့ လောင်းချလိုက်ရင်..ဓါတ်တော်လိုမျိုး အလုံး အလုံးတွေ ဖြစ်လာတယ်လို့ ဓါတုဗေဒ ပညာရှင်တွေပြောကြတာဘဲ?..လုပ်စားချင်တဲ့ လူတွေ အတွက်ပါနော…ဟဲ..ဟဲ..

    – နောက် ဓါတော်ကျတယ်ဆိုတာ

    • first last

      July 19, 2012 at 6:20 pm

      You said bone become dattaw or something like that because of coconut water.

      how about eye, heart, and brain. they remain even bone become ask.

      For a yahandar, they know their self. they don’t need any proof of other persons.

      But insulting a yahandar is grate danger for that person.

  • ko khin kha

    July 17, 2012 at 10:09 am

    မိုးချမ်းမြေ့ရေ။
    သေ တာကိုဘဲစာရေးတဲ့အခါ ဒီလိုရေးကြတာတွေ့ရပါတယ်။
    ရဟန္တာတွေဆိုရင် – ပရိနိဗ္ဗာန်ပြုတယ်၊
    ဘုန်းကြီး၊ရဟန်းတော်တွေဆိုရင် – ပျံလွန်တော်မူတယ်၊
    လူ၊ပုဂ္ဂိုလ်ဆိုရင် – ကွယ်လွန်တယ်၊ ကွယ်လွန်အနိစ္စရောက်တယ် ၊ ဆုံးပါးတယ် လို့ရေးပါတယ်။
    ရဟန္တာသေလို့ – လို့ရေးတာမျိုး ယခုပိုစ့်၌ဖတ်ရကြောင်းပါ။

  • နွေဦး

    July 17, 2012 at 12:41 pm

    ကျုပ်မပြောတော့ဘူးလို့နေတာ… မရဘူးဖြစ်နေတယ်…
    ဘယ်လိုလူကိုဆရာတင်ပြီး ဘယ်လိုအမှတ်တွေမှားလို့ ဘယ်အရပ်ကို သွားကြမလဲ…
    ဒီလိုလူတွေ ဒီလိုအတွေးနဲ့..ခင်ဗျားတို့တွေ့ချင်တဲ့ ရဟန ္တာ ဆိုတဲ့ ပုဂ္ဂိုလ်မျိုး ဆုံနိုင်မယ်မထင်…။
    ဆိုင်ရာဆိုင်ရာတွေးပြီး မှီရာ အလုပ်လုပ်ကြပါဗျာ..။
    မဝေဖန်သင့် မကြံစီသင့်တာတွေ မကြံစီကြပါနဲ့..။

  • တမျိုးကြီးပါလားးးးးးးး
    ““အဲဒီထဲကမှ…. ရဟန္တာဆိုတာဖြစ်ပြီဆိုရင် သုတ်အိတ်ပြုတ်ကျသွားရောဆိုတဲ့
    အယူအဆထင်မြင်ချက်ကို တောင်တန်းသာသနာပြု ဦးဥတ္တမသာရ ဆရာတော်ကြီးက
    ဤသို့ငြင်းပယ်လိုက်တယ်။ “ သုတ်အိတ်ပြုတ်ကျသွားတယ်ဆိုတာကတော့ မဖြစ်နိုင်
    ဘူး၊ လူ(ယောက်ကျား)ဆိုတဲ့မျိုးက သုတ်အိတ်မရှိတော့ရင် (၆)လထက်ပိုပြီး အသက်
    ရှင်လို့မရဘူး …” တဲ့…။””

    • kai

      July 18, 2012 at 12:40 am

      ဆေးကျောင်းသားကတော့ ရီချင်ရော့မယ်.. :mrgreen:
      ထားပါတော့..

      အပေါ်မှာ ပြာကနေစိန်လုပ်ပေးတယ်ကျုပ်ရှာတွေ့ရေးထားပေးတယ်.. ဓာတုဗေဒအခြေခံလေးထည့်ကြည့်ကြပါ..။

      .. ပြာက ကာဗွန်…ကာဗွန်ကို ဖိအားနဲ့အပူပေးရင်..စိန်ဖြစ်ပါတယ်..
      စက်မှုသုံးစိန်တချို့ အဲလိုပဲလုပ်ယူတာဖြစ်ပါတယ်..
      ဒါလေးများ.. :mrgreen:

      ဆိုတော့.. ရှေးခေတ် သိပ္ပံမထွန်းကား သချ်ာမတတ်သူတွေစာ..စကား..ခေတ်နဲ့ညှိ..စစ်ကြ.. နားထောင်ကြဖို့လိုကြောင်း…

      ပြောရရင်..
      ရဟန္တာက သိရအင်မတန်လွယ်ပါတယ်..။ သူဟောတဲ့တ၈ရား နားထောင်လိုက်တာနဲ့ သိနိုင်ရ(ရ)မှာပါ..။ သူများတော့ မသိ..
      ..ကျုပ်တော့ သိမှာ အသေအချာ.. 🙂

  • မိုးချမ်းမြေ့

    July 17, 2012 at 2:57 pm

    ်ရဟန္တာဆိုတာရဲ့ အခြေအနေမျိုးနဲ့ သတ်မှတ်ချက်တွေဟာ နိုင်ငံတကာနဲ့ယှဉ်ပြီး ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍတွေ ကျဆင်းနေတာတွေကို တွေ့ရတာကြောင့် သိသောသူများပြောစေခြင်းငှာသာ တင်ပြခြင်းဖြစ်တယ်။ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာရှိနေတဲ့ ဗုဒ္ဓဘာသာဆိုတာ ထေရဝါဒဖြစ်ပြီး…ထေရဝါဒက ရဟန္တာလို့သတ်မှတ်ထားတဲ့ စံ မျိုးကို မဟာယာနထဲက ဘုန်းကြီးတွေ၊ သီလရှင်တွေ၊ လည်း ဖြစ်နေကြတာကြောင့် (မီးရှို့လို့ဓါတ်တွေကြွင်း တာကို ဆိုလိုသည်) အဲဒီမဟာယာန ဘုန်းကြီးတွေ၊ သီလရှင်တွေကိုလည်း ရဟန္တာလို့သတ်မှတ်လို့ ရနိုင်၊ မရနိုင် ပြောကြတော့ ထေရဝါဒဗုဒ္ဓဘာသာရဟန်းတွေရဲ့ ပြောချက်ကို လက်ခံသွားခဲ့ပုံမရပါဘူး။
    အဲဒါကိုကြည့်ခြင်းအားဖြင့်…..ဗုဒ္ဓရဲ့ ရဟန္တာအဖြစ်သတ်မှတ်ပုံစံနဲ့ လွဲနေမည်ဟု ခံယူမိတာကတစ်ကြောင်း ကိုယ့်ရဲ့ ဘာသာအယူထဲက တရားရသူတစ်ယောက်ရဲ့ စံနမူနာဟာ ပြသဖို့၊ ဖေါ်ထုတ်ဖို့ ခက်ခဲနေပြီးဆိုရင် ဘယ်လိုလုပ် ကမ္ဘာကိုထိုးဖောက်နိုင်ပါ့မလဲလို့ စဉ်းစားမိရာက သိသူများဖေါ်ပြပေးနိုင်ကြဖို့ရယ် မဖြစ်နိုင်တဲ့ဖွင့်ဆိုချက်တွေကို လွဲမှားစွာ မယူဆမိဖို့ရယ်ဆိုတဲ့ ဆန္ဒနဲ့ တင်ပြလိုက်ရခြင်းဖြစ်ပါကြောင်း…..။

  • surmi

    July 19, 2012 at 1:56 pm

    အမှန်တော ့ ခင်ဗျားတိ်ု ့ ကျုပ်တို ့အားလုံးဟာ သူငယ်တန်းတွေဘဲ
    တက္က္ကသိုလ် သင်ခန်းစာတွေကို ဝေဖန်မနေပါနဲ ့
    သေစာ ရှင်စာလေးရေးတတ်အောင် အရင်လုပ်ပါဦး

Leave a Reply