ko sixAugust 11, 20171min1976
။။။။။။။။။။။။ ခုနေအချိန်မှ စ,တင်၍ ငါ့ကိုငါ တော်လှန်တော့မည်။ ငါသည် ငါ့မြင်း ငါသာ စိုင်းမည် ဖြစ်၍ ဘယ်သူ့မှ အားနာနေစရာမလို။ ငါသည် ငါ့ကို ငါသာ အားကိုး၍ ဘယ်သူ့ကိုမှ ကြောင်လန့်နေမှာ မဟုတ်။ ငါသည် ငါ့စိတ် ငါသာ လမ်းပြ၍ ဘယ်ရပ်ရွာကိုမှ စတည်းချနေမှာ မဟုတ်။ ငါသည် ငါ့ဝဋ် ငါသာ ထမ်း၍ ဘယ်အမှောင်ကိုမှ ရိတ်သိမ်းနေမှာ မဟုတ်။ ငါသည် ငါ့အတွေး ငါသာ ပိုင်၍ ဘယ်သူ့အိပ်မက်မှ နယ်ချဲ့နေမှာ မဟုတ်။ ငါသည် ငါ့ခြေ ငါသာ ထောက်၍ ဘယ်သူ့လှေကားမှ နင်းကြည့်နေမှာ မဟုတ်။ ငါသည် ငါ့လက် ငါသာ လှမ်း၍ ဘယ်သူ့စာလုံးမှ ဖျက်စီးနေမှာ မဟုတ်။ ငါသည် […]


ko sixAugust 6, 20171min3198
………………….. ဘဝဆိုတာ အဆီကလည်း လောင်စာ အသားကလည်းလောင်စာ ဘာပဲရရ ပြာကျခြင်းက အနားသတ်ဘောင် ဝါသနာအရ သူ့အထာနဲ့သူလောင်မြိုက်ကြရင်း မီးတောက်ဟာ သံယောဇဉ်ရှိသလောက် နယ်ချဲ့လို့ သမိုင်းလိုလိုရာဇဝင်လိုလို မီးခိုတအူအူဖြင့် လူ့ဘဝလေး ကျဆုံးကြရတယ်။ ကိုစစ်


ko sixAugust 4, 20171min31011
ကိုယ့်ဆီရောက်လာသော စာအေရေတွက်သည် ခုနှစ်စောင်တိတိ ရှိပြီ။ ခုထိ ကိုယ်မျှော်လင့်မိသော သူမ၏ နေရပ်လိပ်စာက ဘယ်စာမှာမှ မပါရှိပါ။ ကိုယ်ဝမ်းနည်းသည်ထက် ဝမ်းနည်းလာသည်။ ကြေကွဲသည်ထက် ကြေကွဲလာသည်။ မျှော်လင့်ချက်တွေသည် တစ်ကြိမ်ထက် တစ်ကြိမ် အငွေ့ပျံနှုန်း များပြားလာပါပြီ။ ကြာရင်ကော သိခွင့်ရှိပါဦးမလား။ မသေချာတော့ပါ။ သေချာသည်က ကိုယ်ရူးတော့မည်သာ ဖြစ်သည်။ ±±±±±±±±±±±±±±± အခန်း(၇) ကိုကြီး…… ဒီစာဟာ ညီမလေးရဲ့ နောက်ဆုံးစာပါ။ ခင်မင်မှုဆိုတာကို အမြစ်ကနေတူးလှန်ပစ်ဖို့ ရေးလိုက်တဲ့စာပါ။ ဘာလို့ ဒီလို ပြောလိုက်ရတာလဲလို့မေးလာခဲ့ရင် ပြန်ဖြေစရာ ခိုင်လုံတဲ့ အကြောင်းတွေရှိလာခဲ့ပြီ ဖြစ်လို့ပါ။ ညီမလေးက မိန်းကလေးတစ်ယောက်ပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်ဆီ ဣန္ဒြေ ၊ သိက္ခာ ၊ ကိုယ်ကျင့်တရားတွေကိုမှ မစဉ်းစားဘဲ စာတွေ ဘာလို့ ရေးပို့နေခဲ့ရသလဲဆိုတာ ပြောပြနေဖို့ […]


ko sixAugust 2, 20171min2132
” ညီမလေး ။ ၃ နာရီ ကားနဲ့ မြင်းခြံပြန်မှာဆို။ အချိန် သိပ်မရှိတော့ဘူး။ ခုပဲ နှစ်-မတ်တင်းနေပြီ” ဒီလိုပါပဲလေ။ အချိန်တန်တော့လည်း ခွဲကြရပြန်ပေါ့။ ကန်တင်းထဲမှ လေးလံထုံမှိုင်းတဲ့ ခြေလှမ်းတို့နဲ့ နှစ်ဦးသား ထွက်လာခဲ့ကြသည်။ ကျောင်းလမ်းတစ်လျှောက်လုံး နှုတ်စကားတို့ အလိုလို စွံ့အနေပါသည်။ သံယောဇဉ်ဆိုတာ အချိန်တိုအတွင်းမှာ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ သစ်သီးလား။ အဲဒီ သစ်သီးကို သူနဲ့ကိုယ် ခူးစားမိခဲ့ကြပြီး ပန်းသီးဟု အမည်ရခဲ့သည်ရှိသော်…. ” ကိုကြီး…ဒီမှာ ရော့…။ အဲဒါ ညီမလေးရဲ့ လိပ်စာပါ” ဗလာစာရွက်ပေါ်မှာ Gel ink pen နဲ့ ရေးထားပြီး အပြာရောင် လက်ရေးလှလှလေးတွေကို တွေ့လိုက်ရသည်။ ထိုစာရွက်ကလေးကို ဖတ်ကြည့်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထည့်သိမ်းလိုက်သည်။ ” ကိုကြီး … […]


ko sixJuly 29, 20171min2213
နှစ်ရောင်စပ်ပုံပြင် (2) အခန်း-၃ အစားထိုး ပရယ်တီကယ် Major -9 နှစ်ချိန်စာ အတွက် လုပ်ပြီးတာနဲ့ ဌာနထဲမှ ထွက်လာခဲ့သည်။ဒီနေ့ ကျောင်းနောက်ဆုံးတက်ရသော နေ့လည်းဖြစ်သည်။ ရှေ့တစ်ပတ်ဆိုရင် ပထမပညာသင်ကာလ စာမေးပွဲကြီး ဖြေဆိုရတော့မည် ဖြစ်သည်။ အဆောင်ပြန်ပြီး စာကျက်ဖို့သာ ရှိတော့သည်။ မမနုတို့ ကန်တင်းဆိုင်မှ စာကျက်ရင်း အပျင်းပြေစားဖို့ မုန့်ဝယ်လိုက်ဦးမယ်လို့ တွေမိပြီး မမနုတို့ဆိုင်ဘက် သွားလိုက်မိသည်။ မမနုကိုတော့ မတွေ့ရ။ မမနုတို့အမေကိုသာ ဈေးရောင်းနေသည်ကို တွေ့ရသည်။ အမေကြီးက ကိုယ့်ကိုမြင်မြင်ချင်း…… “အတော်ပဲကွယ်…ဒီသမီးလေးကို အဝေးသင်ဌာနဘက် ပို့ပေးလိုက်ပါဦး။ ဒီမှာ မုန့်ရောင်းနေရတာ မအားသေးလို့ကွယ်။မင်း မမနုကလည်း ဈေးကုန် သွားဝယ်နေလို့ ” မမနုတို့ အမေကြီးတို့ဆိုတာ ကိုယ်နဲ့ ပထမနှစ် ကျောင်းသားဘဝကတည်းက မိသားစုတွေလို နေခဲ့ကြတာပါ။ ကိုယ့်မှာ […]


ko sixJuly 28, 20171min2245
အခန်း – ၁ နောက်ကြောင်းရာဇဝင်ဆိုတာ လူတိုင်းမှာရှိသော အရာသာဖြစ်သည်။ အတိအကျဆိုရလျှင် ရာဇဝင်ဆိုသည်မှာ သမိုင်းအဖြစ်အပျက်များကို မှတ်တမ်း တင်ထားသော အရာသာ ဖြစ်သည်။ သူ့နောက်ကြောင်းမှာကြတော့ …… မှတ်တမ်းရေးထွင်းထားသော အရာမဟုတ်သဖြင့် သမိုင်းဟုခေါ်ဆို၍ မရနိုင်သလို ရာဇဝင်ဟု ခေါ်ဝေါ်ပါက သင့်လျော်မည်မဟုတ်။ ဒါဆို ဘာလဲလို့ မေးစရာရှိလာပြီ။ ဟုတ်သည်။ သူ့နောက်ကြောင်းက မှတ်တမ်းလည်း မရှိပါ။ လူမသိသူမသိနဲ့ ပုံပြင်လေးတစ်ပုဒ် သက်သက်မျှသာ။ ပုံပြင်ဟုဆိုသော်လည်း နားထောင်ကောင်းရုံ သက်သက်မဟုတ်။ ပန်းချီ သီအိုရီသဘောတရားအတိုင်း မတူညီသော အရောင်နှစ်မျိုးပေါင်းစပ်ရေးဖွဲ့လိုက်၍ အသစ်ထပ်ပြီး ဖြစ်ပေါ်လာသော မူလအရောင်တွေနဲ့ ကွဲပြားခြားနားသည့် အရောင်သစ် တစ်မျိုးလိုမျိုး။ မတူညီသော ကံကြမ္မာအခြေအနေနှစ်ခုတို့ ပေါင်းစပ် ရေးဖွဲ့လိုက်၍ ဖြစ်ပေါ်လာသောပုံပြင် အသစ်တစ်ပုဒ် ဖြစ်ပါသည်။ ထိုပုံပြင်အသစ်ကလေးကို ကျွန်တော်က တိတ်တိတ်ကလေးနဲ့ […]


ko sixJuly 27, 20171min2134
တန်ဖိုးနည်း အိမ်ယာအကြောင်းက စပြောတယ် ပြီးတော့ တန်းဖိုးနည်း အစားစာ တန်ဖိုးနည်း အသွားအလာ တန်ဖိုးနည်း မသထာရေစာမှာ ကမ်းကပ်လို့ တန်ဖိုးနည်း ရောဂါကို တန်ဖိုးနည်း ဆေးဝါးနဲ့ ကုသလို့ တန်ဖိုးနည်း အဖော်အချွတ်တွေမှာ တန်ဖိုးနည်း ဓာတ်စခန်းဖွင့်လို့ တန်ဖိုးနည်း အတွေးအခေါ်နဲ့ ချက်ပြုတ် တန်ဖိုးနည်း ငွေကြေးတွေ ဖောင်းပွ တကယ်က တန်ဖိုးရှိဖို့ သိန်းတစ်သောင်းထီ ပေါက်နေဖို့ မဟုတ် တန်ဖိုးနည်း နားတွေ တန်ဖိုးနည်း မျက်စိတွေ တန်ဖိုးနည်း ဦးနှောက်တွေ ဗားရှင်းမမြင့်သေးသ၍ တန်ဖိုးနည်း စကားတွေပဲ ထွန်းကားနေမယ် ဆိုတော့ကာ အရေးကြီးတာ တန်ဖိုးနည်း အိ်မ်ယာ မဟုတ် တန်ဖိုးနည်း အစားစာ မဟုတ် တန်ဖိုးနည်း နည်းနည်းဆိုတာတွေ လုံးဝ မဟုတ် အမှန်က တန်ဖိုးနည်း […]


ko sixJuly 22, 20171min1404
ရေစီးရေလာ မကောင်းတဲ့အခါ လေတိုက်နှုန်း မရေရာတဲ့အခါ တစ်ဖက်စောင်းနင်း ဝိသေသနက ပုတ်ရင်ပေါ် ပကာသနက အကာကျ အပြန်တစ်ခုဟာ သီအိုရီအမျိုးမျိုးကွဲပေမယ့် ပြန်မပြော နားမထောင် အဖြေပဲ ထွက်ပါတယ်။ ကိုစစ်


ko sixFebruary 11, 20171min3213
ရုပ်ကတော့ ၁၆ ပဲရည်အပြည့် စိတ်ဓာတ်က ပေမမီကိုက်မမီ ထည့်ခွေလို့ မသိချင်ယောင် မဆောင်ပါနဲ့ တကယ်ဆို အမှောင်ထဲမှာ ချိုမြတဲ့ အသံကို ငါတို့ မြင်ကြတယ် အမြစ်ပဲ ဖြစ်ဖြစ် အချစ်ပဲ ဖြစ်ဖြစ် ရေခံမြေခံမကောင်းရင် မရှင်ဘူး။ ကိုစစ်


ko sixJanuary 29, 20171min1732
(0-5) လူအဖြစ်ရရှိလာတဲ့ အဘယ်လူသားမဆို သူအသက်ရှင်သမျှ ကာလတစ်လျှောက် ၎င်းလူသား၏ အဓိက ရည်မှန်းချက်မှာ ကျိကျိတက် သူဌေး (ဒါမှမဟုတ်) သုံးမကုန်ဖြုန်းမကုန်လေသော ခရိုနီ ဘောစိ။ သည့်ထက်ပိုရသော် ကမ္ဘာ့အဆင့် တစ်ကနေ တစ်ဆယ်ကြား ဖြစ်နိုင်သမျှဖြစ်ရေးသာ လုံးလစိုက်နေမိတာ မဟုတ်ပါလော။ ကျွန်တော်ကလည်း ဘာအသားနဲ့များ ထုဆစ်၍ လူဖြစ်လာရပါအံ့နည်း။ ရှင်းပါတယ်။ ကျိကျိတက် မဟုတ်တောင် ကိုယ်ပိုင်းလုံးချင်းလေးတစ်လုံး။ ကိုယ်ပိုင် လိတ်တက်ကားလေးတစ်စီး ။ ကိုယ်ပိုင် …စသည့် လူချမ်းသာတစ်ယောက် ရှိသင့်ရှိထိုက်သော ဥစ္စာဓနတို့ ပိုင်ဆိုင်ချင်မိတာက ပြောနေစရာကို မလိုအပ်တော့သည် တမုံ့။ ××× ×××× ×××× (0-4) သူဌေးဖြစ်ချင်လာတာနှင့်အမျှ သူဌေးဖြစ်နည်း ပေါင်းစုံ လေ့လာရတော့တာပေါ့။ ကိုယ့်ကိုယ်လည်း တကယ်သူဌေးဖြစ်စေရမယ်ဆိုတဲ့ သံဓိဋ္ဌာန်ချမှတ်ကာ တက်ကျမ်းမျိုးစုံကို အားသွန်ခွန်စိုက် ဖတ်တယ်။ […]


ko sixJanuary 20, 20171min1111
မင်းအပြောကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ငါ့အပြောကလည်း အောက်စီဂျင်ဖြစ်မလာ တစ်စတစ်စ ကမ္ဘာကြီး ပူနွေးလာတာပဲ အဖတ်တင်တယ် အပြောကိုချွေတာ ကြော်ငြာနေရုံနဲ့ ထမင်းမဝဘူး နေဝင်တိုင်း အိပ်တန်းမတက်ရတဲ့ ဘဝတွေ ရေရဲရင် ရေပြီးမှ ပြော။ ကိုစစ်(ရူပဗေဒ)


ko sixJanuary 20, 20171min2348
========///======== ဒီတစ်ခါက သိသိကြီးနဲ့ ကြုံရတာပဲ ဖြစ်သည်။ စ, ပါမည်။ ဝိညာဉ်ဆိုတာကို အယုံအကြည်ကင်းပေမေယ့် လူတစ်ယောက်သေသွားတဲ့အခါ အနည်းနဲ့အများ မကောင်းသော အာရုံ အသန္နကံအကြောင်းတရားကြောင့် အပါယ်ဘုံ လေးဘုံထဲက အသုရကာယ်ဘုံကိုတော့ ရောက်သွားနိုင်သည် မဟုတ်ပါလား။ သေချာတတ်အပ်တော့ အသိအမြင် မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ကိုယ်တွေ့လေးတော့ ပြောပြပါရစေဦး။ အဲ … ဝိညာဉ်လေးနဲ့ပါ မိတ်ဆက်ပေးချင်ပါသည်။ (သေချာတော့ မပြောလိုပါဘူး) ××× ” ဟေ့.. မင်းအားရင် တစ်ခုခုသောက်ရအောင် ရွှေကုက္ကို ကို လာခဲ့ကွာ” ဒီလို ဖုန်းဆက်လာသူက ကျွန်တော်နဲ့ ငယ်ငယ်လေးကတည်းက သူငယ်ချင်း။ ခု သူက ပြည်ထဲရေးမှာ တိုက်နယ်ဒုစရိုက်နှိမ်နင်းရေး ရဲအရာရှိ တစ်ယောက်။ “အေးပါ။ ဘာကိစ္စ ရှိသေးလဲဟ” ဤသို့ […]


ko sixJanuary 16, 20171min35922
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကျွန်တော့်လိုမျိုး ကျွန်တော်တစ်ယောက်တည်း ကြုံဖူးတာတော့ မဟုတ်လောက်ဘူး ထင်တာပါပဲ။ ပြန်တွေးမိမှပဲ ကျောထဲ တစိမ့်စိမ့်နဲ့ ကြက်သီးထလာတယ်။ ဘာလို့ ပြောပြချင်နေရတာလဲဆိုတာ ဒီစာကို ပြီးအောင် ဖတ်ကြည့်ရင် သိလာမှာပါ။ ××× အဲဒီ အဖြစ်အပျက်က ဒီလို။ ကျောချမ်းရမယ့်ကိစ္စကို သတ္တိမရဲတရဲလောက်နဲ့ လွန်ခဲ့သော 1998 က ကြုံခဲ့ရတာပါ။ အဲတုန်းက ရမည်းသင်းခရိုင် အသက် ၁၆ နှစ်အောက် လက်ရွေးစင် ဘောလုံးသမားအဖြစ် မိတ္ထိလာခရိုင်နဲ့ ဗိုလ်လုပွဲ ကစားအပြီး အိမ်ပြန်လာတဲ့နေ့။ ရွာမှာက အရေးကြီးတဲ့ အလုပ်ကိစ္စရှိနေလို့ မပြန်မဖြစ် ပြန်ရမှာ။ ပြန်ရမှာက ပျဉ်းမနားမြို့နယ်၊ တောင်ညိုရွာကို။ ပျဉ်းမနားကနေ တောင်ညိုကို ဆက်ရမယ့်ခရီးကလည်း မသေး။ မိုင် 23 မိုင်ကျော်ကျော်။ မိတ္ထီလာကနေ ရွာအရောက်ဆို ခရီးက […]