အော်သံ …..
–
–
–
–
–
–
–
–
–
–
–
–
++++++++++++++++++++++++++++++++
++++++++++++++++++++++++++++++++
မိုးရိပ်ဆင် …
တိုးတိတ် ရင်ခွင် …
မင်း ပုံရိပ်တွေ ထင်တာတိုင်း …
ဒီလူမှာ အရူးတစ်ပိုင်း ………..။
နေကပူ …
ဖြေမရ သူ …
အပြင်မှာ တောက်ပပေမယ့် …
ကောက်မရ၊ အောက်ကျနေတာ ငါ့ရဲ့စိတ် ………..။
အအေးဓာတ် …
အနွေးဓာတ်မဲ့တဲ့ ရင်ခွင် …
သူ့ အငွေ့အသက် …
ပြေးထွက်သွားခဲ့ အဝေးဆုံး …
ပြန်ရနိုင်ဦးမလား …………….။
သဘာဝ …
ငါ ရလိုက်တဲ့ အမုန်းများ …
အရှုံးများ သစ်လွင် …
ဟိုတုန်းကဆိုတာ …
ငါ့ မှတ်ဉာဏ်ပေါ်မှာပဲ အရုပ်ထင်ခဲ့ ……………..။
နွေကမ္ဘာ …
မဖြေသာဘူး ချစ်သူ …
မင်း ပေးခဲ့တဲ့ ရက်စက်မှု …
ငါ့ကို ရူးသွပ်စေခဲ့ …………..။
မှောင်မိုက်ညဉ့် …
အသံကုန် အော်ဟစ် …
” မင်း ကို အရမ်း ချစ်တယ် !!!!! “
ဘယ်သူမှ မကြား …
မင်း လျစ်လျူရှုထားတဲ့ …
ရင်ထဲက ကြေကွဲနှလုံးသားနဲ့ ………….။
by – မောင်ရွာ
++++++++++++++++++++++++++++++++
13 comments
surmi
January 16, 2013 at 8:44 am
ခံစားမှုကဗျာ ဆိုတော ့ မနောက်ပြောင်တော ့ပါဘူး ………….
စောစောစီးစီး အော်သံတွေကိုကြားယောင်ရင်း ထမင်းကြော်နဲ ့ လက်ဘက်ရည်သောက်လို ့
အားပေးသွားပါကြောင်း ……..
အော်သံဆိုလို ့ ကယ်ဆယ်ရေးများလုပ်ရတော ့မယ်အောက်မေ ့တာ ခုတော ့ :harr:
Mon Kit
January 16, 2013 at 9:04 am
အမောင်အံ.. ဘူ့ကို ချစ်နေတာရဲဟင်???
ကူညီပါရစေ… ကူညီပါရစေရှင့်…. :kwi:
mamanoyar
January 16, 2013 at 9:44 am
ဟိုသီချင်းတင်ရမှာ ဦးဦးအံစာရဲ့
ဘယ်သူကယ်နိုင်မလဲ အသဲကွဲတဲ့ရောဂါ…………
လွယ်လွယ်နဲ့လည်း မပျောက်နိုင်..
water fish
January 16, 2013 at 1:40 pm
ကိုအံ အတွဲကွဲနေတာရား…
ကိုအံကိုဘီလူခွဲတွားတာယဲ ဟင်….119ကိုဆက်ပီး ကူညီတောင်းလိုက်ပါလား..ဟီးဟီး
ဗုံဗုံ
January 16, 2013 at 1:56 pm
ဦးလေးအံချာရဲ့ အော်သံလေးကိုနားထဲကြားလိုက်ပါတယ် ( ဘွတ်အဲ ) ဆိုလား ( ညွမ့်) ဆိုလား (ပဲ ) ဆိုလား :harr:
moonpoem
January 16, 2013 at 2:07 pm
ကိုအံစာတုံးက မျက်နှာခြောက်ဖက်ရှိလို ့ကောင်မလေးက ကြောက်ပြီး ထားသွားတာများလား မသိဘူးနော်
ကြည်ဆောင်း
January 16, 2013 at 2:30 pm
ဒီမှာလဲ အော်ချင်နေတာ ..
မုန်းလွန်းလို့…
အပြိုင်တော့ အော်လို့မရဘူးဖြစ်နေပြီ
Topic မတူလို့ ….
:chee:
ရွာသူ jujuma .
January 16, 2013 at 2:48 pm
အသံကုန်အော်တာတောင် ဘယ်သူမှ မကြားဘူးဆိုတော့ ..
စဉ်းစားစရာ ဖစ်ကုန်ပီ … 😛
•*¨နန်းတော်ရာသူ •*¨
January 16, 2013 at 2:53 pm
သားမက်လေးတကယ်အသဲကွဲနေတာကိုးးးမနောက်ချင်တော့ဘူး
မျှော်မှန်းတဲ့ငှက်ဘဝကိုရပါစေလို့ပဲ ဆုတောင်းပေးခဲ့ပါတယ်။
:eee:
မောင်ပေ
January 16, 2013 at 7:12 pm
အော်သံ
ဂျော်ဖန်
ပျော်ကြံ
လော်ထန်
ဆော်နှံ
တော်ပြန်
Mr. MarGa
January 16, 2013 at 8:54 pm
အော်သံဆိုလို့
ဘာများ အော်ပါလိမ့်လို့
ဒါလေးများ
အော်မယ့်အော် အားရပါးရအော်စမ်းပါ
နာမည်လေးပါတပ်ပြီးတော့
ငှဲငှဲ
မဟာရာဇာ အံစာတုံး
January 16, 2013 at 11:51 pm
အားလုံးပဲ ခင်ဗျာ …
ကျုပ် အနေနဲ့ အချိန်မီ Reply မလုပ်နိုင်ခြင်း အတွက်
တောင်းပန် ပါကြောင်း ……။
ရေ မရှိတဲ့ ချောင်းမှာ နှာခေါင်း ဖော်ပြီး သေသင့်ပါကြောင်း …
ဖတ်ရှု အားပေးသွားကြသူ အပေါင်းကိုလည်း
ကျေးဇူး အထူးပင် တင်ရှိပါကြောင်း …….။
နောက်ခါလည်း မောင်ရွာရဲ့ ကဗျာတွေလည်း အားပေးကြပါဦးလို့ … အဟီးး
alinsett
January 1, 2014 at 8:50 pm
အော်သံဆိုတော့.. ဟိုပန်းချီကားကြီးကို..သတိရသွားတယ်.. ။
🙂
ဒီ စာပန်းချီလေးလည်း… အော်သံ ပီပီသသ ပါပဲ..လေ.. ။