သရဲကပ်နေတဲ့ ကဗျာ
စောင့်စောင့်အောင့်အောင့်
ပစ်ချလိုက်တဲ့ငြီးသံမှာ
အဆိပ်ဘယ်လောက်
မသထာရေစာ ဘယ်လောက်
စေတနာလိုုလို
ဝေဒနာလိုုလို
ထမင်းတစ်လုတ်တုတ်တစ်ချက်က ဘယ်လောက်
ပုဆိန်ပေါက်ပြောတယ်ပဲဆိုဆို
ကိုယ့်ကျင်းကိုယ်တူးတဲ့ခေတ်ကတည်းက
ကဗျာကိုစီးရင်းရေငတ်ခဲ့ဖူးတဲ့ကောင်
ဘာခုမှ
မနေ့တစ်နေ့ကမှ ပေါက်တဲ့ကဗျာ
သရဲသဘောကျတဲ့အစာတဲ့
ငါ့စိတ်နဲ့ငါ
ကျောချင်းကပ်ပြီး
သမိုင်းမှာကွဲပြဲခဲ့ဖူးပြီသား။
ဒီနေ့ခေတ်ကဗျာဆိုတာ
ဖားလျားချထားတဲ့ ဆံပင်တွေလို
လေထဲမှာ
ခပ်မိုက်မိုက်လူးလွန့်နေမယ်။
ဒင်း…….
ဘဝင်မဟပ်ရင်
ကီလီမန်ဂျာရိုးတောင်မှာ
သစ်ရွက်ချပ်ကပ်ပြီး
ဝါဆိုနေလိုက်တော့။
ရှင်းရှင်းပဲ
ငါးခုံးမတစ်ကောင်ကြောင့်
ငါ့ကဗျာကို တစ်လှေလုံးအပုတ်ခံနေမှာမဟုတ်ဘူး။
ခုရေးလိုက်တဲ့ကဗျာက
ဒင်းအတွက်…
လတ်လတ်ဆတ်ဆတ် လွမ်းသူ့ပန်းခွေ ။
ကိုစစ် (ရူပဗေဒ)
9,April, 2014. 5း55 PM
9 comments
alinsett (gazette)
April 9, 2014 at 9:54 pm
အဲဒီ စာသားထဲမှာ…. ဖျားသွားတယ်… ။
kai
April 11, 2014 at 5:08 am
ကီလီမန်ဂျာရိုးတောင်ဆိုတာ..
လူ့ရင်းမြစ်မြေ အာဖရိကရဲ့အမြင့်ဆုံးတောင်.. ကိုယ့်ကိုယ်တိုင်အမှီကင်းကင်းနဲ့ ကမ္ဘာမှာအမြင့်ဆုံးရပ်တည်နေနိုင်တဲ့တောင်ပေါ့..
အဲဒီမှာဝါဆိုဖို့ …အင်း..
တွေးရဦးမယ်..
Mr. MarGa
April 11, 2014 at 11:30 am
မိုက်စ်
ko six
April 12, 2014 at 5:03 pm
ဦးမာဃရဲ့ကတုံးကေနဲ့တော့ မရဘူးနော်
Mr. MarGa
April 18, 2014 at 9:06 am
ဒါလဲ ဖက်ရှင်ပဲကို… :kwi:
kai
May 17, 2014 at 3:15 pm
ဒီကဗျာကို.. ဒီလသတင်းစာထဲ..ပုံနှိပ်ဖေါ်ပြမယ်ဗျို့..
ချစ်လို့..။
လက်ဖက်ရည်ဖိုး.. ကဗျာတွေအကြွေးထား..
ဒေါ်လှဆီမှာ ငါးယူလိုက်..။
မဟာရာဇာ အံစာတုံး
May 17, 2014 at 3:29 pm
သရဲ ကပ်နေတဲ့ ကဗျာ ဆိုတော့
ညဘက်ဆို ပိုပြီး ကြောက်ဖို့ ကောင်းမယ်
ခုတောင် နေ့ခင်းကြီးမို့ ကြက်သီးလောက်ပဲ ထတယ် …
kyeemite
May 17, 2014 at 3:36 pm
သိပ်နားမလည်ပေမဲ့ ကြိုက်တယ်ဗျာ
အင်း..သဂျီးတောင် တော်ကောက်လိုက်ပီဆိုတော့..ဂုဏ်ယူပါတယ်ကိုဆစ်ရေ
naywoon ni
May 17, 2014 at 3:46 pm
ခုရေးလိုက်တဲ့ကဗျာက
ဒင်းအတွက်…
လတ်လတ်ဆတ်ဆတ် လွမ်းသူပန်းခွေ ။
အဲဒိလို ကိုယ်ပိုင်စကားလုံးလတ်လတ်ဆတ်ဆတ် ကို ကြိုဆိုရမှာပေါ့ ကွန်ဂရက်ကျူးရေးရှင် း