အဆိပ်မပြေသေးသော အရုပ်ကလေး…..
သူ လက်ထပ် သွားပြီ လို့ ကြားလိုက်ရတဲ့ အခါမှာ ထူးထူးခြားခြား မခံစားရ…။
တကယ်တမ်း အရိုးစွဲ ကျန်ရစ်ခဲ့တာကတော့ မျက်ဝန်းတွေ ပဲ ဖြစ်သည် ။ မျက်ဝန်း၏
အရောင် က အစိမ်းပုတ်ပုတ် အရောင်တွေ…။ အဆိပ်ငွေ့ လွှတ်ထားတဲ့ အရောင်တွေ ….။
ဖြူဖြူစင်စင်ရှိလှတဲ့ စိတ်နုနုနယ်နယ်လေးထဲမှာ အဲဒီ မျက်ဝန်းတွေက ဖျောက်ဖျက်
မရအောင် အဆိပ်သင့်လွန်းလှသည် ။
တစ်စုံတစ်ခုကို လုပ်တော့မယ်ဆိုတိုင်း အဲဒီ မျက်ဝန်းတွေကိုပါ စာရင်း
ထည့်တွက်မိသည် အထိ…။ မုန်းလွန်းတဲ့ အဆုံးမှာ မျက်ဝန်းရဲ့ အရောင်တွေကို
ပြောင်းလဲ ပစ်ချင်လာသည် ။ ဟန်ဆောင်လို့ မရတဲ့ ရောဂါရှိသူ ပီပီ သူ့ကိုလည်း
ပွင့်ပွင့်လင်းလင်း ပြောပြရဦးမည် ။ အဲဒီမျက်ဝန်းတွေကို မုန်းတဲ့ အကြောင်း ။
သူကတော့ တဟားဟား ရယ်မောပြီး “ နင် ပြောင်းလဲ နိုင်မယ်လို့ ငါ ယုံကြည်တယ် ”
ဆိုတဲ့ စကားကိုပဲ ပြုံးကြည့် ပြောမှာ အသေချာ…..။
ဘာလုပ်လုပ် ကြည့်ရမယ့် ပတ်ဝန်းကျင်ဆိုတဲ့ ဘောင်ထဲမှာ အဲဒီမျက်ဝန်းတွေကိုပဲ
ထည့်ထားမိသည် ။ အရောင်တွေ တဖြည်းဖြည်း လျှော့လျှော့လာပေမယ့် ကြည်လင်
အေးချမ်းသည့် အခြေနေတွေ ထိတော့ ဝေးလွန်းလှသေးသည် ။ ဟအင်း…လိုချင်တာကလည်း
အရောင်အေးအေး တွေမှ မဟုတ်ပဲ …။ ဖွင့်မပြောပေမယ့် အံ့ဩမင်သက်သည့်
အရိပ် အငွေ့ ..။ အဲဒီရဲ့ အဆုံးမှာ သူတို့ ရဲ့ အမြင်တွေ လွဲမှားကြောင်း…။
တစ်နေ့ အဲဒီ မျက်ဝန်းတွေ မှာ အရောင်တစ်မျိုးကို ထူးဆန်းစွာ တွှေလာခဲ့ရသည် ။
ခပ်မှိုင်းမှိုင်း အရောင်တွေ …။ သတိရ တမ်းတ ခြင်းတွေ ပါ တဲ့ အငွေ့ အသက်တွေ..။
သူတို့ ရင်သွေးကို လွမ်းနေတဲ့ အလွမ်းစတွေ….။
နောက်ဆုံး ကြွင်းကျန်ရစ်ခဲ့တာကတော့ အာဃာတတွေ မပါတော့ပေမယ့်
အဲဒီ မျက်ဝန်းတွေက ဘယ်လို ကြည့်မလဲ ဆိုတဲ့ အတွေး တွေ နဲ့ ငြိတွယ်နေမိသော
အရုပ်လေး တစ်ရုပ်သာ ဖြစ်တော့သည် ။။။
4 comments
ဗုံဗုံ
November 7, 2013 at 9:28 am
နာကျင်ကြေမွခဲ့ချိန်များ…….
ငိုကြွေးဖို့နေရာ….
ရင်ခွင်လေးတစ်ခုတိုးဝှေ့ဖို့လိုတယ်….. 😥
အရိပ်စစ်
November 7, 2013 at 5:22 pm
ဟုတ်ပတော်…
ဟုတ်ပ…
alinsett
November 7, 2013 at 12:57 pm
ဒီလို ခံစားချက်စာစုလေးတွေ ဖတ်ရ ရင်
ကိုယ်လည်း ရေးကြည့်ချင်လာတတ်တယ်
အရိပ်စစ်
November 7, 2013 at 5:30 pm
တူလည်း ရေးတတ်ရဲ့သားနဲ့ဟာပဲဟာကိုနော့
ဒါပေမယ့်
ရေးမိတဲ့ အခါတွေကလည်း
အလိုလိုလေး ရေးချင်စိတ်လေးပေါ်လာမှ
ရေးဖြစ်တာနော်…