….. မင်းကို …..
–
–
–
–
–
–
–
–
–
–
+++++++++++++++++++++++++++++++++
+++++++++++++++++++++++++++++++++
” မင်းကို …
ဒဿဂီရိလို အချစ်မျိုးနဲ့ …
ပြီးတော့ သာနောယက္ခ ဘီလူးလိုလည်း
အာခံတွင်းမှာ ငုံကာထားချင်ရဲ့ …. “
ဒီလိုပြောတော့ သူမက ရီတယ် …..
“ပလီပလာ အပိုတွေပါ ” …….. တဲ့ …..။
” မင်းကို …
ကောင်းကင်နန်း ထက်ဆီက ဒေဝီလို
ပြီးတော့ ….
ဒီဇမ္ဗူမှာ တစ်ယောက်တည်းလို
မျက်လုံး အစဉ်မှာလည်း မြင်ယောင်တယ် …
နှလုံးသားထဲလည်း စွဲမက်တယ် …”
ဒီလို ခပ်တည်တည်နဲ့ ပြောတော့
သူမ က ပြုံးတယ် …
ပြီးတော့ ပြောသေးတယ် …
“တကယ် အဟုတ်ကြီးပေါ့နော်” …… တဲ့ ……။
“မင်းကို …
ကိန္နရီ၊ ကိန္နရာလို အချစ်မျိုးနဲ့
ပြီးတော့ …
စက္ကူပန်းလို ကြွေမနွမ်းတော့မယ့် အချစ်မျိုးနဲ့
ချစ်တယ် …”
ဒီလို ပြောတော့ ..
သူမက မျက်မှောင်လေးကျုံ့လို့ ကြည့်တယ် …
“သူ့ စကားက ဘယ်လို ဟာကြီးမှန်းလဲ မသိဘူး” …… တဲ့ …..။
“မင်းအတွက် …
မီးလျှံများကို ဖြတ် …
ပြီးတော့ …
ကောင်းကင်ထက်ဆီက ကြယ်တွေကိုလည်း ဆွတ်လျက်
ချစ်သက်သေအတွက်နဲ့
ပေးအပ်ချင်ပါတယ် ….”
ဒီလို ပြောတော့ .. သူမက ရီတယ် …
ပြီးတော့လည်း ပြောသေးတယ် …
“ရုပ်ရှင်ထဲက စကားတွေ လာပြောနေတယ်” …. တဲ့ …။
“မင်းနဲ့ …
တဒင်္ဂလေးမှ ဝေးမသွားချင်ခဲ့ …
နာရီ စက္ကန့်များလည်း ရပ်
ကမ္ဘာကြီးလည်း ပျက်စေဦးတော့
မင်းကို ဖက်လျက်သာ ထားမယ် ….”
ဒီလို ပြောပြောဆိုဆို ဖက်လိုက်မိတော့ …
သူမက …
မျက်စောင်းလေး ခဲလို့ ပြန်ပြောတယ် …
“ဟွန့် … ဘာမှလည်း မဆိုင်ဘူး” …. တဲ့ ….။
အဲဒီ အချိန်က ….
အဲဒီ အမူအယာတွေ …
နှလုံးသား ထဲမှာလေ …
တစ်ခါတစ်ခါ ထင်ကျန်မြင်နေပေမယ့် …
လက်တွေ့တော့ မကျနိုင်ခဲ့ ……..။
________________________
ခုများ အချိန်မှာ …
အကြိုက်ဆုံးက ဝိုင်းဆုနဲ့ စနဲ သီချင်းပါ …
“စိတ်တွေလည်း နာပါတယ် ….
နောက်ဆုံးတော့ အဖြေက ဒါပါပဲ …
ကိုယ့်ဘက်ကို ကြည့်တာ မညှာတာခဲ့ …
ရည်စားဟောင်းနဲ့လည်း ဘာညာပဲ …”
ပြီးတော့လည်း ဟိုသီချင်းလိုပဲ …
“ဒီမှာ တင်းတယ် .. တင်းတယ် ..
တင်းတယ် .. တင်းတယ် ဟေ့ ….”
ဒီကဗျာ သူ ဖတ်မိမယ် ဆိုရင် …
ဟောဒီလိုလည်း ပြောလိုက်ချင်သေးတယ် ….
“
ငါ့ကို ပလီပလာ မာယာ ထုတ်ခဲ့တဲ့ …
မင်းကိုတော့ …
ဒါပဲ !!!!!!!!!!!!!!!
“
+++++++++++++++++++++++++++++++++
by – မဟာရာဇာ အံစာတုံး
14 comments
ဘဲဥ
January 21, 2013 at 9:32 am
ဟဲ့ ဟဲ့ ဘာလဲဟင်င်င် ဒါဘဲဆိုဒါဂ…………
အသဲယားအောင် လုပ်စမ်းဘာနဲ့အေ
surmi
January 21, 2013 at 9:35 am
အဟမ်းးးးးးးးး
တာနောယက္ခ ဖြစ်ပါတယ် ………
ဒါဘဲ …. ဆိုတာဘာကိုပြောတာလဲဟင်င်င်င်
:harr:
ဗုံဗုံ
January 21, 2013 at 1:34 pm
အမလေးးးးးးးးးးး ပို့စ်လေး စဖွင့်လိုက်တာ လက်ညှိုးကြီးက မျက်လုံးထိုးမိပြီး ကန်းတော့မလို့ မြန်မြန်နောက်ဆုတ်လိုက်ရတယ် သူဂျီးရေ အံချာတုံးကို မိန်းမတစ်ယောက်မြန်မြန်ရှာပြီးပေးစားလိုက်ပါတော့ မဟုတ်ရင် သူအသည်းကွဲတိုင်း သဂျီး ပိုက်ပိုက်တွေ ကုန်တယ် :harr: :harr:
အရီးခင်လတ်
January 21, 2013 at 6:10 pm
မန်းဂဇက် မှ အလိုရှိသည် တဲ့လား။
😉
မဟာရာဇာ အံစာတုံး
January 22, 2013 at 12:00 am
အွန် …..
ချက်ဂျူး လုပ်ထားဒါ ဒဒိထားလိုက်မိဘူးးး
အဟီးးးး
ထားဘာဒေါ့ ……
++++++++++
ဘဲဥ ….. ဘုအဲ …
ဒါဘဲ ဆို ဟိုဟာ ကြက် … ဒီဟာ ငှက် …
အိုက်ဒလို မှတ်ဒါးဘာ ….
ဥဆာမိ …
ဒါဘဲ ဆိုဒါ အပေါ်မှာ ကြောထားဒယ် …
တာ ဘဲ နောနော .. သာ ဘဲ နောနော …
ခညားဂ ဘာဖစ်ချင်ရို့ဒုံးးး
မိုက်ရို့လား …
ဗုံ တစ်လုံ့ ဗုံ ….
ကျုပ်ဘဂျီးလား … ကျုပ်ကို မိန်းမ ချာပေးမှာ …
ဘဂျီးက အိုက်လိုပြောတိုင်း မသိချင်ယောင် ဆောင်နေဒါက များဒယ် …
ဒီဒေါ့ဂါ … ကွဲစရာ မရှိ ကျန်ဖန်ပြီး ထပ်ကွဲ ပြရအုံးမှာဘဲ …
ဘဂျီးဂ သဋ္ဌိန်းဆိုဒေါ့ ပူနေမှာ မီဟုတ်ဘာဘူးးးး
အရီးးး
အရီး ဘာကို ကြောဒါဒုံးဟင်င်င် …
တားတား သိဝူးးး အဟီးးး
အဲ့လို တုံးဒါဘာဆို …
အားပေးသွားသူ အပေါင်းကို ကျေးကျေး ကမ္ဘာပါလို့ …
အရီးခင်လတ်
January 22, 2013 at 3:34 am
အဲဒီ လက်ညိုးကြီး ထိုးနေတာက သင့်ကိုတပ်မတော်မှအလိုရှိသည် ဆိုတဲ့ လိုဂိုကြီး လားလို့။
ဒါကြောင့် ကူးချလိုက်တာ။ 😆
ရွာသူ jujuma .
January 22, 2013 at 12:18 pm
” မင်းက်ို ” နဲ့ စပြီး “ဒါပဲ” နဲ့ အဆုံးသတ်သွားပါဂလားးးး
မင်းကို .. ဒါပဲ … အဲ ဘီလိုဂျီးလဲ အေ့ .. :kwi:
ဦးကြောင်ကြီး
January 23, 2013 at 11:15 am
မင်းကိုယ်
ငါ့ခေါင်း
သူ့ခြေ
ခင်ဗျားလက်
ငါးမတ်
သားဝက်
စားချက်
အားတက်
ပျားလျက်
ဖွားဖက်။
kyeemite
January 23, 2013 at 4:06 pm
အံစာတုံး…
ကြံပါအုံး..လို့ပဲအားပေးသွားတယ်ဟေ့…
“စိတ်ညစ်ရင်..ဂစ်တာတီးပါလား..အံစာရယ်..”ဟဲဟဲ.. မေဆွိသီချင်းလေးသတိရသွားလို့ပါ..
:kwi:
Mr. MarGa
January 23, 2013 at 8:45 pm
မင်းကို
အင်းးးးးးးးး
အတွေးထဲမှာတော့ တွေးထားတာ အပြည့်
ရှေ့လဲရောက်ရော
အဲဒီစကားတွေက
အင်းးးးး
ပြောတော့ပါဘူးလေ
မဟာရာဇာ အံစာတုံး
January 23, 2013 at 9:15 pm
ဟေ့ … ဟေ့ ..
ဒီဂမှာ လာမဖွဘာနဲ့ …
ဒါဘဲပေါမယ် .. ငွင်းး ငွင်းး
မောင်ပေ
January 23, 2013 at 8:56 pm
မင်းကို မိုကင်း
ပုလင်းချို ပလိုချင်း
ရှင်းအစ်ကို ရှိုအကင်း
ဆင်းအပျို ဆိုအပျင်း
နှင်းငို နှိငင်း
လင်းဗို လိုဗင်း
မဟာရာဇာ အံစာတုံး
January 23, 2013 at 9:20 pm
ဟုတ်ကဲ့ …
ခုလို လာရောက် အားပေးသွားကြသူ အပေါင်းကို
ရှဲရှဲ သန်းကျူး အကြီးကြီးပါလို့ ….
ဒါနဲ့ …..
ကျုပ်က ဂီတာ တီးတတ်ဘူး …
အဟီးးး
လုံမလေးမွန်မွန်
January 23, 2013 at 9:31 pm
ကောင်းတယ်ကွာ..
အသည်းကို ကွဲချင်ချင် မကွဲချင်ချင် ဆက်ကွဲဦးလို့..
အိုက်ဒါမှာ ကဗျာကောင်းတွေ ထွက်လာတာ.. အဟီး..