ဥယျာဉ်မှူ း
။။။။။။။။။။။။
ပန်းတစ်ပွင့်
ဖူးပွင့်လို့အားကုန်
ပျိုးထောင်သူ ရင်မှာအေးအောင်
ပွင့်ဖတ်တို့စုံ။
ကြည့်လှည့်ကြကုန်
ရိုးတံက အသာစိမ်းနဲ့
ဒီခြံဝယ် အရင်ပွင့်တယ်
ပျားပိတုန်းတို့ပြုံ။
ရနံ့ကမွှေးထုံ
ပျော်လိုက်ပ ဤလူ့ဘုံလယ်
ကြည့်မဝ ဖြစ်ရပုံ
ပန်ချင်သူ သူအရွေးမှာ
ခြွေပေးဖို့ ခြေလက်တုန်။
နှမြောလို့မကုန်
ရောင်းဖို့ရန်အဖြေထက်
ပင်ယံမှာ အမြင်တင့်ချေတော့
ဒီဘဝင် ကြည်ရွှင်အေးအောင်
ငြင်းပယ်လိုက်ရုံ ။ ။
ကိုစစ်
3 comments
Thint Aye Yeik
February 19, 2018 at 8:33 am
ကဗျာကို ဖတ်သွားပါကြောင်းနဲ့….
ကဗျာက ခံစားလို့ ကောင်းလွန်းလို့… စိတ်တွေပါ တဆတ်ဆတ် တုန်သွားပါကြောင်း
😆
Shar Thet Man
February 19, 2018 at 10:41 am
မိုက်ပါတယ်
manawphyulay
February 23, 2018 at 11:01 am
ပန်းမြိုင်လယ်က ဥယျာဉ်မှူါ်ပေါ့လေ… ဟုတ်လား ကိုစစ်