ဒွိဟဖြစ်ခြင်း
မင်းလာခဲ့တဲ့လမ်း ပြန်လှမ်းကြည့်စမ်းပါ
လမ်းပေါ်ကခလုပ်ကန်သင်း မင်းရှင်းခဲ့ဘူးရဲ့လား။
မင်းလျှောက်ခဲ့တဲ့လမ်း ပြန်မှန်းကြည့်စမ်းပါ
လမ်းပေါ်ကနွံကွက် မင်းလက်နဲ့ဖို့ခဲ့ဘူးသလား။
အများလျှောက်ဘို့လမ်း ခင်းသူ့လက်မှာသွေးတွေလွှမ်းလို့
ချွေတွေမြေမှာဖြန်းသမို့ ရင်ထဲလဲပန်း နွမ်းချိနွမ်းလျှ
လမ်းမပေါ်လျှောက်သူတသိုက် အမှိုက်တွေပစ်ဖွလို့
လမ်းပျက်အောင်ခလုပ်ကန်သင်း ခင်းသူကခင်းကြ
စေတနာမလှတဲ့ည လမထွက်တာဘဲကောင်းပါတယ်။
ဒါပေမည့်လေ
မကြင် နာ တမင် ခွါလို့ထွက်သူအတွက်
လက်ပြလို့ဟန်လုပ် ငါအားမထုတ်တတ်ဘူး
မုသားမပါ လင်္ကာမ ချော ပြောထွက်တဲ့နှုတ်ခမ်း သံသရာတစ်ဝှမ်းလုံး စကားမပြီ ရီလို့မရတဲ့မျက်နှာ နောက်ဘဝကိုမပါလိုဘူး။
အမှန်တရားအတွက် ငါ့သိက္ခာကိုစ တေး
ဆုလာဘ်လေးရဖို့စွန့်လွှတ် ငါနောက်မတွန့်ခဲ့ဘူး။
ကဗျာရေးတဲ့သက်တန်း ငွေရတုလှမ်းကျော် ရွှေရတုကိုရည်မျှော်လို့
ငါရေးတဲ့ကဗျာပန်းခင်း
အဆိပ်အ တောက်ကင်းကင်းနဲ့
ဖတ်တဲ့သူရင် တွင်း မွှေးရနံ့သင်းစေဘို့
အားထုတ်လိုု့ကြိုးပန်း
လူသားတွေလန်းဆန်းစေရမယ်။
3 comments
alinsett
October 12, 2013 at 11:10 am
ကဗျာပန်းခင်း ဆိုတဲ့စကားလုံးလေး
သိပ်လှတယ်ဗျာ
DEPARKO DEPARKO
October 14, 2013 at 6:56 pm
အလင်းဆက်ရေ ငါက ကဗျာရေးနေရရင် ဘဝမှာနေပျော်နေတဲ့သူပါ တစ်ခါတစ်လေ ငါ့ကဗျာတွေက အရောင်တွေဆိုး မှိုင်းရိုက်တဲ့အခါလည်းရှိကောင်းရှိမှာပေါ့ ငါလည်းသွေးနဲ့သားနဲ့တည်ဆောက်ထားတဲ့သူကိုး
ကဗျာဆိုတာ လူတွေရဲ့ ဘဝကိုထင်ဟတ်စေတယ်လေ
alinsett
October 14, 2013 at 10:59 pm
ဟုတ်ပါ့ဗျာ..။
ကဗျာဆိုတာ….
အင်း…ကဗျာ…ဆိုတာ….
ကျွန်တော်လေ….ကဗျာအကြောင်းကို…အများကြီးပြောချင်တယ်…
အဲ…အများကြီးလည်း…နားထောင်ချင်တယ်…။