Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁၉ ) ( D – 28 – LUCERNE – STANSERHORN SUMMIT )

Foreign ResidentJanuary 16, 201318min71113

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၁၉ )

( D 28 LUCERNE –

STANSERHORN SUMMIT )

 

အောက်တိုဘာ ၈ ရက်နေ့ ။

 

ဒီနေ့တော့ မနက် ရ နာရီမှာ ၊

ဟော်တယ်မှာ မနက်စာစားပြီး ၊

Lucern မြို့ ကပ်ရက်က ၊

Lake of Lucern ရေကန်ကြီး ၊

ဘက်ကို ထွက်လာခဲ့ပါတယ် ။

 

အဲဒီမှာ အသင့် စီစဉ်ထားတဲ့ ဘုတ်အကြီးစားကြီးကိုစီးပြီး တဖက်ကမ်းက Stansstad မြို့ကို ကူးခဲ့ပါတယ် ။

အမှန်တော့ Tour Bus နှင့်သွားလို့လဲ ရပေမယ့် ၊ တမင် Lucern ရေကန်ကို လှည့်လည်ပြတဲ့ cruise ခရီးစဉ်ပါ ။

 

Lucern ရေကန်ကြီးဟာ  ရေကန် လို့သာခေါ်ရတာ တော်တော် ကျယ်ပါတယ် ။

အလျား မိုင် ၂ဝ လောက်ရှိတဲ့အတွက် ၊ အင်းလေးကန်ထက်ကျယ်တယ်လို့ အဘထင်ပါတယ် ။

ရေကန်ဟာ စိမ်းမှောင်နေပေမယ့် ရေက ကြည်လင်နေတာမို့ ရေထဲမှာကူးနေတဲ့ ငါးတွေကို အတိုင်းသားမြင်နေရပါတယ် ။

ဗျိုင်း လို ၊ တင်ကျီး လို ၊ ငန်း လို ၊ ငှက်မျိုးပေါင်း မြောက်များစွာ ကို အုပ်လိုက် အုပ်လိုက် တွေ့နေရပါတယ် ။

အဲဒီ ငါးတွေ ငှက်တွေ ကလည်း လူတွေနှင့်ယဉ်နေတာ ၊ အစာပါကျွေးလို့ရတာ တွေ့ခဲ့ရပါတယ် ။

ဆွစ်ဇာလန်သားတွေ ငါးမဖမ်းကြဘူးလား ၊ ဒါမှမဟုတ် ငါးမဖမ်းတတ်ဘူးလား မသိဘူး ၊

ငါးဖမ်းလှေလဲ တစ်စီးမှ ၊ တစ်ယောက်မှ ကို မတွေ့တာ ။ အကုန် အပျော်စီး လှေတွေပဲ တွေ့ခဲ့တယ် ။

 

စထွက်စမှာတော့ အအေးပိုင်းတိုင်းပြည် မနက်ခင်းတွေရဲ့ ထုံးစံအတိုင်း Fog မြူ အနည်းငယ် ဝေ နေပေမယ့် ၊

သိပ်မကြာခင်မှာ နေရောင် နဲနဲ ရလာပြီး ပါတ်ဝန်းကျင် တစ်ခုလုံး လင်းလာ လှလာပါတော့တယ် ။

ကန်စပ် နေရာတွေမှာတော့ တကယ့်ကို ကျယ်ဝန်းလှတဲ့ ခြံကျယ်ကြီးတွေထဲမှာ ၊

ရဲတိုက်လောက်ကြီးတဲ့ အိမ်လှကြီးတွေဟာ ၊ ကိုယ်ပိုင် လှေဆိပ်တွေနှင့် လှချင်တိုင်း လှနေပါတော့တယ် ။

အဲဒီ ကန်စပ်နားက အိမ်ခြံ လှလှကြီးတွေဟာ ဒေါ်လာ သန်း ၃ / ၄ဝ တန်တယ်လို့ ပြောပါတယ် ။

ဪ တကယ့်ကို မင်းကြိုက် စိုးကြိုက် အဘတို့လို ဆင်းရဲသားတွေနှင့် လားလားမှ မထိုက်တဲ့ နေရာတွေပေါ့လေ ။

အင်း ၊ ဒီ ဘဝ ကုသိုလ် ကောင်းမှုတွေ များများလုပ်ပြီး နောက်ဘဝ အတွက်သာ စိတ်ကူးယဉ်လို့ရမယ် နေရာတွေပေါ့ ။

 

အဲဒီ အိမ်လှလှကြီးတွေ နှင့် တောတောင်ရှုခင်းတွေကို ငေးမေါကြည့်နေတုန်းမှာပဲ ။

” Hello, Everybody, Captain Lian is speaking, Mum, I’m driving the boat, Yayyyyy ” ဆိုပြီး ၊

ကလေးတစ်ယောက်ရဲ့ ဝမ်းသာအားရ အော်သံကို သင်္ဘော Intercom System ထဲက ကြားလိုက်ရပါတယ် ။

အဲဒါနှင့် သင်္ဘော မေါင်းခန်းထဲ သွားကြည့်မှ ၊ အဘတို့ အဖွဲ့ထဲက နယူးဇီလန်သား ချာတိတ်လေး Lian ကို ၊

သင်္ဘော မေါင်းခွင့် ပေးထားလို့၊ ချာတိတ်က အရမ်း ပျော်နေတာ တွေ့ရပါတယ် ။

အဲဒီ ချာတိတ်လေး ဟာ စိတ်ကောင်းရှိ ၊ ချစ်စရာကောင်း ၊ လူတကာကို ကူညီတတ်ပြီး ၊

သူ ပါလာလို့သာ အဘတို့ အဖိုးကြီး အဖွားကြီး တစ်ဖွဲ့လုံးဟာ တစ်လမ်းလုံး မပျင်းရတာပါ ။

Lucern မြို့ ၊ Lucern ရေကန်ကြီး နှင့် အဘတို့ ထွက်လာခဲ့တဲ့ ဆိပ်ကမ့်ရဲ့ ရှုခင်း အလှ ။
Lucern မြို့ ၊ Lucern ရေကန်ကြီး နှင့် အဘတို့ ထွက်လာခဲ့တဲ့ ဆိပ်ကမ့်ရဲ့ ရှုခင်း အလှ ။
ငါးတွေ ငှက်တွေ ကလည်း လူတွေနှင့်ယဉ်နေတာ ၊ အစာပါကျွေးလို့ရတာ တွေ့ခဲ့ရပါတယ် ။
ငါးတွေ ငှက်တွေ ကလည်း လူတွေနှင့်ယဉ်နေတာ ၊ အစာပါကျွေးလို့ရတာ တွေ့ခဲ့ရပါတယ် ။
တကယ့်ကို မင်းကြိုက် စိုးကြိုက် အဘတို့လို ဆင်းရဲသားတွေနှင့် လားလားမှ မထိုက်တဲ့ နေရာတွေပေါ့လေ ။
တကယ့်ကို မင်းကြိုက် စိုးကြိုက် အဘတို့လို ဆင်းရဲသားတွေနှင့် လားလားမှ မထိုက်တဲ့ နေရာတွေပေါ့လေ ။

 

သင်္ဘော မေါင်းခွင့် ပေးထားလို့၊ ချာတိတ် ကလေး Captain. Lian  အရမ်း ပျော်နေတာ ။
သင်္ဘော မေါင်းခွင့် ပေးထားလို့၊ ချာတိတ် ကလေး Captain. Lian အရမ်း ပျော်နေတာ ။

 

 

 

 

Lucern ကန်ထဲမှာ ၁ နာရီ ကျော်ကျော် လှည့်ပြပြီးတဲ့ အခါမှာတော့ Stansstad မြို့လေးမှာ ကမ်းကပ်ပါတယ် ။

အဲဒီမှာ အဘတို့ရဲ့ Tour Bus က ကြိုရောက်နေပြီး ၊ Biren ဆိုတဲ့ တောင်ပေါ်ရွာလေးကို ထွက်ခဲ့ပါတော့တယ် ။

အဲဒီ တောင်ပေါ်ရွာလေးဟာ ဟိုး တောင်ကြီးတွေရဲ့ တစ်ဖက်မှာရှိပြီး ၊

တမင်သက်သက် အဘတို့ကို တောင်ပါတ်လမ်း ရှုခင်းတွေကို ပြဖို့နှင့် ၊

ဆွစ်ဇာလန် ရိုးရာ နွားမွေးမြူရေး လုပ်ငန်းတွေကို ပြဖို့ ၊

ဆွစ်ဇာလန် ရိုးရာ မြင်းလှည်းစီးပြီး တောင်ပေါ်ရွာလေး ကို ပါတ်ကြည့်ဖို့အတွက် သွားကြတာပါ ။

 

ပထမဆုံး အဘတို့ Tour Bus ရပ်တဲ့နေရာမှာတင် ရှုခင်းတွေက ရင်သပ်ရှုမေါကို တော်တော်လှနေပါပြီ ။

အဲဒီ ကားရပ်တဲ့နေရာမှာ တောင်ပေါ်တက်တဲ့ Cable Car စခန်းလေးလဲ တွေ့ရတော့ ၊

အဘတို့ ဒီ Cable Car ကို စီးပြီး တောင်ပေါ်တက်ရမှာလား ဆိုပြီး Tour Director ပီတာကြီးကို မေးကြည့်တော့ ၊

မဟုတ်ဘူးတဲ့ ၊ ဒီ Cable Car ပုစိကွေးလေးတွေဟာ အဘတို့ သွားမယ့် တောင်ထိပ်ကို မရောက်ဘူးတဲ့ ၊

ဒီ Cable Car ပုစိကွေးလေးတွေဟာ တောင်ဆွယ်လေးလောက်ပဲ ရောက်တာတဲ့ ။

နောက်ပြီးတော့ အဘတို့ စီးဖို့ စီစဉ်ထားတဲ့ Cable Car က ကမာ္ဘ့ ထိပ်တန်း နံမည်ကြီး စာရင်းဝင်တဲ့ ၊

ငါ အခုပြောမှာထက် စာရင် ၊ မင်းတို့ ဟိုကျမှ ကိုယ်တိုင် ကိုယ်ကျ ခံစားကြည့်ပါတဲ့ ။

 

အဲဒီနောက် ၊ ရေတဟုန်ထိုး စီးဆင်းနေတဲ့ စမ်းချောင်းလေးဘေးက တောလမ်းလေးအတိုင်း လျှောက်သွားလိုက်တာ ၊

ဆွစ်ဇာလန် ရိုးရာ နွားမွေးမြူရေး လုပ်နေတဲ့နွားခြံ နှင့် မျက်ခင်းပြင်ကျယ်ကြီးကို တွေ့ရပါတယ် ။

အဘ တို့အဖွဲ့ ကို နွားခြံ ပိုင်ရှင် မိသားစုကြီးက လာရောက် ကြိုဆိုပါတယ် ။

ဒီ Cable Car ပုစိကွေးလေးတွေဟာ အဘတို့ သွားမယ့် တောင်ထိပ်ကို မရောက်ဘူးတဲ့ ။
ဒီ Cable Car ပုစိကွေးလေးတွေဟာ အဘတို့ သွားမယ့် တောင်ထိပ်ကို မရောက်ဘူးတဲ့ ။
တဟုန်ထိုး စီးဆင်းနေတဲ့ စမ်းချောင်းလေးဘေးက တောလမ်းလေး နှင့် ဘေးက တောအိမ်လေးတွေ ရဲ့ ရှုခင်း ။
တဟုန်ထိုး စီးဆင်းနေတဲ့ စမ်းချောင်းလေးဘေးက တောလမ်းလေး နှင့် ဘေးက တောအိမ်လေးတွေ ရဲ့ ရှုခင်း ။
ဆွစ်ဇာလန် ရိုးရာ နွားမွေးမြူရေး လုပ်နေတဲ့နွားခြံ နှင့် မျက်ခင်းပြင်ကျယ်ကြီးကို တွေ့ရပါတယ် ။
ဆွစ်ဇာလန် ရိုးရာ နွားမွေးမြူရေး လုပ်နေတဲ့နွားခြံ နှင့် မျက်ခင်းပြင်ကျယ်ကြီးကို တွေ့ရပါတယ် ။

 

 

 

 

အဘ တို့ကို နှစ် ဖွဲ့ ခွဲလိုက်ပြီး ၊ တစ်ဖွဲက မြင်းလှည်း နှင့် တောင်ပေါ်ရွာကို ပါတ်ကြည့်ဖို့ အရင်ထွက်ခွာသွားပါတယ် ။

အဘ တို့ ကျန်ခဲ့တဲ့ အဖွဲ့ကိုတော့ နွားခြံ ပိုင်ရှင် အမျိုးသမီးက သူ့နွားခြံ အကြောင်း နှင့် ၊

သူ့ နွားခြံက ထုတ်လုပ်တဲ့ Cheese အမျိုးမျိုး ကို ထုတ်လုပ်ပုံနှင့် တကွ ရှင်းပြပါတယ် ။

အဘ တို့ကို သူကိုယ်တိုင် ဖုတ်ထားတဲ့ ကိတ် အမျိုးမျိုး ၊ Salami အသား အမျိုးမျိုး ၊

Cheese အမျိုးမျိုးကို ၊ ဝိုင် အရက် ၄ / ၅ မျိုး ၊ ကော်ဖီ နှင့် ဧည့်ခံပါတယ် ။

 

သားသမီး ငါးယောက်ရှိပြီး အကြီးဆုံး သမီးနှင့် အဖေကတော့ အခု မြင်းလှည်းမေါင်တဲ့ အထဲမှာ ပါသွားကြောင်း ၊

အခု အလတ်သမီးက အဘတို့ကို စားစရာတွေ ကူ ဧည့်ခံနေတာဖြစ်ကြောင်း ၊

သူ့အောက် အငယ် မေါင်လေး နှစ်ယောက်ကတော့ တာတေလန်အောင် ဆော့ပြီး ၊

ချထားတဲ့ စားစရာတွေ ကို အကုန်စားပစ်မှာဖြစ်လို့ အိမ်ပေါ်မှာပဲ ထားရကြောင်း ပြောပါတယ် ။

သူ ကသာ အဲလိုပြောနေ ၊ သူ့သမီးလတ်က သူဟိုဖက်လှည့်သွားရင် အဘတို့စားဖို့ ချထားတဲ့ ကိတ်မုန့်တွေကို ၊

တစ်ခုပြီး တစ်ခု ယူစားနေတာတော့ အဘ တွေ့နေရတာပဲ ။

 

ကလေးမလေးက ချစ်စရာလေးပါ ၊ သူ့အရွယ်နှင့် မလိုက် အဘတို့ကို စားစရာတွေ ပြင်ဆင်ပေးနေပါတယ် ၊

ကော်ဖီတွေ သူ့လက်ပေါ်ဖိတ်ကျသွားလို့ ၊ သူ့လက်တောင် နဲနဲ အပူလောင်သွားမယ် ထင်တယ် ။

အဝတ်အစားကတော့ နဲနဲ နွမ်းပါးရှာတာ တွေ့ရတယ် ။ အိမ်နေရင်း မို့လားမသိ ။

 

ခြံရှင် အမျိုးသမီးက သူက ဒီခြံ ကို ငှားပြီး နွားမွေးနေရတာ ဖြစ်ကြောင်း ၊

အခု ခေတ်ကြီးမှာ အပြိုင်အဆိုင်များတော့ မနဲ ရုန်းကန်နေရကြောင်း ၊

အခု Trafalgar နှင့် စာချုပ်ချုပ်ထားလို့ တစ်လကို ခရီးသည် ၃၀ဝ လောက် ၊

လာကြည့်ကြလို့ နည်းနည်း အဆင်ပြေလာတာ လို့ ပြောပါတယ် ။

 

ဟုတ်လောက်ပါတယ် ၊ အဘတို့ အဖွဲ့ ရောက်လာတာ သူတို့ မိသားစု အားလုံး ပျော်နေကြတာ တွေ့တယ် ။

အဲ ဟို သမီး ချာတိတ်မလေး ကတော့ မုန့်တွေစားရလို့ ပျော်နေတာဖြစ်မယ် ။

အော် ၊ ချမ်းသာတဲ့ နိုင်ငံတွေမှာလဲ သူ့အထွာနှင့်သူတော့ ရုန်းကန်နေကြရတာပါပဲ ။

ကလေးမလေးက ချစ်စရာလေးပါ ၊ သူ့အရွယ်နှင့် မလိုက် အဘတို့ကို စားစရာတွေ ပြင်ဆင်ပေးနေပါတယ် ။
ကလေးမလေးက ချစ်စရာလေးပါ ၊ သူ့အရွယ်နှင့် မလိုက် အဘတို့ကို စားစရာတွေ ပြင်ဆင်ပေးနေပါတယ် ။
နွားခြံထဲက မွေးကာစ နွားပေါက်စလေး တွေ ။
နွားခြံထဲက မွေးကာစ နွားပေါက်စလေး တွေ ။

 

သူတို့ နွားခြံထဲ လှည့်ကြည့်ပြီးတဲ့ အချိန်မှာ ပထမ အဖွဲ့ပြန်ရောက်လာလို့ ၊

အဘတို့လည်း Biren ရွာလေးကို မြင်းလှည်း နှင့် လှည့်ကြည့်ကြပါတယ် ။

 

မြင်းလှည်း တစ်စီးကို မြင်းတစ်ကောင် နှင့် လူ ၈ ယောက်လောက် စီးကြတာ ။

ပထမ အသုတ် မှာလည်း ၄၅ မိနစ်လောက် ပါတ်သွားခဲ့တာဆိုတော့ ၊

မြင်းတွေက အဘတို့ အသုတ် နောက် ၄၅ မိနစ်မှာ တော်တော်မောနေရှာပါပြီ ။

မြင်းတွေက အကောင် အကြီးကြီးတွေမို့သာ ခံနိုင်တာ ၊ သနားပါတယ် ။

မြင်းလှည်းမောင်းတဲ့ သမီးအကြီးလည်း မြင်း ကို တော်တော် ချော့မောင်းနေရရှာပါတယ် ။

အော် စားဝတ်နေရေး အတွက် ရုန်းကန် နေရရှာတာပါပဲ ။

 

တောင်ပေါ်ရွာကလေးရဲ့ ရွာလယ်လမ်းတစ်လျှောက် မြင်းလှည်းကို ဖြေးဖြေးသာ မေါင်းလာခဲ့ပါတယ် ။

တောင်ပေါ်ရွာကလေးလို့သာဆိုရတယ် ၊ အကုန်လုံး အိမ်လှလှလေးတွေ နှင့် နေကြတာပါ ။

လမ်းတွေကလည်း ဖြောင့်ဖြူး လှပနေ ပြီး ၊ အေးချမ်းတဲ့ ရာသီမို့လဲ မြက်ခင်းတွေက စိမ်းစို လှပနေတာပါ ။

ဘေးနားက Alps တောင်တန်းကြီးတွေထိပ် မှာတော့ Snow Capped နှင်းဖြူတွေ ဖုံးလွှမ်းထားပါတယ် ။

တောင်ပေါ်ရွာထဲက သစ်ပင်တွေ ဟာလည်း အရွက်ချွေတဲ့ ရာသီကို ရောက်လာပြီမို့ ၊

တချို့ ပင်လုံး စိမ်း ၊ တချို့ ပင်လုံး ဝါ ၊ တချို့ ပင်လုံး လိမ္မော် နှင့် လှချင်တိုင်း လှနေတော့တာပါပဲ ။

တောင်ပေါ်ရွာကလေးရဲ့ ရွာလယ်လမ်းတစ်လျှောက် မြင်းလှည်းကို ဖြေးဖြေးသာ မေါင်းလာခဲ့ပါတယ် ။
တောင်ပေါ်ရွာကလေးရဲ့ ရွာလယ်လမ်းတစ်လျှောက် မြင်းလှည်းကို ဖြေးဖြေးသာ မေါင်းလာခဲ့ပါတယ် ။
တောင်ပေါ်ရွာကလေးလို့သာဆိုရတယ် ၊ အကုန်လုံး အိမ်လှလှလေးတွေ နှင့် နေကြတာပါ ။
တောင်ပေါ်ရွာကလေးလို့သာဆိုရတယ် ၊ အကုန်လုံး အိမ်လှလှလေးတွေ နှင့် နေကြတာပါ ။
ဘေးနားက Alps တောင်တန်းကြီးတွေထိပ် မှာတော့ Snow Capped နှင်းဖြူတွေ ဖုံးလွှမ်းထားပါတယ် ။
ဘေးနားက Alps တောင်တန်းကြီးတွေထိပ် မှာတော့ Snow Capped နှင်းဖြူတွေ ဖုံးလွှမ်းထားပါတယ် ။
တချို့ ပင်လုံး စိမ်း ၊ တချို့ ပင်လုံး ဝါ ၊ တချို့ ပင်လုံး လိမ္မော် နှင့် လှချင်တိုင်း လှနေတော့တာပါပဲ ။
တချို့ ပင်လုံး စိမ်း ၊ တချို့ ပင်လုံး ဝါ ၊ တချို့ ပင်လုံး လိမ္မော် နှင့် လှချင်တိုင်း လှနေတော့တာပါပဲ ။

 

 

 

 

ချစ်စရာ တောင်ပေါ်ရွာကလေးကို ပါတ်ကြည့်ပြီးတဲ့ အခါမှာတော့ ၊

အဘတို့ တက်ရမယ့် Stanserhorn Summit တောင် ဖက်ကို ထွက်လာခဲ့ပါတယ် ။

ပထမဆုံး တောင်ခြေကနေ တောင်ခုလတ် အထိကို Tram ရထားငယ်လေးနှင့် အရင်တက်ရပါတယ် ။

 

အဲဒီ တောင်ခုလပ် / တောင်ထိပ်ငယ်လေး ကနေ Stanserhorn တောင်မကြီး ထိပ်ကိုတော့ ၊

ကမာ္ဘပေါ်မှာ တစ်ခုတည်း ရှိတဲ့ အပေါ်ဖွင့် နှစ်ထပ် Cable Car ( Cabrio ) ၊

( double-decker cable car with open-air sundeck ) နှင့် တက်ရပါတယ် ။

 

အဲဒီလို ၂ ထပ် မှာမှ ၁ ထပ်ကို အမိုးဖွင့်ထားတဲ့ Cable Car တစ်ကမာ္ဘလုံးမှာ ဒီတစ်နေရာမှာပဲ ရှိတာပါ ။

Cable Car တစ်စီးကို လူ ၆ဝ ဆန့်ပြီး ၊ Cable လမ်း အရှည် 2.3 Kilometer ရှိပါတယ် ။

အဲဒီ Cable Car အကြောင်း နှင့် ပိုလှတဲ့ပုံတွေကိုတော့ အောက်က Web Page မှာကြည့်နိုင်ပါတယ် ။

<http://www.dailymail.co.uk/news/article-2166320/Swiss-unveil-double-decker-cable-car-open-air-sundeck.html>

 

တောင်ခြေကနေ တောင်ခုလတ် အထိကို Tram ရထားငယ်လေးနှင့် အရင်တက်ရပါတယ် ။
တောင်ခြေကနေ တောင်ခုလတ် အထိကို Tram ရထားငယ်လေးနှင့် အရင်တက်ရပါတယ် ။
ကမာ္ဘပေါ်မှာ တစ်ခုတည်း ရှိတဲ့ အပေါ်ဖွင့် နှစ်ထပ် Cable Car ( Cabrio ) Lucern Lake ကန်ကြီး နောက်ခံ နှင့် ။
ကမာ္ဘပေါ်မှာ တစ်ခုတည်း ရှိတဲ့ အပေါ်ဖွင့် နှစ်ထပ် Cable Car ( Cabrio ) ။ Lucern Lake ကန်ကြီး နောက်ခံ နှင့် ။

 

အဲဒီ Cable Car စီးခဲ့တဲ့ အချိန်တွေဟာ အဘ ဘဝမှာ ပျော်စရာ အကောင်းဆုံးတွေထဲမှာ ပါပါတယ် ။

တောင် ရဲ့ အလယ်လောက်မှာ နှင်းမြူတွေ / တိမ်တောင်တွေ ဖုံးလွှမ်းနေပြီး ၊

Stanserhorn တောင်ထိပ် နှင့် တောင်ခြေမှာတော့ တိမ် မြူတွေ ကင်းရှင်းနေပါတယ် ။

အဲဒီတော့ အဘတို့ဟာ တိမ်ဆိုင် တိမ်ခဲတွေ ကြားထဲ ဝင်လိုက်ထွက်လိုက် နှင့် ငြိမ့်ငြိမ့်လေး ဖြတ်သန်း ခဲ့ရတာပါ ။

အဲဒီ အချိန်တွေမှာ ကိုယ့်ဖာသာကိုယ် နတ်ပြည် ရောက်နေသလိုပဲ ခံစားနေရတာပါ ။

 

အဲဒီကြားထဲ Cable ကြိုးတွေကို တိုင်လုံးကြီးတွေ နှင့် ထောက်ပင့်ထားတာဆိုတော့ ၊

Cable ကြိုးတွေဟာ Curvature ယပက်လက်ပုံစံ မြင့်သွားလိုက် နိမ့်သွားလိုက် ဖြစ်နေတာပါ ။

အဲဒီတော့ Cable ကားမှာလည်း ၊ တိုင်လုံးကြီးတွေနားနီးလာရင် အပေါ်ကို ဖြေးဖြေးချင်း ရုန်းတက်လိုက် ၊

တိုင်လုံးကြီးတွေကို ကျော်သွားတာနှင့် ဝုန်းဆို အောက်ကို ပြေးဆင်းလိုက်နှင့် ၊

ပြောရမယ်ဆိုရင် ၊ နတ်ပြည်မှာ Roller Coaster စီးနေရသလိုကို ခံစားခဲ့ရပါတယ် ။

တိမ်ဆိုင် တိမ်ခဲတွေ ကြားထဲ ဝင်လိုက်ထွက်လိုက် နှင့် ငြိမ့်ငြိမ့်လေး ဖြတ်သန်း ခဲ့ရတာပါ ။
တိမ်ဆိုင် တိမ်ခဲတွေ ကြားထဲ ဝင်လိုက်ထွက်လိုက် နှင့် ငြိမ့်ငြိမ့်လေး ဖြတ်သန်း ခဲ့ရတာပါ ။
Cable ကြိုးတွေကို တိုင်လုံးကြီးတွေ နှင့် ထောက်ပင့်ထားတာဆိုတော့ ၊
Cable ကြိုးတွေကို တိုင်လုံးကြီးတွေ နှင့် ထောက်ပင့်ထားတာဆိုတော့ ၊

 

 

အဲဒါနှင့်ပဲ တောင်ထိပ်ကို ရောက်ခဲ့ပါတယ် ။

ရောက်ရောက်ချင်းမှာတော့ တောင်ထိပ်မှာ တိမ်တောင် မြူခိုးတွေ ဖုံးကွယ်နေပါတယ် ။

အဘတို့ ကုသိုလ်ကံ ကောင်းလေတော့ ၊ နောက်မကြာခင်မှာပဲ တိမ်တောင် မြူခိုးတွေ ပျောက်ကင်းသွားပြီး ၊

ဟိုးအဝေး မျက်စိ တစ်ဆုံးထိ လှပလှတဲ့ နှင်းဖုံးနေတဲ့ Alps တောင်တန်းကြီးတွေရဲ့ အလှကို မြင်ခဲ့ရပါတယ် ။

 

အမှန်ပြောရရင် ၊ တိမ်တောင် မြူခိုးတွေ ဖုံးနေတာကလည်း တစ်မျိုးလှ နေပြီး ။

တိမ်တောင် မြူခိုးတွေ ကင်းစင်သွားတော့လည်း တစ်မျိုးလှ နေတော့တာပါပဲ ။

ဟိုးအဝေး မျက်စိ တစ်ဆုံးထိ လှပလှတဲ့ နှင်းဖုံးနေတဲ့ Alps တောင်တန်းကြီးတွေရဲ့ အလှကို မြင်ခဲ့ရပါတယ် ။
ဟိုးအဝေး မျက်စိ တစ်ဆုံးထိ လှပလှတဲ့ နှင်းဖုံးနေတဲ့ Alps တောင်တန်းကြီးတွေရဲ့ အလှကို မြင်ခဲ့ရပါတယ် ။
အမှန်ပြောရရင် ၊ တိမ်တောင် မြူခိုးတွေ ဖုံးနေတာကလည်း တစ်မျိုးလှ နေပြီး ။
အမှန်ပြောရရင် ၊ တိမ်တောင် မြူခိုးတွေ ဖုံးနေတာကလည်း တစ်မျိုးလှ နေပြီး ။
တိမ်တောင် မြူခိုးတွေ ကင်းစင်သွားတော့လည်း တစ်မျိုးလှ နေတော့တာပါပဲ ။
တိမ်တောင် မြူခိုးတွေ ကင်းစင်သွားတော့လည်း တစ်မျိုးလှ နေတော့တာပါပဲ ။
Stanserhorn တောင်ထိပ်က အပန်းဖြေစခန်းကို အပေါ်စီးမှ အမြင် ။
Stanserhorn တောင်ထိပ်က အပန်းဖြေစခန်းကို အပေါ်စီးမှ အမြင် ။

 

 

 

 

Stanserhorn တောင်ထိပ်မှာပဲ နေ့လည်စာစား တစ်နာရီလောက်နေပြီးတော့ ၊

Lucern မြို့ကို ( ဒီတစ်ခါတော့ ကားနှင့်ပဲ ) ပြန်လာခဲ့ပါတယ် ။

ညနေပိုင်းက ကိုယ်ပိုင် လျှောက်လည်ဖို့ အချိန် ပေးထားတာမို့ ၊

Lucern မြို့လည်ကောင် နာမည်ကျော် Bucherer နှင့် Gubelin ကုန်တိုက်ကြီးနား ဆင်းကြပြီး ၊

Lucern မြို့ တစ်ခွင် လှည့်ပါတ်ကြည့်ရှုကြပါတယ် ။

 

Lucern Lake ကန်ကို ဖြတ်ဖေါက်ထားတဲ့ ရှေးဟောင်း The Chapel Bridge ( Kapellbrücke ) တံတား နှင့် ၊

သူ့ အထဲက ရှေးဟောင်း ပန်းချီ လက်ရာတွေကိုလည်း လေ့လာဖြစ်ခဲ့ပါတယ် ။

သူတို့ဆီက အိမ်လေးတွေရဲ့ Style ကလည်း တစ်မျိုးစီ ထူးခြား လှပနေပါတယ် ။

 

ညစာ ကိုတော့  မြို့လည် မှာ ကြုံသလိုစား တိုလီမုတ်စလေးတွေ လျှောက်ဝယ်ပြီး ၊

အဘတို့တည်းတဲ့ Hotel Europe ကိုပြန်လာပြီး အနားယူလိုက်ပါတော့တယ် ။

 

ဟဲ ဟဲ ၊ ဆွစ်ဇာလန်မှာ တိုလီမုတ်စ ထက်ပိုတာ ဝယ်မိရင်လည်း ၊

ဟဲ ဟဲ ၊ ချောင်မယ် မထင်ဘူး ။

အဘ ရော ၊ မဟေသီရော က နာရီ ဝယ်ထားတာ မကြာသေးတော့

သမာဓိခိုင် စိတ်ထိမ်းနိုင်နေတယ်လေ ။

ဟဲ ဟဲ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

Lucern မြို့လည်ကောင်က နာမည်ကျော် Bucherer ကုန်တိုက်ကြီး ။
Lucern မြို့လည်ကောင်က နာမည်ကျော် Bucherer ကုန်တိုက်ကြီး ။
Lucern Lake ကန်ကို ဖြတ်ဖေါက်ထားတဲ့ ရှေးဟောင်း The Chapel Bridge ( Kapellbrücke ) တံတား ။
Lucern Lake ကန်ကို ဖြတ်ဖေါက်ထားတဲ့ ရှေးဟောင်း The Chapel Bridge ( Kapellbrücke ) တံတား ။
ရှေးဟောင်း The Chapel Bridge ( Kapellbrücke ) တံတား အထဲက ရှေးဟောင်း ပန်းချီ လက်ရာတွေ ။
ရှေးဟောင်း The Chapel Bridge ( Kapellbrücke ) တံတား အထဲက ရှေးဟောင်း ပန်းချီ လက်ရာတွေ ။
ဒီအိမ်လေး ကတော့ ခေတ်ပေါ် ပန်းချီ လက်ရာတွေနှင့် အလှဆင်ထားတယ် ။
ဒီအိမ်လေး ကတော့ ခေတ်ပေါ် ပန်းချီ လက်ရာတွေနှင့် အလှဆင်ထားတယ် ။
ဒီအိမ်လေး ကတော့ ဆွစ်ဇာလန် ရိုးရာ အနုပညာ လက်ရာတွေနှင့် အလှဆင်ထားတယ် ။
ဒီအိမ်လေး ကတော့ ဆွစ်ဇာလန် ရိုးရာ အနုပညာ လက်ရာတွေနှင့် အလှဆင်ထားတယ် ။

 

 

 

 

13 comments

  • အရီး လေး

    January 16, 2013 at 11:49 am

    အဘဖောရေ….
    Lucem မြို့ကလေး က အတော် သာယာပြီး
    လောဘတွေ ဒေါသတွေ မရှိဘဲ ငြိမ်းချမ်း နေတယ်လို့ ခံစားရတယ်
    နေရာတိုင်း လိုလို သန့်ရှင်းပြီ သပ်သပ်ရပ်ရပ် ကလေးနဲ့
    လတ်ဆတ် တဲ့လေ ကို ရှုလိုက် ရသလို ဘဲ
    ကြည့်လိုက် တာနဲ့ အရမ်းကို စိတ်ချမ်းသာတယ်
    ကျေးကျေးပါ အဘဖောရေ

  • မင်းနန္ဓာ

    January 16, 2013 at 1:47 pm

    တောင်ပေါ်အတက်ကားလမ်းကြောင့် ထမင်းငတ်ပါတယ် ဆန္ဒပြသူတွေ
    ခုပုံထဲကလို ကေဘယ်ကြိုးဆင်မယ်ဆို ဘယ်လိုလုပ်ကြအုံးမယ် မသိ…
    သဘာဝတရားရဲ့ အလှက ဖမ်းစားချက် တကယ့်ကို သက်ငြိမ်….

  • pooch

    January 16, 2013 at 8:20 pm

    အဘဖောရဲ ့ တောလားကို စာအုပ်တောင် ထုတ်သင့်တာ ပုံတွေကလည်း ရှယ်ပဲ ပိုစ့်စကဒ်တောင် ထုတ်လို့ရတယ်။

    ဒီတောလားက ခရီးသွားလမ်းညွှန်ဆိုတာထက်ပိုတယ် အဘရေ ။

    PDF ပြီးလို့ လေဆာပရင်တာနဲ့ ထုတ်ကြည့်လိုက်ရင် ခင်မင်သူများကို အဘလက်ဆောင်တောင် ပေးလို့ရတယ်။

    ရတဲ့လူတိုင်းက ဝမ်းသာအားရနဲ့ ကျေးဇူးတင်ပြီး တသသဖြစ်နေမှာ
    မြေကြီးလက်ခတ်မလွဲဘူး ဟီး :mrgreen:

    • Mr. MarGa

      January 16, 2013 at 8:58 pm

      လေဆာပရင်တာနဲ့တော့ ဘယ်လိုနေမယ်မသိ
      virtual printer နဲ့ pdf ထုတ်တာတော့ smiley တွေက ဝါးနေတယ်
      အဟင့်
      သူများတွေက စာတွေ ပုံတွေ လှလှလေးတင်တာ
      ဦးမာဃ ဝင်မှ ပျက်တော့မယ်
      :byae:

      • Foreign Resident

        January 18, 2013 at 3:14 am

        Smiley လောက်နှင့် တော့ ၊
        သိပ်ပြီး ခံစားမနေပါနှင့် ဦီးမာဃ ရယ် ။

        ဦီးမာဃ ပို့ပေးနေတဲ့ ၊
        ကျနော့် တောလားတွေကို ၊
        PDF ပြောင်းပေးထားတာတွေ ရတယ် ။
        လက်ရာ သေသပ် လှပ လို့ ၊
        ကျေးဇူး အထူးတင်ပါတယ် ။

  • မောင်ပေ

    January 16, 2013 at 8:36 pm

    မိုက်တယ်
    နိပ်တယ်
    လန်းတယ်
    အားလုံးက စိတ်ကူးယဉ်ချင်စရာတွေချည်းပဲ
    ပြန်ဝေမျှလို ့ ရှဲရှဲပါ ရေငံပိုင်ဦးဖောကြီး

  • kai

    January 17, 2013 at 5:06 am

    ပြောရရင်.. ယူအက်စ်မှာ..အဲလိုဥရောပနိုင်ငံကမြို့တွေနဲ့..ခပ်ဆင်ဆင်မြို့တွေရှိတယ်ဗျ…
    တလောက.. မြောက်ပိုင်းကယ်လီဖက်သွားတာတောင်.. လမ်းမှာ.. အဘဖောရဲ့အခုဓါတ်ပုံထဲကရှု့ခင်းမျိုးတွေ…တွေ့ခဲ့တယ်..။
    စိတ်ထဲ မျက်စိတဆုံး မြက်ခင်းစိမ်း.. ရောင်စုံရွက်တောအုပ်.. မြူငွေ့..တောင်ကုန်း.တောင်တန်းတွေနဲ့.. လှချင်တိုင်းလှနေတာပေါ့..။

    နေတဲ့သူတွေလည်း.. သူတို့ဇာတိ ဥရောပနံမယ်တွေပေးထားကြတာ..သတိထားမိတယ်..။

    အဘဖော..လေဒီဖောတို့.. အားရင်လာလည်နော…
    နတ်လမ်းညွှန်ပေးမယ်…။ ခရီးစရိပ်.. ဒေါ်လှသောင်းဂဏန်းမကုန်ပါဘူး.. :kwi:

    • Foreign Resident

      January 17, 2013 at 5:48 am

      US ၊ ဟား ၊ လှတာပေါ့ဗျာ ။
      US west coast ကနေ ကနေဒါ Alaska ခရီးစဉ် / Cruise တွေက ၊
      တကယ့် နာမည်ကြီး ခရီးစဉ် တွေပဲလေ ။

      ခက်တာက US က သိပ်ကျယ်လွန်းတော့ ၊
      တစ်ခေါက်တည်းနှင့် အကုန် မလည်နိုင်တာပဲ ။

  • သကြားလုုံးကြော်

    January 17, 2013 at 7:53 am

    အပေါ်ဖွင့် ကေဘယ်ကားက အသည်းယားစရာ။ ခါးပတ်တွေဘာတွေပတ်ထားရလား။ ဆွစ်ဇာလန်မှာ ချောကလက်တွေ အားရပါးရစားခဲ့ရလား။

    ဒါနဲ့ သဂျီးရဲ့ မိုုင်တစ်ထောင်ခရီးက မိုုင် ၄၀ဝနဲ့ရပ်နေပါလား။ ခရီးဆက်ပါဦး။ မျှော်ရတာ ဗျိုင်းမကတော့ဘူးဗျို့ ။

    • Foreign Resident

      January 17, 2013 at 8:04 am

      ” ခါးပတ်တွေ ဘာတွေ ပတ်ထားရလား ”

      ခါးပတ် ပတ်စရာ မလိုဘူးကွယ့် ၊
      လက်တန်းတွေက ရင်ခေါင်းလောက် အထိ မြင့်တယ် ။

      ” ဆွစ်ဇာလန်မှာ ချောကလက်တွေ အားရပါးရစားခဲ့ရလား ”

      နဲနဲပါပဲကွယ် ။ အဘတို့က ကြီးပြီလေ ။
      ချောကလက် နှင့် သိပ်မတည့် / သိပ်မကြိုက် တော့ဘူး ။

  • ခိုင်ဇာ

    January 17, 2013 at 9:33 am

    ဘဖောရေ။
    မြက်ခင်းစိမ်းကြီးတွေရယ်၊
    တောင်တန်းတွေရယ်၊
    တိမ်တွေရယ်၊
    အိမ်လေးတွေရယ်၊
    အရမ်း လှတာပဲ လို့သာပြောနိုင်တော့တယ်…….. :hee:

  • ဗုံဗုံ

    January 17, 2013 at 12:34 pm

    သူတို့အိမ်လေးကို စိတ်ကြိုက်အလှဆင်လို့ရတယ်နော် မိဗုံတို့ဆီ အဲ့လိုများဒီဇိုင်းထွင်လိုက်လို့ကတော့ စိတ္တဇ စံအိမ်လို့နာမည်ပေးကြမယ်ထင်တယ်နော် အဘဖော (ကလေးငယ်ငယ်လေးက သဘောင်္မောင်းတတ်တယ်နော် )

    • Foreign Resident

      January 18, 2013 at 3:09 am

      ” မိဗုံတို့ဆီ အဲ့လိုများ ဒီဇိုင်းထွင်လိုက် လို့ကတော့
      စိတ္တဇ စံအိမ်လို့ နာမည်ပေးကြမယ် ထင်တယ်နော် ”

      သူတို့ နိုင်ငံက လူတွေက ၊
      ကိုယ် မှန်တယ်ထင်တာကို ကိုယ်လုပ်တဲ့အခါ ၊
      ( တခြားလူကိုတော့ မထိခိုက်စေရဘူးပေါ့ ) ၊
      ဘေး အပြောတွေကို သိပ်ဂရုမစိုက်တဲ့ စိတ်ထား ရှိတယ်ကွယ် ။
      အဘ မှာလဲ အဲလို စိတ်ထားမျိုး ရှိတယ် ။

      ” ကလေးငယ်ငယ်လေးက သဘောင်္မောင်းတတ်တယ်နော် ”

      သင်္ဘော မဟုတ်ပါဘူး Boat အလတ်စား အဆင့်ပါပဲကွယ် ။
      ပဲ့ထိန်း Wheel လေး ပေးကိုင်ထားတာပါ ။
      ရေပြင်ကျယ်ကြီးဆိုတော့ သူ ဘာလုပ်လုပ် ၊
      ဘာမှ မထိခိုက်နိုင်လို့ပါ ။

Leave a Reply