ကျွန်
လောဘကျွန် ဒေါသကျွန် မောဟကျွန်…….ဘာကျွန်ဖြစ်ဖြစ်…ကျွန်ဖြစ်ရတာမကောင်းမှာကကခပ်များများ ချွင်းချက်တော့ရှိသဗျာ…ဘုရားကျောင်းကန်ဝေယျာဝစ္စ၊ကျွန် ၊ သာသနာ့ဝေယျာဝစ္စကျွန် ကိုတော့
နောင်ဘဝ ကံကောင်းထောက်မစွာ..လူမျ ား ဖြစ်ခဲ့ရင်တော့ အူဝဲဆိုကထဲက သာသနာဘောင်ထဲရောက်ပါစေသစ္စာဆိုမိတယ်…ပိုပို သာသာလေး ပြောမှ တော်ယုံမကျ တဲ့ခေတ် မို့ပါ…..။
ဖြစ်ခဲ့ ရတဲ့ကျွန်တွေက မျ ားတော့….ဘယ်ကျွန်အကြောင်းစရေးရမယ်ဆိုတာကိုယ့်ဖာသာတောင်ဇဝေဇဝါ ဖြစ်မိတယ်…ဟိုမရောက် ဒီမရောက်ဘဝထဲမှာကျင်လည်ခဲ့ရတာမို့ ကောင်းတာကနည်းနည်းပါ
ဗိုလ်ကြီးအဆင့်လည်းမဟုတ်ရိုးရိုးတပ်သားလဲမကျ…….
စာအရေးအသားကလည်းမညက်ညောဆိုတော့သည်းခံပြီးဖတ်ပေးဗျ ာ…ကျနော်ဖြစ်ခဲ့ရတဲ့(ဆေး)သမားကျွန်ပါ….ဆေးသမားဖြစ်ဖို့ကပိုက်ဆံရှိမှ၊ အပေါင်းအသင်းကောင်းမှ ၊ဒါမှမဟုတ်ရင်
ဆေးအရောင်းအဝယ်လုပ်တတ်ကိုင်တတ်မှ။ ဒါမှ ရေရွှင်မယ် ရေ ရွှင်မှဆေးချ ရမယ် ဆေးသမားဘဝခံယူနိူင်မယ်….
ဆေးလိပ်သောက်တိုင်းဆေးသမားမဖြစ်ပေမဲ့ ဆေးသမား ၈၀% ကတော့ဆေးလိပ်စမ်းသောက်ရင်း ဆေးသမားဘဝ ဆေးသမားဘွဲ့ကိုခံယူသွားကြတာပါ…။
ကျနော်ဆေးနဲ့ စရင်းနှီးဖူးတာက ဗီလီယမ် ဖိုက်ကနေစတာပါပဲ….ဗီလီယမ်တန်း ပြီးတော့ဆေးခြောက်ပေါ့…ဆေးခြောက်ကိုတော့ နာမည်အမျူ ိးမျူ ိးခေါ်ကြတယ်
ဆရာကြီး၊ မုတ် ၊ဂန်ဂျာ ၊ခုတ်မေး ၊ပစ္စည်း စသဖြင့်ပေါ့…နေရာဒေသပေါ်မှာမူတည်ပြီးအခေါ်အဝေါ်ကွဲလွဲနိူင်ပါသေးတယ်
ဆေးခြောက်ကိုတော့ကျနော်မကြိုက်ပါဘူး၊သူ့ကိုတော့အဖြည့်ခံသဘောပဲထားတယ် ဒါကကျ နော်တစ်ဦးထဲ ရဲ ့အယူအဆပါ….ဆေးသမားတစ်ယောက်ရဲ ့စိတ်ဆန္ဒ ၊ဆေးသမားတယောက်ရဲ ့
ခန ္တာကိုယ်ဖွဲ့စည်းတည်ဆောက်မှု၊ သုံးစွဲတဲ့ကာလအနည်းအမျ ားကလည်းဆေးပမာဏကို အလျေ ာ့အတင်းပြုနိူင်ပါတယ်…။
ဘာသိပ်ကြာမှာလည်း ကိုယ့်ထက်ဝါ ၊သဘာ ရင့်တဲ့သူငယ်ချင်းကောင်းရောင်းရင်းကြီးတွေကြောင့် BPI ကထုတ်တဲ့ကွန်မက်သာဇင်ဆိုတဲ့ချောင်းဆိုးပျောက်ဆေးကိုဆေးလိပ်နဲ့ပြိုင်တူ
စတင်မြည်းစမ်းကြည့် ရင်း………သာမန်ထက်ပိုတဲ့ နှလုံးခုန်သံကို ဦးနှောက်ကငြိမ့် ငြိမ့် ညောင်း ညောင်းဂီတသံလိုဖန်တီးပေးကာ ရင်ခွင်ထဲမှာချော့မြူ အိပ်စက်စေပါတော့တယ်….။
တစ်ခါထဲနဲ့ ထူးခြားတဲ့ခံစားမှုကိုယစ်မှုးမိတဲ့ကျနော် ၄ကြိမ် ၅ကြိမ် အရောက်မှာတော့ငယ်သူငယ်ချင်းအရင်းအချာလိုဖြစ်ခဲ့ရတယ်..ဆေးဆိုင်တိုင်းမှာအလွယ်တကူဝယ်နိူင်တာမို့
ကျနော်တို့အတွက်အခက်အခဲမရှိ……အဖမ်းအဆီးမရှိ….ပိုက်ဆံရှိသလောက်ဝယ်ယူသုံးစွဲနိူင်တဲ့အချိန်……လေတိုက်နေတဲ့အချိန်ပေါ့….။
နောက်တစ်ခုလာပြန်ပြီ ဖန်စီဒိုင်းတဲ့…….အိန္ဒိယကလာတဲ့ ချောင်းဆိုးပျေ ာက်ဆေးရည် အညို ရောင်မပြစ်မကျဲ ချူ ိချ ဉ်အရသာလေး ပေါ့…..ကော့(ကွန်မက်သာဇင် နာမည်အတို)ကချ ို ရဲ ရဲနဲ့ ခါးသက်သက်
ဖန်(ဖန်စီဒိုင်းနာမည်အတို)ကကော့ထက်ပိုပြီးငြိမ်တယ်….အဝင်ကောင်းတယ်…..နှလုံးခုန်နှေးတယ်….ဖီးတက်နေတဲ့အချိန်စီးကရက်ကိုခပ်ပြင်းပြင်းလေးရှိုက်လိုက်ရင်
လာနေတဲ့ဖီးလ်က နှစ်ဆ…ဘယ်သွားမလဲ ရှေ ့ကရောက်ပြီးသား…ဘာလုပ်မလဲ မေးနေတာကကြာအုံးမယ်…ဘယ်သူနဲ့စကားပြောရမလည်း….ဘာကိစ္စလည်း..
အားလုံးအဆင်ပြေအောင်ပြောပြနိူင်တဲ့အစွမ်းသူ့မှာရှိတယ်……သူကငြိမ်းချမ်းရေးသမားလေ…အရက်လိုမဟုတ်..အရက်နဲ့ဆို ၃နဲ့၄၊ခေါင်းနဲ့ပန်းလို ပါပဲ…………..။
နောက်တစ်မျ ို းကW တဲ့ M တဲ့ အရက်ဖြတ်ဆေးအသွင်နဲ့ဝင်လာပြန်တယ်(စာအရှည်မမှတ်မိတော့လို့ပါ)..အသဲမခြောက်အောင်အရိုးထဲက…ချင်ဆီကိုအသဲကိုပို့ပေးတယ်….
ချ ပြီးရင်မနက်ဆိုဒူးတွေချောင်တယ်….ဒါကိုကျနော်တို့ကစိတ်ကြွဆေးအဖြစ်နဲ့သုံးတယ်
သူ့အာနိသင်က ဆေးအရှိန်တက်လာပြီဆိုရင်အသားတွေထုံလာမယ်…ဆိတ်လို့ ထိုးလို့မနာတော့ဘူး……မြွေမကြောက် ကင်းမကြောက်ပေါ့…ကျနော်ကWနဲ့M ဖီလ်းအကျ မှာ ကော့(သို့)ဖန်ကို ၅မူးဖြစ်ဖြစ်
၃မတ်ဖြစ်ဖြစ်ချလိုက်ရရင် နတ်ပြည်နတ်နန်းမှာနတ်စည်းစိမ်ခံစားရသလိုပါပဲ….။တစ်လုံးကိုလေးစိတ်စိတ်..တစ်စိတ်ကို တစ်မတ်လို့ ဆေးသမားတွေသုံးတတ်ပါတယ်…..။
14 comments
ဦးကျောက်ခဲ
October 1, 2013 at 12:48 am
ဆဋ္ဌမနိဗ္ဗာန်ကပြန်လာတာ ကိုယ့်ချည်းမှတ်လို့ အခုမှဘော်ဘော်တွေ့တယ်…
ကျောက်စ်ရဲ့ ဆိုးဖော်မိုက်ဘက်တွေကတော့ အကုန်ဂိကုန်ပြီ ဦးကြိမ်ရဲ့…
မူးယစ်ဆေးဝါးတွေအကြောင်းတော့ လူငယ်တွေအတုခိုးမှားမှာစိုးလို့ မပြောတော့ပါဘူးဗျာ…
၈၈၈၈ နောက်ပိုင်း တက္ကသိုလ်ဝန်းထဲမှာ လိုက်ပစ်နေတာ ငထောက်နဲ့ သတင်းပေးတွေဗျ…
🙁
u k
October 1, 2013 at 6:08 am
လက်ကျန် ဘော် ဘော်တွေများဖြစ်နေမလား….မစ္စတာကျေ ာက်ရေ
အသိပေးတဲ့(ပိုစ်)လေးပါ
မြောက်ပင့်ပေးတဲ့စာသားမပါအောင်အတတ်နိူင်ဆုံးရေးမှာပါ
လိုအပ်တာရှိရင်ဖြည့် စွက်အားပေးသွားပါအုံး
အလင်းဆက်
October 1, 2013 at 6:40 am
ချစ်သော u kရေ
အရေးအသားက ညက်ညောတာ မညက်ညောတာတော့မသိ
ဖတ်ရတာ လိုရင်းကို ထိထိမိမိ ရေးထားလို ့
ကျစ်လျစ်တဲ့ အရေးအသားလို ့တွေးမိပါတယ်
ဗဟုသုတ ရစရာ စာလေးမို ့ နှစ်သက်မိပါအိ
KZ
October 1, 2013 at 7:43 am
အွန်းးးးးးးး
စောင့်ဖတ်ရမဲ့ ပို့(စ) တွေ နေမှာ။
ကိုယ်တိုင် မစမ်းသပ်ဖူးသမို့ မသိတာတွေ အများကြီးပဲ။
:hint:
kai
October 1, 2013 at 8:59 am
အခုတလော.. ကယ်လီဖိုးနီးယားမှာ ဆေးခြောက်တရားဝင်သုံးခွင့်ပေးလိုက်တော့.. ဆေးခြောက်နဲ့ပါတ်သက်ပြီး.. အသံတော်တော်ကြားရတယ်..
စီအန်အန်သတင်းဇတ်လမ်းမှာလည်း.. ဆေးခြောက်က.. ဆေးတဲ့ခင်ဗျ…
လူ့အသက်တွေကယ်နိုင်သလို.. ကျမ်းမာရေးအတွက်း..အစွမ်းထက်ဆေးဆိုပဲ..
ဒီလိုနဲ့.. ကမ္ဘာကြီးမကြာခင်.. ဆေးခြောက်ခေတ်ရောက်လာမယ်ထင်ကြောင်း…
Jayden David, 6, was saved by medical marijuana, dad says
now.msn.com/jayden-david-6-was-saved-by-medical-marijuana-dad-says
Dad says marijuana saved his 6-year-old son’s life. 8/12/2013. “Miraculous” stories from people who say medical marijuana helped them when all else failed …
u k
October 1, 2013 at 9:31 am
ဆေးခြောက်၊ဘိန်း၊အရက် အစရှိတဲ့ မူးယစ်ဆေးဝါးမှန်သမျှ လူတွေရဲ ့အသက်ကိုကယ်တင်နိူင်
တဲ့ အစွမ်းထက်ပစ္စည်းတွေပါ…..အနံခံကောင်းတဲ့ မူးယစ်သားကောင်တွေက ဘယ်ဆေးဝါးမှာယစ်မူးစေတဲ့ဆေးပါဝင်တဲ့ အာနိသင်အနည်းအများကိုသိနေတော့…
အစိုးရကိုယ်တိုင်က ဖေါ်မြူ လာပြောင်းထုတ်ရတဲ့အဆင့်ဖြစ်လာတယ်…တကယ်
ရောဂါဖြစ်လို့ သုံးစွဲသူတွေလဲကျ ရောဒုက္ခရောက်တော့တာပါပဲ…ပြန်တွေးမိရင်
နောင်တရလို့မဆုံးဘူး..။
TNA
October 1, 2013 at 1:13 pm
အခုမှာစုံစုံစိစိသိတော့တယ်။ မှတ်သားသွားပါတယ် ဦးကြိမ်ရေ။
u k ဆိုလို့ဘူများလဲမှတ်တယ်။ ကျောက်စ်ပြောမှသိတော့တယ်။
ငဂျစ်
October 2, 2013 at 10:17 am
uk ရေ ဖတ်ရှု့လေ့လာ ဗဟုသုတရယူလိုက်ရပါတယ်……
ကျနော်ကတော့ ဆေးခြောက်တွေ ဆေးအစိုတွေအကြောင်း
ဘိန်းအဖြူတွေ ဘိန်းအမဲတွေအကြောင်း
ဆေးပြားတွေ ဆေးလုံးတွေအကြောင့် ဘာဆိုဘာမှ နားမလည်သူပါ…..
Foreign Resident
October 2, 2013 at 11:07 am
ဦးကြိမ်ရေ ။
ဗဟုသုတ ရပါပေ့ကွယ် ။
ပိုပြီး အသေးစိတ်ကျကျ ဆက်ရေးပါအုန်းကွယ် ။
အမှန်က အဘ ငယ်သူငယ်ချင်းတွေထဲမှာ ဆေးသမား တော်တော် များတယ်ကွယ့် ။
ဒါပေမယ့် အဘ က မူးယစ်တဲ့ Feeling ကို မကြိုက်တာရယ် ၊
ရေရှည်သောက်ရင် စွဲသွားမှာ စိုးတာရယ်ကြောင့် ၊
အဲဒီ သူငယ်ချင်းတွေကို နှစ် မပေါင်းဖြစ်တော့ ၊
အဲဒီ အကြောင်းတွေ သိပ် မသိဘူး ဖြစ်နေတယ် ။
မိုက်ကယ်ဂျော်နီအောင်ပု
October 2, 2013 at 11:29 am
တန်ဆေးလွန်ဘေးလို့ဘဲ ပြောရတော့မလားမသိ
အရက်သောက်ပြီး ဖြစ်လာတဲ့ ရီတီတီ ဈာန်လေးကို အရက်သောက်မှရသလို
သက်ဆိုင်ရာ ဘာညာကွိကွတွေမှီဝဲပြီး ရလာတဲ့ ဈာန်လေးကိုလည်း
သက်ဆိုင်ရာ ဘာညာကွိကွတွေ မှီဝဲမှရပြန်ရော
လူ့ဘဝထဲ တယ်လည်းဂွကျလှတယ်
ထမင်းစားရေသောက်လောက်က လည်းရိုးနေပြီ
ထမင်းဘဲမှီဝဲရမယ်ဆိုရင်လည်း ဘုန်းကြီးဝတ်တာကမှဟုတ်ဦးမယ်
အဲ့ဒါလည်းမလုပ်နိုင်ဆိုတော့
ဖြစ်ခြင်ရာဖြစ်
အေ့
u k
October 2, 2013 at 12:51 pm
အဘရေ…အခန်းတွေကတော်တော်ထိထားတော့ မီမိုရီတွေက
အကုန်မမှတ်မိဘူးဖြစ်နေတယ်….ဒါကြောင့်အတိုချ ုံးရေးနေတာပါ..
စိတ်ဝင်စားသူများရင်ရေးပါအုံးမယ်….တစ်ချ ို့သက်ရှိထင်ရှားရှိသေးတာမို့
လူနာမည်တွေနဲ့ နေရာဒေသ ၊ပါတ်သက်ရာပါတ်သက်ကြောင်းတွေထည့်မရေးတာပါ
စာရေးတာလည်းမကျွမ်းကျင်လို့ပါ…။
ကိုအောင်ပုရေ……ဆရာ့အမြင်လေးလဲကောင်းပါတယ်..ဒါပေမဲ့ဘုန်းကြီးပဲဝတ်ပါ
မူးယစ်ဆေးဝါးတော့မစမ်းပါနဲ့…..လက်လှမ်းမီသရွေ ့တားပေးဗျာ…
ဆရာကခြေကြီး လက်ကြီးမို့…..အကူအညီတောင်းတာပါ……။
sorrow weaver
October 2, 2013 at 1:05 pm
ဆေးခြောက်လား ..တက်ကသိုလ်တုန်းက တော့ သိပ်မကြိုက်ဘူးရယ်…ဆင်တောင်မွေးမို့စိတ်ကူးသေးတယ်…ဆင်မွေးရင်ဆေးခြောက်တရားဝင် ကိုင်လို့ရတယ်ဆိုလို့ …အဟိဟိ
kyeemite
October 2, 2013 at 3:05 pm
အထက်တန်းကျောင်းသားဘဝက ဆေးခြောက်တော့ စမ်းဖူးတယ်
ပေါတာကိုး..မေမြို့မှာဆို ဆေးခြောက်ပင်က နေရာအနှံ့အလေ့ကျပေါက်တာ
သူငယ်ချင်းကဆို ကိုယ်တိုင်ခူးပြီးကိုယ်တိုင်နှပ်တာ…
ဘိန်ဖြူခေတ်ရောက်တော့ မြည်းတောင်မကြည့်ဖူးဘူး
ဈေးကြီးလို့…အင်း ..ဆင်းရဲခဲ့တာကိုပဲကျေးဇူးတင်ရအုံးမယ်ဗျို့ 😀
sorrow weaver
October 2, 2013 at 3:43 pm
kyeemite says:
အထက်တန်းကျောင်းသားဘဝက ဆေးခြောက်တော့ စမ်းဖူးတယ်
ပေါတာကိုး..မေမြို့မှာဆို ဆေးခြောက်ပင်က နေရာအနှံ့အလေ့ကျပေါက်တာ
သူငယ်ချင်းကဆို ကိုယ်တိုင်ခူးပြီးကိုယ်တိုင်နှပ်တာ…
အဟိဟိ ..အရင့်အရင်တုန်းက ပြင်ဦးလွင် ..ကန်တော်ကြီးထဲမှာ ကျော်တို့တစ်ရပ်လောက် အပင်ကြီးကို ရှိတယ်ဂျာ..အဟိဟိ …