Day 1/ Describe your personality
မွန်လေး ရက်၃၀ challenge လေးလုပ်ထားလို့ပါ
အခု day 1 က describe your personality တဲ့။
ကိုယ့် ကိုယ်ရည်ကိုယ်သွေးအကြောင်းကို စပြောရမှာဆိုတော့ အကောင်းကနေစပြောမယ်နော်။ မွန်လေး ဘာပဲလုပ်လုပ် လုပ်ချင်ပြီဆို ဇွဲရှိရှိနဲ့လုပ်တတ်တယ်။ မပျင်းဘူး။ မခိုဘူး။ ရည်မှန်းချက် ကြီးတယ်။ လုပ်ပြီဆိုရအောင်လုပ်တာ။ မလုပ်ရင်လည်းမလုပ်ဘူး။ တခါတလေလောဘကြီးတတ်လို့ ရောင့်ရဲတင်းတိမ်ဖို့ ကိုယ့်ကိုယ်ကို ကြိုးစားရတယ်။
စိတ်ထားကောင်းထားတယ်။ စိတ်ပုတ်၊ စိတ်ယုတ်မရှိဘူး။ ကိုယ်လည်းမတရားမလုပ်ဘူး။ ကိုယ့်ကိုမတရားလုပ်ရင်လည်းမခံဘူး။ မဟုတ်မခံ ပြန်ပြောတတ်တယ်။ စွာတယ်။ မျှမျှတတနဲ့ သမာသမတ်ကျတာပဲကြိုက်တယ်။ ကိုယ့်အပေါ်မကောင်းလုပ်ရင် ကပ်ကပ်လန်အောင်ပြန်အော်တတ်တဲ့ အကျင့်ဆိုးတစ်ခုရှိတယ်။
အအိပ်မက်တယ်။ အစားမက်တယ်။ ခရီးသွားရတာကြိုက်တယ်။ လူတစ်ယောက်က ကိုယ့်ကို မခင်ခင် ကိုယ်ကစပြီးခင်တတ်တယ်။ သူကကိုယ့်ကိုပြန်မခင်လို့ကတော့ နောင်ခင်ဖို့ မွန်လေးမှာ ဆန္ဒမရှိ။
ဒါပါပဲ။
#day1challenge #30dayschallenge

