Falling In Love
ဆရာမ ဂျူးက ပြောဖူးတယ်…
“အချစ်ဆိုတာ ဒီလိုလား..ဘီယာလိုပဲ…ခါးတယ်နော်…”တဲ့
အချစ်ဆိုတာ.. ဘီယာတစ်ခွက်လို ခါးသက်သက်လား…
အချစ်ဆိုတာ.. ဝိုင်တစ်ခွက်လို ရှတတ ယစ်မူးစရာလား…
အချစ်ဆိုတာ.. ပန်းသီးတစ်လုံးလို ချိုမြိန်လား…
မျက်မမြင်ပုဏ္ဏားတွေ ဆင်ကိုစမ်းသလို လူတွေဟာ သူ့ဟာသူနေနေတဲ့အချစ်ကို သူတို့ကြုံခဲ့၊ ခံစားခဲ့ဖူးတဲ့ စိတ်ခံစားမှုပေါ်မူတည်ပြီး အဓိပ္ပါယ် ဖွင့်ကြတာပဲ မဟုတ်လား…
အချစ်ဆိုတာ …. ရယူတာ
အချစ်ဆိုတာ…. ပေးဆပ်တာ
အချစ်ဆိုတာ…အနစ်နာခံတာ
အချစ်ဆိုတာ.. ပိုင်ဆိုင်လိုခြင်း….
ကျွန်မအတွက်တော့ အချစ်ဆိုတာ အဲ့ဒီအရာတွေ တစ်ခုမှ မဟုတ်ခဲ့ဘူး…။ ကျွန်မသတ်မှတ်လိုက်တဲ့ ချစ်ခြင်းဆိုတာ “လူတစ်ယောက်ရဲ့ဘဝမှာ တစ်ခါသာဖြစ်ပေါ်နိုင်တဲ့ ဘာနဲ့မှ မတူတဲ့ စိတ်ခံစားမှုတစ်ခု”ပဲ…။ ဒါဟာလူတိုင်းလဲ ခံစားဖူးချင်မှ ခံစားဖူးမှာပါ…။ (၃၁)ဘုံလို့ ခေါ်တဲ့ ထိုထိုဘုံဘဝတွေမှာ ချစ်ခြင်းရသကို ခံစားခွင့်ရှိတာ လူဆိုတဲ့သတ္တဝါတစ်မျိုးပဲ ရှိတာမဟုတ်လားရှင်..။ ဒါတောင် တချို့လူတွေဟာ အဲ့ဒီရသကိုတောင် ဘာမှန်းမသိလိုက်ဘဲ ထင်ယောင်ထင်မှား စိတ်အတွေးတွေနဲ့ပဲ ဘဝကိုဖြတ်သန်းပြီး သေဆုံးသွားကြတယ်…။ လူတစ်ယောက်ဟာ ကိုယ့်ဘဝမှာ တခြားလူတစ်ယောက်ကို တစ်ခါလောက်တော့ နင့်နင့်နဲနဲ ချစ်ဖူးကြည့်သင့့်တယ် မဟုတ်လား..။ ဒါမှလဲ လူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ ချစ်ခြင်းရသကို ခံစားဖူးနိုင်ခဲ့မှာပေါ့လေ…။
ဒါဆို သူ့ကျေးဇူးတွေ ကျွန်မအပေါ် ဘယ်လောက်တောင် များလိုက်လဲ…..
ကျွန်မ သူ့ကို ချစ်တယ်…။ ဒါဟာ အချိန်ကာလနဲ့လဲ မဆိုင်ဘူး၊ ဒါဟာ နီးခြင်း ဝေးခြင်းနဲ့လဲ မဆိုင်ဘူး။ သူဟာ တခြားလူတွေထက် တစ်ခုခု ပိုမိုသာလွန်တဲ့ အရည်အချင်း…ဒါနဲ့လဲ မဆိုင်ပါဘူး…။ သူဟာ…သူဖြစ်နေခြင်းကသာ…….
ဖျတ်ခနဲပေါ်လာတဲ့ စိတ်ခံစားမှုတစ်ခုကသာ ဆရာငြိမ်းမင်းစကားကို ယူသုံး၇ရင် ကျွန်မအတွက် ထာဝရ ကို ဖြစ်စေတယ်…။
တစ်ခါတစ်လေမှာ သူ့ဆီက ကျွန်မပျော်ရွှင်ကျေနပ်စေမယ့် စကားမျိုးတွေ ရခဲ့ဖူးပါတယ်…။ ကျွန်မပျော်ပါတယ်…။ ကျွန်မ အရမ်း ပျော်တာပဲ…။ ဒါပေမယ့် ဒါတွေဟာ အခိုက်အတန့်ကာလတစ်ခုအတွက် အားနာညှာတာမှုများလားလို့ တွေးမိတော့ ကျွန်မတုန်လှုပ်မိပြန်ရော…..
ကျွန်မ သူ့ချစ်ခြင်းကိုရော မပိုင်ချင်ဘူးလားလို့ မမေးနဲ့…။ ပိုင်ချင်တာပေါ့ရှင်…။
သူ ကျွန်မကို Online ပေါ်တွေ့တဲ့အချိန် စ နှုတ်ဆက်တာလဲ သူ့ကို ဖြစ်စေချင်တယ်..
သူ့အတွေးထဲမှာလဲ ကျွန်မ အမြဲရှိစေချင်မိတယ်…။
ကျွန်မပြောတဲ့စကားတွေကိုလဲ လေးလေးနက်နက် နားထောင်စေချင်ပါတယ်….။
သူ တင်တဲ့ Status တွေဟာလဲ ကျွန်မနဲ့ ပတ်သတ်နေတာဆိုရင် သိပ်ကောင်းမှာပဲ….။
ဒါပေမယ့်… အဲ့ဒီအရာတွေ တစ်ခုမှ ကျွန်မ မရခဲ့ပါ…။
မျှော်လင့်တာနည်းရင်…မျှော်လင့်ချက်မဲ့တာ နည်းတယ်…။ ကျွန်မ သူ့ဆီက လိုချင်တာတွေများလာလို့ တောင်းဆိုမိတာတွေဖြစ်လာရင် သူစိတ်အနှောင့်အယှက်ဖြစ်သွားမလား…။ ဟင့်အင်း.. ဒါဆိုရင်တော့ ကျွန်မသူ့ကိုချစ်တာ ဘယ်ဟုတ်တော့မလဲနော်….။
ဆရာအတ္တကျော်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်…။ မိ်န်းခလေးတစ်ယောက်က ယောကျာင်္းလေးတစ်ယောက်ကို ချစ်မိရင် နီးစပ်ဖို့တွေ၊ လက်ထပ်ဖို့တွေ မကြိုးစားပါနဲ့…။ သူလိုအပ်တာလေးတွေ ဖြည့်ဆည်းပေးတာကသာ ကိုယ့်အတွက် တစ်သက်လုံးစာ စိတ်ချမ်းသာမှုကို ဖြစ်စေတယ်…တဲ့..။ အိုးးးးးကျွန်မ စိတ်မကောင်းလိုက်တာ…။ ကျွန်မဆီမှာ ဒီလိုလုပ်နိုင်တဲ့အခွင့်အရေးလေးတောင်မှ ဘာလို့ မရှိရတာလဲ…။
သူ့ဘေးမှာ တခြားကောင်မလေးတစ်ယောက်ရှိတယ်…။ သူဟာ..သံယောဇဉ်ဆိုတဲ့စကားတွေကြားမှာ…၊ တစ်ယောက်အကြောင်းတစ်ယောက်သိဆိုတဲ့ အသိတွေကြားမှာ…၊ သူငယ်ချင်းတွေရဲ့ စေ့စပ်မှုတွေကြားမှာ.. သူတောင့်ခံထားနိုင်မှာလား..။ ကျွန်မ ရင်တွေ ပူလိုက်တာ…။ နောက်ထပ် ထပ်ဝန်ခံရရင် ကျွန်မလိုချင်သမျှ အခွင့်အရေးတိုင်းကို အပိုင်ရထားတဲ့ အဲ့ဒီကောင်မလေးနေရာ ကျွန်မ ဖြစ်ချင်တာလေ…။
အဲ့ဒါ သိတဲ့ညက ကျွန်မတစ်ညလုံး ငိုခဲ့တယ်…။ မျက်လုံးတွေ မို့ဖောင်းနေလို့ နောက်နေ့ ရုံးတက်ဖို့တောင် ခက်ခဲခဲ့တဲ့အထိပဲ….။
ကျွန်မ အချိန်တိုင်း သူ့အကြောင်းတွေးတယ်…။ ကျွန်မ သူ့အကြောင်းတွေးပြီး တခြားသူပြောတဲ့စကား မကြားခဲ့ဖူးတာလဲ ရှိတယ်..။ တခြားတစ်ယောက်ကို သူ့နာမည် အော်ခေါ်ခဲ့ဖူးတာလဲ ရှိတယ်..။ လစာ စာအိတ်ထဲထည့်ရမယ့် Pay Slip တွေကို စာအိတ်ပေါ်မှာ တော်တော်များတဲ့ထိ ကပ်ခဲ့ဖူးတာလဲ ရှိပါတယ်..။ ဒါပေမယ့် ကျွန်မ ပျော်ပါတယ်…။ သူနဲ့အတူဆိုတဲ့ စိတ်ကူးယဉ်မှုတွေ၊ သူနဲ့တွေ့ရင်ဆိုတဲ့ အိပ်မက်တွေ….အဲ့ဒီခံစားမှုတွေကလေ.. ငြိမ်ငြိမ်လေးနဲ့ ငြိမ့်ငြိမ့်လေး……။ ဒါပေမယ့်… သူပြောတဲ့..ရိုး ရိုး သား သား ဆိုတဲ့ စကားလေး ၄ လုံးကြားမှာပဲ ကျွန်မအိပ်မက်နန်းတော်လဲ ပြိုပျက်သွားတော့တယ်…။
ငယ်ငယ်က သူငယ်ချင်းတွေပေးတဲ့.. “ရေးပေးပါ” ဆိုတဲ့ စာအုပ်ထဲမှာ “သင်စိတ်အညစ်ဆုံးအချိန်” ဆိုတဲ့ နေရာမှာ ကျွန်မဖြည့်ခဲ့တာ “ကိုယ်လိုချင်တာ မရတဲ့ အချိန်”လို့…
ကျွန်မ သူ့ချစ်ခြင်းကို လိုချင်တယ်…
ကျွန်မ သူ့ဘေးနား နေချင်တယ်…
ကျွန်မ သူနဲ့ အေးချမ်းသာယာတဲ့ ဘဝလေးတစ်ခုမှာ ထာဝရအတူ ရှိချင်တယ်…။
အခု
ကျွန်မ စိတ်ညစ်နေပါတယ်…။
ရက်တွေများလာပြီး အိပ်မရတဲ့ ညတွေရှိလာတော့ ကျွန်မလုပ်သင့်တဲ့လမ်းစ တစ်ခုကို ရှာတွေ့လိုက်တယ်…။
ကျွန်မ သူ့ကို ချစ်ပါတယ်…။ ဒါကြောင့် သူ့ဆီက လိုချင်မှုတွေ၊ မျှော်လင့်မှုတွေကို ကျွန်မ တစ်ခုချင်း ဆုတ်ဖြဲပစ်လိုက်တယ်…။ အဲ့လို ဆုတ်ဖြဲပစ်လိုက်တဲ့ တစ်ချိန်တိုင်း ကျွန်မအသဲနှလုံးတွေလဲ ဆုတ်ပြဲသွားကြတယ်…။
ကျွန်မ သူ့ကိုချစ်ပါတယ်..။ ထာဝရ ကျွန်မသေသည်အထိချစ်မှာ…။ သူရည်းစားထားရင်လဲ ကျွန်မ သူချစ်တဲ့ကောင်မလေးကိုပါ ချစ်ပေးပါ့မယ်…။ သူ အိမ်ထောင်ပြုသွားရင်လဲ ကျွန်မ သူ့မိသားစုလေးကိုပါ ချစ်ပေးမှာပေါ့…။ ကျွန်မ သူ့ဆီက မျှော်လင့်မိတာရှိရင်တောင် သူပျော်ရွှင်နေဖို့၊ ဒီတစ်ခုလေးပါပဲ…။
မိန်းမခိုးပြေးတော့မယ့် သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုယ်ကို အားတင်းစာရေးတော့ ကျွန်မပြောဖူးတယ်…။ စစ်မရောက်ခင် မြှားမကုန်စေနဲ့လို့…။ ခုတော့ ကျွန်မမှာ ဘာမြှားမှ မရှိတော့ပါ…။
ငယ်ငယ်က သိခဲ့တဲ့ အသိတစ်ခုက ကိုယ်လိုချင်တာရှိရင် ကြိုးစားရင်.. ရကို ရတယ်..။ ဒါပေမယ့် သူဟာ ရုပ်ဝတ္ထုပစ္စည်းမဟုတ်သလို ဘွဲ့လက်မှတ်တစ်ခုလဲ မဟုတ်ပါ..။ ကျွန်မသိခဲ့တဲ့အသိမှာ သူဟာ ချွင်းချက်တစ်ခု ဖြစ်တယ်…။
ကိုယ်ချစ်တဲ့သူရဲ့ ဘေးမှာ နေခွင့်ရတဲ့ လက်ထပ်ခွင့်ရတဲ့သူတွေကို ကျွန်မ သိပ်အားကျတာပဲ….။ ကျွန်မလဲ ဖြစ်ချင်ပါတယ်…။ ဒါပေမယ့်လေ…
ကျွန်မ ချစ်တတ်သွားအောင် သူသင်ပေးခဲ့တာလေးတစ်ခုနဲ့တင်…ကျွန်မ သူ့ကို သိပ်ကျေးဇူးတင်တာပဲ………။………..။
ကောင်းကင်ပြာ
60 comments
ကေဇီ
April 18, 2014 at 3:51 pm
အင်!!
ဘာပြောရပါ့။းကောင်းကောင်းကန်းကန်းတော့ အကြံမပေးတတ်ဘူးးး
ကားတိုက်ပြေးမားးးး (အဲလေ) ကားတင်ပြေးမားးး
အရက်ထဲ ဒိုင်ရာစိပင် ထည့်တိုက်မားး; (အဲလေ) အအေးထဲ အိပ်ဆေးခတ်မားးး;
တိုက်ပိတ်မားးးး (အဲလေ) အခန်းပိတ်မားးး
ကူညီဗျဇီ ကူညီဗျဇီ ခင်ည!!
နာဟဲ့ …!
ကိုကိုဦးမ
စိုင်းအောင်တင့်မ
အောင်ခိုင်မ
Kaung Kin Pyar
April 18, 2014 at 4:10 pm
ဟီးးးးးး အဲ့လောက်ကြီးတော့ ကြံစည်ဒေါ့ဘာဝူး…။
Wow
April 18, 2014 at 4:14 pm
ဟယ် ချွိချွိရယ် မကြားဝင့်မနာသာ မိန်းခေးပီပီနူးနူးညံ့ညံ့ ရှိဇမ်းဘာာာာာာ
အိမ်ဖိတ် တုတ်ကြီးကြီးနဲ့ အတိတ်မေ့အောင် ခေါင်းရိုက်ပီး နိုးတဲ့အချိန်လောက်မှန်းပီး မက်လုံးတဒွေးဆွတ် တရှုံ့ရှုံ့ငိုနေ
ကိုကိုရယ် မှားကုန်ပါဘီပေါ့ အာဟိ နာကွ
ကေဇီ
April 18, 2014 at 4:18 pm
နိ နည်းး က ခင်စိုုးပိုုင်တိုု့ ခင်မိုု့မိုု့အေး တိုု့နည်းကြီးးးဟာကိုု
မတော် ရူးသွား ဘယ့်နဲ့ လုုပ်????
😀
Wow
April 18, 2014 at 4:22 pm
ရူးမှကိုယ့်ကြိုက်မှာလေညော်
ကောင်းနေဘယ်ကြိုက်မလဲ
Kaung Kin Pyar
April 18, 2014 at 5:13 pm
ဒီ ပို့စ်လေးကို တင်သင့်မတင်သင့် ကောင်းကင်ပြာ စဉ်းစားမိပါတယ်…။ ရလာမယ့် Comment တွေကိုလဲ ရင်ခုန်မိပါတယ်…။
ဒါပေမယ့် ကောင်းကင်ပြာ ဘဝမှာ ကိုယ့် “အိမ်” တစ်ခုလို သတ်မှတ်ထားတဲ့ နေရာ ၂ နေရာရှိပါတယ်..။ တစ်ခုက တွံတေးကျောင်းပါ။ နောက်တစ်ခုကတော့ ဂေဇက်ရွာပါ..။ တွံတေးကျောင်းမှာတော့ ကောင်းကင်ပြာရဲ့ ကလေးတွေ ရှိပါတယ်..။ ရွာမှာတော့ ကောင်းကင်ပြာရဲ့ အကို အမတွေရှိပါတယ်…။
လူငယ်တိုင်းက သူတို့ခံစားချက်တွေကို အပြင်မှာ ပြောနေတာထက် စာရင် ကိုယ့်အိမ်မှာ ကိုယ်ပြောတာ ပိုလုံခြုံပြီး နားလည်မှု ရနိုင်တယ်လို့ ထင်ပါတယ်..။ ကျောင်းက ကလေးတွေကိုတော့ အတတ်ကောင်းတွေ မသင်ပေးလိုတော့ပါ…။ ဒါကြောင့် ရွာထဲမှာပဲ လာပြောပါတယ်…။
ဒီပို့စ်မှာ ကိုယ့် ခံယူချက်နဲ့ တူတာလဲရှိ၊ မတူတာလဲ ရှိမယ်…။ ဘယ်လို Comment မျိုးပဲ ဖြစ်ဖြစ် ကြိုဆိုပါတယ်…။
ကေဇီ
April 18, 2014 at 5:35 pm
ရပါတယ် တင်ပါညီမရယ်။
အမတို့က နောက်နေကြမို့ပါ။
Wow
April 18, 2014 at 5:46 pm
ခံစားချက်ကို မစာနာတာ မဟုတ်ပါဘူးကွယ်
ခံစားတတ်လွန်းလို့ မေ့ချင်ယောင်ဆောင်နေတာပါ 🙂
lu lu
April 18, 2014 at 5:46 pm
ကဲ ….
ရင် ခုန်သံတွေတူနေပြန်တဲ့ ကောင်းကင် ပြာ
ချစ်မိတဲ့ခဏ မှာ ပိုင် ဆိုင် ချင် တယ်
ဘယ်လိုမှနီးစပ်မှာမဟုတ်ဘူးလို ့ သိလိုက်တဲ့အခါ မစွန် ့လွှတ်နိုင် ဘူး
ဝေးရမှာပဲလို ့တွေးလိုက်မိ ရင် ရူး ချင် ပြန်တယ်
တကယ်ဝေးသွားတဲ့အခါ လွမ်းရတဲ့ဒဏ်ကခံရခက်တယ်
သူ ပျော်နေတာကိုမြင် တွေ ့ရတဲ့ခဏကစပြီး သူစိတ်
ချမ်းသာရင် ငါ လည်း ပျော် နိုင် ရမှာပေါ့ ဆိုတဲ့အ တွေး ဝင် လာပြန်တယ် ။
တကယ်တော့ အချစ်ဆိုတာ ချစ် ရတဲ့သူကို လွမ်းတတ်အောင် သင်
ပေးတဲ့ ပညာရှင်ကြီးပါ ။
နောက်ဆုံးမှာ ကိုယ်ချစ်တဲ့သူစိတ်ချမ်းသာရင် အားလုံးကို ကျေနပ်
နိုင် အောင် ကြိုးစားလိုက်တာပိုကောင်းပါတယ် ။
alinsett (gazette)
April 18, 2014 at 7:14 pm
ဘူသူလဲ…ဟင်….
😆
———————
အချစ်က..ဘီယာလိုပဲ..ခါးတယ်နော်….
ဆိုတာကို.. ဆရာမဂျုုး ( စင်္ကာပူဟောပြောပွဲမှာထင်ရဲ ့) ပြောသွားတာ.ရီရတယ်.. နော်။
အခု.. ဘီယာ မခါးဘူးဆိုတာ….
သိလောက်ပါပြီ…
:kwi:
lu lu
April 18, 2014 at 7:20 pm
ဘီယာ လည်းအချစ်လိုပဲ ပြောင်းလဲတတ်
သလား ဟင်
အရင် ကခါးပြီး အခု မခါးတော့ဘူးဆိုတော့
alinsett (gazette)
April 18, 2014 at 7:27 pm
ဘီယာက… ခါးရာကနေ မခါးတာကိုပြောင်းသွားတာ မဟုတ်ပါဘူးခညာ…
ပြောင်းသွားတာက.. ဘီယာသောက်သူဘက်ကအပိုင်းပါ…
အဟိ
အချစ်ဆိုတာကြီးကလည်း..နေရင်းထိုင်ရင်း..ပြောင်းနေမယ် မထင်ပါဘူး.။
အချစ် က အချစ်..အတိုင်း ရှိနေပါတယ်…
ပြောင်းတာက…..လူရဲ ့ခံစားမှုအပိုင်းပေါ့နော်…
အဟိ
————–
(ထင်တာတွေ ရမ်းပြောသွားတာ ပါ.. )

lu lu
April 18, 2014 at 7:42 pm
ဖြစ် စ် စ် စ် ဖြစ် နိုင် ပါတယ်
ဘဆွေ
April 19, 2014 at 12:31 am
နှုတ်ဆက်လိုက်ပါတယ် …တို့ရဲ့ကောင်းကင်ပြာကြီးရယ်…မိုးသားကင်းစင်လွင့် တဲ့ တစ်နေ ့ မှာ..
ပြန်လည်လို့ လှပလာလိမ့် မည်….ယုံကြည် လျှက် အမြဲတမ်း စောင့် နေ မယ်…
Foreign Resident
April 19, 2014 at 3:08 am
ကျွန်မ သတ်မှတ်လိုက်တဲ့ ချစ်ခြင်း ဆိုတာ
“ လူတစ်ယောက်ရဲ့ဘဝမှာ တစ်ခါသာဖြစ်ပေါ်နိုင်တဲ့
ဘာနဲ့မှ မတူတဲ့ စိတ်ခံစားမှုတစ်ခု” ပဲ…။
ကျန်တာတွေတော့ အဘ သိဘူးရယ် ။
အချစ် ဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ ၊
တစ်ခါ မက ( တစ်ခါ မက ) ဖြစ်ပေါ်နိုင်တယ် ၊
ဆိုတာကတော့ သေချာတယ် ။
ကိုယ့်ရဲ့ ၊ ချစ်ရတဲ့သူကို ပေးဆပ်မှု တစ်ခုတည်း နှင့် ၊
ချစ်ပေးနိုင်တဲ့ စိတ်ဓါတ်လေးကိုလည်း သဘောကျမိတယ် ။
အဲလိုမျိုး ကိုယ့်ကို ချစ်နေမယ့်သူလေးတွေတော့ လိုချင်သား ။
ဒါပေမယ့် ၊ အဘ က ကံမကောင်းဘူးကွယ် ။
အဘ ကို အဲဒီလို ပေးဆပ်မှု တစ်ခုတည်း နှင့် ချစ်မယ့်သူ မရှိဘူးရယ် ။
ကေဇီ
April 19, 2014 at 5:52 am
ဟုတ်ပါတယ်။
ဟုတ်ပါတယ်။
ဘဖောပြောတာ သဘူတောပါတယ်။
ပြီးတော့ လက်ရှိတွေ့တဲ့လူကိုသာ အချစ်ဆုံးလို့ ပဲ အမြဲထင်မှတ်နေတတ်ပါတယ်။
အဲဒီ အထင်ဟာလည်း အမြဲမှားနေတတ်ပါတယ်။ :mrgreenn:
ဒီလိုနဲ့ပဲ သံသရာ လည် နေတာပါပဲ…..
:mrgreenn:
•*¨နန်းတော်ရာသူ •*¨
April 27, 2014 at 8:31 pm
လက်တွေ့ရှိတဲ့လူကိုအချစ်ဆုံးလို့အမြဲမှတ်လိုက်ပါညီမရေ
တို့မမဆွိဆိုရင် တပြိုင်နက်တည်းအချစ်ဆုံးတွေများလွန်းလို့ခက်နေတာ
စိုင်းစိုင်းကော၊မိုက်မိုက်ကော၊ဗျိုင်းဗျိုင်းကော၊ဂွိုက်ဂွိုက်ကော စုံလို့.. အားငယ်နဲံ့
😀
ကေဇီ
April 19, 2014 at 6:22 am
မနေ့က ငါ့ ညီမလေး ခံစားပြီး ရေးတဲ့ ပို့(စ) မှာ နောက်မိသလို ဖြစ်သွားတယ်။
ညီမလေးကို ပြောတာ မဟုတ်ပါဘူးးး
အမတို့က ကော်မန့် ကို အတည် ကောင်းကောင်းကို မရေးတတ်လို့။ :mrgreenn:
ခု ကြိုးစားပြီး ကောင်းကောင်းပြောမယ်။ :mrgreenn:
ညီမလေးက ငယ်သေးတာကို။ ဒီ အရွယ်က စိတ်ခံစားချက်ကို တော်တော်လေးလေးနက်နက် ခံစားတတ်တာမျိုးမို့ပါ။
မဖြစ်နဲ့လို့ ပြောလည်း ရမှာ မဟုတ်။
မယုံ စောင့်ကြည့်၊ နောက် ၃ နှစ်လောက်မှာ အဲဒီ ခံစားချက်က ဟာသလိုပဲ ဖြစ်သွားမှာ။ :mrgreenn:
အချစ်မှာ အချစ်သက်သက်ကြီးသာဆို ပျော်စရာကြီးပါနော့။
လူတွေရဲ့ စိတ်ကိုလိုက်ပြီး အချစ်နောက်က လောဘတို့ ရလိုမှုတို့ လိုတာမရရင် နာကျည်းမှုတို့ အခန့်မသင့်ရင် ပြောင်းလဲချင်မှုတို့ ပါလာမှသား အချစ်က ခါးခါးခါးဆိုတာတွေဖြစ်ကုန်တာ။
ခါတလေ သူ့ဘေးနား မနေရခင် သူ့ကို ထာဝရချစ်နိုင်တယ် ထင်တတ်ပေမဲ့ သူ့ဘေးနားနေရချိန်မှာ အဲဒီ အထင်တွေ ပျောက်သွားတာမျိုးလည်း ရှိတတ်တယ်။လူ့စိတ်အရ မရတာမျိုးကို ပိုပြီး လိုချင်တာမျိုးမို့။ ရပြီးတာကို တပ်မက်မှု လျော့သွားတတ်တာမျိုးမို့။ :mrgreenn:
ပြောရင် ဖောက်လိုက်ဦးမယ်။
လောကမှာ မပိုင်လိုက်တဲ့ သူကို အချစ်ဆုံး….
မရလိုက်တဲ့ အချစ်က တည်မြဲတာ အကြာဆုံးပဲ။
ကိုယ်တွေ့..!!
ငိငိငိ။
အဲဒီတော့ မရချင်နဲ့။ :mrgreenn:
ဘဆွေ
April 19, 2014 at 7:15 am
တော်လိုက်တဲ့ဇီဇီ ကိုယ့်စောင်းပြော နေ လားထင်ရတယ်,.အော်မီတော်ဖောပါ..
တစ်ကယ်တော့ ပေးဆပ်မှု က အချစ်မဟုတ်ဘူးလို့ ယုံထားမိတယ် စွန့်လွတ်လိုက်ရပါတယ် ဆိုမှတော့ ဘာကိုသွားချစ်ရမှာလဲ
ကေဇီ
April 19, 2014 at 7:51 am
တော်ရင် Cocktail တိုက်။
:s:
Kaung Kin Pyar
April 19, 2014 at 7:16 am
မကေဇီ နဲ့ မWow Comment က ကောင်းကင်ပြာ နားလည်ပါတယ်။
အားလုံး ကောင်းကင်ပြာအတွက် စိတ်ပူပြီး အကြံပေးကြလို့ မကေဇီနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။
Kaung Kin Pyar
April 19, 2014 at 7:23 am
ဪ ကိုဒညင်းဝက် အဲ ကိုအောင်ရဲလင်း ဘီယာချိုလာ မချိုလာတာကတော့ အနေနီးတဲ့အကိုက ကောင်းကင်ပြာထက် ပိုသိမှာပါ။ 😀
Mr. MarGa
April 19, 2014 at 11:33 am
ဒီပို့စ်က ဟိုဂျီးဒေါ်နှစ်ယောက် ဝင်ဖောက်မှ ပိုစုံသွား သလို…လို :mrgreenn:
အခြစ်ဆိုတာ (အဲလေ) အချစ်ဆိုတာ ချစ်ဖို့ပါ
ဘယ်လိုပဲ ခံယူထားပါစေ အဓိက က ချစ်ဖို့ပဲမလား
ပြီးတော့ ပြီးတော့ ပြီးတော့
ခြစ် (အဲလေ) ချစ်ခြင်းမေတ္တာ မှာလဲ အသွားအပြန် ရှိတတ်ပါတယ်လို့ (အပြန်အလှန်ဆိုတာ ရှိစမြဲရယ်)
ဟိုဂျီးဒေါ်တွေလိုပဲ ရတဲ့နည်းနဲ့ ယူတာဖြစ်ဖြစ်၊ တိတ်တိတ်လေး အဝေးကနေ ထိုင်ကြည့်နေတာပဲဖြစ်ဖြစ် အချစ် ဆိုတာတော့ ပါနေတာပါပဲ။
(ဖတ်ဖူးတာတွေ ပြောပြတာနော် ကိုယ်တိုင်ကတော့ သိဘူးရယ် သိလွန်းရင် ခေါင်းပူတယ် ဟီးး)
sorrow
April 21, 2014 at 11:44 am
လူများက အတည်ရေးတာကို …ဒီတဂျားလေးနှယ့်…ဘယ့်နှယ့်…ပြောင်ချင်နောက်ချင်စစ်ထဲဝင် …ဘောင်းဘီလဲ …ဝန်ကြီးလုပ်….အငိငိ
Crystalline
April 19, 2014 at 12:12 pm
Someone to have and hold…. with all my heart and soul…
😀 :kwi:
I need to know.. before I fall in love…
Someone who’ll stay around… through all my up’s and down’s …
Plz tell me now … B4 I fall in love
မမကြီးကဘာမှမပြောတတ်ဘူး.. အဲ့တော့ မမကြီးရတဲ့ သချင်းဆိုပြသွားတယ်ညလေး.. :mrgreenn:
nicolus agral
April 19, 2014 at 6:46 pm
ချစ်တယ်……..
ကျနော် ကောင်မလေးတယောက်ကိုချစ်ခဲ့မိဖူးတယ်
ဘာသာမတူ လူမျိုးကွဲပေါ့
အဲတုံးက ကွန်ဆာဗေးတစ် အတွေးအခေါ်ဦးနှောက်နဲ့ ချစ်တတ်တဲ့နှလုံးသားကြား လွန်ဆွဲတာ
စာမေးပွဲ ၂ နှစ်ကျ ဘွဲ့ရတာ၂ နှစ်နောက်ကျ အကြီးအကျယ်ခံစား
နောက် ၅ နှစ်နေတော့ပြန်တွေးကြည့်တော့
တော်တော်ရူးတာပဲလို့
ချစ်မိတာရော ကွန်ဆာဗေးတစ်ဖြစ်တာရောပေါ့
ဘာပဲဖြစ်ဖြစ် nothing last forever ……everything will pass
black chaw
April 19, 2014 at 8:33 pm
ချစ်ခြင်း မှာ လူဟာ အခါခါ သေရ တယ် လို ့
သင်ယူ မှတ်သားခဲ့ ဘူးပါတယ်။
ကျွန်တော် ကိုယ်တိုင် လည်း
ချစ်ခြင်း မှာ ၂၈ ခါလောက် သေပွဲဝင် ခဲ့ဘူးပါတယ်။
ဒါကြောင့် ရည်းစားများများ ထားပြီး
ချစ်ခြင်းကို သင်ယူပါ။
၂၈ ခါလောက် အသည်းကွဲ ဖူးရင်
အချစ် မှာ ဆရာမကြီး တစ်ဆူ ဖြစ်ပြီပေါ့ ကွယ်။
padonmar
April 19, 2014 at 10:30 pm
ကောင်းကင်ပြာလေးလောက်လှတဲ့သူမှာ သူချစ်ကိုယ်ချစ်ရဖို့ မခက်လောက်ပါဘူး၊
(အန်တီတို့လို ရုပ်ဆိုးကြီးတွေသာ…)
ဒါကြောင့် အန်တီကတော့ ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးပဲ။
(တကယ် မညာတမ်း စဉ်းစားကြည့်ပါကွယ်၊လူတိုင်း ဒီလိုချည်းပဲဖြစ်မှာပါ၊)
အချိန်က ကုစားပေးသွားမှာပါ။
ကောင်းကင်ပြာလေး နောက် ၃နှစ်လောက်ကြာလို့ ဂဇက်ကြီး အဟက်မခံရပဲ ရှိနေသေးရင် ဒီပို့စ်လေး ပြန်ဖတ်ကြည့်။
အမြင်တမျိုး ဖြစ်သွားမှာ ဧကန်။
ကေဇီ
April 19, 2014 at 10:58 pm
အသိပညာ အလှ နဲ့ စိတ်ထားး အလှ မှာ ကျုပ် အာတီဒုုံကိုု ဘူမှ မမှီပါဘူးတော်။
:chit:
အာတီဒုုံပြောသလိုုပဲ ညီမလေး အတွက် ရှားမှာမဟုုတ်ပါဘူးးး
ခုုကိုု အမ ကိုု လာမေးနေတဲ့ သူရှိတယ်။ကောင်းကင်ပြာ အကြောင်း သိချင်လိုု့ ဆိုုပြီးးး
😀
Kaung Kin Pyar
April 20, 2014 at 8:55 am
အကို အမတွေအားလုံးကို အရမ်း ကျေးဇူးတင် ပါတယ်။ ကောင်းကင်ပြာအတွက် တွေးပေးလို့ပါ။ ကောင်းကင်ပြာရဲ့ ရွာသားလေးကတော့ ခုထိ တုတ်တုတ်မလှုပ်သေးပါ။ လောလောဆယ်တော့ အရမ်း လွမ်းနေမိပါတယ်။
ဒါပေမယ့် ကိစ္စမရှိပါဘူး။
နှစ်သစ်မှာ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့။
မရောက်လာသေးပေမယ့် တစ်ခုတော့ ကြိုကာပါရစေ။ ကောင်းကင်ပြာတင်တဲ့ Post ဟာ ဦးကြောင်ကြီးနဲ့ လုံးဝ (လုံးဝ) မသက်ဆိုင်ကပါလို့ 😀
Kaung Kin Pyar
April 20, 2014 at 9:10 am
ပြီးတော့ အာတီဒုံ ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်ပြောတာကိုတော့ အပြင်းအထန် ကန့်ကွက်ချင်ပါတယ်နော်။ လူတိုင်းမှာ အလှကိုယ်စီ ရှိတယ်ဆိုရင် စိတ်ကောင်းရှိတဲ့သူတွေက အရောင်အဝါတမျိုးပိုထွက်နေမှာပါ။ စိတ်အလှက ရုပ်အလှထက် ပိုသာတာတော့ ကောင်းကင်ပြာ အလုပ်မှာ ကိုယ်တွေ့မို့ သေချာသိပါတယ်။ ကောင်းကင်ပြာလဲ အဲ့လို အရောင်အဝါလေးလင်းဖို့ ကြိုးစားနေတုန်းပါ။
မမကေဇီပြောတဲ့ ကောင်းကင်ပြာ ငယ်သေးလို့ဆိုတာအတွက်တော့ အရမ်း ပျော်မိပါတယ်။ တကယ်ပြောတာပါ။ကောင်းကင်ပြာအသက်က ၃ ဂဏန်းနား ကပ်နေပါပြီ။ မ Snow Smile ရဲ့ ကျွန်မဆိုက်ကားသမား ထဲကလို ပျော်စရာငယ်ဘဝကိုတော့ ပြန်ပြန် လွမ်းနေတယ်။
surmi
April 20, 2014 at 3:21 pm
ဒီပို့စ်ကိုစတက်လာကတည်းကဖတ်ပြီးဘာပြောရရင်ကောင်းမလဲလို့ စဉ်းစားနေမိတာ ……
တက်လာတဲ့ ကွန်မန့်တွေဖတ်ပြီး တစ်ခုခုတော့ဝင်ပြောချင်မိလို့ —
အချစ်ဆိုတာ ချစ်မိဆဲ ကာလမှာအတော်လေး ခံရခက်စေပါတယ် ။
ချစ်ခြင်းရဲ့နောက်ဆက်တွဲ အဖေါ်အပေါင်းတွေကလည်း သိုက်သိုက်ဝန်းဝန်း ပါလာတတ်တာဆိုတော့
တပျော်တပါးကြီးကို ပွဲစည်နေတတ်တာပေါ့ ။
အချစ်ကြောင့် လို့ဆိုနိုင်တဲ့
အလွမ်း
ပိုင်ဆိုင်လိုမှု
အောက်မေ့သတိယခြင်း
ခွင့်လွှတ်နားလည်ပေးခြင်း
မျှော်လင့်ခြင်း
ကြည်နူးပီတိ
စသည် … စသည် တွေပေါ့လေ ။
ဆိုတော့ …
လူတစ်ယောက်မွေးဖွါးလာပြီး အသက်ရှင်နေထိုင်စဉ်မှာ
အလွန်ရှုပ်ထွေးပြီး မလွဲမသွေ စိတ်ညစ်ညူးဖွယ်ရာတွေကြုံနေရတာပါ ။
ဒီကြားထဲ အချစ်ကြောင့် ထပ်ပြီး ခံစားနေရဦးမယ်ဆိုရင် ဘဝမှာ နေပျော်ဖို့အတော်ခက်တာပါပဲ ။
ဒါပေမယ့် မချစ်ဘဲလည်း မနေနိုင်မယ့်အတူတူ
စွန့်လွှတ်ဖို့ဆိုတာထက် ပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပြီး တိုက်ပွဲဝင်သင့်ရင် ဝင်ရမယ်ထင်တယ် ။
ဒါးတွေ လှံတွေကိုင်ပြီး စစ်တိုက်ခိုင်းတာမဟုတ်ဘူးနော် 🙂
ဆန္ဒသာတကယ်ပြင်းထန်ရင် အောင်မြင်နိုင်တယ်လို့ ဆိုချင်တာပါ ။
အရာအားလုံးအတွက်ပြောမယ်ဆိုရင် မနက်ဖန်အတွက်
ဒီကနေ့ ဖြစ်နေဖို့လိုပါမယ် ။
ကျုပ်ရဲ့ ဆောင်ပုဒ်ကတော့
” တကယ်ဖြစ်ချင် တကယ်လုပ် ၊ အဟုတ်ဖြစ်ရမည် ” တဲ့
မောင်အံစာကိုလည်းကျုပ်တို့ ဒီလိုဘဲ မြှောက်ပေးလိုက်တာ ဟေး ဟေး (နောက်တာပါ)
အတည်ပြောရ ရင်တော့ မိန်းမသားဖြစ်နေလို့ အတင်းမြှောက်ထိုးပင့်ကော် အဲလေ မှားလို့ 🙂
အတင်း တိုက်တွန်းလို့မသင့်ပေဘူး ။
သားသမီးချင်းမစာရာရောက်နေမလားပေါ့လေ ။
တကယ်လို့သာ ယောက်ကျားလေးဆိုရင်တော့ …
an eye for an eye ဆိုသလိုဘဲ
နှလုံးသားတစ်ခုအတွက် အချစ်တစ်ခု ဆိုပြီး ရဲဘော် ဆက်လုပ်ပေါ့လေ ။
တစ်ခုရှိနေပြန်တာက အချိန်နဲ့ ဒီရေဟာ မစောင့်ဘူးတဲ့
လူဘဝဆိုတာ ရခဲတယ် တဲ့
လူ့သက်တန်းကလည်း တိုတိုလေးတဲ့
တရားကိုချစ် ၊ ဒါးကိုပစ်၍ ၊ စစ်ကိုငါတို့ မုန်းပါသည် …… လို့ဆိုပေမယ့်
အချစ်အတွက် စစ်ဖြစ်သင့် ရင်လည်း ဖြစ်ရမယ် ဆိုလား ……
ကဲ ကဲ လူကြီးတန်မဲ့ဒါတွေပြောနေမိတာလည်း မကောင်းပါဘူးလေ
do or die လို့တော့ တစ်ချို့လူတွေပြောနေကြတာပါပဲ ။
ကျုပ်သဘောကို ပြောရ ရင်တော့ ………
.
.
.
.
.
.
.
.
.
.
.
တနေ့ကျမှပို့စ်တင်ပြီးပြောတော့မယ်
ကေဇီ
April 20, 2014 at 3:26 pm
So…………………,

Just do it… ,do it…!
Just do it…, do it..
ကိုပေါက်(မန္တလေး)
April 20, 2014 at 5:11 pm
ချစ် ခြင်း မှာ
လျောကျ
ပြော ပြ ရ မယ် ဆို ရင်
လော က မှာ သတ် မှတ ်ထား သ မျှ ပေ တံ အား လုံး
ချစ် ခြင်း မှာ အရှုံး ပေး ကြ ရ ပ ါတယ်
အဲ တော့
ဆက် ချ စ် ဆက် ချစ် ဆက် ချစ်
ဦးကြောင်ကြီး
April 21, 2014 at 8:01 am
ကင်းကောင်ပြာလေးရယ်.. ဂဇက်ထဲမှာ ကြောင်ရှိလျက် တရွာသား ရည်းဂျားထားဒေါ့ ခံပေါ့.. အသနားဗူး..။ ဘီလူးမကင်းကောင် မှတ်ပလားကွ..
Kaung Kin Pyar
April 21, 2014 at 8:17 am
တစိရွာသားမဟုတ်ပါဘူး။ ဒီရွာသားထဲကပါပဲ။ ဒါကြောင့် တစ်ရာနဲ့သာ ဖြေပါဒေါ့။
သွားလေဒေါ့ သွားလေဒေါ့ ဦးကြောင်…
မဟာရာဇာ အံစာတုံး
April 21, 2014 at 8:37 am
ဒီရွာဒါး ဆိုဒေါ့ ..
ဟိုလေ .. ဟို .. ဟို .. သားဂို ပေါဒါလားငင်င်င် …
လဂါး နောက်ဒါ …
အပေါ်က ဘိုးဒေါ်ဂျီးဒွေ ပြောတာကို ဖတ်ဗျ ..

သူရို့က အတွေ့အကြုံရင့် ဝါရင့်သဘာရင့်ဂျီးတွေ …
ကေဇီ
April 21, 2014 at 9:36 am
ငင့်!!
ဒီ ရွာသားးးး??
တကယ်ကြီးလား??
ဘယ်ဒူတုန်းးးး??
အာ့များ ဟို အေးဂျင့်ကို ချဉ်းကပ်လေ။
စီအိုင်ဒီ ကျောက် ကို မေးမလားး
စနိုဒန် ဇီ ကို မေးမလားးး
ဒီ ရွာသူ ရွာသား တွေ အကြောင်း မသိတာ မရှိ။
အဟွတ်။
:kwi:
Kaung Kin Pyar
April 21, 2014 at 11:20 am
ဟီးးး လုပ်ပါနဲ့။ ရွာထဲ ပွ သွားပါ့မယ်။ ဒီကိတ်စက သိုသို သိပ်သိပ်ပဲ ကောင်းပါတယ်။
မေးမှ မေး မကေဇီက ပိုတောင် ဆင်ပြေသေးတယ်။ 😛
Wow
April 22, 2014 at 9:13 am
တိုင်းရင်းသား တစ်ယောက်များလား သတင်းသဲ့သဲ့ကြားသလို… :kwi:
ကေဇီ
April 22, 2014 at 9:17 am
မဟုတ်ဘူးးး
မဟုတ်ဘူးးးး
စနိုဒန် ဇီ ကို ငြိမ်ငြိမ် မနေစေချင်ဘူးလားကွ ဟေ??
:boss:
:kwi:
sorrow
April 23, 2014 at 4:28 pm
ကချင်တွေမဟုတ်..ကချင်တွေမဟုတ်….အဟိဟိ
surmi
April 22, 2014 at 9:48 am
အော် ဒီရွာကဘဲလား ,?
ဒါဆိုရင် ဒီရွာထဲက ရွာသူားတွေရဲ့ နှလုံးသားရေးရာကိုအကျိုးဆောင်ပေးတဲ့
အဖွဲ့ကြီးတစ်ခုရှိတယ်ဆိုပဲ ။
အလကားမတ်တင်းနဲ့ လိုအပ်ရင်ထမင်းပါကျွေးပြီး ဆောင်ရွက်ပေးသတဲ့ ။
ထမင်းလည်းကျွေးတယ်
နင်းလည်းပေးတယ်
ကံစမ်းမဲလည်း ပေးသတဲ့ဗျာ …
မေဂျာဂျန်နရယ်ကျောက်စ် ဦးဆောင်ပြီး
ကွန်မန်ဒါကေဇီနဲ့ အဖွဲ့က အထူးစစ်ဆင်ရေးများ ဆင်နွဲပေးနေပါသတဲ့ …
ဦးကျောက်ခဲရေးဘူးတဲ့ ဝါသနာဘာဂီ ဆိုတဲ့ ပို့စ်လေး ပြန်ဖတ်ကြည့်ပါနော ။
ဘေးလိုင်းပေါ်ကိုပြန်တင်ပေးလိုက်ပါ့မယ် ။
ကေဇီ
April 22, 2014 at 10:39 am
ငင့်။
သများ ရီတိုင်းယား သွားပြီ။
ဟို ပင်စင်ယူပြီ ဆိုတဲ့ ယောက်ခမ နောက်လိုက်သွားပြီ။
😀
အဲတော့ သတင်း ရောင်း သတင်းဝယ်ပဲလုပ်တော့တယ်။
:mrgreenn:
surmi
April 22, 2014 at 9:53 am
http://myanmargazette.net/?p=182444
ကဲ အဲဒီလင့်ကိုသာဝင်ဖတ်ကြည့်ဗျား
အေးဂျင့်တွေဘယ်လောက်စွမ်းသလဲသိရမယ် 🙂
မဟာရာဇာ အံစာတုံး
April 22, 2014 at 12:21 pm
အေးဂျင့်တွေ စွမ်းကြောင်းကို …

ဟောဒီကောင်ကြီးကပါ ထပ်လောင်းပြီး
ရဲရဲကြီး အာမခံသွားဘာဒယ် ခညာ …
kyeemite
April 22, 2014 at 3:21 pm
သူ ပျော်နေတာကိုမြင် တွေ ့ရတဲ့ခဏကစပြီး သူစိတ်
ချမ်းသာရင် ငါ လည်း ပျော် နိုင် ရမှာပေါ့ ဆိုတဲ့အ တွေး ဝင် လာပြန်တယ်
အမှန်တကယ်ချစ်တတ်သွားတာပဲနော်…အားမငယ်ပါနဲ့…ကောင်းကင်ပြာရယ်..
ပျော်စရာအချစ်တွေလာအုံးမှာပါ
အပေါ်မှာ အဘဖေါ ပြောသလို..
“ကျန်တာတွေတော့ အဘ သိဘူးရယ် ။
အချစ် ဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ ၊
တစ်ခါ မက ( တစ်ခါ မက ) ဖြစ်ပေါ်နိုင်တယ် ၊
ဆိုတာကတော့ သေချာတယ် ။”တဲ့..
အဲဒါကို ကြီးမိုက်လည်းထောက်ခံတယ်(ကိုယ်တွေ့မို့…ခိခိ) 😀
kai
April 22, 2014 at 4:05 pm
ချစ်ရင်.. ရအောင်ယူဟေ့..
ရတဲ့နေ့လက်ဖွဲ့ပို့ပေးမယ်..
Myo Thant
April 25, 2014 at 4:05 pm
အချစ် နဲ့ စစ်မှာ မတရားတာ မရှိဘူး ဆိုတဲ့စကား ကြားဘူးတယ် ၊
ဒါပေမယ့် မချစ်သင့်သူကိုတော့ လက်ရှောင်မှ အကျသက်သာမှာပါ၊
( ကျွန်မ ချစ်တတ်သွားအောင် သူသင်ပေးခဲ့တာလေးတစ်ခုနဲ့တင်…
ကျွန်မ သူ့ကို သိပ်ကျေးဇူးတင်တာပဲ………။… )
အဲဒါလေးနဲ့ပဲ ရပ်လိုက်ပါ ၊
အချစ်ဆိုတာ တစ်ချို့အတွက် အသက်ရှည်ဆေး ၊ တစ်ချို့အတွက်တော့ သောကဘေးပါကွယ် ၊
Wow
April 25, 2014 at 4:23 pm
ကတောက်စ် စစ်တိုက်နေဒဲ့ ကချင်ဒွေမှ အားမနာ
Myo Thant
April 25, 2014 at 4:29 pm
အနော်က စစ်မတိုက်တတ်တဲ့ အချစ်ကြိုက်သမားပါဂျာ ၊ 🙂
Myo Thant
April 25, 2014 at 4:30 pm
အနော်က စစ်မတိုက်တတ်တဲ့ အချစ်ကြိုက်ငတ်သမားပါဂျာ ၊ 🙂
sorrow
April 28, 2014 at 12:27 pm
ဒက် ဒက် ဒက်ဒက် …သေနတ်ဝင်ပစ်ပြတာ…အဟိဟိ …..ပုံ ..ကချင်နုထွားကြီး
Kaung Kin Pyar
April 25, 2014 at 8:06 pm
အားလုံး ပြီးသွားပါပြီ။
Myo Thant
April 26, 2014 at 10:44 am
အွန်
အဲလိုကြီး ဇွတ်ဘရိတ်မအုပ်လိုက်နဲ့လေ ၊
စ တုန်းက သူပဲ စ ပြီး ၊
အင်းးးးး ဒီအမှုကို စီအိုင်ဒီ ပို့မယ် ၊
တစ်ပတ်အတွင်း ပေါ်စေရမယ် ၊ 🙂
လုံမလေးမွန်မွန်
April 26, 2014 at 12:53 pm
အယ်.. ခုမှ ဖတ်မိတယ်..
စိတ်ထဲ မကောင်းလိုက်တာ.. 🙁
ကိုယ်တွေ့ကို ပြောရမယ့်ဆိုရင် သများလည်း အဲ့လို ဖြစ်ဖူးပါတယ်.. ဖြစ်တာမှ ၂ ခါတောင်..
ရေခဲတုံးကြီး ၂ တုံးပေါ့..
သင်ခန်းစာ ရသွားတာကတော့ သကောင့်သားတွေ ကိုယ့်အပေါ် ရေခဲတုံးနေပြီဆိုရင် ကိုယ့်ကို ရင်မခုန်လို့သာ မှတ်လိုက်တော့… တကယ်ချစ်ရင် ရေခဲတုံးတွေ အရည်ပျော်လာလိမ့်မယ်.. သူတို့ သူများအပေါ် ပျော်သွားတာလည်း ကိုယ်တွေ့..
ခုတော့ ကိုယ်က ရေခဲတုံး တစ်လှည့်ပြန်ဖြစ်လို့.. ကိုယ့်အပေါ် ဝုန်းကနဲပြုတ်ကျလာတဲ့ အံစာတုံးလေးကိုပဲ အမြတ်တနိုးလေး သိမ်းထားတော့တယ်.. ဟိ..
Kaung Kin Pyar
April 28, 2014 at 11:49 am
ဟား ဟားးး ဒီအမှုကို စီအိုင်ဒီတော့ မအပ်ပါနဲ့ အူးမျိုးရယ်…။ Chat Box ကနေ ဖြောင့်ချက်ပေးပါ့မယ်..။
မမွန်ကိုလဲ ကျေးဇူးတင်ပါတယ်…။ အရင် ရေခဲတုံး ၂ ယောက်က မမွန်အတွက် ကံဖယ်သွားတာ ဖြစ်မှာပါ..။ ကိုအံစာတုံးကြီးက မမွန်ကို တော်တော်ချစ်ပုံရလို့ မမွန်ကံကောင်းမှာပါနော်…။ မင်္ဂလာဆောင်ရက်ရွေးထားတာ သတင်းကြားဒယ်နော်..။ လက်ဖွဲ့ကြီးကြီးဖွဲ့ချင်လို့ လက်ဖွဲ့ဖိုး ကြိုစုထားလိုက်မယ်..။ 😀
သားလေးမွေးရင် ယောက္ခမတော်မယ်..။
Myo Thant
April 28, 2014 at 2:27 pm
ကဲ တစ်ရက်တောင် မကြာဘူး ၊
ဖြောင့်ချက်ကတော့ ရပါပြီခင်ဗျ ာ ၊
သိလိုသူများ ၁၈၇၆ ကို မေးကြပါလော့ ၊ 🙂
Kaung Kin Pyar
April 28, 2014 at 3:38 pm
အာာ အူးမျိုး မဖွဘူးပြောထားတာလေ…။
etone
April 30, 2014 at 12:20 pm
ရွာထဲ အေးဆေးမပတ်နိုင်တာ ကြာပီ …. ။
ဒီပို့စ် ဟော့ဒ်ဖစ်နေဒယ် လို့ လူပြောများလို့ပြေးပြီးလာဖတ်တာ ….. ။ စိတ်ပူတာလည်း ပါတာပေါ့ … ဟီး ။
ဖလား ဖလား ….. သများ ချစ်ချစ် …. ညက်မှန်ရီးနဲ့ အမြဲ ရယ်နေတတ်တဲ့ လူရီး မဖစ်ပါဇီနဲ့ …. ခိခိ …. ။