မေမေသို့….
ဆင်သရေကို ဆိတ်သရေနဲ့ ဖုန်းလို့မရတာပဲ မေမေ
ရှေ့သွားလေး ကျိုးနေတာကိုရှက်လို့ ဆိုပြီး
စကားပြောတိုင်း လက်နဲ့လည်း အုပ်အုပ်မထားပါနဲ့
ကျေးဇူးပြုပြီး ငွေရောင်ဆံခြည်တွေကိုလည်း ငယ်မူမပြန်ခိုင်းပါနဲ့
အမေ့ရင်ခွင်ရိပ်ဆီ ခဏတာပြန်ခိုဝင်လာတဲ့ အခိုက်အတန့်တွေမှာ
အဲဒီပိတုန်းရောင်ကေသာတွေကပဲ
အမေ့သမီးလေးကို
ဆက်မိုက်လို့ရသေးတယ်ဆိုတာ အားပေးလှူံဆော်နေလို့လေ
အရိပ်စစ်
13 comments
အရိပ်စစ်
April 8, 2013 at 7:58 am
ဆင်သရေ ဟုတ်ဘူး ဆင်သေတဲ့
တိမီး ပြင်တတ်တော့ဘူး
ပြင်ပေးကြပါဦးနော်
ဗုံ ဗုံ
April 8, 2013 at 12:37 pm
နင့်နှယ်နော် ငါ့တပည့်မဟုတ်တာ ကျနေတာဘဲ
ပြင်ဖတ်လိုက်ပါ့မယ်ဟယ် ဒါနဲ့ အခုထိမိုက်တုန်းလား :kwi:
အရိပ်စစ်
April 8, 2013 at 12:48 pm
ဟိဟိ..တခါတလေပါဟ
နင်ကလဲ
TNA
April 8, 2013 at 12:38 pm
ကိုယ့်ဟာကို မလိမ်မာဒါများ အမေကို ဆံပင်အမဲမဆိုးပါနဲ့တဲ့။ မတရားတာအေ။ အမေလဲလှချင်ရှာမှာပေါ့။ တမီးလိမ်မာလေးဆို ဆံပင်ဆိုးပေး သွားစိုက်ပေးလိုက်ပါ။ ညီအမတွေလိုဖြစ်တော့ပိုတောင် မိုက်သေး။ ဟေးဟေး။
အရိပ်စစ်
April 8, 2013 at 5:57 pm
ဟိဟိ..တာမီးက သဘာဝအလှကိုပဲ မြတ်နိုးလို့ပါချင့်..
မေမေက တာမီးတွေထက် လှပီးသား….
သူကလေး
April 8, 2013 at 1:32 pm
ဆင်သေကို ဆိတ်သရေနဲ့ ဖုန်းလို့မရတာပဲ မေမေ
ရှေ့သွားလေး ကျိုးနေတာကိုရှက်လို့ ဆိုပြီး
စကားပြောတိုင်း လက်နဲ့လည်း အုပ်အုပ်မထားပါနဲ့ (အလွန်အလွန့်သဘောကျ)
ဒါမယ့် သူကလေး မေမေကတော့ ရှေ့သွားလေးတင်ဟုတ်ဖူး
တော်တော်များများကျိုးနေလို့ အံကတ်ကို အပေါ်တစ်ခု အောက်တစ်ခုထည့်ထားရတာ ဟိဟိ
ဒါပေမယ့်လည်းလေ မေမေ့ကိုအလှကို ဘယ်သမီးမှ ယှဉ်မရပါဘူး
အရိပ်စစ်
April 8, 2013 at 6:00 pm
ဟုတ်ပ ဟုတ်ပ
မောင် ပေ
April 8, 2013 at 1:41 pm
မေမေချစ်တဲ့ သမီးကြီး
မယ်ဘုတ်
April 8, 2013 at 2:56 pm
ဆက်မမိုက်ပါနဲ့ တာမီးရယ် ..
မေမေ ဆံပင်အရောင်ပြောင်းလိုက်ပါ့မယ်နော်.. :kwi:
Mr. MarGa
April 8, 2013 at 6:04 pm
ပါးရေနားရေတွေ တွန့်လိပ်ပစေ
အသံတွေတုန် ခါး ကိုင်းပစေ
အမေ့ရုပ်ရည် အမြဲ လှနေတယ်………………………………….
ဖြည့်တွေးပေးလိုက်ပါကွယ်။ :kwi:
ရွှေ ကြည်
April 8, 2013 at 6:18 pm
မေမေ
ပါးရေတွေ တွန့်နေလို့
မှန်ကြည့်ဖို့ မရွံ့ပါနဲ့အမေ
ဇရာဆိုတာ အံတုလို့မရတဲ့အခါ
ဒါသဘာဝပါဆိုတာကိုနှလုံးသွင်း
စိတ်သတ္တိကိုရင်း
သံသရာလင်းစေဖို့
တရားရိပ်မှာ
မွေ့လျော်စို့ အမေ..။ 😆
ဦးကြောင်ကြီး
April 9, 2013 at 9:12 am
မေမေသို့
ရွှေငွေတို့
လေပြေညှို့
တွေဝေလို့
ကြွေမြေဖို့
ဆွေဖွေအို့
နေထွေပျို့
သေရည်စို့…
မဟာရာဇာ အံစာတုံး
April 9, 2013 at 8:23 pm
တောက် …
ဒါ နာ့ကို ရွှဲ့ပြောဒါ နေမှာ …
ဘာဒဲ့ …
ရှေ့သွားလေး ကျိုးနေတာကိုရှက်လို့ ဆိုပြီး
စကားပြောတိုင်း လက်နဲ့လည်း အုပ်အုပ်မထားပါနဲ့
………. တဲ့ ……..။
နာ ဘယ်ဒုန်းက သွားကျိုးဂျီးကို လက်နဲ့ အုပ်ထားလို့ဒုန်း .. ဂယ်ဘာဘဲ …
နောက်တာပါဗျို့ …
ကဗျာလေး အားပေးတွားဘာဂျောင်း …