Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နတ်သမီးကဝေ

ကူမားရ္April 14, 20141min113233

နတ်သမီးကဝေ

အရှင်…

မတောင့်တအပ်သော
အရှင်ဧ။် လေးညှို့မှပစ်ခွင်းသည့်…..
ဆုံဆည်းမှုမြားတစ်စင်း
ပြုစားခံရခြင်းပေလား…
အလွမ်းဆိပ်တို့ ဆွတ်ဖြန်း ထားသော
အရှင်ဧ။်..မြား..
အကျွုပ်..နှလုံးသားမှာစူးနစ် ပါပြီ…
မူးယစ် သံဇာဉ် ဖြင့် တေးဖွဲ့သော
အရှင်၏….လေးညှို့သည်လည်း
အကျွန့်..နှလုံးးသားကို သွေးစို့စေခဲ့ ပါပြီ…

အချစ်ဟု..ဆိုအပ်သော
အရှင်..တင်စားသည့်အရာမှာ..
ခွဲခွာရခြင်း ဝေးကွာခြင်း နှင့်
သစ္စာမဲ့ခြင်း
ထိုအားပြင်းသော
ရာသီသုံးခု
ဥတု ရောက်လျှင်…
တွင်တွင်လောင်မြိုက်
နှလုံးသား နှင့် အနီးတစ်ဝိုက်တွင်
အမှောင့်တိုက် တတ် သော..
တောင့်တရခြင်း.. လွမ်းရခြင်းနှင့်
ကြေကွဲရခြင်း ကဝေမင်းဧ။်
အလျှံညီးညီး
ရှားမီးအပူ
အတူတူ ဟု
ကျွုပ်၏ အယူကို…
အရှင်မ..မသိလေရော့သလား…

ထိုမှတစ်ပါး…
ကြင်နာ ထောက်ထား သနားမဲ့သည်၌
အရှင်ဧ။် ပညာ
ဆယ့်နှစ်လွာကို
မေတ္တာကျော့ကွင်း
ပုံဖန်ဆင်းပြီး…
အကျွန့် ရင်တွင်း
အပင်းသွင်း သည်ရှိသော်
သစ္စာ နှောင်ကွင်း
အစင်းစင်းလျှင်
တွယ်ငင်ပတ်ရစ်..
နှလုံးသွေး အသစ် ဖြင့် တည်သော အကျွုပ်အား..
ချစ်ဆိပ် ပို၍တက်စေ သည်မှာ
အရှင်ကား….
ပြုစားတတ်သော…
မေတ္တာကဝေ
တစ္ဆေလေလား….
အချစ်ဆိပ်လူး အချစ်မူးအောင်
မြားပစ် ကမ်းခတ်…တတ်ကျွမ်း နေသည့်
ချစ်ကျမ်းကြေ သော ..
လေးသည်တော် နတ်ဘုရားမ တစ်ပါး လေလား…

      ဘဆွေ။

33 comments

  • ကေဇီ

    April 14, 2014 at 9:51 am

    အီးးးးး
    ဆွေ ရဲ့
    ကဝေ လား နတ်သမီးလား ပညာပြပြီ။
    😥

    • ဘဆွေ

      April 16, 2014 at 12:42 am

      ဇီဇီရေ…နတ်သမီးလား…ကဝေ လား ကိုယ်တိုင် မခွဲခြားတတ်နိုင်တော့ဘူး..အဆိပ် မိတွားဘွီ…

  • ကေဇီ

    April 14, 2014 at 9:56 am

    ဒီ ပို့(စ) တခု ပဲ ဖြစ်နေတာ ဆိုတော့ ……………………..

    ဒီ ကဝေ နတ်သမီးလုပ်တာ သေချာပါပြီ။

    ကဝေ နတ်သမီးရယ် ဆွေ ကို ပဲ ပြုတ်စားတော့မူ (အဲ) ပြုစားပါ။

    အနော်ကိုတော့ ချမ်းသာပေးပါ၊ တင်မောင်ဆန်းဝင်းမင်းပေးပါ၊ ကျော်ကျော်ဗို ပေးပါ။ :mrgreenn:

  • ဘဆွေ

    April 14, 2014 at 10:02 am

    ခက်တော့တာပါဘဲ ဇီဇီ ရယ် …စာလုံးဒေ ကောင်းကောင်း မြင်ရတော့ဘူး

  • black chaw

    April 14, 2014 at 12:06 pm

    တတိယ အရွယ်၏ ဆဌမ ဝေဒနာ လို ့
    ခေါင်းစဉ်ပေးပါရ စေ ကိုဆွေ…။
    တတိယ အရွယ်မှာ ပဉ္စမ ဝေဒနာ
    ခံစားနေရသူ
    ဘလက်

    • ဘဆွေ

      April 14, 2014 at 5:52 pm

      ကိုချောနော်…ဘာ ဆဌမ ဝေဒနာ လဲ ..မီးက အဒုမှ စမှာ ခိခိ…
      ကိုချော ပဉ္စမက တော့ လှည်းတန်း မှာ မတာလား..ငိငိ..

      • kyeemite

        April 28, 2014 at 3:07 pm

        ကဗျာကောင်းချက်ကတော့ ၉ လောက်ရှိတယ်
        ရေးတတ်ချင်လိုက်တာမားဆွေရယ်… :s:

  • Crystalline

    April 14, 2014 at 1:42 pm

    ဂေါ်ဖာကြီးက ဒါမျိုးလည်းရတာပဲ.. 😀

    • ဘဆွေ

      April 14, 2014 at 6:00 pm

      ဟိုဟာမျိုုးလည်းရသေးတယ်..ဂေါ်ဖြုတ်ပြီးတစ်မျိုး ကြီးရှေ့က သည် ထည့်ရင် တစ်မျိုး
      တော်သေးတာပေါ့ ချက်တာပြုတ်တာ. လည်းရလို့….သွပ်သွပ်..

  • padonmar

    April 14, 2014 at 3:56 pm

    ဟယ်…မားဆွေ၊
    ကျိဇမ်း…မားစည်နဲ့ တွေ့မှ အရမ်းနုနေပါလား။
    ဒါ့ကြောင့် အလှူနေ့က မလာနိုင်တာပေါ့လေ။

    • ဘဆွေ

      April 14, 2014 at 6:02 pm

      အလှုနေ့ က ခရိးထွက်နေရလို့ လွဲသွားတာ..အရမ်း စိတ်မကောင်းဘူး ဗျာ…

  • TNA

    April 15, 2014 at 7:45 pm

    ဟယ် ဆွေရယ်။ အိုးးးးးးးးးးးးးးးးးးးးးးးးးးဆွေရယ်။ နူလိုက်တာ အဲ့ နုလိုက်တာဟယ်။ :mrgreen:

  • ဘဆွေ

    April 16, 2014 at 1:19 am

    နုဆို မွသဲ နဲ့ညီအစ်မတွေ..ဘွာဘွာ… မောင်နှမတွေကိုးဗျ….
    မွသဲက အသဲ ပဲနုတာ ..များက နှလုံးပါနုတာ..
    ဒါအကင်းပဲချိသေးတယ်.. ငယ်ငယ်က စာလိုက်ပေးတာ.. ကောင်မလေးကမျက်စောင်းထိုးလိုက်လို့..ရ ရက်လောက်ဖျားတာတို့..
    ရှင့်ကိုမုန်းလိုက်ပြီ..ဆိုတဲ့ စကားလေးတစ်ခွန်းကြောင့်..ခုထိ..လူစုစုပြီး သောက်နေရတာတို့…ခိခိ

    • TNA

      April 16, 2014 at 7:11 pm

      ဟယ်!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! အိုက်လောက်တောင်နုဒယ်။ ဆွေ့နှလုံးလေးလာတောက်ကျိ လိုက်အုံးမယ်။ ပဲ့မြန်းကျမလားလို့။ :mrgreen: သေချာတာကတော့ ခုထိစုစုသောက်နေလေတော့ အသဲတောင်ရှိရှိဘာသေးလားကွယ် ဟယ်ဟယ်ဟယ်ဟယ်

  • ROssI

    April 16, 2014 at 1:24 am

    ကျော့်ဆီမှာတော့ စာလုံးတွေမှန်သားဗျ။
    စာနုတွေ ကတော့ ခုတလော ဘိုမှ ကိုဖတ်မရလို့ ကောမန့်မရေးလော့ပါဘု

    ဒချိ ဒချိ ဆိုတော့လည်း။ငိငိ ပေါ့ဗျာ

  • ဘဆွေ

    April 16, 2014 at 3:02 pm

    စများဆီမှာ IE နဲ့ကြည့်ရင်ပေါ်ဘူး crome နဲ့ ကျတော့ လွဲနေဒယ်

    • TNA

      April 16, 2014 at 7:12 pm

      သများဆီမလဲမှန်သားပဲ ဂဲ အဲ့ဟုတ်ပေါင် ကဗျာကစာဒွေ

  • naywoon ni

    April 16, 2014 at 6:15 pm

    ကျီးမ ဝက်​တက်​​ပေါက်​ရင်​ ကျီးမ ဝက်​တက်​​ပေါက်​ရင်​ သဒိထား

  • ဘဆွေ

    April 16, 2014 at 8:03 pm

    ဘနီ တတိပေးတာ ကျေး ဇူးတင်ပါတယ် ဗျာ ခုတော့ တရား အရတေးဘူး ခိခိ

  • Wow

    April 17, 2014 at 8:02 am

    ဟေးးးးးး ရဘီကွ ဖုန်းနဲ့ လော့အင်ဝင်ဒါ

  • alinsett (gazette)

    April 18, 2014 at 2:21 pm

    တဂိုးရဲ ့ကဗျာတွေကိုတောင်…သတိရသွားတယ်ဗျာ.. ။
    အိမ်ပြန်.. ရွတ်ဦးမှ…

  • ဘဆွေ

    April 18, 2014 at 3:28 pm

    ဆိုင်းတို့.. တို့ ရော မတီးချင်တော့ ဘူးလားကိုကို အောင်ရဲလင်းရဲ့..ဟိ..

    • alinsett (gazette)

      April 18, 2014 at 7:28 pm

      တိန်…

      ဘယ် ့နှယ်.. ဆိုင်းဝိုင်းထဲ..အတင်း တွန်းပို ့နေတာလဲ..ဂျ..။
      ဒီမှာ..
      ဒေါ်ဖွားမေရဲ့အကြော်တဲ..ပြေးရဦးမယ်..

      :mrgreen:

  • nozomi

    April 18, 2014 at 10:47 pm

    မိုက်တယ် ဗျာ….
    (မလိမ္မာဘူး …)

    ငယ်ငယ်ကသာ ဒီ စာ တွေ့ ခဲ့ ရင်
    ကြိုက်တဲ့ကောင်မလေးကို ကူးပေးလိုက်လို့ကတော့ တစ်ခါတည်း ကြွေသွားမှာ သေချာတယ်
    အခုလဲ ကူး ပေး ဦး မှ

  • lu lu

    April 19, 2014 at 6:39 am

    like
    ပေးလိုက်ပီညော်
    မလိမ္မာလို ့

  • Mr. MarGa

    April 19, 2014 at 12:07 pm

    ကဝေနတ်သမီးကို မေးချင်တယ်
    နတ်သမီးတစ်ပါးအနေနဲ့ ကဝေမှော်အောင်ဖို့ ဘယ်လိုလုပ်ရသလဲလို့ :mrgreenn:

    • Wow

      April 28, 2014 at 4:53 pm

      ထမိန် ဇောက်ထိုးဝတ်ပီး တစ်နှစ်… ထမိန်ခြုံပီး တစ်နှစ် ကျင့်ရပါဒယ် :mrgreen:

  • ဗုံဗုံ

    April 20, 2014 at 6:14 am

    က​တောက်​စ်​ မိုက်​စ်​တယ်​ကွာ
    ကုလားမဂျီး အ​ရ​ည်​​ပျော်​​မယ်​ဆို
    ​ပျော်​​လောက်​တယ်​
    မား​ဆွေ ချစ်​စနိုး​လေးနဲ့ စုန်​းမလို့
    သွား​ခေါ်ကြည်​့ပါလား ပြီးရင်​လွတ်​​အောင်​​ပြေး ခိခိ

  • ဘဆွေ

    April 20, 2014 at 2:22 pm

    တယ်..ဒီကလေး အချွန်နဲ့လာမနေပြန်ဘီ…ဟိုက သူ့မြားပြန်နုတ်သွားလို့..အပေါက် ဟောင်းလောင်းကြီးနဲ့ ကျန်နေခဲ့မှာပေါ့…

  • Ma Ma

    April 20, 2014 at 4:35 pm

    ဘဆွေလို ကဗျာလှလှ မစပ်တတ်လို့ နိုင်ရာနဲ့ ကိုင်ပေါက်သွားသည်။
    သံဇာဉ် အစား သံစဉ် လို့ ရေးရမယ်ထင်တယ်။ :mrgreen:

  • ဦးကြောင်ကြီး

    April 21, 2014 at 8:40 am

    နတ်သမီးကဝေ
    ချက်ကြီးမြွေ
    တက်စီးတပေ
    သွက်ဟီးနေ..

  • မဟာရာဇာ အံစာတုံး

    April 21, 2014 at 9:07 am

    ဒီလူကြီး ကြီးမှ မီးတွေ လောင်နေပါပေါ့လား ..
    ဒါပေမယ့်လည်းပေါ့လေ ..
    သူ့နှလုံးသားက အခုမှ ကလေးလေးပဲ ရှိသေးတာကိုး …

Leave a Reply