အရိပ္စစ္February 17, 20141min1333
မီးခိုးတွေ အူနေတာက မြင်ကွင်းအားလုံး အရောင်တွေချို့တဲ့ နေသလို မိုးလုံးမှိုင်း မိုးအုံ့နေတာလို့ ထင်ချင်ထင်ကြမယ် ဟင့်အင်း မိုးအစား မီးတွေ အုံ့နေတာ အဝတ်မရှိတဲ့ သစ်ခြောက်ပင်တွေကလည်း တစ်ခါက စိမ်းခဲ့ဖူးတယ်ဆိုတာကို အခုပဲ ကြိမ်ပြကြတော့မလို ရှက်ရွံအားငယ် တကယ်က နောင်မှ တမိတဲ့ နောင်တလေးဟာ ကြီးလေးလှတယ် ဆိုပြီး သဘောတရားပေါက်မြောက်ချင်နေတော့တာ ရှုရှိုက်နေရတဲ့ လေဟာ သစ်ရွက်ကြွင်းရနံ့ထက် မကဘူးဆိုတာကိုလည်း တောမီးတန်းလှလှစွေးစွေးတွေက လှမ်းအော်တယ် ဟုတ်ကဲ့ တစ်ချက် တစ်ချက်မှာ ဝါးလုံးပေါက်ကွဲသံတွေ ကြားရပါတယ် အဲထဲမှာမှ ပေါက်ကွဲသံ တစ်စုံ တစ်ခုကတော့ အကျယ်လောင်ဆုံးပဲ နောက်ဆုံး တို့ မီး ရှို့မီး အမျိုးမျိုးကြားထဲ ပြေးစရာ မြေရှားပါးလွန်းတယ်ဆိုတာ ပြာမှုန်စတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုကပဲ ကျန်ရစ်ပြခဲ့တယ် ။ ။ […]


အရိပ္စစ္February 5, 20141min1704
အပိုင်မရတဲ့ လောကကြီး ထဲ ထောင့်စွန်းအခန်းငယ်ဆီက သုံးယောက်သံ ဆူဆူညံပေါ့ ကိုယ်စီ ကိုယ်ငှ ဒဏ်ရာတွေ နဲ့ ဘဝ အမောတွေ ကို ရယ်သံတွေနဲ့ ခဝါချ လှတောသား အစ်မ ပခန်းသား ဆွေမျိုးတွေ အတိုင်း ဘေးလူတွေ အမြင်မှာတော့ နှစ်ယောက်မက တဲံ့ ရွှေဖလားလုပွဲ နေရီတိုင်း လမ်းများလို့ မဝသေးဘူး လွမ်းဒဏ်သင့်တဲ့ ကိုရီးယားကားထဲကလို ဒုက္ခ ခဏတွေ ကြားထဲမှာ ဝေးကွာခြင်းက ဧည့်စိမ်းပမာ နှစ်သိမ့်မျက်ရည်တွေ နဲ့ အတူ အလျော့မပေးသေးတဲ့ လမ်းခုလတ်က အပြုံးတွေ ဆိတ်ဆိတ်ငွေ့ငွေ့ ဖမ်းဆုပ်လို့ မရတော့တဲ့ အတိတ်တွေ အတွက် လေနီပြင်းတွေကို အန်တုရင်း ရင်ဘတ်ထဲမှာတော့ အဲဒီအသံတွေ ကြားနေရတုန်းပဲ….။   အရိပ်စစ် August ,2011.


အရိပ္စစ္November 12, 20131min1444
  လ.. သူ့ဘာသာ သူ သာနေတာပါ တစ်ပွင့်စ နှစ်ပွင့်စ ကြယ်မှုန်စလေးတွေ ခပ်ဝေးဝေးခ လို့ သူ့ အနီးနားမှာ လင်းတဲ့ ကြယ်လေးတွေလည်း ရှိချင် ရှိမှာပေါ့ သူ့ ဘုန်းကြောင့် အရောင်တွေ ဖျော့တော့လိုက်ရတာ နေမှုာ လ.. သူ မပြည့်သေးပါဘူး ကမ္ဘာတစ်ခြမ်းက လူတွေ နဲ့ ဝေဝေမျှမျှ လရိပ်လှုံနေချိန် သက်ရှိတော်တော်များက သူ့ အရိပ်အေးမြမြအောက်မှာ စိတ်ချ လက်ချ အိပ်မော ကျ လို့ လ.. ဘာပဲ ဟုတ်ဟုတ် သူ ပျော်မှာပါ နေ့ နဲ့ ည လို အများနည်းတူ ကွယ်လိုက် ပေါ် လိုက်ရတာကို က မျှော်လင့် ခြင်း တွေ အသက်ဆက် […]


အရိပ္စစ္November 7, 20131min1564
သူ လက်ထပ် သွားပြီ လို့ ကြားလိုက်ရတဲ့ အခါမှာ  ထူးထူးခြားခြား မခံစားရ…။ တကယ်တမ်း  အရိုးစွဲ ကျန်ရစ်ခဲ့တာကတော့ မျက်ဝန်းတွေ ပဲ ဖြစ်သည် ။ မျက်ဝန်း၏ အရောင် က  အစိမ်းပုတ်ပုတ် အရောင်တွေ…။ အဆိပ်ငွေ့ လွှတ်ထားတဲ့  အရောင်တွေ ….။ ဖြူဖြူစင်စင်ရှိလှတဲ့ စိတ်နုနုနယ်နယ်လေးထဲမှာ   အဲဒီ မျက်ဝန်းတွေက ဖျောက်ဖျက် မရအောင်  အဆိပ်သင့်လွန်းလှသည် ။ တစ်စုံတစ်ခုကို လုပ်တော့မယ်ဆိုတိုင်း အဲဒီ မျက်ဝန်းတွေကိုပါ  စာရင်း ထည့်တွက်မိသည် အထိ…။ မုန်းလွန်းတဲ့ အဆုံးမှာ မျက်ဝန်းရဲ့  အရောင်တွေကို ပြောင်းလဲ ပစ်ချင်လာသည် ။ ဟန်ဆောင်လို့ မရတဲ့ ရောဂါရှိသူ ပီပီ  သူ့ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြရဦးမည် ။ အဲဒီမျက်ဝန်းတွေကို  မုန်းတဲ့ အကြောင်း […]


အရိပ္စစ္November 5, 20131min1856
ခေါင်းစဉ်ကြီးကြီးမတပ်ပါနဲ့ တစ်ပွင့်ကျန်လေးလည်း မဟုုတ်ပါဘူး အလင်းပေးဖူးတဲ့ ကြယ်လေးတစ်စင်းကို မြတ်နိုးမူ့ ပိုလွန်းရုံလေး ပိုင်ဆိုင်ချင်တဲ့ အရာတွေထဲမှာ ကြယ်လေးကိုပဲလား အဲဒီတုန်းက အခိုက်အတန့်လေးကိုပဲလား ခုထက်ထိကို  မှူန်ပျပျ..။    ။  ( ဆရာ လင်္ကာရည်ကျော်၏ တစ်ပွင့်ကျန် စာအုပ်အား  ခံစားရေးဖွဲ့သည် )                                          အရိပ်စစ်


အရိပ္စစ္October 30, 20131min1475
ရေစက်တဲ့ ပန်းချီကားတစ်ချပ်ပေါ်ကရောင်စုံအစက်အပျောက်လေးတွေ အလွမ်းတွေဖရိုဖရဲနဲ့ ကြိုးစားချယ်သလိုက်ပုံများ လေညှင်းလေးတွေတောင်လန့်ပြေးသွားတယ် ကံကြမ္မာမှတ်တမ်းမှာတော့ ကမ္ဘာဘယ်လောက်ခြားခြား မိုးကုတ်စက်ဝိုင်းတစ်နေရာမှာ အနည်းဆုံးတော့ ခြေစုံရပ်ပြီး လက်ဆွဲနှုတ်ဆက်ရုံလေး တစ်ခဏပဲဟုတ်ဟုတ် ထာဝရပဲဟုတ်ဟုတ် ချစ်ချစ်မုန်းမုန်း လွင့်မျောရုံသက်သက် အဲဒီပန်းချီကားထဲမှာပဲ ကိုယ့်အရိပ်ကိုပြန်တွေ့လိုက်တယ် တစ်ကနေပြန်စလို့မရတော့ပေမယ့် အရည်ပျော်ကျနေတဲ့ရေခဲမြစ်တစ်စင်းအောက်မှာ စုတ်ချက်တွေကမရပ်သေးဘူး….။                                                           အရိပ်စစ်


အရိပ္စစ္October 29, 20131min36120
  ငေး အရောင်တွေ  ဆွေး လေပြည်လေးတွေ  ဖြည်းဖြည်းအေး ကြယ်စင်ကြွေလေးတွေ  ဟိုးဝေး ဝေး အချိန်တိုတိုလေးထဲက အိပ်မက်နွေးနွေး …။     ။                                   အရိပ်စစ်


အရိပ္စစ္October 28, 20131min21210
ကြိုသိခဲ့လို့ မဟုတ်ဘူး ရလဒ်တစ်ခုက ဒဏ်ရာတွေပဲဖြစ်မယ်ဆိုတာ  သေချာနေလို့ အဲဒီတုန်းက တွေဝေခဲ့တယ်ဆိုတာ ရှားရှားပါးပါး မြတ်နိုးမူ့တစ်ခုကို နှမျောမိလို့.. ဝေးကွာခြင်းတစ်ခုကို  သယ်ဆောင်သွားတဲ့အတွက် နောင်တရနေမလား… လုံးဝမေ့ထားခဲ့သည်ပဲဖြစ်စေ အရင်လိုဆောင်းညမှာ သီချင်းတွေ အော်ဆိုကြဦးစို့… ခပ်မဲ့မဲ့အပြုံးတစ်ချက်နဲ့ ခပ်အောင့်အောင့်ပဲ ရယ်မောလိုက်ပေါ့.. နင်ပြုစားမရတဲ့ ကျောက်ရုပ်ရဲ့ မျက်ရည်တစ်စက ဟာသဖြစ်နေမလား… နေရာဟောင်းတစ်ခုမှာ ငါ စိုက်ခဲ့တဲ့ သစ်ပင်လေးကို ကိုယ်တိုင်ပဲ ရိတ်သိမ်းနေပါတယ်  ရွေးချယ်ခဲ့တဲ့ လမ်းမတစ်ခုက နင့်အမုန်းတွေအတွက် ဖြေဆေးတစ်ခုရှိပြီးသားပါ အချိန်လွန်ကာမှ ငါ့ကိုခွင့်လွှတ်ရင်း  နင်ပြန်လွမ်းပစေပေါ့.။  ။                                   […]


အရိပ္စစ္October 25, 20131min39525
မူကြိုကျောင်းသူ ဘဝ… ကျောင်းသွားဖို့ တအားကြောက်နေတာ ကြောက်တာက ကျောင်းကို မဟုတ်ဘူး အတန်းထဲက ကောင်မလေး တစ်ယောက်ကို သူက တိမီး ကို လာလာဆိတ်တယ် အဲဒါကြောင့် မသွားချင်ဘူး ပြီးတော့ မျက်လုံးတွေ ကို လည်း ကြောက်တယ် ကောင်လေးတစ်ယောက်က သူ့ ဆွဲကြိုးလေး မရှိတော့ဘူးတဲ့ ယူတဲ့ သူ ဘယ်သူလဲ ဆိုပီး ဆရာမတွေက လက်ညိုးထိုးပြခိုင်းတော့ အဲလက်ညိုးက တိမီးဆီ တည့်တည့် ရောက်လာတယ် ဘာမှလည်း မယူရပဲနဲ့ အဲဒီချိန်က ပြန်ကြည့်လိုက်တဲ့ အားလုံးရဲ့ အကြည့်တွေကို ကြောက်တယ် နောက်နေ့ အမေက လွယ်အိတ်ကိုင်ပီး ကျောင်းလိုက်ပို့တယ် ကျောင်းကို လှမ်းမြင်ရတော့တာနဲ့ ထွက်ပြေးတာပေါ့ အဖေ ရောက်လာပြန်တယ် ကရေကရာကို အလုံးအလုံးလေးတွေ လုပ်ထားတဲ့ မုန့်လေး […]


အရိပ္စစ္July 25, 20131min952
ဒီတစ်ခါတော့ ဇွန်ပန်းကုံးတွေ မဟုတ်တော့ ။ စံပယ်ကုံးတွေ ဖြစ်နေသည် ။ အနီးအနားမှာ ဘယ်သူမှလည်း မရှိ ။ အရင်အခါတွေ တုန်းကတော့ဇွန်ပန်းကုံးလေးတွေကို ပန်ဖို့ ဝေးစွ နမ်းပင် မနမ်းရှိူက်ကြည့်မိခဲ့ ။ အခု စံပယ် ပွင့်လေးတွေကိုတော့ နမ်းရှိုက်လိုက်မိသည် ။ အဲဒီအချိန်လေးမှာပင် ဘယ်ကနေ ဘယ်လို ရောက်လာသည် မသိသော စံပယ်ကုံးတွေရဲ့  ပိုင်ရှင်က ရွှင်မြုးသွားသည့် အရိပ်ယောင်တွေနဲ့ ဘွားကနဲ ပေါ်ထွက်လာတော့သည် ။ ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိဖြစ်နေစဉ်မှာပင် အိပ်မက်က လန့်နိုးလာ၍ တော်တော့သည် ။ အပြင်မှာတော့ မဖြစ်စေရ ဟု  အားတင်းထားမိသည် ။ သစ္စာ တဲ့..။ သူမ ထားရှိသည့် သစ္စာကတော့  သက်ရှိ လူသားတစ်ယောက် အပေါ်မှာ […]


အရိပ္စစ္June 11, 20131min911
တွယ်ငြိခဲ့တာလား ရောင့်ရောင့်ရဲရဲ နှစ်သက်နေရသလိုမျိုး ဖြစ်သင့်တာတွေကိုပဲ ရေလောင်းပေါင်းသင်ခဲ့ရတဲ့အခါ စိမ်းစိုခဲ့တဲ့ တစ်ချို့တစ်ဝက်အတွက် အိပ်မက်တွေကို ပြန်အစားပေးလိုက်ရတယ်..   အရိပ်စစ်


အရိပ္စစ္June 10, 20131min1685
တွယ်ငြိခဲ့တာ မဟုတ်ဘူး ဖြစ်ချင်တာတွေထက် ဖြစ်နိုင်တာတွေကိုပဲ နင်းချေနေရတဲ့ အခါ တွက်ကိန်းတွေထဲက အတိုင်းပဲ စိမ်းစိုခဲ့တာတွေလည်း ရှိရဲ့ ရယ်သံတွေ စည်ဝေဖို့အတွက် ကြိုးကို ပြန်ပြန်လျှော့ရ အိပ်မက် မက်ဖူးတာပေါ့ အဲဒီကောင်းကင်ထက်က လွင့်မျောနေတဲံ့ ကြယ်တွေ လတွေရှိတယ် လက်ဆုပ်လက်ကိုင်ရှိထားတဲံ့ တစ်ထွာမကတဲ့ ဝမ်းစာတွေအတွက် အိပ်မက်ဟာ အိပ်မက်အတိုင်းတည်ရှိလို့ လက်ရှိ လေထုကိုပဲ ခပ်သန့်သန့်လေး ရှူရိူက်နေမိရဲ့…။   အရိပ်စစ်


အရိပ္စစ္May 1, 20131min2559
အဲဒီတုန်းက သူ ပြန်သွားတော့မည်ဆိုပြီး မိတ်ဆွေများကို  တစ်ယောက်ပြီး  တစ်ယောက် လိုက်နှူတ်ဆက်နေသော်လည်း သူမဆီကိုတော့ စကားတစ်ခွန်းမပြောနှင့် အကြည့်တစ်ချက်လောက်ပင် ရောက်လာခဲ့ပုံမပေါ်။နောက်ဆုံး သူ့အသံ  လုံးဝ မကြားရတော့ဘူးဆိုကာမှ  သူမ တစ်ယောက်ထဲကို ချန်ကာ နူတ်မဆက်ပဲပြန်သွားတာ သေချာသွားခဲ့သည် ။ *  *  *  *  * မတွေ့ရတဲ့ သုံးနှစ်အတွင်း ကိုကြီးကတော့ ဘာမှ မပြောင်းလဲ ။ခင်ရာဆွေမျိုး မိန်ရာ ဟင်းကောင်းဆိုသလို တနယ်တကျေးကနေ လာပြီး အလုပ်လာလုပ်နေကြသူချင်းပီပီ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း မိသားစုတွေလို ရင်းနှီးချစ်ခင်ခဲ့ကြသည် ။အခုလို ပြန်တွေ့ ရတော့လည်း တကယ့်သွေးသား ရင်းချာ တစ်ယောက်ကို ပြန်တွေ့ရသလိုု ဝမ်းသာအဲလည်း ဖြစ်ရသည် ။ “  တွေ့ခဲ့တယ် ပုတုလေးရေ ပုတုလေးက မေးနေတယ်လို့လည်း […]