ဒီပုတ်ထဲက ပဲ ဘာပဲလဲမမေးနဲ့
ညာတာတော့ ညာတာပါပဲ
နားထောင်နေတဲ့သူတွေကလည်း
အားနာလို့ ယုံကြည်ချင်ယောင်ဆောင်နေပေးသတဲ့
ကဲ ဘယ်ကောင်းတဲ့ လိုက်လျောညီထွေမှုပါလဲ …….။
အဲ့ဒိလို လူနေမှု စရိုက်အောက်မှာ
ကြီးပြင်းလာသူတွေဟာ
နောင်တစ်ချိန်မှာ
ညာသူတွေဖြစ်ချင်ဖြစ်
ညာသူတွေမဖြစ်ရင်
အားနာလို့ယုံကြည်ချင်ဟန်ဆောင်သူတွေ ဖြစ်မှာ မလွဲ ….။
ကဲ ဘယ်မလဲ
တိုးတက်မှု ????? ။
ရှေ့ကနွားကမှ ဖြောင့်ဖြောင့်မသွား
နောက်လှည်းဘီ း အပြစ်တင်နေလို့တော့ အပိုပါပဲ ….။
နေဝန်းနီ
8 comments
black chaw
April 15, 2014 at 9:27 pm
အင်း…ကိုနေကြီးရေ။
နွား ဆိုလို ့…
ဆရာ မောင်အောင် ပွင့် ကဗျာထဲက
နွားတွေက ဦးဆောင်နေတာလား
လူတွေက ဦးဆောင်နေတာလား
ဆိုတာလေးသွားသတိရမိတယ် ဗျာ။
ကေဇီ
April 15, 2014 at 9:44 pm
ပဲပိုုးထိုုး ပဲပိုုးကိုုက် တွေချည်းပဲ ဆရာနီရဲ့
:hint:
naywoon ni
April 15, 2014 at 10:25 pm
အဲ့ ပိုးထိုး ပိုးကိုက်တွေထဲ ကျုပ်တို့ မပါစေရဘူး
အပိုအရှုပ် ၊ မလိုဖြုတ်စို့
ခင်ဗျားတို့ ၊ကျုပ်တို့
အားလုံးသတိ ။
ဆရာကြီးကိုလေး ( အင်းဝဂုဏ်ရည်) ရဲ့ ကဗျာလေးနဲ့ ကိုယ်ခံအားကောင်းကောင်းနဲ့ ခုခံနေရပါတယ် ။ မိုးမလင်းခင်တော့ ဂေါက်တယ် ပြောလဲခံ ရူးတယ်ပြောလဲ ခံ ပေါ့ ။ မိုးလင်းတော့မှ ဘယ်သူရူးသလဲ ဘယ်သူဂေါက်လဲ အဖြေပေါ်ပါလိမ့်မယ် ။ အဖနိုင်ငံတော်ကြီးရေ မြန်မြန် မိုးလင်းပါတော့ဗျာ ……..
myanmar oscar
April 16, 2014 at 12:44 am
ဘာပဲဖြစ်ဖြစ် ပြုတ်စားလိုက်လို့ကတော့ အားရှိတာပဲ
ပြုတ်သာပြုတ်ဗျို့
Crystalline
April 16, 2014 at 9:13 am
နွားဖြောင့်ဖြောင့်မသွားတာ.. လှည်းမောင်းသူညံ့လို့.. နောက်လမ်းမကောင်းလို့… 😀
aye.kk
April 16, 2014 at 1:14 pm
အရိယာမဖြစ်သေးသရွေ ့
မကင်းနိုင်ကြတာပုထုစဉ်တွေပါပဲ။
alinsett (gazette)
April 18, 2014 at 2:40 pm
ကောင်းလိုက်တဲ ့ကဗျာ…
lu lu
April 19, 2014 at 11:28 am
အခုခေတ်မှာ နွား ကောင် တွေရှားပါးလာတော့
ထွန်စက်ကိုပဲ အ ကြွေးနဲ ့ဝယ်သုံး နေရလို ့
ရှေ့ကနွား ဖြောင့်ဖြောင့် မသွားမှာ ပူစရာ မလိုတော့ပါဘူး