ko sixFebruary 11, 20201min4451
……………………… သွားချည်ပြန်လှည့်နဲ့ ဘောင်မဝင်တော့သော ရက်စွဲတစ်ခု ဘာသာအမျိုးမျိုးပြန်ဆိုလည်း မေတ္တာရဲ့အပေါ်သွေးက နံပါတ်မရှိတော့ပါဘူး ဦးတည်ရာမဲ့ ဆင့်ခေါ်စာလို လိပ်ပတ်လည်အောင်လည်း ချစ်မပြတတ်တော့ဘူး အရပ်လေးမျက်နှာက ဆင်တူဝတ်စုံတွေ မှန်ဘောင်ထဲပဲ ငေးကြည့်နေလိုက်ရုံ…… အတိတ်ကို ခတ်ဆတ်ဆတ် ဆွဲဆိတ်မိတော့ အော်ပီကျယ်မှာ ခမ်းနားခဲ့တာတွေ ရွှေမြင်းတင်မှာ ရေးထွင်းခဲ့တဲ့ ခိုင်မာမှုတွေ ရွှေသိမ်တော်မှာ ကြိမ်ဆိုခဲ့တဲ့ ဘယ်တော့မှ မခွဲကြေးတွေ မယ်နုအုတ်ကျောင်းမှာ လွှင့်လူးခဲ့တဲ့ စာနာတာတွေ ဘုရားကြီးမှာ ရွှေသင်္ကန်းကပ်ခဲ့တာတွေ ကျွန်းတန်းလမ်းမှာ ဖွနင်းခဲ့တဲ့ခြေရာတွေ ခုနေ အတူတူလွမ်းလွန်းလို့ပြီး နာနိုနည်းပညာနဲ့ ဖက်နမ်းချင်လည် မရတော့ဘူး။ ကာလယန္တားအောက် မေတ္တာကို အပျောက်ဖျောက်ပစ်ပြီးမှ အလွမ်းနဲ့ ပုံဖော်နေလည်း ရင်မောနေရုုံမဟုတ်လား။ အဲဒီ ၁၄ ရက်နေ့ဆိုတာ ဒီနေ့အတွက် အမြတ်ငွေဟာ မနက်ဖြန်အတွက် အရင်းအနှီးမျှသာပါ ချစ်သူ။ ကိုစစ်(Phys) 2 […]


ko sixNovember 5, 20181min3843
^^^^^^^^^^^^^^^^^^^ ဆိုက်ကလုံးကို ဆာဟာရက အမြဲ ကြိုဆိုနေသလောက် ပင်လယ်မှာပဲ အသေခံတယ် မွန်းကြပ်လာတိုင်း ခေါင်းမော့ပြီးရှူခဲ့တယ် ငဲ့ညှာမှုသမိုင်းမှာ အောက်ဆီဂျင်ကတော့ ယောက်ျားချင်းဆုံသလို ခပ်ပါးပါး ခြေဖျားထောက်ပြီး ခူးခဲ့တယ် ဓူဝံကြယ်ဟာ မြောက်အရပ်ကို သစ္စာရှိနေတုန်း ဆရာဝန်ကတော့ တစ်ခါရယ်ရင် တစ်ရက်အသက်ရှည်သတဲ့။ ဒီလိုပါပဲ အမြန်လမ်းမကြီးပဲဖြစ်ဖြစ် ရိုးမတောပဲဖြစ်ဖြစ် မြစ်ဆုံအရပ်ပဲဖြစ်ဖြစ် ကာဗွန်တွေပဲ တထောကြီး သီးထနေတယ်။ အိပ်မက်ကတော့ ယပ်တောင်တစ်ချက် ယပ်တိုင်း အောက်ဆီဂျင်တွေ လွင့်နေတယ်လို့ မက်ကောင်းနေတုန်း။ ကိုစစ်


ko sixNovember 3, 20181min3242
ပလပ်စတစ်ကောက်တတ်သူနဲ့ ကြွပ်ကြွပ်အိတ် မသုံးသူဟာ ထောင့်မညီဘူး။ ကြယ်မြင်လမြင်ခေါင်မိုးနဲ့ မြေညီထပ်အခန်းဟာ ထောင့်မညီဘူး။ ရွံ့စေးလမ်းနဲ့ နိုင်လွန်ကတ္တရာလမ်းဟာ ထောင့်မညီဘူး။ လက်လုပ်လက်စား ကြမ်းခင်းနဲ့ ခရိုနီမွေ့ယာဟာ ထောင့်မညီဘူး။ ငယ်ငယ်ကအိပ်မက်နဲ့ အနာဂတ်မျှော်စင်တွေဟာ ထောင့်မညီဘူး။ ရိုးရိုးကျင့်တာနဲ့ မြင့်မြင့်မှန်းတာဟာ ထောင့်မညီဘူး။ နိမ့်ချနေတာနဲ့ နိမ့်ကျနေတာဟာ ထောင့်မညီဘူး။ အချစ်ဆိုတာနဲ့ မေတ္တာတရားဆိုတာ ထောင့်မညီဘူး။ လာခြင်းဟာ ပြန်ခြင်းနဲ့ ထောင့်မညီဘူး။ ဒီလိုပါပဲ ထောင့်မညီဘူးဆိုတာကိုက အနားတွေမှာပဲ အပြစ်ဖြစ်နေသလိုလို။ သက်သေပြတာတော့ မဟုတ်ပါဘူး။ တကယ်က မင်းရပ်နေတဲ့ ပထဝီဝင်နဲ့ ငါရပ်နေတဲ့ ရေကြောမြေကြောတွေက ထောင့်တွေညီမနေကြဘူးဆိုတာ မင်းမြင်သွားရုံလေး နင်းပြလိုက်တာပါ။ ကိုစစ်


ko sixOctober 31, 20181min3744
ပိုက်ဆံမရှိဘူးလို့ ငြီးနေတာ အပျင်းမှာ ဂျိုတပ်ထားကြောင်း လက်မှတ်။ အလုပ်အကိုင်ရှာပါးတာကို လေပင့်နေရင်း သူများချွေးနည်းစာမှာ ဝင်ကစွတ် အမေရိကန်စစ်စတန်ကို နားမလည်ဘူး တစ်နေ့ ၅၀၀ဝ ရတာလုပ်မလား ဒီမေးခွန်းမှာ လိုအပ်ရင်အချိန်မရွေး ဖုန်းဆက်ဖို့ ပုံနှိပ်ထားပါတယ်။ သို့သော်လည်း သို့သော်လည်း ထိုငနဲသားဟာ စာမေးပွဲခန်းကို ဒီကနေ့အထိ ရောက်မလာခဲ့ဘူး။ ကိုစစ်


ko sixSeptember 22, 20181min19379
===================== မျက်ရည်တွေ လွယ်ထားမနေပါနဲ့။ ကြယ်တွေ နေ့မွန်းတည့်မှာ ကြွေကျနေကြသလို ဘယ်သူမှ မမြင်နိုင်အောင် ငိုတော့။ အလင်းတွေကလည်း ညာတာပါပဲ စူးတောက်တောက် အလင်းတွေက မှောင်မိုက်နေတာနဲ့ မမြင်ရပုံခြင်း မခြားနား။ တိမ်တွေလာတယ် မိုးမပါဘူး။ အဲသလို အိုးအရွဲ့တွေက သံယောဇဉ်အတည့်တွေကိုလည်း မငဲ့တတ် ရည်ငံနေတုန်းခဏ လေထဲမှာ မွှေးရနံ့တွေချည်း ကခုန်နေကြတယ်လို့ ယုံမှတ်။ ဘယ်တော့မှ လျော့ကျမသွားတဲ့မြေကြီးမှာ ပုတ်အဲ့အဲ့အနံ့တွေလှိုင်မှ အချစ်လို့ ထင်မှတ်မိခဲ့တဲ့ ပိဿာလေးဟာ နံကြားထဲ ထွေးကနဲ ထိမှန်။ မင်းတစ်ယာက်တည်း ယူရေနီယံ အဆိပ်သင့်နေတယ် မထင်ပါနဲ့ ငါတို့အားလုံး ဝက်သက်ပေါက်ဖူးပြီးသား အလူးလူး အလိမ့်လိမ့် အသက်လု ကုထားကြရသူတွေချည်း။ ကိုစစ် #အားဆေးလေးပေးပါဦးဟုပြောထားသူအတွက်


ko sixSeptember 12, 20181min20534
¹¹¹¹¹¹¹¹¹¹¹¹¹¹¹¹¹¹¹¹¹ သမိုင်းထဲမှာ ခဲချွန်စက်က မဲဆွယ်တာဖတ်ခဲ့ဖူးတယ်။ မျှော်လင့်ချက်တွေ ပီပီသသဖတ်ရဖို့ စိတ်ရောကိုယ်ပါ မဲသည်းနေအောင် အသက်ရှင်နေတာ။ ခဲတံကလည်း ညည်းတွားပြောတာ သိခဲ့ရတယ် အဖြူအမည်းသိဖို့ ရင်ကိုခွဲပြနေလည်း ခြေနဲ့ပွတ်ရင်တောင်ပျက်တဲ့ မျဉ်းဖြောင့်စာလုံးတွေပဲ ထွက်ကျလာမှာ။ ခုလောလောလတ်လတ် သမိုင်းကို ဖတ်လိုက်တော့ လက်ညှိုးက ပြောတယ် သေနတ်တစ်လက်အတွက် ငါက အူမ မတောင့်သေးဘူး။ လက်သန်းက ပြောတယ် ပြည်သူအတွက် မျက်နှာတစ်ပြင်လုံး အိုးမဲသုတ်ဖို့ အပြင်ဘက်မှာ ရပ်နေတာမှ မဟုတ်တာ။ ကဲ ပဲလှော်ကြားက မင်းတို့သုံးချောင်း သူခိုးမဟုတ်ကြောင်း ထောက်ခံရုံလောက်ပဲလားလို့ ဝိုင်းပြောကြတော့ မဟုတ်ပါဘူး။ ငါ့တို့က ခြံစည်းရိုးနားက ကပ်ကြည့်နေတာပါ။ အစိမ်းသင်းက ဂိုးသွင်းလည်း လက်ခုတ်တီးမှာပါ။ အနီသင်းက ဂိုးသွင်းရင်လည်း ထခုန်ကြမှာပါ။ ဒီနှစ်မှ တန်းတက်လာကြတဲ့ အပြာသင်းတွေ၊ အဝါသင်းတွေ ဂိုးသွင်းပြလည်း […]


ko sixSeptember 4, 20181min13933
======================== တစ်ချို့အတွက် ကံတရားက ပွဲမပြီးသေးဘဲနဲ့ မီးသေလိုက်ရတာမျိုး ရှိတယ်။ ဒါဟာ ဒေါ်လာဈေးတက်တာနဲ့တော့ ဘာမှမဆိုင်ဘူး။ တစ်ချို့ဆိုတဲ့ ရာခိုင်နှုန်းက မင်းနဖူးမှာ ပါလာတာဆိုရင်တော့ ခါးပြီ။ ဒီလိုမျိုး စိန်ခေါ်ပွဲက ငါတို့အားလုံး ဂလက်ဒီရေတာ အကျဉ်းသားတွေပဲ။ မင်း သိထားဖို့က ကိုယ့်အသက်ကို သတ်တဲ့လက်နက်ဟာ ဖြူစင်တဲ့ ကိုယ့်နာမည်ပဲ ဖြစ်ရမယ်လို့ပေါ့။ လူတိုင်းသေရမယ်ဆိုတာ ရိုးရှင်းတဲ့ ခက်ဆစ်ပဲ။ ရှင်သန်နေတဲ့ကာလတစ်လျှောက် ခံနိုင်ရည်ကို ဆေးသွားတင်ထား။ မြေကြီးပေါ်မှာမွေးခဲ့တဲ့ဘီလုံးငှက်တွေတောင် ကောင်းကင်ကို ပိုင်စိုးနိုင်သေးရင် မင်းကလူမဟုတ်ဘူးလား။ ငါတို့အားလုံးဟာ ခဏလေးနေပြီးရင် အသက်ကို ထိုးအပ်ရမယ့်အတူတူ သောကတွေကို ပန်းနဲ့ဖုံးထား။ လောဘတွေကို ပရဟိတနဲ့ဖျော်လိုက်။ ဒေါသတွေကို မြောင်းထဲစွန့်ပစ်။ မောဟတွေကို အိပ်မက်ထဲမှာ ချန်ခဲ့။ နောက်ဆုံး အစားတစ်လုတ်အတွက် အစွယ်ထုတ်ဖို့ ဝန်မလေးကြတဲ့ ဒီတိရိစ္ဆာန်ရုံမှာ တကယ့်ကို […]


ko sixSeptember 2, 20181min3565
================= ကိုစစ်(Physics) (1) ငါဟာ မြေဩဇာချို့တဲ့နေတဲ့ ပထဝီဝင်တစ်ခုဖြစ်ကြောင်း မှော်ကြာတစ်ပွင့်လို ရင်ဖွင့်ပါရစတော့။ တောင်တန်းတွေဟာ လူအထင်ကြီးအောင် တည်ဆောက်ထားခဲ့တဲ့ ငါ့ရဲ့ ညံ့ကွက်တွေပါ။ ချောက်ကမ်းပါးတွေဟာ လူလူသူသူဖြစ်အောင် စတေးခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ ထောက်ခံစာတွေပါ။ မြစ်ချောင်းတွေဟာ လုပ်ကွင်းလုပ်ကွက်ဖြစ်အောင် ပုံဖော်ခဲ့ရတဲ့ ငါရဲ့မျက်ရည်တွေပါ။ မီးတောင်တွေဟာ ရဲရဲရင့်ရင့်မြင့်မားအောင် တောက်လောင်ခဲ့ရတဲ့ ခံပြင်းတဲ့ ငါ့ရဲ့မြိုသိပ်ခြင်းတွေပါ။ သစ်တောတွေဟာ ပရဟိတလုပ်နိုင်အောင် ရှင်သန်ခဲ့ရတဲ့ ခြေထိုးခံ ငါ့ရဲ့ ဘဝခြောက်တောတွေပါ။ ပင်လယ်တွေဟာ လူတောတိုးနိုင်အောင် လှိုင်းထခဲ့တဲ့ ငါ့ရဲ့ ငံကျိကျိအော်ဟစ်သံတွေပါ။ ဘာပဲဖြစ်ဖြစ် ငါဟာ လူမသိသူမသိနဲ့ မီးသင့်ကျောက်လို မာမာကျောကျော အေးခဲနေခဲ့တာ မြောက်ပြန်လေတွေ တိုက်မလာသေးခင်အထိပေါ့။ (2) ညက မှော်ဆန်တယ်ပဲပြောရမလားပဲ။ ဝင်ရိုးစွန်းအရပ်လို အဆုံးမဲ့ညသံသရာကို မောင်းနှင်နေတယ်။ ပစ်တင်လိုက်တဲ့မြားတွေက မမြင်နိုင်တဲ့ ညနက်နက်မှာ […]


ko sixAugust 15, 20181min18027
================ ငါ့ကို မင်းနင်းခိုင်းခဲ့တဲ့ အောင်မြေသာစံက လောင်ဂျီကျူ့ဘယ်လောက် လတ်တီကျူ့ဘယ်လောက် ဆိုတာ ငါမသိဘူး။ မင်းကျွေးခဲ့တဲ့ ထမင်းကျော်က ကယ်ရီကေချာထုံမွန်းထားတဲ့ အရသာမှန်းတော့ သိတယ်။ မင်းဧည့်ခံခဲ့တဲ့ ကျောင်ဆစ်မှုန့်တွေက မြန်မာရနံ့လိုလိုနဲ့ အနုပညာကို အသက်ရှူကျတ်တယ် မင်းပို့ခဲ့တဲ့ ၇၆ လမ်း ကုန်းဆင်းတစ်ခုက ဒဏ်ရာ ခုထိ ဇစ်ပိတ်မရသေးဘူး။ မင်းတိုက်ခဲ့တဲ့ ဂေါဝန်ဆိမ်းကမ်းက နန်းကျသွားတဲ့ ခြေသံကို ငါမူးယစ်နေတုန်း။ ဒီထက်ဆိုးတာ ပြောမယ်ကွာ မင်းနဲ့ငါ ကြည်ညိုလွန်းတဲ့ ဘုရားကြီးကို ကျောပေး နေ့လည်ကြောင်တောင်မှာ ယမ်းငွေ့တွေစူးနေတဲ့သွေးက ဒီမြို့ဟာ ယောယုဝ ဂိတ်တံခါးလား။ ဆရာ ဝင်းသူရကိုတော့ အားနာပါရဲ့ ဆရာ့ဇာတိက ဘီလူးမကြောက်တဲ့မြို့ဆိုတာ လက်ခုပ်တီးခဲ့ပေမယ့် လူလူချင်း ကြောက်နေရတဲ့ပုံက ရိုးရိုးသားသားစိတ်တွေကို ပြောင်ပြောင်းတင်းတင်း ဆင်ဆာ အဖြတ်ခံနေရသလိုမျိုးဆိုတော့ ဒါဟာ ကျုံးရှိနေသေးတယ်ဆိုတဲ့ […]


ko sixAugust 12, 20181min20248
••••••••••••••••••••••••••••••••• အကုသိုလ်ကို စိတ်သွားတိုင်းကိုယ်ပါ ကျင့်သားရနေတဲ့လူက စည်းဝိုင်းထဲကနေ စိန်ခေါ်တယ် ငါက တစ်ခွန်းတည်းနဲ့ ကိုယ့်တိုင်ကို တည့်မတ်လိုက်တယ် ရန်သူစစ်စစ်မဟုတ်ပါဘဲ ထိုးကြိတ်ရတဲ့ အားကစားကို အမုန်းဆုံးလို့။ ဒါကပဲ လူရွံစရာ အထာဖြစ်သွားသလား ဒါကပဲ ခပ်နိမ့်နိမ့်စီးနေတဲ့ မုန်လာခင်းတဲ့လား။ ဒါကပဲ ဝမရှိဘဲ ဝီခေါ်အောင်မောင်းနေတဲ့ လေတဲ့လား။ ဒါကပဲ အပျင်းပြေချနင်းခံနေရတဲ့ တောသား စာလုံးဖြစ်သွာရောလား။ ဒါကပဲ တန်းဆင်းဇုံက ကျောနံပါတ် ၁ဝ တဲ့လား။ ဘာပဲဖြစ်ဖြစ်ဗျာ ဒီအတွက်နဲ့တော့ ခင်ဗျားအညံ့တွေ လာမရောပါနဲ့။ ခင်ဗျားရှူနေတဲ့ တစ်မူးဖိုးမှာ ကပ်ကိုဘိန်းလိုပဲ ပွဲထွက်လာစေဦးတော့ ဒီအနွတ္တညာမျိုးက မိန်းမလျာလက်ကိုင်တုတ်လို မေးငှေါ့တတ်ရုံလောက်ပဲ ထိုးချက်ပြင်းတာပါ ဥက္ကာမင်းမောင်ရယ်။ ကိုစစ်(Phys) 12.8.2018 Sun, 11 h 22 m


ko sixAugust 11, 20181min15807
တန်းဖိုးထားမှုတွေက အပွင့်လား အသီးလား အရွက်လား အပင်လား ဘယ်ဟာကို ပစ်မှတ်ထိနေလဲမသိရ။ ဆာလာအိတ်တစ်လုံးထဲမှာတော့ သူ့အိပ်မက်တွေကို ဖူးကားနေအောင်ထည့်သို့လို့ တောအုပ်ထဲကို လျှောက်သွားတယ်။ သင်ခန်းစာအနေနဲ့ ဝေးဝေးလံလံမှာ ထောက်ချောက်ရှိမရှိ မတွေးနဲ့။ နီးနီးကပ်ကပ်က ကျည်ဆံမှာသာ ခင်ဗျားဘဝကို သတင်းထောက်နေတာ။ ယုံချင်ယုံ မယုံချင်နေ ဖောက်မှစားလို့ရတဲ့ ကံကို ခုပဲ ထသွားပြီး နားရွက်ကို တံတွေးစွတ်လိုက်တော့ အချိန်က ခါးစောင်းမှာ ရေတံခွန်လို ချိတ်နေပီ ကိုယ့်လူ။ ကိုစစ် (Phys)