ရင်ထဲကတစိတ်
ရင်ထဲကတစိတ်
ဝေးခဲ့ကြတော့ ဆွေးတော့တယ်
သတိရမိတော့ တမ်းတတယ်
လွမ်းရက်လေးတွေ ရေတွက်တော့
သတ်မှတ်ရက် ကိုကျော်ခဲ့ပေါ့
လွမ်းဆွေးပြီးတော့ ( မျှော် ) မိတယ်
ပြန်လာခဲ့လို့ ( အမြန် ) ခေါ်ခြင်တယ်
ရင်ထဲမှာလေ တိုးတိုး တိတ်
တစိတ်လောက် တော့ ပြောဦးမယ်
မင်းမရှိ ှမှ ဒို့ ချစ်နေမိပြီကွယ်………………
8 comments
ရာမည
March 30, 2013 at 1:25 pm
ငါးသုံးလုံးကအတု
ရူဘီက မှိုတက်
မာဘိုရိုက လက်သစ်
ပရီမီယမ်က ချောင်းဆိုး
တိုးတိုး လေးပြောလိုက်မယ်
မင်း မရှိမှပိုလွမ်းတယ် လန်ဒန် ရယ်……
မဟာရာဇာ အံစာတုံး
March 30, 2013 at 7:07 pm
အချစ်ဆိုတာ ဝေးမှသိ …
ဆိုသလိုပေါ့နော့ ….
မှန်တတ်ပါတယ် …
တစ်ခါတစ်ခါမယ်
ချစ်ပါလျက်နဲ့
ဖုံးကွယ်ထားတတ်တာလည်း ရှိတတ်ပြန်တယ် …
တစ်ခါတစ်ခါဝယ်
အနေဝေးတော့မှ
အချစ်ဆိုတာ ဘယ်လိုမှန်း သိတတ်ပြန်သေးတယ် …
တကယ် … တကယ် ….
manawphyulay
March 30, 2013 at 7:21 pm
မရောက်တာကြာတော့ လာချင်မိတယ်…
လာခဲ့ပြန်တော့ ဖတ်ချင်တာတွေ များလှပါတယ်…
နွေးထွေးမှုနဲ့ ရွာလေးထဲမှာ ပျော်ချင်ပေမယ့်
ခဏတာ ဝေးကြပြီပဲ…
ဒီရွာလေးကိုပြောမိတာပါနော်…..
ခင်မင်စွာဖြင့်
မနောဖြူလေး
မောင် ပေ
March 30, 2013 at 9:35 pm
ရင်ထဲကတစိတ်
ဂွင်တဲ့ကပုလိပ်
ဆင်တဲဝအပိတ်
ဝင်ဆွဲမှမဖိတ်
ပြင်မြဲလှအကိတ်
နေဝန်းနီ
March 31, 2013 at 11:47 am
တစ်စိတ်လောက် ညှစ်လိုက်စမ်းပါ သံပုရာသီး ဆိုလား တစ်ခါက ဂျီတော့မက်ဆေ့မှာတင်ထားတာလေး သွားအမှတ်ရတယ် ဘယ်သူလဲတော့မသိ ရွာသားတစ်ယောက်တင်ထားတာလေး….။ လူဆိုတာက မရှိတာမှ လိုချင်တာ ….။ ပြန်သွားတော့မှတမ်းတ တတ်တာဆိုတော့လည်း ခက်သား
KZ
March 31, 2013 at 5:02 pm
သံပုရာသီး တစ်စိတ် တို့ စိတ်ဓာတ်က “”စိတ်”” တို့ကို ပြောတာမဟုတ်ဘူးမလားဟင်။ 🙄
“”တစ်ဆိတ် လောက် ပြောပါရစေ”” လိုမျိုးပြောတာမဟုတ်လားဟင်။ 🙄
Alinsett @ Maung Thura
May 7, 2015 at 3:36 pm
လူတစ်ယောက်ရဲ့ တန်ဖိုးကို… အဲဒီလူတစ်ယောက် မရှိတော့ချိန်ကျမှ သိလိုက်တာ….ဆိုရင်…
ဆိုရင်….
ရှူံးတယ်…
အောင် မိုးသူ
May 7, 2015 at 4:05 pm
မရှိမှ တန်ဘိုးနားလည်တာပေါ့။