အငွေ့အသက်
အသက်ရှူသံတွေကြားမှာ
ပေါက်ဖွားလာခဲ့တဲ့
ရင်ခုန်သံတစ်စုံဟာ
အဲဒီ အသက်ရှူသံတွေကြားမှာပဲ
ပျောက်ဆုံး၊ ပျက်စီးသွားခဲ့တယ် ….
အိပ်မက်တစ်ခုကို
မက်လိုက်ရသလိုပါပဲ …
နိုးထလာချိန်မှာ
ဖမ်းဆုပ်မရတော့ပေမယ့်
ဝေဒနာ ဒဏ်ချက်တွေကတော့
ယနေ့အချိန်ထိပဲ
ငါ့ နှလုံးသားကို ရိုက်ခတ်ဆဲ …..။
မောင်ရွာ
(သူမ မဖတ်ခဲ့သော ကဗျာများ)
20 comments
TTNU
May 9, 2012 at 10:08 pm
မောင်အံစာရေ…
(ရင်ခုန်သံတစ်စုံဟာ
အဲဒီ အသက်ရှူသံတွေကြားမှာပဲ
ပျောက်ဆုံး၊ ပျက်စီးသွားခဲ့တယ် )
တရားစခန်းကစကားနဲ့ပြောရင်
ရင်ခုန်သံတစ်စုံ = ဟဒယက ရှုစိတ်ဖြစ်ပျက်၊ ရှိုုက်စိတ်ဖြစ်ပျက်။
အသက်ရှူသံတွေ = နှာသီးဝမှာ ဝင်လေထိသိ ထွက်လေထိသိ။
ပျောက်ဆုံး၊ ပျက်စီး = ဖောက်ပြန်နေတယ်၊ မမြဲပါလား။
တီချာ့ကြောင့် မောင်ရင့်ကဗျာလေး ပျက်သွားရင် စိတ်မဆိုးပါနှင့်။
စတာပါတော့
မဟာရာဇာ အံစာတုံး
May 10, 2012 at 3:44 pm
တီချယ်ကြီးခင်ဗျာ …
ကျနော့်ရဲ့ ကဗျာလေးကို လာရောက် အားပေးတာ ကျေးကျေးပါလို့ …
တီချယ်ကြီးကြောင့် ကျနော့်ကဗျာက ပျက်မသွားတဲ့အပြင်
ပိုလို့တောင် အဆင့်မြင့်သွားသလားလို့ …. အဟီးးး
😀
windtalker
May 9, 2012 at 10:10 pm
သူမဖတ်ဖို ့ကဗျာ
လူမှားမတက်ဖို ့ရာ
ကူသွားချက်ပို ့မှာ
အူအသားတစ်ခွက်ပေါ့ဗျာ ။
( အမှောင်ကမ္ဘာ က လူပျိုသိုးကြီး မောင်ရွာ့ ကို အားပေးပါ၏ )
မဟာရာဇာ အံစာတုံး
May 10, 2012 at 4:01 pm
အူးပေ ..
အနော်က လူပျိုးသိုးကြီး ဟုတ်ဘူး …
လူပျိုး နုနုထွတ်ထွတ်လေးရယ် …
တော်ကြာ အူးပေစကား နားယောင်ပြီး
ရွာထဲက တောင်မလေးချောချောဒွေ ဂယ်မှတ်သွားဖြင့် … ဒုတ်စ .. 😀
ဗိုက်ကလေး
May 10, 2012 at 4:21 pm
ဟား
ပြီးခဲ့တဲ့ သက်ကြီးရွယ်အို ပူဇော်ပွဲမှာ ခင်ဗျားက ထိပ်ဆုံးက အကန်တော့ခံနေတာမဟုတ်ဘူးလားဗျ
ကွမ်းကြီး တစ်မြုံ ့မြုံ ့နဲ ့ ကျုူပ်မှတ်မိပါတယ်..
မဟာရာဇာ အံစာတုံး
May 10, 2012 at 4:43 pm
ဟေ့လူ ..
အဲဒါ ကျုပ် ဟုတ်ဘူးဂျ ..
မယုံရင် ပြန်သွားကြည့် …. 😀
kotun winlatt
May 9, 2012 at 11:26 pm
သူမ မဖတ်ခဲ့ပေမယ့် ..
ခုတော့ လူများဖတ်ကုန်ကြပါပြီလေ….
ထုံးဘဲဥ
May 10, 2012 at 9:31 am
ခံဂျား အားပေးတွားပါဒယ် ဆြာအံချာဒုံးရေ့
ဗိုက်ကလေး
May 10, 2012 at 3:05 pm
ကိုလေးဒေါင့်ရဲ့ အငွေ ့အသက်တွေကို ဝင်ရောက် ခံစား ရှူရှိုုက်သွားပါတယ်
အချိန်ရရင် အူးလေးဆီမှာ တော်ကီအလန်းတွေ လာသင်ပါဦးမယ်နော
မဟာရာဇာ အံစာတုံး
May 10, 2012 at 4:45 pm
ကျနော့် ကဗျာကို
လာရောက် အားပေးတော် မူကြကုန်သော ..
လူကောင်းသူကောင်း အပေါင်းတို့အား ..
ကျေးဇူး အထူးတင်ရှိပါဂျောင်း …
နောက်များလည်း အားပေးတော် မူကြပါဦးလို့ ..
ဖိတ်ကြားပါဂျောင်း ….
အားလုံးကို ခင်တဲ့
အံစာတုံး
windtalker
May 10, 2012 at 7:40 pm
ဟယ် တို ့က သူ ့ကို ခင်သလို
သူ က လဲ တို ့ကို တစ်ခါပြန်ခင် သတဲ့ ၊ ကြည့်စမ်းးးးး ။
ဟီဟိ
shwe kyi
May 13, 2012 at 12:22 am
ရွှေကြည်နောက်ဆုံးဖတ်သူလားမသိနော်။ အရမ်းကောင်းတယ်ဆိုတာပြောချင်လွန်းလို့။
အရင့်ရောင်
May 10, 2012 at 5:00 pm
အိပ်မက်တစ်ခုကို
မက်လိုက်ရသလိုပါပဲ …
နိုးထလာချိန်မှာ
ဖမ်းဆုပ်မရတော့ပေမယ့်
ဝေဒနာ ဒဏ်ချက်တွေကတော့
အိပ်မက်……………. အိပ်မက် ………..
အိပ်မှမက်တဲ့ ……………အိပ်မက်
ခွိခွိခွိ
ဗိုက်ကလေး
May 10, 2012 at 5:03 pm
တက်နေပြီ
လာနှိပ်ကြပါဦး..ကယ်ဘာဦး
မဟာရာဇာ အံစာတုံး
May 10, 2012 at 5:11 pm
လာပြီ .. လာပြီ ..
အဲ့လူ ခြေထောက်ကို ချိုးပေး .. ချိုးပေး ..
အဲဒါမှ တက်တာ ပျောက်မှာ ..
😀
mg mg
May 10, 2012 at 7:54 pm
သူမ မဖတ်တဲ့ကဗျာတွေ
သူများတို့ကို လာဖတ်ခိုင်းနေတယ်၊ သွား ဖတ်ဘူး။
marblecommet
May 11, 2012 at 12:11 am
ကိုခြောက်ဖက်တို့လည်း
အနော်တို့လို
ဟတ်ထ် ဗိုက်ဘရေးရှင်း ရှိသဂိုး…..
တူတွားဘီ…..
တွဲလို့ရဘီ
ချီးယားစ်…..
ကြောင်ကြီး
May 11, 2012 at 9:32 am
ဂဗျာလေးဒဗုတ်
စာရေးတုပ်
မြှာဂလေးမလှုပ်
ငါအတွေးရှုပ်
ဗလပြေးသုတ်တော့
ညယေးတရုတ်..။
အတိသဉ္ဖာ နာဂရချစ်သူ
May 12, 2012 at 7:56 pm
သူမ ဒီတခါဖတ်မိပါစေ ဆုတောင်းပေးပါတယ်နော်
ညလေး
May 12, 2012 at 9:52 pm
ဘုရင်ကြီး……….မိဖုရားပျောက်ရှာနေတာတွေ.သေးဝူးလား………
ကဗျာကတော့….ထိတယ်နော်……..
ဘုရင်ကြီးသတိမထားမိတာရှိတယ်တိလား
အိပ်မက်မှာလဲ………“အခန်းဆက်” ဆိုတာရှိတယ်…..