ကဘာကျော်ကြီးရဲ့ ကဘာကျော်ကဘာ .. အဲ .. ကဗျာ
–
–
++++++++++++++++++++++++++++

++++++++++++++++++++++++++++
ချစ်ခြင်း၏ အရှင်သခင်
ကျွန်ုပ် တိုင်တည်ပါရစေ …
အသင် ထည့်ပေးထားခဲ့သော
ကျွန်ုပ်၏ ရင်ဘတ်တွင်းမှ
အသင်၏ ကျေးကျွန်များအား
ပြန်လည် ခေါ်ငင်လှည့်ပါ …
အသင် အသက်သွင်းခဲ့သော
ကျွန်ုပ်၏
ရင်ခုန်သံ ယန္တရားအား
လာရောက် ရပ်တန့်ပေးလှည့်ပါ …
အသင် တည်ဆောက်ပေးခဲ့သော
ကျွန်ုပ်၏ အိပ်မက် ကမ္ဘာအား
ပြန်လည် ဖျက်ဆီးပစ်လှည့်ပါ …
အသင် ယူဆောင်သွားခဲ့သော
ကျွန်ုပ်၏ ညများစွာကိုလည်း
ပြန်လည် အသက်သွင်းလှည့်ပါ …
အသင် တပ်ဆင်ပေးခဲ့သော
ကျွန်ုပ်၏ ကဗျာရေးတတ်သည့် လက်ကိုလည်း
ပြန်လည် သိမ်းဆည်းလှည့်ပါ …
အို … သခင်
အပင်များ
အစိမ်းရောင် သမ်းနေခြင်းသည်
သဘာဝ အလှစစ်ပင် မဟုတ်ပါလော …
အို … သခင်
ကျွန်ုပ်၏ ရင်တွင်းအား
ဝင်ကြည့်လှည့်ပါ
ထိုအပင် အားလုံးတို့သည်
ညိုမှိုင်းသောအသွင်
ဆောင်နေလေရဲ့ …
ကောင်းကင်တွင်
လမ်းလျောက်နေရသော်လည်း
ကျွန်ုပ်၏ ဦးခေါင်းထက်၌
အဘယ်ကြောင့် မြေကြီးသည်
တည်ရှိနေဘိသနည်း …
အို … သခင်
မျက်ရည်တို့ဖြင့် ပြည့်လျှံနေသော
ကျွန်ုပ်၏ မျက်ဝန်းအစုံသည်
အရာရာကို ဝေဝါးစေခဲ့ပြီးလား
သို့တည်းမဟုတ်
ကျွန်ုပ် တစ်ကိုယ်လုံးပင်
ချားရဟတ်ကဲ့သို့ လည်နေပြီလား
ကျွန်ုပ် မဝေခွဲတတ်တော့ …
အို …
ချစ်ခြင်း၏ အရှင်သခင်
အသင် ဖန်ဆင်းခဲ့သော
အချစ်၏ မီးသည်
ကျွန်ုပ်အတွက်
နွေးထွေးစေရုံထက် ပိုခဲ့ပြီ
ကျွန်ုပ် တစ်ကိုယ်လုံးအား
ဝါးမြိုနေပါပြီကော …
အို … သခင်
ကျွန်ုပ် ဒူးထောက်အပ်ပါသည်
အသင် ပစ်ခဲ့သော မြှားချက်အား
အသင်ပင် နုတ်ယူလှည့်ပါလော့ …………..။
+++++++++++++++++++++++++++
by – ကဘာကျော်ကြီး
+++++++++++++++++++++++++++
P.S … ဤကဗျာအား ရေးခဲ့တီမှာ နှစ်ပင် ချီခဲ့လေဘီ …။
ကဘာတစ်ဝှမ်း ဟိုးဟိုး ကျော်ခဲ့လေ၏ …။
အားမပေးဘာဂ လူဖြစ်ကျိုး မနပ်လေတော့မည်တည်း …..။
29 comments
ခရီးသည်ကြီး
May 18, 2013 at 1:46 pm
ဒီမှာ သခင်
မင်းမကြင်လို ့
မုန်းမာန်ညှိုးလျှက်
နင်းဖျက်ချေမွ
ဘဝများစွာ
ကြုံရပါသော်
ရည်မျှော်တမ်းတ
ချစ်ပါရစေ
နွေဆိုလည်းနွေ
ဆောင်းဆိုလည်းဆောင်း
မပြောင်း မပစ်
ဟောင်းလည်းချစ်မယ်
ကျိန်တွယ် ရို ့ကျိုး
ရင်ထဲမိုးစွေ
မျက်ရည်တစ်စက်
မင်းအတွက်မို ့
မသုတ်ရက်တော ့ဘူး …မေ ။ ။
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 18, 2013 at 1:51 pm
အော် .. အော် …
ခရီးဒယ်ဂျီးရဲ့ လွယ်အိတ်စုတ်ဂျီးထဲမှာလည်း
ကဗျာ လှလှဒွေ ပါသေးကိုးဗျ …
မိုက်တယ်ဗျာ .. မလိမ်မာဘူး …
အားပေးတွားလို့ ချဲချဲဘဲ …
MaMa
May 18, 2013 at 2:12 pm
ပုံကိုကြည့်ပြီး အရမ်းခံစားနေရတယ်ဆိုတာ ယုံလောက်ပါပေတယ်။ :harr:
(ကောင်းကင်တွင်
လမ်းလျောက်နေရသော်လည်း
ကျွန်ုပ်၏ ဦးခေါင်းထက်၌
အဘယ်ကြောင့် မြေကြီးသည်
တည်ရှိနေဘိသနည်း …)
ကမ်ဘာကျော် ဆပ်ကပ်သမားမို့ ကင်းမြှီးကောက် ထောင်ပြီးမေးနေတာကိုးးးးးးး
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 18, 2013 at 5:47 pm
တီတီ ဂလည်းးး
တား ဂယ်ဂို ခံစားနေရဒါဘာ .. ဟီးဟီးးး
တားရုပ်ဂျီးနဲ့ဆို ငိုဒါ မလှမှာစိုးညို့
ကလေးလေးပုံ ထဲ့လိုက်ဒါ …
ဝင်ရောက် အားပေးတွားဒါ တေးဇူးဂျ …
ဘဲဥ
May 18, 2013 at 3:15 pm
အိုက်ဒီ နံမယ်ဂျီးဂို တိနေသလိုဘဲနော်
ကမ်ဘာဂျော် ရဒနာဝင်းထိန်ဆိုလား
:harr:
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 18, 2013 at 5:56 pm
နင်ဂ ဘဲဥ ကနေ ငုံးဥ ဖစ်တွားဂျင်ရို့လားတွ … ခွီးးးး
တေတွားမယ် …
နာ့ဂို နံမယ် မဖျက်နဲ့ …
ခု နံမယ်ဂ နယ်နယ်ရရ မှတ်နေဒလားဟဲ့ …
အိုက်ဒါ …..
ပေဂျီး ပေးထားဒဲ့ ချပယ်ချယ် နံမယ်တွ …
ဘဲဥ
May 18, 2013 at 7:01 pm
နံမယ် မဖျက်ရဲဘာဘူး ကမ်ဘာဂျော် ရဒနာ ဒေါက်တာဆိတ်ဖွား ဝင်းထိန် အံချာဒုံးဂျီး ချင့်
မောထှာအေ ခေါ်လိုက်ရဒဲ့နံမယ်
Myo Thant
May 18, 2013 at 3:26 pm
( အို …
ချစ်ခြင်း၏ အရှင်သခင်
အသင် ဖန်ဆင်းခဲ့သော
အချစ်၏ မီးသည်
ကျွန်ုပ်အတွက်
နွေးထွေးစေရုံထက် ပိုခဲ့ပြီ
ကျွန်ုပ် တစ်ကိုယ်လုံးအား
ဝါးမြိုနေပါပြီကော …)
အဲဒါကြောင့် အချစ်နဲ့ဝေးဝေးနေ
ကျုပ်လိုပေါ့
အင်း သူကလိုက်ကပ်နေရင်တော့ သိတတ်ဘူးနော့ 🙂
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 18, 2013 at 5:59 pm
ဟက်မငေးးး ငေးးး

ဘိုးဘိုးမျိုးရယ် …
သူဂ အပူလိုက်ကပ်မယ်ဒဲ့လား ….
သူဂဒေါ့ အပူလိုက်ကပ်ဝူးးး
အာပိုဂျီးဒွေဘဲ အပူလိုက်ကပ်ဒတ်ဒယ် …
ဘိုင်ဒယ်ဝေး … ခညားလို နေရင် ပိုကောင်းမယ် ထင်ဒယ် … 🙄 🙄
လဂါးနောက်ဒါ … နေဝူးးး
Mr. MarGa
May 18, 2013 at 3:30 pm
ကဘာကျော် ကဗျာ ဆိုတော့လဲ ကဘာကျော်ပေါ့နော
နာကတော့ ဖတ်ရုံပဲဖတ်သွားတယ်
နာ ပြောရင် နင် ထိုင်ငိုလိမ့်မယ်
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 18, 2013 at 6:03 pm
ဒီသဂျားဒေါ့ ဟင်းးး ရဂျင်ဝူးး ထင်ဒယ် …
ဂလောက်ဘဲ ပေါဒေါ့မယ် …
တေတွားမယ် .. ငွင်းး ငွင်းးး
KZ
May 18, 2013 at 6:43 pm
အင်း။
ထုံးစံအတိုင်း ကြိုက်၏။ (စာသားတွေကို)
သနား၏ (နိ ကို ဟုတ်ဘူးနော်။)
ခံစားရ၏။ (နိ ကြောင့် ဟုတ်ဘူး။)
ဟိဟိ။
နောက်တာ။ စာသားလေးတွေက မိုက်၏။
ကဗျာတွေနဲ့ ကဘာကျော်အောင်မလုပ်ပဲ ဘယာကြော်ရင်မှ သထိန်းဖြစ်နိုင်သေး။
ဟေးဟေးဟေး။
:harr:
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 19, 2013 at 8:06 am
အိုကီ …
ကဗျာတွေနဲ့ ကဘာကျော်အောင် လုပ်ဒေါ့ဝူးးး
ဘယာကြော် ပဲ ကြော်ဒေါ့မယ် …
ဒါမယ့် ဘယာကြော် ကြော်ဒတ်ဝူးးး
အိုက်ဒါ သင်ပေးအုံးးး
မောင် ပေ
May 18, 2013 at 7:32 pm
ကမ်ဘာကျော်ပြီးရင်
နန်းပလီဂိုးဂွတ် လိုမျိုး အကြော် ဆက်ကြော်ပါလား
အိုင်ပက်လေး ဘာလေး ရအောင်
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 19, 2013 at 8:12 am
အကြော်တော့ ကြော်မယ်
အိုင်ပက်တော့ မလိုချင်ပါဘူး …
ဒါ့ထက် …
အကြော်ကြော်ရောင်းရင် ..
ရွာထိပ်က အကြော်သည် မိကြီးမိုက် နဲ့ နေရာလုရလိမ့်မယ် ထင်ဒယ် …
TNA
May 18, 2013 at 8:36 pm
ဟက်ဟက်ပက်ပက်ကို ငိုနေဘာလားခြောက်ညက်နှာရယ်။ တနားဘာဘိ။ ကဘာဂျီးတောင်ကျော် ရောင်းတယ်ဆိုတော့ ညီးအိုင်ပက်လောက်လိုချင်ဟန်မတူဘူး။ ဖရာရီလောက်မှန်း တယ်မှတ်တယ်။
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 19, 2013 at 8:14 am
အိုင်ပက်လည်း မှန်းဝူးးး
ဖရာရီလည်း မှန်းဝူးးးး
အဓိက မှန်းဒါ .. မှန်းဒါ …
ဟီး ဟီး ဟီး
ဘောပေါက်လိုက်ဒေါ့ တိုရီးသဲရာ …
TNA
May 19, 2013 at 3:29 pm
ပေါက်အိ ပေါက်အိ။
Ko chogyi
May 19, 2013 at 10:52 am
အို သခင်
သင်ပေးခဲ့သော ကျွန်ုပ်အသက်ဝိညာဉ်
သင်ပြန်သိမ်းယူပါတော့
ဆိုတာလေးကျန်ခဲ့သလားလို့
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 19, 2013 at 8:41 pm
ခီညားဂျီးဂလည်း ဇွတ်ဂျီးဘဲ
ကျုပ်ကို အသေခိုင်းနေဒယ် …
ဘာပုလို့ဒုန်း
ခီညား တာမီလေးဂ ကျုပ်ကို ဇွတ်အတင်း ကျိုက်နေလို့ရားးး ဂရားးး
Ko chogyi
May 19, 2013 at 11:09 pm
အနော့်မှာ မျိုးဆက်သစ်
သားကလေး ၂ယောက်ပဲရှိပါတယ်ဗျာ။
ရဲစည်(ခ)စောဖွပြေး
May 19, 2013 at 2:05 pm
ဪ 。。。。
သူ့မလဲ ခံစားရတာ အမျိုးမျိုး အထွေထွေ 。。。
ရေးလို့ ပြောလို့ကို မကုန်နိူင်ဘူး 。。。。。。。。
ကြိုက်လိုက်ပါ သမီးရယ် 。。 ကြိုက်လိုက်ပါ သမီးရယ်
ဂဇတ်ထိပ်က ကွမ်းယာရောင်းတဲ့ အံဇာဂျီးကို ယေး 。。 ယေး 。。。ယေ。。ရေ
အံဇာဂျီးက ၂တန်းအောင်ပီး အသိုက်(ကြွက်သိုက်)လဲရှိတယ် … အလိုက်လဲသိတယ် …
မှတ်ထား အဲ့လာ ဂလဲ့ဇားချေတာ 。。
ကမ်ဘာကျော် ရတနာ ဒေါက်တာ အံဇာကြီး
May 19, 2013 at 8:58 pm
ဒါတောင် ချိုထားဒေးဒါဂလား
ချိဒမျှ အကုန် ဖွင့်ပြလိုက်ရရင်
ရင်ဘတ်ဂျီးဘာ ပေါက်ထွက်တွားလိမ့်မယ် …
စကားမစပ် …
ခီညားကွန်မန့် ဖတ်ရဒေါ့ ရီလိုက်ရဒါဂျာ … ခွီးးခွီးးး
ခီညား ဂလဲ့ဇားဂျီးဂလည်း ရီစရာဂျီးးး ခွီးးခွီးးး
အလင်း ဆက်
May 19, 2013 at 8:54 pm
လူဖျစ်ကျိုး..မနပ်မှာစိုးလို ့…
ဖတ်တွားဘာဒယ်ခညာာာာာ
===========
ကဘာကျော်၏ ကဗာကို.
ကဘာကြော် အလက်ဆင်းက လည်း.ဖတ်တွားဘာဒယ်
ညှင်း..ညှင်း..ညှင်းးး
:kwi:
ရွှေတိုက်စိုး
May 20, 2013 at 9:27 am
ကဘာကျော် ရတနာ ဝင်းထိန်……….. အဲအဲ မွှားလို. အံချာကြီး
သိပ်မိုက်တယ်ဗျာ……….
kyeemite
May 20, 2013 at 10:53 am
ကမ်ဘာကျော်
မှန်ပါသနော်
အပြန်မှာဆော်
အကြံဟာမတော်
ခံပါနော်။ 😆
ခင် ခ
May 20, 2013 at 11:09 am
ဟိုးအရင်တုန်းက ရွာထဲက ကိုအံဇာတုံး တစ်ယောက် ဘယ်ဆီရောက်ပြီး
အခု ကဘာကျော် ဒေါက်တာဘွဲ့ရ ကိုအံဇာကြီး ပေါ်ထွန်းလာတယ်တဲ့
အဲဒီ ဒေါက်တာကြီးက အချစ်ဗေဒနဲ့ ဒေါက်တာဘွဲ့ရတယ်ဆိုလားဘဲ ကလေးတို့ရေ။
ပြီးတော့ သူကကောင်းကင်တွင်လမ်းလျှောက်ပြီး မြေကြီးက သူ့ခေါင်းပေါ်ရောက်နေတယ် ဆိုပြီးကြံဖန်ပြောလို့ ရွာထဲကသူတွေ အထူးအဆန်းသွားကြည့်တော့ သူက ဇောက်ထိုးကြီးဖြစ်ကာ ခြေထောက်တွေ လေထဲမှာ မြှောက်လို့တဲ့ ကလေးတို့ရေ။
ဟင် ပုံပြင်တောင် စရုံရှိသေးတယ် ကလေးတို့လည်း အိပ်သွားကြပြီကိုး နောက်နေ့မှ ဆက်ပြောတော့မယ် ငါလဲအိပ်ပြီ။
သူကလေး
May 20, 2013 at 11:26 am
အရမ်းအရမ်းကြိုက်တယ် ကဘာကျော်ကြီးရယ် …
ဒါမျိုးလေးတွေ များများရေးပါ
ဒါဘဲ ဂွပ်….
ကဘာကျော်၏ ဝေဖန်ရေးဆရာမ
သူဂလေး ခစ်ခစ် 😛
လူကလေး
May 20, 2013 at 4:51 pm
ဒီမယ် ဂဘာကျော် အံစာအတုံးကြီး
ဟုတ်တိုင်းမှန်စွာပြောရသော် ကဗျာရဲ့ အပေါ်ပိုင်းကို ပိုကြိုက် ပိုခံစားရပါကြောင်း..
သိုပေတည်း ကဗျာ ကိုဖတ်ရတာ ဟို ဘာသာရေးစာ အရေးအသားတစ်ခုနဲ့ များတူသလားလို့…