လူမြင် တဲ့……..ပီတိ
ဒီနေ ့ကျောင်းခန်းထဲမှာလက်ဖဝါးနဲ ့
ဝါးခြမ်းပြားမိတ်ဆက်ခဲ့ရတယ်။
ကျောင်းစာကိုကျူရှင် မှာ လေ့ကျင့် ခွင့်
မရ ၊ ကျူရှင် ကစာကိုကျောင်းမှာ မ
ကြည့်အား ။ကျူရှင် နဲ ့ကျောင်းကြား
ညှပ်နေလို ့ကျောင်းသား ဦးနှောက်
စားနေရတယ် ။
ကျွန်မတို ့ သူငယ်ချင်းတဖွဲ ့ကျောင်း
ရှေ့ကစိန်းပန်းပင် အောက်မှာထိုင် ရင်း
မ ကျေနပ်ချက်ကိုယ်စီနဲ ့ဘော်ဒါဆောင်
ကလာကြိုမယ့်ကားကို ထိုင် စောင့်နေ
ကြတာပါ ။ ကျွန်မတို ့နေတဲ့ကျောင်း က
အ.ထ.က (၁၃) ။ကူံးကြီးရှိတဲ့မြို ့။
မန်းမြို ့ကအားလုံးသိတဲ့အတိုင်း
ဖုန်ထူထူ ပူအိုက်အိုက် စားစရာလည်း
အင် မတန်ပေါတဲ့မြို ့။ အသုပ်စုံ ၊ ကြာ
ဇံ ၊မုန် ့ဟင်းခါး ၊ ဝက်သားတုတ်ထိုး ၊
စသည်ဖြင့်ပေါ့ ။
အခုလည်း ပင် လယ်စာအကင် ရောင်းတဲ့ဆိုင် ကအနားမှာ တချို ့
သူငယ်ချင်းတွေသွားဝယ်စားနေပါ
တယ် ။ ကျွန်မ လက်ထဲမှာလည်းပိုင်
ဆိုင် ထားတာဆိုလို ့တစ်ထောင် တန်
တရွက်ပဲရှိပါတယ် ။ သူများတွေလို
ဘော်ဒါဆောင် နေပြီးဘော်ကြော့နေ
နိုင် တဲ့ထဲတော့မပါ ပါဘူး ။ တကယ်
တော့ အိမ်မှာကျောင်းသူတစ်ယောက်
ကို စောင့်ရှောက်ပေးနိုင် တဲ့သူမရှိလို ့
ဘော်ဒါဆောင် မှာနေခိုင်းထားတာပါ။
အ မေတို ့ခရီးထွက်သွားတယ်ဆိုတာ
ဖုန်းဆက်ပြောမှ သိခဲ့ရတယ် ။ ဒီမှာ
တော့ရိတ်ခါပြတ် နေပါပြီ ။ဘယ်တတ်
နိုင် မလဲ အ ဆောင် က ကျွေးတဲ့မနူး
မနပ် ညစ်ပတ်ပတ် ငပိချက် ဟင်းကို
ပဲ အောင့်အီးမိူချရ တော့မှာပဲ ။
လာကြိုမယ့်ကားကအခုထိမလာနိုင်
သေးဘူး ။ သူငယ်ချင်းနဲ ့စကားပြော
နေတုန်းအနားမှာ ရောက်လာတာက
ငါးနှစ်အရွယ်မိန်းက လေး ကိုလက်က
ဆွဲ ထားတဲ့ အသက် ၇ဝ အရွယ်အဖွား
ွဲနောက်လက်တဖက်ကပလက်စတစ်
ရေခွက်တခွက် နဲ ့ခွက်ထဲမှာတော့
ဆယ်တန် ၊ရာတန် ပိုက်ဆံလေးငါး
ရွက် ပါတယ် ။
“သမီးလေးတို ့ရယ်အဖွားကိုထမင်း
ဖိုးလေးပေးခဲ့ပါ ကွယ် ”
ကျွန်မ သူတို ့မြေးအဖွားကိုကြည့်ရင်း
အရမ်းသနားလာတယ် ။ လက်ထဲမှာ
လည်းတစ်ထောင် ပဲရှိတယ် ။ ဟင်းးး
အိမ်ကလာမယ့်သူမရှိသေးတဲ့အချိန်
မှာ ဒီဟာလေးနဲ ့အ ရေးပေါ်ဖြေရှင်း
ရမှာ ။ကျောင်းကဟိုကြေးဒီကြေး ဆို။
ခက်တော့ခက်နေပါပြီ ။ ကျွန်မ က
တော့ဒီလို စိတ်နဲ ့အကြပ် ရိုက်နေ
ပေမယ့် သူတို ့မြေးအဖွားကို သူငယ်
ချင်းတွေကကြည့်ရုံကြည့်နေကြတယ်
ခုနက သူတို ့မုန် ့တွေဝယ်စား ကြတယ်
ဒီလိုလူတွေကိုတော့ မ ပေးချင် ကြဘူး
ဒါမှမဟုတ် ရှိသမျှပါသမျှကုန်သွား
ကြလို ့လား။ :p:
ဖျက်ခနဲအ တွေးထဲ ဝင် လာတာက
“ငါ့ မှာလည်းအဖွားရှိတာပဲ တကယ်
လို ့ဒီနေရာမှာငါ့အဖွားဆိုရင် ….”
အဲဒီအ တွေးလေးနဲ ့ပဲ ကျွန်မ သေချာ
သိမ်းထားတဲ့ ငွေတစ်ထောင် ကိုထုတ်
ပြီးအဖွားရဲ ့ခွက်ထဲ ထည့်လိုက်တော့
တယ် ။အဖွားရဲ ့ဆုပေးသံတွေကြား
တော့အနားမှာ ရှိတဲ့ ခုန ကသူငယ်
ချင်းတွေလည်း အိတ်ထဲကအလိူလိူ
နှိက်ပြီး လာထည့်နေကြပါပြီ ။
အဖွားရဲ ့ဝမ်းသာသံနဲ ့ဆုတောင်းစ
ကားတွေက ကျွန်မ ရင် ထဲထိ ဝင်
ရောက်သွားခဲ့ပါတယ် ။ ကျွန်မ ပြု
လိုက်တဲ့ဒါန သေးသေးလေးက သူ
များကိုတောင် စေတနာ ထက်သန်
လာအောင် ဖန်တီးနိုင် ခဲ့ပါလား ဆို
တဲ့ အ တွေးလေးက တစ်ခါမှ မခံစား
ဖူးတဲ့ ပီတိ ဆိုတာကို ခံစားခဲ့ရတယ် ။
“ပိုင် ဆိုင် မှုမရှိဘူး ဆိုတာကိုယ်ဘက်
က ပေးကမ်းမှုမရှိ ခဲ့လို ့” ့ပဲ ။
တကယ်ထင် ရှားပါတယ် ။ အခုလက်
ရှိမှာတောင် ဒါန သေးသေးလေး
အတွက် တန်ဖိုးမဖြတ်နိုင် တဲ ့ပီတိ
လေးကိုခံစားခဲ့ ရတယ် ။ ဒါန အကြီး
ကြီးဆိုရင် တော့ ….. ။
🙂
ကိုယ်ချင်းစာတရားနဲ ့ဒါန ကိုပေါင်း
လိုက် ရင် စိတ်ဆင်းရဲ ကိုယ်ဆင်း
ရတာ အရမ်းကို နည်းသွားမယ၊်
သက်သာ သွားမယ် လို ့
ယုံကြည်ပါတယ် ။
့
17 comments
alinsett (gazette)
April 18, 2014 at 3:04 pm
အဲဒီလို.. စာနာတွေးမျိုး…
တွေးမိလွန်းလို ့…
ရင် နင့်ရပေါင်းများပြီ..လုရေ….
lu lu
April 18, 2014 at 3:27 pm
ဟုတ်ကဲ့
စာနာတတ်တဲ့နှလုံးသားက လူတိုင်း မှာမရှိနိုင် ပါဘူး
MAUNG
April 18, 2014 at 8:45 pm
သာဓု သာဓု သာဓု ပါဗျာ
ကေဇီ
April 19, 2014 at 5:56 am
ခု ဆို မမြင်ရလည်း ဖတ်ပြီး ပီတိဖြစ်တယ်
🙂
lu lu
April 19, 2014 at 6:06 am
ဟုတ်ကဲ့
ပိတိဆိုတာဝယ်စားလို ့မရတဲ့အတွက်
ရင် ထဲမှာအမြဲရှိနေတာကို မ ရေးတတ် ရေးတတ်
နဲ ့အားလုံးကိုမျှဝေ ပေးလိုက်တာပါ
ဒါ တကယ်ကြုံ ခဲ့ရတာပါ
padonmar
April 19, 2014 at 7:31 am
သာဓုပါ လုလုရေ၊
ကိုယ့်မှာ ပေါများလို့ မဟုတ်ပဲ လက်ကျန်ဒါပဲရှိတာကို စွန့်လှူနိုင်တာ လုလုရဲ့ သဒ္ဓါတရား တကယ့်ကို ကြီးလို့ပါပဲ။
ဆာနေတဲ့ ခွေးကလေးကို ဝမ်းထဲက အစာပြန်အန်ကျွေးတဲ့မထေရ်ရဲ့ ဒါနဟာ ရဟန္တာဖြစ်စေတဲ့ အထိ အကျိုးပေးတယ်ဆိုတာမျိုးပေါ့။
lu lu
April 19, 2014 at 8:07 am
ဟုတ်ကဲ့
ကျေးဇူးတင် ပါတယ်
TNA
April 19, 2014 at 3:36 pm
သာဓု သာဓု သာဓုပါ လုလုရေ
ကိုပေါက်(မန္တလေး)
April 19, 2014 at 4:25 pm
လု လု ရယ် အ တွေ့ နောက်ကျ လိုက် တာ အေ
ဒီ လို သဒ္ဒါ တ ရား ကောင်း မှန် း သိ ရင်
မယ် သီ လရှင် ကျောင်း လေး အလှူ ခံ တုန်း က လု လု ကို ဆက် သွယ် ပါတယ်
မန်းလေး နေ သူ ချင်း မ သိ တာ နာ တယ် အေ
lu lu
April 19, 2014 at 5:08 pm
သိတဲ့အချိန်က စ ပြီး နောက်မကျတော့ပါဘူး
black chaw
April 19, 2014 at 4:50 pm
ဒီပို ့စ် ကို မ မျှော်လင့်ပဲ
အ သေအချာ ဖတ်ဖြစ်ပါတယ် လုလု ရေ။
အားစိုက် ရေး ထားတာ ကို မြင် ရပါတယ်။
မရှိလို ့ မလှူ…မလှူ လို ့ မရှိ ဆိုတဲ့ massage ကို
ပေးချင် ပုံ ရပါတယ်။
လက်ထဲမှာ တစ် ရွက်တည်း ရှိနေတဲ့ တစ်ထောင် တန် တစ် ရွက်ကို
သူတောင်းစား မြေးအဘွား အတွက်
လှူ လိုက်တဲ့ ဇာတ်လမ်းလေးပါ။
သူတောင်းစား အဘွားကြီး ရဲ ့ ဆု ပေးသံ ကို ကြားပြီး
သူငယ်ချင်းတွေ လည်း
လိုက်လှူ ကြလို ့ ပီတိဖြစ်တာနဲ ့ အဆုံးသတ်ထားတာပါ။
ဝတ္ထု တို တစ် ပုဒ် အ နေ နဲ ့ ကြည့်ရင်
ဇာတ်လမ်းက ရိုးစင်းလွန်းတယ် လို ့ ထင် ပါတယ်။
အကြံပြု ရေးချင် တာတွေ ရှိပေမယ့်
မဝံ့မရဲ ဖြစ်နေလို ့ ဒီလောက်နဲ ့ ပဲ ရပ်ခွင့်ပြုပါ ခင် ဗျာ။
lu lu
April 19, 2014 at 5:12 pm
ဝေဖန်အကြံပြု တာကိုအားနုာစရာမလိုပါဘူး
ဝတ္ထုတို အရည်အချင်း ကို မမီနိုင် သေးလို ့
ရေးတတ်သလိုလေး ပဲ ရေးခဲ့တာပါ
အခုလို ဂရုစိုက်ဖတ်ပေးတာကိုလည်းပဲ
ကျေးဇူးတင် လျက်ပါ
naywoon ni
April 20, 2014 at 10:59 pm
တွေ့နေကြမြင်ကွင်းတစ်ခုပေပဲ ဂဇက်တက်ရဲ့ ဆောင်ပုဒ်အတိုင်း အများနဲ့မတူတဲ့ဘက်ကနေ တွေးကြည့်ရေးကြည့်ရင် ဒီလက် အရောင်တက်လာနိုင်ပါတယ် အားမလျော့ကြေး ဟုတ်လား
lu lu
April 21, 2014 at 12:26 pm
ဟုတ်ကဲ့ အခုလို အားပေးတာ
ကျေးဇူးကမ႓္ဘာ ရှင့်
Ma Ma
April 21, 2014 at 7:56 pm
သာဓု သာဓု သာဓု ပါ လုလုရေ။
ကိုယ်တိုင်တောင် လုလု လို အခြေအနေမျိုးမှာ လုလု လို လှူ နိုင်ပါ့မလား မသိဘူး။ 🙂
lu lu
April 21, 2014 at 10:23 pm
လှူနိုင် မှာပါ အားလုံးရဲ ့ပင် ကိုယ်စိတ် မှာသဒါ္ဒ တရား က
ရှိပြီးသားပါ
surmi
April 22, 2014 at 10:33 am
အခုမှ ကွန်မန့့်ရေးဖြစ်တယ် ။
စတင်မိတ်ဆက်ကတည်းက ဖတ်ဖြစ်ပါတယ်။
နောင်လည်း များများရေးစေချင်ပါကြောင်း ။
စာရေးကောင်းသူတစ်ယောက်တိုးးလာလို့ ဝမ်းမြောက်မိပါကြောင်း ………