စွယ်တော်ရဲ့စွယ်တော် (မဟာရန်ကုန်)

“စွယ်တော်ရဲ့စွယ်တော်”
ကျနော်တည်းတဲ့အိမ်က ရန်ကုန်က စွယ်တော်စေတီနဲ့နီးပါတယ်။
အိမ်က ကုန်းကျော်တံတားအောက်မှာပါ၊
မနက်စောစောအိပ်ယာထ တံတားပေါ်တက်။
စွယ်တော်ဘက်ကို လမ်းလျှောက်ထွက်ပါတယ်။
ဘုရားနားရောက်တော့ အလင်းမလာမီ မှောင်မဲမဲ လ တောင်မဝင်သေးပါဘူး။
ဒါနဲ့ဘုရားနဲ့တွဲ့ပြီးဓါတ်ပုံလေးရိုက်ထားပါတယ်။
အများအားဖြင့် တော့ စွယ်တော်ဘုရားအရှေ့ဘက်ကနေပါတ်ပြီးကန်ဘက်ကိုသွားပါတယ်။
ပြန်လာရင်ဘုရားထဲဝင်ပြီး တစ်ပါတ် ပါတ်ပါတယ်။




ခါတိုင်းလိုဘဲရင်ပြင်တော်ပေါ်တက်ပြီး ဓါတ်ပုံရို်က်ရင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်။
ဒီတစ်ခါတော့ ဘုရားစောင့်တဲ့ လုံခြုံရေး က ဒီပေါ်မှာ လေ့ကျင့်ခန်းမလုပ်ရလို့ပြောတာနဲ့အောက်ဆင်းပြီး
လေ့ကျင့်ခန်းလုပ်ပေါ့။




ခဏနေတော့ရောင်နီတက်လာတဲ့အခါ ကြည်နူးစရာပုံတွေကိုရပါတယ်။
အပြန်လမ်းမှာတော့ မရမ်းရောင်စွယ်တော်ပွင့်လေးတွေကို မြင်မိတေ့ ဓါတ်ပုံရိုက်မိပြန်ပါတယ်။
ဒီတစ်ခါတော့ စွယ်တော်ဘုရားအသွားမှာမြင်ရခဲ့တဲ့စွယ်တော်ပန်းလေးတွေက လှပ။
ကိုပေါက်လမ်းသလားနေသည်
မဟာရန်ကုန်
(16-1-2013)
6 comments
ဗုံဗုံ
January 21, 2013 at 2:31 pm
လေးလေးပေါက်သွားတာ မှောင်မှောင်ကြီးနော် ကြောက်ဖူးလား ဒါနဲ့ စွယ်တော်ပန်းက အရောင်နှစ်မျိုးရှိတာလားလေးပေါက် မိဗုံမြင်ဖူးတာ ပန်းရောင်ဘဲမြင်ဖူးတာ
ကိုပေါက်(မန္တလေး)
January 21, 2013 at 9:30 pm
မှောင်ပေမယ့် ကြောက်စရာ မရှိပါဘူး အဲဒီအချိန်မှာ အလုပ်သွားသူတွေရှိနေပြီ။
စွယ်တော်က အဖြူလဲ ရှိတယ် ဗေးကလုံရဲ့
Tin Tin
January 21, 2013 at 4:33 pm
လေးပေါက်ရေ …
စွယ်တော်ဘုရားဘေးကနေ အလုပ်သွား၊ အလုပ်ပြန် နေ့တိုင်းဖြတ်သွားပြီး ဖူးဖြစ်ပေမဲ့လည်း
ဓါတ်ပုံထဲမှာက နံနက်အာရုဏ်အလင်းတန်းတွေနဲ့ ပိုပြီးကြည်လင်သပ္ပ္ပ္ပါယ် နေပါတယ်….
ပုံ (၃) နဲ့ ပုံ (၉) နဲ့ ပန်းပုံလေးတွေကိုလည်း ကြိုက်ပါတယ်ရှင်….
ကိုပေါက်(မန္တလေး)
January 21, 2013 at 9:38 pm
လေးပေါက်လဲ သူများ မြု့ိရွာရောက်ခို်က် ပုံမှန်အလုပ်တွေမလုပ်ရလို့ပါကွ။
ကိုယ်အရပ်ကို်ယ့်ဒေသ သာဆိုရင်လဲ အလုပ်ဇောတွေနဲ့မို့ အခုလို ခံစားနိုင်မယ်မထင်ပါဘူး
mamanoyar
January 22, 2013 at 2:43 pm
အရမ်းကြည်ညိုစရာကောင်းပါတယ်
စွယ်တော်ပန်း ပန်းရောင်လေးမမြင်ဖူးဘူး
အဖြူနဲ့ ခရမ်းရောင်လေးမြင်ဖူးတာ
ကိုပေါက်(မန္တလေး)
January 23, 2013 at 1:35 pm
စွယ်တော်ပန်းအဖြူကို ကျနော်ရန်ကုန်ရောက်မှ မြင်ဘူးတာရယ်။
လွိုင်ကော်အသွားလမ်းမှာတော့ ကယားပြည်နယ်ထဲလဲဝင်ရော စွယ်တော်ဖြူတွေအများကြီး။