ko sixAugust 4, 20181min229311
================ လျှာသာ ချွေးဒီးဒီးကျလာမယ် က နိုင်သလောက် ချိုမှိုင်မှိုင်ကို ရမ်းခါနေတုန်း ချ နိုင်သလောက် ဘမျိုးဘိုးတူကို ခင်းကျင်းနေတုန်း ရွ နိုင်သလောက် မိမွေးတိုင်းဖမွေးတိုင်း လမ်းသလားနေတုန်း ဖွ နိုင်သလောက် အရပ်တကာ လောကနတ်စိမ်း ဝင်နေတုန်း သ နိုင်သလောက် ခွက်ပေါက်ကို ဖာထေးနေတုန်း မ,နိုင်သလောက် အတ္တဟိတကို အစောတလျင် ပွေ့တင်နေတုန်း ဝ နိုင်သလောက် ဆယ်သက်စာ ထည့်သိုနေတုန်း ရ နိုင်သလောက် လက်တန်ကို ဆန့်ထုတ်နေတုန်း ထ နိုင်သလောက် မီးတောက်ကို လေပင့်နေတုန်း တကယ်ပါ ပြောနေရတာပဲ အဖတ်တင်တယ် အ, နိုင်သလောက် ကိုယ့်ဂိုးကို ကန်သွင်းနေတာကိုတော့ သူ့ကိုသူ လုံးလုံးမသိရှာဘူး။ ကိုစစ် ( ရူပဗေဒ ) 4,8,2018


ko sixJuly 27, 20181min3893
အသည်းကွဲဖို့ မေ့ခဲ့တဲ့ ကျွန်တော် ======================(Short story) လောကကြီးသည် ဆန့်ကျင်ဘက်အရာများဖြင့် အလွန်တရာ ဆန်းကြယ်လှသည်။ ထို့ထက် ဆန့်ကျင်ဘက် အရာနှစ်ခုကြား ဖြစ်တည်လာတတ်သော အချစ်သည်က ပို၍ပင် ဆန်းကြယ်နက်ရှိုင်းလွန်းလှသည်။ ……………………… အလွန်အမင်း မုန်းတီးနေခဲ့ဖူးသော မိန်းမတစ်ယောက်တွင် တန်းဖိုးထားလေးစားစရာ အလွန်ကောင်းသည့် ချစ်ခြင်းမေတ္တာတရားကို တွေ့လိုက်ရချိန်တွင် အထင်နှင့်အမြင်တို့သည် အလင်းနှင့်အမှောင် တို့လို သေသပ်စွာ ကွဲလွဲခဲ့ကြပြီ။ သူသည်……… ထိုကောင်မလေးသည်……… ကျွန်တော် အတိတ်က ထင်ခဲ့သလိုမျိုး ရွံရှာစက်ဆုပ်ဖွယ် ကောင်းသော မိန်းမတစ်ယောက် မဟုတ်ပါဘဲ ရိုးတံမြင့်မြင့်နှင့် ပွင့်လန်းနေချင်သည့် နှင်းဆီဖြူ တစ်ပွင့်သာဖြစ်ကြောင်း ကျွန်တော် နားလည်ခဲ့ပါပြီ။ ကျွန်တော် နားလည်လိုက်သည့် အချိန်တွင် ပန်းဝင်ကြိုးသည် တစ်စုံတစ်ရာကြောင့် လှုပ်ခါနေသည်ကိုပါ သိလိုက်ရပါသည်။ အစနှစ်ဖက်ကို တင်းနေအောင် ချည်နှောင်ထားသော ကြိုးတစ်ချောင်းတွင် […]


ko sixFebruary 17, 20181min2243
။။။။။။။။။။။။ ပန်းတစ်ပွင့် ဖူးပွင့်လို့အားကုန် ပျိုးထောင်သူ ရင်မှာအေးအောင် ပွင့်ဖတ်တို့စုံ။ ကြည့်လှည့်ကြကုန် ရိုးတံက အသာစိမ်းနဲ့ ဒီခြံဝယ် အရင်ပွင့်တယ် ပျားပိတုန်းတို့ပြုံ။ ရနံ့ကမွှေးထုံ ပျော်လိုက်ပ ဤလူ့ဘုံလယ် ကြည့်မဝ ဖြစ်ရပုံ ပန်ချင်သူ သူအရွေးမှာ ခြွေပေးဖို့ ခြေလက်တုန်။ နှမြောလို့မကုန် ရောင်းဖို့ရန်အဖြေထက် ပင်ယံမှာ အမြင်တင့်ချေတော့ ဒီဘဝင် ကြည်ရွှင်အေးအောင် ငြင်းပယ်လိုက်ရုံ ။ ။ ကိုစစ်


ko sixNovember 12, 20171min124
⬛⬛⬛KOSIX⬛⬛⬛ နင့်ကနဲ နေအောင် အံ့ဩထိတ်လန့်စရာ ကိစ္စမျိုး ရုတ်တရက် ကြားသိလိုက်ရတဲ့အခါထက်…… လူတစ်ယောက်အတွက် ကြိုတင်သိရှိနေရတဲ့ အမှန်တကယ်သေရမည့် ရက်စွဲကို ထိုသူကိုယ်တိုင်က ဘယ်လောက်ထိတ်လန့်နေရမလဲ။ အဲဒီလို ကြုံတွေ့နေခဲ့ရသော လူတစ်ယောက် ကျွန်တော့်မှာ ပိုင်ဆိုင်ထားခဲ့ဖူးပါသည်။ ခုတော့ သူပြောခဲ့သလိုမျိုး သေဆုံးသွားခဲ့ပါပြီ။ ထိုသူသည် ဆရာနှောင်းဟေမာန် (တောင်ငူ) ဟူသတည်း။ ကျွန်တော်နှင့်လွန်စွာ ရင်းနှီး၍ စာပေနယ်ပယ်တစ်ခုသို့ သောင်းပြောင်းထွေလာရယ်စရာဟု အမည်ရသောမဂ္ဂဇင်းတစ်ခု၌ သူ၏ အမည်နာမအနွတ္တညာကို စတင်သိရှိခဲ့ရပြီး……… ကျွန်တော်က သူ့ကို ကိုနှောင်း သို့မဟုတ် ဆရာနှောင်းဟု တန်ဖိုးထားလေးစားစွာ ခေါ်မိခဲ့သူက ဒီနိုဝင်ဘာမှာ လူ့ဘဝက အပြီးတိုင် ထွက်ခွာသွားပြီလို့ ဆရာမင်းထက်သားညီ (တောင်ငူ)ဆီက သိရတော့ ကျွန်တော် ရင်ထဲမှာ နင့်ကနဲ။ ဪ… သွားနှင့်ပေဦးတော့ ကိုနှောင်းရေ…။ ခင်ဗျားက လူအဖြစ်လာခဲ့တယ်။ […]


ko sixNovember 12, 20171min16003
။။။။။။……. ။။……. ။။။။။ အ​ဖေမရှိ​တော့တဲ့ဘဝဟာ ​ရေ​သောက်​မြစ်​ အတူးခံလိုက်​ရတဲ့ သစ်​ပင်​ပါ။ ​နေ​ရောင်​​ပျောက်​​ကောင်​းကင်​​အောက်​မှာ မတ်​တတ်​ရပ်​ ​သေဆုံးသွားရမယ်​့ သစ်​ပင်​တစ်​ပင်​အဖြစ် ​ဖြစ်​မှန်​းမသိဖြစ်​သွားရခြင်​းလို့လည်​း အဓိပ္ပါယ်​သက်​​ရောက်​​သွားပါတယ်​။ တကယ်​ဆို အ​ဖေမရှိ​တော့တဲ့ဘဝဟာ သံပုံးတီး​တောထုတ်​ခံလိုက်​ရတဲ့ ​စ္ဆေတစ်ကောင်လို ခိုကိုးရာမဲ့ရင်​း…….. အနားသတ်​​လူ့​ဘောင်​တစ်​ချို့ကို အနာခံညှိ​နေရပုံက အမောမလုံပါဘူး။ ​​တောင်​့ခံထားရတဲ့ ​သွေးတိုးခြင်​းက အ​ပေါ်​အောက်​ အ​ဖြေရှာမရနိုင်​တဲ့ အ​ခြေအ​နေပါ။ လေတိုက်​နှုန်​း ပြင်​းထန်​မှုကလည်​း တစ်​နာရီ မိုင်​ဘယ်​​လောက်​ဆိုတာ​တောင်​ သိနိုင်​ဖို့ အခွင်​့အ​ရေးနည်​းလွန်​းလှပါတယ်​။ ခြေစုံ​ထောက်​ ​​ခေါင်​းငိုက်​ကျ​နေရခြင်​းမှာ ဘယ်​လို အားအင်​မျိုးနဲ့ ရွက်​လွှင်​့​မာ​ကျော ​နေရသလဲဆိုတာ ဘယ်​သူမှ တိတိကျကျ မသိနိုင်​ပါဘူး။ ဒီဖြစ်​စဉ်​က လူတိုင်​းရပ်​တန်​့ရမယ်​့ မီးပွိုင့်တစ်​ခုထက်​ပို​သော လူတိုင်​းခါးသက်​ရမယ်​့ အစားအစာ။ တကယ်​ပါ….. အ​ဖေမရှိ​တော့တဲ့ဘဝဆိုတာ တစ်​စုံတစ်​​ယောက်​ရဲ့အ​မေးမှာ အရိုးရှင်​းဆုံး အ​ဖြေစကားလုံးဖြစ်​နေတာတောင် *အ​ဖေမရှိ​တော့ပါဘူး* လို့ အလွယ်​တကူ ဝါကျမစဉ်​နိုင်​​တော့​လောက်​​အောင်​ […]


ko sixOctober 22, 20171min2976
::::::::::::::::::::: နှုတ်ဆက်ခြင်းမှာ နှစ်မျိုးနှစ်စားရှိကြောင်းနှင့် တစ်ခုသော နှုတ်ဆက်ခြင်းတွင် အနက်အဓိပ္ပာယ်အရ ဖြေဆည်နှစ်သိမ့်နိုင်ရန် အလွန်ခက်ခဲသော ဒြပ်မဲ့တို့ ကိန်းအောင်းနေကြောင်းကို ဒီမနက်မှ ကျွန်တော် သိလိုက်ရပါပြီ။ ဟုတ်ပါသည်။ လွန်ခဲ့သော ၂၀၀၂ခုနှစ်က ကျွန်တော့်နာမည်ကို တွင်တွင်ခေါ်ကာ အားပါးတရ လာရောက်နှုတ်ဆက်ခဲ့ဖူးသူသည် ဒီကနေ့ မနက်ပိုင်းတွင်ကျတော့ နှုတ်စကားတို့ ဘာတစ်ခုမှ ဖွင့်ဟပြောဆိုခြင်း အလျင်းမရှိပါဘဲ ကျွန်တော့်ကို လူ့ဘဝမှ ပြန်ထွက်သွားပြီဖြစ်ကြောင်း နှုတ်ဆက်လာခဲ့ပြန်ပါသည်။ တွေ့ဆုံ၍ နှုတ်ဆက်ခြင်းနှင့် ခွဲခွာခါနီး၍ နှုတ်ဆက်ခြင်းတို့တွင် နံပါတ်နှစ်မြောက် နှုတ်ဆက်ခြင်းက အံ့ဩစရာကောင်းလောက်အောင် နှစ်မျိုးနှစ်စား ရှိနေပြန်သည်က ရင်ထဲ နင့်ကနဲ ဖြစ်သွားစေတော့သည်။ ဟုတ်ပါသည်။ ကျွန်တော့်ကို နှုတ်ဆက်လာသည့် ဒီနေ့လိုမျိုး နှုတ်ဆက်ခြင်းအား ဘယ်လို ခွန်အားမျိုးနှင့် ရင်ဆိုင်ရပါမည်လဲ။ (a) အလုပ်ကို ရောက်လိုဇောဖြင့် ဆိုင်ကယ်ကို အရှိန်မြင့်ကာ […]


ko sixOctober 16, 20171min2856
။။။။။။။။။။။။။ ထက်ခြမ်း ခြမ်းပစ်ဖို့ စိတ်ကို စာရင်းသွင်းထားတယ်။ မီးဖြစ်စေ ရေဖြစ်စေ နေရာရှိမှ ခမ်းနားကြောင်း သိလာရ။ ကြိုးဆိုတာ ခပ်များများလိမ်နိုင်မှ ဝိုင်ဆိုတာ ခပ်များများ စိမ်နိုင်မှ ဒီလိုပါပဲ ရယ်စရာမဟုတ်ဘဲ ရယ်နေခဲ့ရတဲ့နေရာမှာ ကြတ်ခိုးတင်ပြီး မိုက်ချင်နေတုန်း။ တစ်ခုပဲ ကံတရားက ကံစမ်းတိုင်း ကျေးဇူးချည်း အတင်ခံနေရတာတော့ အများကြီး နင်နေပြီ ကိုယ့်လူရယ်။ ကိုစစ်


ko sixOctober 11, 20171min45410
::::::::::::::::::::::::::::::::::: ဆံပင်ဖြောင့်လိုက်ရုံနဲ့ ရုပ်က ဖြောင့်မသွားဘူး ဆိုလိုတာက ဟွန်းမတီးရနယ်မြေမှာ စကားကျယ်ကျယ်ပြောနိုင်သလိုမျိုး အမှိုက်မပုံရရပ်ကွက်ထဲ အမှိုက်တွေ ဖြန့်ချထားကြသလိုမျိုး တစ်နေ့တစ်နေ့ ရင်ရှုပ်အောင် ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားက ဝင်ငွေသောက်သောက်လဲ မြတ်နေတဲ့အခါ မိသားစုထဲ ဝင်လာတဲ့ တရားမဝင် ယဉ်ကျေးမှုက ခါးပိုက်ထဲခွေနေတဲ့ မြွေပွေးထက်ဆိုးတယ် အဖြူရဖို့ ဘာရောင်တွေများ ရောနေဦးမှာလဲ။ ကိုစစ်


ko sixOctober 8, 20171min3508
သူ့ဘာသာ မပျံချင်ပါဘူး။ မြှောက်ထိုးပင့်ကော်တရားမှာ ပျော်ဝင် အမှောင်ထဲ အမြင့်ထင်နေခဲ့ရ သွားချင်ရာမသွားခဲ့ရပါဘူး ဒီမိုကရေစီ မရှိတဲ့အရပ် လေဟပ်တိုင်း ရွေ့နေခဲ့ရ။ သေချာတာက ဦးနှောက်မပါဘူး လုံးလုံး။ ကိုစစ်


ko sixSeptember 5, 20171min1963
::::::::::းးးးး÷÷÷÷÷÷÷÷÷÷÷းးးးး:::::::::: ဒီအရပ်မှာ လူမွဲတွေ ဖွေးဖွေးလှုပ် ချမ်းသာကြောင်း ငါးရက်တစ်ဈေးမှာ အစောဆုံးဈေးဦးပေါက်တယ် ဒီအရပ်မှာ ဘွဲ့ယူပြီး တခြားအရပ်မှာ ကိုယ်ထင်ပြတယ် ဒီအရပ်မှာ ရွှေမှန်းထားခဲ့တဲ့အရာတိုင်း ခပ်လွယ်လွယ်နဲ့ အဖျားကော့ ဒီအရပ်မှာ ငွေမှန်းထားတဲ့အလုပ်တိုင်း ခပ်ကျယ်ကျယ်နဲ့ အလျားလျော့ အဲလို ထွေရာလေးပါး မုတ်သုံရာသီမှာ ငါ့တို့တတွေ လူဖြစ်နေကြ သတင်းအမှောင်ကျခဲ့တဲ့ခေတ်က သတင်းမှားတွေ အဝယ်လိုက်တဲ့ခေတ်ထဲ ထိုးကျ အဆိုးတွေဟာ ထိန်ထိန်ကို လင်းလို့ လာပြန်ပြီ နောင်ထပ်အသံတွေ မြောက်အရပ်ကလည်း ကြားခဲ့ပြီးပြီ အရှေ့အရပ်ကလည်း ကြားခဲ့ပြီးပြီ တောင်အရပ်ကလည်း ကြားခဲ့ပြီးပြီ အနောက်အရပ်ကလည်း ကြားခဲ့ပြီးပြီ လာပြန်ပြီလား ဒီအသံတွေ အသက်ထက် အတွေးအခေါ်ကို ခါးဝတ်ပုဆိုးလောက် မြဲမြံအောင် ဝတ်ရကောင်းမှန်း ဒီကနေ့အထိတော့ ပုံနှိပ်ဖော်မရသေးဘူး။ ကိုစစ်


ko sixSeptember 4, 20171min2845
……………………. ကိုယ်ကျင့်တရားကို အောက်ဈေးနဲ့ခင်း ပိုက်ဆံရှိသူတွေပဲ ထထခလုတ်တိုက် လည်နည်းနည်းဟိုက်နေတဲ့ မြစ်ဝမှာနေစာလှုံ လိုအပ်ရင် ကြယ်တွေကိုကြည့်ပြီး လူအကဲခတ်ခတ် ခြေဆင်းထိုင်ရင်း ဆာရာရေ ဒီဘဝဒီလိုစံ နောင် ဘဝ နောက်မှခံ အဲဒီလူကြိုက်များနေတဲ့ စာသားနဲ့ ကိုယ်လက်နှီးနှောကြတဲ့ ဆိပ်ကမ်းရသမှာ ညဉ့်ငှက်တွေ ဝံပုလွေတွေ ဆွဲငင်လှိုင်းထကြတဲ့ ပင်လယ်လို တဖြူးဖြူးလေးနဲ့။ သူတု့ိဟာ ခွေးတွေတော့ မဟုတ်ဘူး။ အစာတစ်ခုအတွက် အစွယ် တော့ထွက်နေကြတယ်။ စဉ်းစားလို့ မရနိုင်ဘူး နေထွက်မယ်ဆိုတဲ့ စိတ်ကူး ဘာလို့များ မရှိကြသလဲဆိုတာ….. ကိုစစ်(ရူပဗေဒ)


ko sixAugust 23, 20171min2777
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ သစ်ပင်တောင် အခါခါအပိုင်းခံရသော်လည်း မျှော်လင့်ချက်ကတော့ ထွက်လာဆဲ။ မြစ်ပြင်တောင် အခါခါပိတ်ဆို့ခံရသော်လည်း မျှော်လင့်ချက်ကတော့ စိမ့်လာမြဲ။ ငါ သစ်ပင်ကို နမူနာယူ မြစ်ပြင်ကို အတုခိုး ငါ့စိတ်ကို ကင်းပေါက်အောင် ထိုးကျွေးတော့မည် မျှော်လင့်ချက်တစ်စုံတစ်ရာမှာ ရေးရတာနဲ့ဖတ်ရတာ မတန်ပါဘူး တကယ်ဆို နာရီ မလိုဘူး ပေါင်မုန့်မလိုဘူး သွေးမတော်သားမစပ်တဲ့ မျှော်လင့်ခြင်းဆိုတာ အားလူးခင်းထဲ အမြစ်ရှည်ရာဇဝင်ပါ အခိုက်အတန့်ပေါ့ မျက်ရည်တော့ စို့ခဲ့ဖူးတယ် ခု တခမ်းတနား သုတ်နိုင်ခဲ့ပါပြီ ။။။။။။။ ကိုစစ်


ko sixAugust 21, 20171min3605
========== သစ်ပင်ဟာ ရေငတ်ဖန်များလာတဲ့အခါ ဆူးတွေနဲ့ရပ်တည် ငါ ဘာလို့များ မကိုးကားခဲ့မိပါလိမ့်။ တိမ်တွေ အပူနဲ့တွေ့တိုင်း အမြင့်တက်လှမ်းနိုင်ခဲ့ပုံကို ငါ ဘာလို့များ သတိမထားခဲ့မိပါလိမ့်။ သင်ဆရာထက်မြင်ဆရာက နေ့စဉ်ဆုံးမ ငါ ဘာလို့များ မမှတ်သားခဲ့ပါလိမ့်။ အာဒံလို ပညာသားမပါတဲ့စားသုံးမှုမျိုး ငါ ဘာလို့များ မျိုဆို့မိခဲ့ပါလိမ့်။ ဘာလို့များ ဘာလို့များ ဘာလို့များ ….. သတင်းအတင်း အလင်းအမှောင် အချစ်အမုန်း ယောက်ျားမိန်းမ ဆန့်ကျင်ဘက်တွေကို စိတ်မှာသိုဝှက် ဘာလို့များ ခက်ခက်ခဲခဲရှေ့ဆက်နေမိပါလိမ့်။ အလုပ်မဖြစ်တာတွေများလာတော့ အလစ်ဖြုတ်ခံရကြောင်း ဘာလို့များ ငါ ဒီလောက်ကြီး အ နေခဲ့ပါလိမ့်။ ကိုစစ်(ရူပဗေဒ) 21.8.2017 Sunday 8:12AM