Kaung Kin PyarMarch 14, 20181min3112
ကိုယ်အခုတလော စိတ်ဝင်စားလာတဲ့အကြောင်းအရာထဲမှာ Personal Space ဆိုတာက ထိပ်ဆုံးကပဲ…။ မြန်မာနဲ့ အရှေ့ပိုင်းနိုင်ငံတွေမှာတော့ အားနာတတ်တာကြောင့်ရော၊ ပုံမှန်လိုဖြစ်နေတာကြောင့်ပါ ဒီကိစ္စကို သိပ်အရေးတယူမရှိတာများတယ်…။ ဒါပေမယ့် သူသူကိုယ်ကိုယ်ရဲ့ အတွင်းစိတ်ထဲမှာတော့ ကိုယ် ကိုယ်တိုင်သတ်မှတ်ထားတဲ့ အဝန်းအဝိုင်းတစ်ခုအတွင်းထိ ချည်းနင်းဝင်ရောက်လာရင် နေမထိထိုင်မသာ ဖြစ်တတ်တဲ့၊ မသိုးမသန့်ဖြစ်တတ်တဲ့ စိတ်တစ်မျိုးရှိကြတယ်…။ ဒါက တစ်ခါတစ်လေ အချိန်နဲ့နေရာပေါ်လဲ မူတည်သေးတယ်..။ (ဥပမာ.. ထမင်းစားလက်စမှာ ဧည့်သည်ရုတ်တရက်ရောက်လာရင် ပုံမှန်အတိုင်း ဆက်မစားနိုင်တော့ပဲ နည်းနည်းရှိုးတို့ရှန့်တန့်ဖြစ်သွားတဲ့ ခံစားမှုလိုမျိုးပဲ.) ကိုယ်ဆို ကိုယ်ငယ်ငယ်ကတည်းက သတ်မှတ်ထားတဲ့ လူ၂မျိုးပဲ ရှိတယ်၊ ကိုယ်ခင်တဲ့သူရယ်၊ ကိုယ်မခင်တဲ့သူရယ်.. (အပြင်ပန်းက မေးထူးခေါ်ပြောရှိပေမယ့် စိတ်ထဲက နှစ်နှစ်ကာကာတကယ်ခင်မခင်ဆိုတာ ရှိသေးတယ်လေ..) အိမ်မှာဆို ကိုယ့် Personal Space က ကိုယ့်အိပ်ယာပဲ…။ ဘယ်လောက်ခင်တဲ့သူငယ်ချင်းမ ဖြစ်စေ..၊ ကိုယ့်အိပ်ယာပေါ် […]


Kaung Kin PyarDecember 7, 20171min2021
လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က မှတ်သားဖွယ်စကားကြီးတစ်ခွန်းကြားခဲ့ပြီးနောက်ပိုင်း အဲ့ဒီစကားကို ခုချိန်ထိ မမေ့နိုင်ဘူး…။ မနောက်ပါဘူး၊ အတည်ပြောတာ…။ အဲ့ဒီစကားက ဘာမှလဲ မထူးဆန်းသလို ကြားနေကျလို့တောင် ပြောလို့ရတဲ့ စကားပါ…။ သတိရစရာအကြောင်းကလဲ နေ့တိုင်းတိုက်ဆိုင်နေတော့ နေ့တိုင်းနီးပါ ဒီစကားကို သတိရရနေတယ်ရော.. တခါက အလုပ်မှာ နေ့လည်ထမင်းစားချိန် အတူဝိုုင်းဖွဲ့စားကြရင်း အရင်စောပြီးသွားတဲ့ အမတစ်ယောက်က သူ့ထမင်းချိုင့်ကို ဘေစင်မှာ ဆေးပါတယ်…။ သူက ရေဘားကို အဆုံးထိဖွင့်ပြီး သူ့ထမင်းချိုင့်ကဆပ်ပြာတွေကို ဆေးချနေတဲ့အချိန်ပေါ့…။ အဲ့အချိန် ရုံးကသူဌေးမ ထမင်းစားခန်းကနေ အပြင်ကိုထွက်ဖို့ ဖြတ်တယ်…။ သူဒီလိုဆေးနေတာကို မြင်တော့…စကားတစ်ခွန်းလှမ်းပြောတယ်…။ “ရေကို တစ်ဝက်ပဲဖွင့်ပါ” တဲ့ ကုမ္ပဏီက သစ်ကုမ္ပဏီဆိုတော့ အဲ့ဒီအချိန်တုန်းကတော့ အမြတ်အစွန်းတော်တော်လေးရနေတာပေါ့…။ ပြီးတော့ ကုမ္ပဏီခွဲတွေ အများကြီးအပြင်ကို နိုင်ငံခြားမှာပါ ကုမ္ပဏီတွေ ဖွင့်ထားနိုင်တဲ့အနေအထားရှိတဲ့သူတွေပါ..။ လွိုင်ကော်မှာ လက်ဖက်ရည်ဆိုင်သေးသေးလေးကနေ […]


Kaung Kin PyarJune 27, 20171min70323
ဒီအချိန်ဆို ပေသီး ဒီခြံကြီးနောက်နား အမြဲ ရစ်သီရစ်သီလုပ်တတ်သည်…။ တခြားကြောင့်တော့ မဟုတ်…။ ဒီလိုအချိန်ဆိုလျှင် ဒီခြံက ခြံကြီးရှင်မိသားစုက နှပ်ကော်ဖီဆိုလား…သောက်တတ်သောကြောင့် ထိုနှပ်ကော်ဖီအနံ့ကိ ပေသီးကြိုက်သဖြင့်.. ဒီလိုမနက်စောစောအချိန်ရောက်လျှင် ကော်ဖီနံ့ရှုဖို့ ပေသီးဒီခြံကြီးနောက် အမြဲရောက်သည်။  ထိုအနံ့ဘယ်လောက်မွှေးကြောင်း အမြဲပြောလွန်းသဖြင့် လမ်းထိပ်လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးလုပ်နေသော ပေသီးသူငယ်ချင်း မောင်ထိန်က သူတို့ဆိုင်တွင် လာသောက်သွားသော ကာစတန်မာတစ်ယောက်ရဲ့ ကော်ဖီအကျန်ကို ပေသီးသောက်ဖို့ ချန်ထားသောကြောင့် ကော်ဖီဆိုသည်ကို တစ်ခါ သောက်ခဲ့ဖူးသည်…။ ဒါပေမယ့်… ထို 3 in 1 ဆိုသောကော်ဖီသည် ပေသီးကြိုက်သော ကော်ဖီနံ့မဟုတ်..။ အရသာကလဲ ပေသီးကော်ဖီလောက် ကောင်းမည်မဟုတ်။ ထိုကြောင့် မောင်ထိန်တိုက်သောကော်ဖီကို ပေသီးမကြိုက်…။ ပေသီးကြိုက်တတ်တဲ့အနံ့တွေကလဲ ထူးဆန်းသည်…။ တခြားသူတွေပြောတဲ့ ပြင်သစ်ရေမွှေးဆိုလား၊ ချာလီဆိုလား… ဒီလိုအနံ့မျိုးတွေ..ပေသီး မကြိုက်။ ပန်းတွေဆီကရတဲ့အနံ့တွေလဲ ပေသီးမကြိုက်တတ်။ […]


Kaung Kin PyarMarch 6, 20172min80622
ဟိုတစ်ရက်က Labour Law နဲ့ ပတ်သတ်တဲ့ One Day Training လေးတစ်ခုသွားတက်ပြီး စာအုပ်ပြန်လှန်ဖြစ်တော့ ရွာကိုလဲ သတိရသွားတာနဲ့ နည်းနည်းလောက်ပွားပါရစေ.. Updated ဖြစ်တဲ့ Myanmar Labour Law နဲ့ ပတ်သက်တာလေးပါ.. စဆရက လုပ်ခြင်းမဟုတ်ပါ။ သိပြီးသားသူတွေရှိပေမယ့်.. မသိသေးသူတွေ၊ Update ဖြစ်တဲ့ Information မရသေးသူတွေအတွက် ရည်ရွယ်ပါတယ်….။ (ဒီနေရာမှာ Myanmar Labour Law ပေမယ့် ပြည်ပကလူတွေကိုလဲ အဲ့ဘက်အခြမ်းအနေအထားတွေကို ကောင်းကင်ပြာအတွက်ရော တခြားဖတ်သူတွေအတွက်ပါ Knowledge Sharing အနေနဲ့ ဝင်ဆွေးနွေးစေချင်ပါတယ်….) ပြောချင်တဲ့ခေါင်းစဉ်တွေက… The Employment and Skill Development Law (2013) The Minimum Wages Law (2013) […]


Kaung Kin PyarFebruary 21, 20171min31420
ဒီကိစ္စလဲ ပြောချင်နေတာ ကြာပြီ… ကိုယ်တိုင်က အတိုဝတ်နေလို့ ချဲလန့်ဂျ်ချင်တာတော့ မဟုတ်…၊ မဝတ်တာကလဲ သိပ်လိမ္မာယဉ်ကျေး မြန်မာမှုချစ်မြတ်နိုးလှလို့ရယ်တော့ မဟုတ်ဘူးရယ်…။ ကိုယ့်ခြေထောက်မလှတာ ကိုယ်သိနေလို့ ဝတ်ချင်သော်လဲ အောင့်နေတာမျိုး… :k: ဒါပေမယ့်လဲ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ဒီကိစ္စကို မျက်စိစပါးမွှေးစူးနေတာ ကြာပြီ…   Website တစ်ခုမယ် ဒီကိစ္စနဲ့ပတ်သက်ပြီး ရေးထားတာဖတ်ရင်း… ကိုယ့်ခံစားချက်နဲ့လဲ တိုက်ဆိုင်တာမို့…ရင်လာဖွင့်တာပါ… သူ့ပိုစ့်ကိုဖတ်ရင်း ဖဘက ပုံတစ်ခုကိုမြင်ယောင်ပြီး ပြုံးမိသေးတယ်…။ မျက်လုံးသာဖော်ပြီး (ဒူကာခေါ်မလား..မပြုံးတော့ ပိုသိလိမ့်မယ်) ခြုံထားတဲ့ ကုလားမကို ဆိုင်ကယ်ပေါ်ကနေ အဲ့အမျိုးသမီးရဲ့ အနောက်အလယ်ပိုင်းကို စူးစိုက်ကြည့်နေတဲ့ ယောကျာင်္း၃ယောက်ပုံရယ်… ပေါင်ရင်းလောက်အတို စကဒ်နဲ့ လည်ဟိုက်အကျင်္ီဝတ်ထားပေမယ့်လဲ ကိုယ့်လမ်းကိုယ်သွားနေကြတဲ့ အနောက်နိုင်ငံက ပုံတစ်ခုရယ်.. ယှဉ်ပြထားတာ..   ဟုတ်ပါတယ်… ခုမှ ဒီမှာကိုရီးယားယဉ်ကျေးမှု ဖွံ့ဖြိုးလာလေတော့ […]


Kaung Kin PyarApril 1, 20161min25713
ဒေါ်ရင်စိမ်းး ဟေ့…… ဆိုရင်… တစ်လမ်းလုံး ကလေးက အစ ခွေးအဆုံး သိတယ်…   လမ်းတကာလည်နေတဲ့ ဆိုက်ကားသမားတွေဆိုတာ ဒေါ်ရင်စိမ်းရဲ့ စပိုင်တွေပေါ့…. (လိုအပ်ရင် သူတို့က စုံထောက်လဲ လုပ်တယ်..)။ ဆိုက်ကားသမားတစ်ယောက်ယောက်နဲ့များ ဒေါ်ရင်စိမ်း တိုးတိုးတိတ်တိတ် စကားပြောနေပြီဟေ့ဆိုရင် သေချာပြီ… ဗေဒင်မမေးနဲ့….။ အဲ့ဒီတစ်ရက်နှစ်ရက်အတွင်းမှာ.. ကောင်လေးတစ်ယောက်ယောက်၊ ကောင်မလေး တစ်ယောက်ယောက်တော့ မျက်ရည် ဘူးသီးလုံးလောက် ကျတော့မယ်….။ လမ်းထဲမှာ.. သူ့ယောကျာင်္းဆရာဝန်ကို ဒေါက်တာဘယ်သူ့ဆေးခန်းလို့ မေးရင် မသိကောင်းမသိ ရှိမယ်….၊ ဒေါ်ရင်စိမ်းယောကျာင်္းလေလို့ ပြောလိုက်ရင်တော့ အဲ့ဒီ ဆေးခန်း တန်းကနဲရောက်တယ်… ၂ထပ်တိုက် ၃ထပ်တိုက်တွေ တလုံးပြီး တလုံးဆောက်ပြီး … ခုံဖိနပ်စုတ်နဲ့ တလမ်းလုံးလျှောက်သွားနေတာ…။ နိုင်ငံရေးက ဘယ်လို၊ ကုန်ဈေးနှုန်းက ဘယ်လို…ပညာရေး စီးပွားရေးက ဘယ်ဝှာ.. ကြုံရင်ကြုံသလို…(မကြုံလဲ […]


Kaung Kin PyarJanuary 7, 20161min15810
မမဂျီး မကောင်းပါ… သများရဲ့ အတိတ်ကအရိပ်တွေကို လက်ဖက်ရည်ပိုစ့်တစ်ခု ဖဘမယ်တင်ပြီး ဆွတယ်…။ :byee: လမ်းမီးတိုုင်မလင်းတလင်းအောက်မှာ သစ်သားခုံပုလေးတွေနဲ့ ထိုင်ပြီး လက်ဖက်ရည်သောက်ခဲ့ရတဲ့ ကလေးမြို့ညတွေကို အတော်လွမ်းသွားပြီ..။   လက်ဖက်ရည်ဆိုင်ရယ်လို့ စ သိတာ အမချော နှစ်ယောက်က စ ပါတယ်.. (ဝမ်းကွဲတွေပါ..)။ သူရို့ နှစ်ယောက်က အတော်လေး ချောကြလှကြတယ်.. ကိုယ့်အမတွေမို့ ကိုယ်ညွှန်းတာမဟုတ်..၊ တော်ရုံမိ်န်းမလောက် ကျမ လှတယ်ကို မထင်တာ…။ ဒီအမ နှစ်ယောက်ကတော့ တစ်ယောက်က အရပ်ရှည်ပြီး ညိုချောချောတာ.. (မော်ဒယ်တောင် လုပ်ခဲ့သေးတယ်..) သူ ကျူရှင်ကအပြန် စာအုပ်လေးလက်မှာပိုက်ပြီး ကြောင်လျှောက်ဒီဇိုင်းနဲ့ လျှောက်တဲ့ပုံစံ ခုချိန်ထိ ကျမ မတတ်ခဲ့…။ တစ်ယောက်ကတော့ အသားဖြူဖွေးနေပြီး.. ခန္ဓာကိုယ် လှတာ… Like a Sagaing […]


Kaung Kin PyarJanuary 5, 20161min23018
၂၀၁၅ ကို ပြန်ကြည့်ရင် နိုင်ငံရေးအနေနဲ့တော့ အပြောင်းအလဲအများကြီးဖြစ်သွားတယ်…. ကိုယ့်တစ်ယောက်စာအတွက် ပြန်ကြည့်ရင်လဲ အပြောင်းအလဲ အများကြီးဖြစ်သွားခဲ့တာပဲ…။ မျှော်လင့်မထားတာတွေ ရခဲ့သလို မျှော်လင့်ထားတာတွေလဲ ဆုံးရှုံးခဲ့ဖူးတယ်…။ စိတ်မကောင်းစရာတစ်ခုက ခုချိန် ကိုယ့်လက်ထဲ ဘာတစ်ခုများ စိတ်ချမ်းသာစရာ၊ ပိုကောင်းလာတာ ကျန်ခဲ့သလဲလို့ လက်ဝါးဖြန့်ကြည့်ရင် ဘာမှ ရှိမနေတော့တာပဲ… (၂၀၁၆ တော့ ဒီလိုမဖြစ်အောင် နေမှ.. 🙂 ) ၂၀၁၅ သံဓိဌာန်ထဲက တချို့တဝက်ကိုတော့ အားရဝမ်းသာ ဆောင်ရွက်ခဲ့ဖူးတယ်…။ မိသားစုအတွက် အချိန်ပေးတာမျိုးတို့ ခရီးတိုလေးတွေ ထွက်တာမျိုးတို့..၊ ကိုယ်မစားဖူးတဲ့အစားအသောက်တွေကို မြည်းစမ်းစားကြည့်တာမျိုးတို့.. ၂၀၁၆ အတွက် ပြန်ပြင်သင့်တဲ့အချက်တွေ ဆိုတာကိုများ ဆွဲထုတ်လိုက်မယ်ဆိုရင်… မနိုင်မနော ထွက်လာတော့မှာပဲ…။ စိတ်ပါလက်ပါရှိရင်များ သိပ်အရေးမပါတဲ့ကိစ္စမျိုးတွေကိုလဲ အားတက်သရော တက်ကြွနေသလောက် စိတ်မပါဘူးဆိုတဲ့အချိန် ဘယ်လောက်အရေးကြီးကြီး ဟိုအချိန်ရွှေ့ဒီအချိန်ရွှေ့ ဟိုနေ့ရွှေ့ဒီနေရွှေ့နဲ့… […]


Kaung Kin PyarNovember 18, 20151min28714
#ဒုတိယဘဝ# Facebook တဲ့.. လူတွေရဲ့ အိပ်ချိန်တွေကို ခွစီး.. အိပ်ရေးမဝတဲ့ မနက်ခင်းတွေနဲ့ သူ နိုးထ စေခဲ့တာ Facebook တဲ့.. ကမ္ဘာကြီးကို ထိုင်ရာကမထ ပတ်ကြည့်ချင်ကြတာနဲ့ပဲ ဘေးနားက လူတွေအချင်းချင်းတောင် ဝေးကွာ.. ချစ်ခြင်းမေတ္တာတွေကို ခမ်းခြောက်စေခဲ့တာပေါ့.. Facebook တဲ့.. တချို့က သတင်းတွေယူဖို့အတွက်.. သုံး.. ၃ပုံ ၂ပုံလောက်က ကောလဟာလ အားလုံးကိုပုံ ယုံပလိုက်ဖို့ သင်ရော..စိတ်ချပါသလား…??? Facebook တဲ့.. တချို့က ပုံလှလှတွေတင် Photowonder တွေ, Beauty Plus ကြားမှာ ခမ်းနားလှပနေလိုက်ကြတာများ… Facebook တဲ့… တချို့က စိတ်ဖေါက်ခွဲဖို့နေရာလို သဘောထားကြ.. ဘယ်လိုဘာတွေပဲရေးရေး ကိုယ့်အိမ် ကိုယ့်အခန်းလောက်တော့.. မပွင့်လင်းနိုင်ကြဘူးမဟုတ်လား…??? Facebook တဲ့.. တချို့စာသားတွေကြောင့် ပျော်.. […]


Kaung Kin PyarNovember 2, 20151min44829
သီတင်းကျွတ်ပြီဆိုတော့ ဂါရတာတွေ များပါတယ်…..။ တချို့အဂါမတတ်လို့…စေတနာက ဝေဒနာဖြစ်ကုန်ရော့…။ အဖေ့သူငယ်ချင်းတစ်ယောက်နှယ်.. သူ့လူကြီးကို ဆရာတော်ဦးဇောတိကရဲ့ “အရှုပ်ထဲမှာ ရှင်းအောင်နေ” ဆိုတဲ့စာအုပ်လေး ဖတ်ကောင်းလို့ ဂါတဲ့ထဲထည့် သွားကန်တော့မိတာ.. သူ့စော်ကားတာလားဆိုပြီး အဲ့ဒီစာအုပ်နဲ့ ကောက်ပေါက်ခြင်းခံရပါရော့…   ၁။ ဂါရဝအမှားတွေ လူပုံအလယ်မှာချီးကျူးခံရတာနှစ်သက်သူကို တိုးတိုးတိတ်တိတ်အသိအမှတ်ပြုရင် သူ့ရဲ့စွမ်းဆောင်ချက်ကပဲ မထိုက်တန်လို့လားလို့ သံသယဝင်တတ်ပါတယ်။ တစ်ခါ ကားငှားစီးတုန်းက Taxi မောင်းသူက အရင်ကုမ္ပဏီကြီးတစ်ခုမယ် ၈နှစ်လုပ်ခဲ့ပြီး ကားမောင်းသူအဆင့်က လက်ထောက်မန်နေဂျာထိ ရောက်ခဲ့တာပြောပြတယ်..။ သူတော်လေတော့ သူ့လူကြီး ဗလချိုက်က မထွက်စေချင်တာနဲ့ပဲ မုန့်ဖိုးသဘောမျိုး လတိုင်း 100 စ 150 စ တိုးတိုးတိတ်တိတ် ပေးတတ်သတဲ့…။ အဲ့ခေတ်တုန်းက ဒေါ်လှကြီးခေတ်ကောင်းချိန်ဆိုတော့ ဘာပြောကောင်းမလဲ…။ သူဘယ်လို လစာထဲထည့်ပေးဖို့ပြောပေမယ့်.. ဒီလို တိုးတိုးတိတ်တိတ်ချည်း ပေးနေလို့ပဲ ထွက်ခဲ့ပါတယ်တဲ့….။ ဘေးလူတစ်ယောက်အနေနဲ့တော့ […]


Kaung Kin PyarOctober 8, 20151min45232
ဒီနေ့ Linked In မှာ ဒါလေးမြင်လိုက်တော့ ဖတ်ရင်း အတော်သဘောကျမိတာနဲ့..အလုပ်ခွင်ဝင်နေကြတဲ့ ရွာသူရွာသားတွေကို သတိရပြီး Knowledge Sharing လုပ်တာပါ… သေချာအချိန်ပေးဖတ်ဖို့တော့ လိုမယ်ထင့်… ကိုယ့်ဟာကိုယ်တောင် ဖတ်ရင်း ချရေးရင်း ချာလပတ်လည်နေတယ်… —————————————————– ယနေ့ အသုံးချနေကြသော စီမံခန့်ခွဲမှုညာရပ်များကို ကားလ်ယွန်း(CARJUNG)ဆိုသူကစတင်တီထွင်ခဲ့ သည်။ ထိုနည်းပညာများအရ ရုံးဝန်ထမ်းများကို အသွင်ပုံစံ(၁၆)မျိုးအထိခွဲခြား ဖော်ပြခဲ့ပြီးထိုအုပ်စုတို့ကိုလည်းအချင်း ချင်း အဆင်ပြေစွာဆက်ဆံနိူင်စေခဲ့သည်။ ဤနည်းစနစ်များကို စီမံခန့်ခွဲမှုဆိုင်ရာတာဝန်ယူဆောင်ရွက်ရသူ အများစု ကများစွာကြိုက်နှစ်သက်ကြသဖြင့် မိမိတို့ရင်သွေးများကိုပင်ဤနည်းဖြင့် ဆန်းစစ်ခဲ့သည်ဆို၏။ အမေရိကန်ပြည်ထောင်စု ဒါးလက်စ်မြို့ရှိကွန်ပါ့စ်(Compass)ကွန်ပျူတာလုပ်ငန်းများဌာနမှ အမျိုးသမီး ငွေစရင်းကိုင်တစ်ဦး၏ စားပွဲပေါ်တွင်” ESFJ ဘာသာစကားပြောနိူင်သည် ” ဟူသောစာတန်းလေးကိုတွေ့ရပေမည်။ သူမ၏ အထက်အရာရှိစားပွဲငွေစရင်းဝန် စားပွဲပေါ်      တွင်လည်း “ISTJဘာသာစကားပြောသည်” ဟုရေးသားထား သောကတ်ကလေးတစ်ခု တင်ထားသည်ကိုတွေ့ရမည်ဖြစ်သည်။ ဤသို့သော “တုံးတိတိ အတိုကောက်” စာလုံးများ ကိုဘုရားရှိချိးကျောင်း အစ […]


Kaung Kin PyarJuly 21, 20151min22517
အလုပ်က စီနီယာအမတစ်ယောက် သရိုးသရီဖြစ်လေလို့ ဆေးခန်းသွားပြတော့ ကိုယ်ဝန်ရှိနေတယ်လို့ ဆရာဝန်ကပြောလိုက်တယ်…။ သားဦးလဲဖြစ်…အလုပ်မှာလဲ မိသားစုလိုဖြစ်နေတော့ အကုန်လုံးက ဝမ်းသာ၊ ကွန်ဂရက်ကျူလေးတွေ ဝိုင်းရှင်းကြတယ်…. (တခြားမှာတော့ မသိ) မြန်မာပြည်မှာ ကိုယ်ဝန်ဆောင်တိုင်း အမေးခံရတဲ့ မေးခွန်းတစ်ခုဖြစ်တဲ့… “ဘာလေး လိုချင်လဲ” ဆိုုတဲ့ မေးခွန်းကို… ကျမ အများဆုံးကြားခဲ့ဖူးတဲ့ အဖြေအတိုင်း  “ယောကျာင်္းလေး လိုချင်တယ်” ဆိုတာပဲ ကြားလိုက်ရတဲ့အခါ… ကျမ စိတ်ထဲတော့ ဖျတ်ခနဲ နာသွားသလိုပဲ..။ မိန်းခလေးဖြစ်တော့ ဘာဖြစ်လို့လဲ??? အဲ့ဒါအပြင်ကို ဘာလေးမွေးနိုင်တယ်ဆိုတာ ဗေဒင် သွားမေးဦးမယ်တဲ့….။  တစ်လကျော်ကာလမယ် အထဲမှာ ဘာလေးမှန်းတောင် မသိနေသေးတာ ဗေဒင်ဆရာက ဘယ်လိုနည်းနဲ့ သိမယ်တော့ ကျမလဲ မသိဘူး….။ တကယ်လို့များ မိန်းခလေးဖြစ်နေရင် ယတြာချေလိုက်တဲ့အခါ ယောကျာင်္းလေးအဖြစ်များ ပြောင်းသွားနိုင်မလားးး ??? (အဟဲ…..ဒါက […]


Kaung Kin PyarMay 24, 20151min29617
ဘာမှ မဟုတ်ပါဘူး…… ညက မက်တဲ့ အိပ်မက်လေး မှတ်မှတ်ရ ရ ဖြစ်နေလို့… ———————————————————– `ဆု ဦး အောင်´ `ဆု ဦး အောင်´ ကျမနာမည် ခေါ်နေသံကြားလိုက်လို့ ကျမ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်……။ ကျမရောက်နေတဲ့ နေရာက တောအုပ်တစ်ခုထဲမှာ…… ။ ပန်းတွေကလဲ ပွင့်လို့… ငှက်သံလေးတွေကိုလဲ ကြားနေရတယ်။ `ဆု ဦး အောင်´ `ဆု ဦး အောင်´ ထပ်ခေါ်ပြန်ပြီ။ ကျမ သေချာအောင် ဘေးပတ်ဝန်းကျင်ကို တစ်ခုချင်း စေ့စေ့စပ်စပ် လိုက်ကြည့်တယ်။ ဟင်!!! တွေ့ပါပြီ… ။ သစ်ပင်ကြီးကြီးတစ်ပင်ရဲ့အနောက်မှာ မျက်နှာ ပေါ်ရုံ ခေါင်းစွပ်အမည်းကြီးခြုံထားတဲ့ အဖွားကြီးတစ်ယောက်…… (Snow White ထဲက မင်းသမီးကို ပန်းသီးကျွေးတဲ့ စုန်းမကြီးလို ပုံစံမျိုးနဲ့……)။ သူမက အပင်ကြီးတစ်ပင်နဲ့ကွယ်နေတော့ ကျမ သူမကို တော်ရုံမမြင်နိုင်ခဲ့ဘူး……။ သူမပုံစံကိုကြည့်ပြီးတော့ ကျမ လန့်သွားတယ်… အခြေအနေကြည့်ရတာ ကိုယ့်ဘက်ကောင်းလာနိုင်ဖို့ မရှိတဲ့ပုံစံလေ…။ အာလာဒင်ထဲက […]