ဩချထားခဲ့မိသော ရိုးရိုးမှတ်တမ်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သစ်ပင်တောင်
အခါခါအပိုင်းခံရသော်လည်း
မျှော်လင့်ချက်ကတော့ ထွက်လာဆဲ။
မြစ်ပြင်တောင်
အခါခါပိတ်ဆို့ခံရသော်လည်း
မျှော်လင့်ချက်ကတော့ စိမ့်လာမြဲ။
ငါ
သစ်ပင်ကို နမူနာယူ
မြစ်ပြင်ကို အတုခိုး
ငါ့စိတ်ကို
ကင်းပေါက်အောင် ထိုးကျွေးတော့မည်
မျှော်လင့်ချက်တစ်စုံတစ်ရာမှာ
ရေးရတာနဲ့ဖတ်ရတာ မတန်ပါဘူး
တကယ်ဆို
နာရီ မလိုဘူး
ပေါင်မုန့်မလိုဘူး
သွေးမတော်သားမစပ်တဲ့
မျှော်လင့်ခြင်းဆိုတာ
အားလူးခင်းထဲ အမြစ်ရှည်ရာဇဝင်ပါ
အခိုက်အတန့်ပေါ့
မျက်ရည်တော့ စို့ခဲ့ဖူးတယ်
ခု
တခမ်းတနား
သုတ်နိုင်ခဲ့ပါပြီ ။။။။။။။
ကိုစစ်
7 comments
သင့်အေးရိပ်
August 23, 2017 at 11:17 am
ငိုနေလို့တော့ အပိုပဲ
မငိုနဲ့ တိတ်တော့
:k:
ko six
September 4, 2017 at 12:50 am
တိတ်ပါပြီ။
ကပ်စရာမရှိသေးလို့
နောက်ထပ် နောက်ထပ်
ဂျစ်စူ
August 23, 2017 at 11:27 am
တဂယ်ဆိုရင် အခြစ်ဘဲလိုဒယ်
ko six
September 4, 2017 at 12:51 am
ဟုတ်တယ်။
ခြစ်ပစ်ခဲ့ရမှာ
Shar Thet Man
August 24, 2017 at 6:07 pm
အရမ်းမိုက်
manawphyulay
August 28, 2017 at 2:46 pm
တခမ်းတနား သုတ်သင်နိုင်ခဲ့ပြီလား။ ခုတ်စရာ သစ်ပင်တွေ မရှိ၊ ရေကြီးပြီး မြစ်ကမ်းပါးတွေဲပို…
အော်တိုတွေဖြစ်နေပြီကော….
အရင်ကကျော်စွာဦးကြီးမိုက်
August 29, 2017 at 9:28 am
ဂွတ်တယ်