တေလေငှက်များ သို့…
အပိုင်မရတဲ့ လောကကြီး ထဲ
ထောင့်စွန်းအခန်းငယ်ဆီက
သုံးယောက်သံ ဆူဆူညံပေါ့
ကိုယ်စီ ကိုယ်ငှ ဒဏ်ရာတွေ နဲ့
ဘဝ အမောတွေ ကို
ရယ်သံတွေနဲ့ ခဝါချ
လှတောသား အစ်မ
ပခန်းသား ဆွေမျိုးတွေ အတိုင်း
ဘေးလူတွေ အမြင်မှာတော့
နှစ်ယောက်မက တဲံ့
ရွှေဖလားလုပွဲ
နေရီတိုင်း လမ်းများလို့ မဝသေးဘူး
လွမ်းဒဏ်သင့်တဲ့ ကိုရီးယားကားထဲကလို
ဒုက္ခ ခဏတွေ ကြားထဲမှာ
ဝေးကွာခြင်းက ဧည့်စိမ်းပမာ
နှစ်သိမ့်မျက်ရည်တွေ နဲ့ အတူ
အလျော့မပေးသေးတဲ့ လမ်းခုလတ်က အပြုံးတွေ
ဆိတ်ဆိတ်ငွေ့ငွေ့
ဖမ်းဆုပ်လို့ မရတော့တဲ့ အတိတ်တွေ အတွက်
လေနီပြင်းတွေကို အန်တုရင်း
ရင်ဘတ်ထဲမှာတော့
အဲဒီအသံတွေ ကြားနေရတုန်းပဲ….။
အရိပ်စစ်
August ,2011.
4 comments
ကာရံ
February 6, 2014 at 8:19 pm
အရမ်းမိုက်တယ်ဗျာ ကျစ်ကျစ်လစ်လစ်လေးနဲ့ ကာရံလှတယ် အားပေးပါတယ်ဗျာ
ဆက်လက်ပြီးခံစားနိုင်ပါစေနော်
အရိပ်စစ်
February 17, 2014 at 12:18 am
ဟုတ်…
ကျေးကျေးပါ..
ဒညင်းဝက်
February 7, 2014 at 7:08 pm
ဆိတ်ဆိတ်ငွေ့ငွေ့ဆိုတဲ့အသုံးအနှုန်းလေးမှာ
မျော မျောသွားတယ်ဗျာ
ကဗျာဟာ . . .ကဗျာပီသနေလို့
အရိပ်စစ်
February 17, 2014 at 12:21 am
ဟိဟိ..
ကျေးကျေးပါ..