Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိတ်ဝမ်းကွဲကြလေသောအခါ…

Kaung Kin PyarJuly 21, 20151min50517

အလုပ်က စီနီယာအမတစ်ယောက် သရိုးသရီဖြစ်လေလို့ ဆေးခန်းသွားပြတော့ ကိုယ်ဝန်ရှိနေတယ်လို့ ဆရာဝန်ကပြောလိုက်တယ်…။ သားဦးလဲဖြစ်…အလုပ်မှာလဲ မိသားစုလိုဖြစ်နေတော့ အကုန်လုံးက ဝမ်းသာ၊ ကွန်ဂရက်ကျူလေးတွေ ဝိုင်းရှင်းကြတယ်….

(တခြားမှာတော့ မသိ) မြန်မာပြည်မှာ ကိုယ်ဝန်ဆောင်တိုင်း အမေးခံရတဲ့ မေးခွန်းတစ်ခုဖြစ်တဲ့… “ဘာလေး လိုချင်လဲ” ဆိုုတဲ့ မေးခွန်းကို… ကျမ အများဆုံးကြားခဲ့ဖူးတဲ့ အဖြေအတိုင်း  “ယောကျာင်္းလေး လိုချင်တယ်” ဆိုတာပဲ ကြားလိုက်ရတဲ့အခါ… ကျမ စိတ်ထဲတော့ ဖျတ်ခနဲ နာသွားသလိုပဲ..။

မိန်းခလေးဖြစ်တော့ ဘာဖြစ်လို့လဲ???

အဲ့ဒါအပြင်ကို ဘာလေးမွေးနိုင်တယ်ဆိုတာ ဗေဒင် သွားမေးဦးမယ်တဲ့….။  တစ်လကျော်ကာလမယ် အထဲမှာ ဘာလေးမှန်းတောင် မသိနေသေးတာ ဗေဒင်ဆရာက ဘယ်လိုနည်းနဲ့ သိမယ်တော့ ကျမလဲ မသိဘူး….။ တကယ်လို့များ မိန်းခလေးဖြစ်နေရင် ယတြာချေလိုက်တဲ့အခါ ယောကျာင်္းလေးအဖြစ်များ ပြောင်းသွားနိုင်မလားးး ???

(အဟဲ…..ဒါက ရွာထဲ အတင်းဝင်တုတ်တာပါ…)

အရင်လုပ်ခဲ့တဲ့အလုပ်တစ်ခုမှာလဲ…ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတယ်…။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကပေါ့….။ အဲ့ဒီအမက ကျမရှေ့ထိုင်လေတော့ သူ သွားပြသမျှ အိုဂျီတွေဆီက ပြန်လာတိုင်း အလုပ်ပါးပြီ ခဏနားပြီဆို စာရွက်တစ်ရွက်ဆွဲပြီး လူဖြစ်ကြောင်း လက်ချာပေးပါတယ်… (ဘယ်ပိုးလေးကတော့ ဘယ်လိုသွားပြီး ဘယ်နံရံကိုဖောက်တဲ့အခါ ဘယ်လိုပေါ့လေ… ထားပါတော့ ထားပါတော့) အခန်းထဲမှာလဲ အသက်အကြီးဆုံးဖြစ်နေတော့ ရှိသမျှ အပျိုတွေရော ကလေးမရသေးတဲ့ အအိုတွေရော….သူ ဆရာဝန်ဆီက ပြန်လာတိုင်း စာပြန်နွှေးသလို ပြန်ပြန်လက်ချာရိုက်သမျှကို နားထောင်ချင်လဲထောင် မထောင်ချင်လဲထောင်ပါပဲ…

အဲ…အဲ့ဒီအမကလဲ ကျားဆိုမှ ကျားပဲ…

သူ ကလေးလိုချင်တာ တစ်ပိုင်းသေလို့ ဒရွတ်ကိုဆွဲရော့…။ နာမည်ကြီး အိုဂျီတွေလဲကုန်၊ အထက်လမ်းနည်း အောက်လမ်းနည်းလဲ အကုန်ပါပဲ…။

သူ့ယောကျာင်္းကလဲ သူ့ကိုချစ်လေတော့ မိန်းမဆန္ဒ အဓိက ဆိုတဲ့လူမျိုးပါ….။  မန္တလေး မဟာမြတ်မုနိနားက ဗေဒင်ဆရာလား အကြားအမြင်ဆရာလား ကောင်းတယ်ဆိုလို့ မန္တလေးထိ လိုက်ပါတယ်…။ ရွှေတိဂုံဘုရားပေါ်က သားဆုတောင်းရတဲ့အရုပ်လဲ သူပွတ်တာနဲ့ ရွှေပါးတာပါပဲ..။

ဗေဒင်ဆရာတစ်ယောက်က ကမ်းနားတစ်ခုကိုသွား အဲ့က ခဲလုံးလေးကိုကောက်ပြီး ချက်ထဲထည့်..သားလေးရယ် မေမေ့ဗိုက်ထဲနေပါလို့ ၃ ခါရွတ်ဆိုပြီး ယတြာပေးလိုက်ရင်လဲ ကြည့်မြင်တိုင် ကမ်းနားသွား၊ (သူ့ယောကျာင်္းက အဲ့နားက သမ္ဗန်သမားတွေကို အာရုံပြောင်းအောင် စကားသွားပြောပေးရတယ်) သူကတော့ ခဲတစ်လုံးကောက်ပြီး ယတြာအလိုကျ လုပ်တာပဲ…

ဒေါက်တာစိုးလွင် Hot ရင် ဒေါက်တာစိုးလွင်နောက် လိုက်ပါတယ်…။ ဘယ်အိုဂျီကောင်းတယ်များကြားရင်…သူက အဲ့ရောက်ပြီးပြီ…

သူ့မှာ စားလဲကလေးရရေး သွားလဲကလေးရရေးဆိုတဲ့အထဲကပါ….။ အဲ..ကလေးဆိုတာကလဲ ကျားဆိုမှ ကျားပါပဲ…။

အဲ့ဒီ ကျားကိစ္စက သူ သန်လျင်သွားပြီး ပြန်လာတဲ့အချိန်မှာ အတော်ကို သိသာခဲ့တယ်…

တစ်ရက် ရုံးမလာဘဲ ပျောက်သွားလို့ နောက်တစ်ရက် မဌေး ဘာတွေလှုပ်ရှားနေတုန်းလို့ မေးတော့ သူ သန်လျင်သွားတာ ပြောပြတယ်…

ဟိုက ပြောလိုက်တယ်….ကလေးက ဒီတစ်ရက် နှစ်ရက်အတွင်း အိပ်မက်ပေးလိမ့်မယ်ပေါ့….။

(တကယ်လဲ သူ အိပ်မက်မက်ပါသတဲ့…)

စိတ်စွဲလို့ပဲလား…ဟိုဟိန္ဒူကျောင်းကပဲ စွမ်းသလားတော့ မသိပါဘူး…။ ဒါပေမယ့် အိပ်မက်ထဲမှာ မိန်းကလေး ဖြစ်နေလို့ သူငြင်းလိုက်တယ်လို့ ကျမကို ပြန်ပြောတဲ့အခါ…ကျမစိတ်ထဲ…

:

:

:

:

:

အင်းးး   ပြန်ပြောဖို့တော့ တော်တော်ခက်ပါတယ်….။

သမီးမိန်းခလေးမွေးတော့ ဘာဖြစ်လို့လဲ…

အထူးသဖြင့် အရှေ့ပိုင်းဒေသတွေမှာပါ…

ကြည့်ဖူးတဲ့ ကုလားကားတစ်ကားထဲမယ်.. သမီးမိန်းခလေးမွေးလာရင် နွားနို့ထဲနှစ်ပြီး သတ်ပစ်တာ မြင်ဖူးတယ်…။ မွေးခန်းထဲက ဆရာဝန်ထွက်လာပြီး သမီးလေးလို့ပြောတဲ့အခါ အပြင်က ရင်တခုန်ခုန်နဲ့စောင့်နေတဲ့အဖေတွေ အသေလေးမွေးသလို ဖြစ်ပျက်သွားတဲ့ရုပ်တွေကို အပြင်မှာ မြင်ဖူးတယ်..။ တရုတ်ဆေးတွေမှာလဲ သားယောကျာင်္းလေးမွေးစေတဲ့ဆေးဆိုတာတွေ ပေါ်တာ သိပါတယ်…။

သမီးမိန်းခလေးမွေးတော့ ဘာဖြစ်လို့လဲ…

တော်ပါပြီလေ… ဒီလောက်ပဲကောင်းပါတယ်…။ သမီးမိန်းခလေးနဲ့ သားယောကျာင်္းလေးတို့ရဲ့ အားနည်းချက် အားသာချက်တွေလဲ ယှဉ်မနေတော့ပါဘူး….။ ယှဉ်ရရင်လဲ အများကြီးတွေပြောရတော့မယ်…။

တကယ်တော့ မွေးလာတဲ့ ကလေးက ဘာလေးပဲဖြစ်ဖြစ် ကလေးမှာ ဘာအပြစ်မှမရှိပါဘူး.…။

ဆရာမဂျူးပြောဖူးသလိုပဲ….ဘုရားပေါ်တက်ပြီး ကိုယ်တိုင်ရွှေသင်္ကန်းကပ်ခွင့်မရတာကလွဲရင် မိန်းမတစ်ယောက်ဖြစ်ရလို့ ဝမ်းနည်းစရာမရှိပါဘူး…

 

 

10407254_983377618369486_6189900537311421910_n (1)

 

ကောင်းကင်ပြာ

17 comments

  • ဇီဇီခင်ဇော်

    July 21, 2015 at 11:21 am

    အများကြီး မယှဉ်တာပိုကောင်းပါတယ်။
    အတွေးအခေါ်တို့ အရည်အချင်းတို့ ဆိုတာ ကလည်း တစ်ယောက်ချင်းစီ နဲ့ ပဲ ဆိုင်တယ်လေ။

    ပထမ ကော်မန့်မို့ လျှော့လျှော့ပေါ့ပေါ့ ပြောသွားတာ။
    လာယှဉ်သူရှိရင် ကင်းကောင်ဘက်က လာပြောမယ်။
    ခိခိ

    :mrgreenn:

    • Kaung Kin Pyar

      July 21, 2015 at 5:29 pm

      အရီးပြောသလိုပဲ မချွိရဲ့…
      မိသားစုရဲ့ စိတ်ခံစားမှုကိုနားလည်ပြီး တကယ့်တကယ်ပြန်ကြည့်တာတော့ သမီးမိန်းခလေးတွေသာ များတာရယ်…။ ငယ်ကတည်းက အမေ့ကူ မီးဖိုချောင်ဝင် (ဒါမျိုး ရှိတဲ့သူလဲရှိ မရှိတဲ့သူလဲ မရှိဆိုပေမယ့်.. အဲ…ရှိတယ်ပဲ ထားပါတော့လေ… :k: )
      ဒါနဲ့ အောက်ဆုံးက ချစ်စရာကလေးလေးပုံလေး ဘာလို့မှန်းမသိ ပျောက်သွားလို့ ကူပါဦးညှော်… 🙂

  • မြစပဲရိုး

    July 21, 2015 at 12:11 pm

    မပူနဲ့ ကင်းကောင်လေး။ ဒုတိယ ကျရင် မိန်းကလေး လိုချင်လိမ့်မယ်။ :-))

    အရီး တို့ မြန်မာတွေရဲ့ ဓလေ့ မှာ သားကလေး ရှင်ပြုပြီး ရဟန်းဒါယကာ၊ ဒါယကာမ လုပ်လိုက်ရမှ သေရေးဖြောင့်မယ် ထင်နေတဲ့ အကြောင်းစွဲ နေတာ က လဲ တစ်ကြောင်း
    ကျားလေး ဆို ဘယ်လိုထားထား ဘာဖြစ်ဖြစ် တင့်တယ်တယ်လို့ တွေးတာမို့ စိတ်ပူရ သက်သာတာက တစ်ကြောင်း
    တစ်ချို့က မ တွေချည်း များ နေတဲ့ မိသားစု မို့ ကျား လိုချင်တာလဲ တစ်ကြောင်း
    . ရှေးရိုး အတွေး တွေထဲ ကျားဆို ကိုယ်က ရ သူ (တနည်း) မျိုးရိုး ဆက်ခံသူ လို့ ထင်ကြတာက တစ်ကြောင်း
    စသည်တို့ကြောင့်ပါ။

    ကျားလေး မွေးပြီး မ လိုချင်တာ
    မလေး ရပြီး ကျား လိုချင်တာ ကတော့ သက်သေပြစရာ ၉၉% ရှိပါတယ်။
    အရီး ရဲ့ မောင် အခု ကျားလေး ချည်း ၂ ကောင် မို့ မိန်းကလေး ထပ်လိုချင် နောက် ကျား တစ်ကောင် ထပ်ရမှာလဲ ကြောက်။
    နှစ်ဖက်လုံး ကျား များနေတာမို့။
    အဲဒီလို ဖြစ်နေလေရဲ့။

    အမှန်တော့ သဘာဝ တရားအရ မိန်းကလေး ဆိုတာ ထိရှ လွယ်တဲ့ အရာ ဖြစ်ဖြစ်နေတာ ကိုတော့ လက်မခံ လို့ မရဘူး မဟုတ်လား။
    ဒါပေမဲ့ အဲဒါ ကို ဖယ်နိုင်ဖို့ လဲ မဖြစ်ဘူး။
    မိန်းမတွေရဲ့ ရုပ်ခန္တာ ဖွဲ့စည်းမှုတို့ ဟိုမုန်းဓာတ်တို့ ဆိုတာ တွေက တို့မိန်းမ တွေ ကို နောက်ချန်ထားတာတွေ ရှိတယ်။
    အဲဒါမျိုး အားနည်းချက် တွေ ကို လက်သင့်ခံပြီး ကိုယ့်မှာ အားသာတဲ့ အချက်တွေ နဲ့ ကိုယ့်ဘဝ ကို ပို မြှင့် ဖို့ လုပ်ကြရမယ်။

    တကယ်တော့ ကင်းကောင်လေး ခေါင်စည်း လို ဘဲဘဝ ကြီး ထဲ ကျား နဲ့ မ နဲ့ စိတ်ဝမ်းမကွဲဘဲ ရှိမှ အပြန်အလှန် လေးစားမှု ပြူ ရင်း လောကကြီး ပိုပြီး တင့်အောင် လုပ်နိုင်မယ်။
    ကျား တွေ မှာ အားနည်းချက် က Management ကောင်းကောင်း မလုပ်တတ်ဘူး။ ညှိနှိုင်းမှု မတတ်ဘူး။ သူများ ခံစားမှု ကို မဖတ်တတ်ကြဘူး။
    ဒုံး ပြေးမြင်း တွေလိုဘဲ။ ( ဥမပ်အာ မြင်သာအောင် ပြောတာမို့ စောဒီး)
    မ တွေ က တကယ်တော့ ကြိုးကိုင် တဲ့ နေရာမှာ MAnagement အင်မတန် သာတယ်၊
    ဒီတော့ ကိုယ့်နေရာ မှာ ပိုပိုပြီး တော်အောင် ချွန် အောင် အရီး တို့ မိန်းကလေးများ ကြိုးစားသင့်တယ်။

    . နောက်တစ်ချက် က တို့ မိန်းမ တွေ က ရုပ်လေး ဘဲ အလှ ဘန်းပြပြီး သိမ်းသွင်း ကြဖို့ လုပ်နေတာ အလွဲကြီး လွဲ နေတာဘဲ။
    အခု မြန်မာပြည် က မိန်းကလေး တွေ မော်ဒယ်တွေ လုပ်ဖို့ ကိုဘဲ စိတ်ဝင်စားနေရင်၊ အလှအပ အတွက် ဘဲ အာရုံထားနေရင် တော့ တို့ မိန်းမ တွေ အနှိမ်ခံ ဘဝ က လွတ် မှာမဟုတ်ဘဲ
    ပိုပြီး အနှိမ်ခံ ဘဝ နဲ့ လူတွေ ကို ကာမကျွန် လို ဘဲ ဆက်ဆံခံ ရမယ် ဆိုတာ သိစေချင်တယ်။

    မိန်းမ ဘုရားပေါ် မတက် ရ ဆိုတာ က တော့ စိတ်ကို မဝင်စားတာ။
    ဘုရားမသွား ရ ဆိုလဲ အကြောင်းမဟုတ်။
    ဒါနဲ့ ကိုယ့်ဘဝ တက်လမ်း ဘာမှမ ဆိုင်တာလေ။
    ဒါမျိုး တွေ မှာ အာရုံရှုပ်ခံပြီး စကားပြောမနေချင်ပါဘူး။
    အလုပ် မလုပ် ရ အိမ်တွင်းပုန်းကြ ဆိုရင်တော့ ငြိမ်ခံ နေဖို့ အကြောင်းမရှိ။

    မှတ်ချက် – စစ်တမ်းကောက်ကြည့်။ အသက်ကြီးချိန် မိဘ ကို ပြန်ကြည့်တတ်တာ မိန်းကလေး တွေ ဘဲ များ တယ်။
    ဘာလို့လဲ ဆိုတော့ ကျား တွေ မှာ အပေါ်ကပြောခဲ့သလို သူတပါး ခံစားချက် ကို နားလည်တတ်တဲ့ ဗီဇ အတော်နည်းလို့ဘဲ။
    တစ်ချို့ ချွေးမ ဆိုး နဲ့ တွေ့ရင် ပိုဆိုးသေး။
    lol:-)))

    • kai

      July 21, 2015 at 2:14 pm

      ဗမာပြည်မယ်.. ထေရာဝါဒဘာသာရေးထဲ… အတွင်းလှိုက်ပြီးတော့ကို.. မိန်းမတွေခွဲခြားဆက်ဆံစိတ်ရှိပါတယ်..။
      မြန်မာပြည်မယ်.. မိန်းမဟာ..ကျားနဲ့တန်းတူအခွင့်အရေးမရှိပါ..။

      အဲဒါလေးဝင်ပြော..ဆွမ်းကြီးလောင်းလိုက်ကြောင်း…။ :k:

      • Kaung Kin Pyar

        July 21, 2015 at 5:41 pm

        အဲ့ဒါပြောချင်တာ…အဲ့ဒါ…
        :mrgreen:

      • မြစပဲရိုး

        July 22, 2015 at 12:09 am

        တကယ်တော့ မြန်မာ ယောကျာံး တွေ မိန်းမ တွေ ကိုနှိမ် တယ် ဆိုတာ ရှေးရာဇဝင် ထဲ က စာ တွေ နဲ့ နှိမ် နေကြတာပါ။
        တကဲ့ လက် တွေ့ ရာဇဝင်ထဲ ကြား သမျှ မိန်းမ ကြောက် ရ တဲ့ ဘုရင်တွေ တောင် ရှိသေး။

        အင်္ဂလိပ် ရာဇဝင်ထဲ မှာတောင် မိန်းမ က ကြိုးကိုင်လိုက်တာ ဟင်နရီ (၈) ဘဲ ရှိမယ်။
        အဲဒီ မိန်းမ ကြောင့် Church of England ကို ခွဲထောင် လိုက်တာဘဲ။
        ဒါတောင် ပြီးတော့ ဖောက်ပြန်တယ် ပြောပြီး သတ် လိုက်ရော။
        . ပြောချင်တာ က မြန်မာ တွေမှ မဟုတ်ပါဘူး။ ကမ္ဘာ အနှံ့ မိန်းမ တွေကို နှိမ်ခဲ့တာ ပါ။ အစ္စလာမ် မှာဆို ခေါင်းထောင်လို့ တောင်မရ။

        သူတို့ ထက်စာရင် မြန်မာမ တွေ က ဆရာကြီး တောင် လုပ်လို့ ရမယ်။
        ရဟန်းမ လုပ် မရ ဘူးလေ လို့ လာမပြောနဲ့။
        လုပ်ပါဆိုတောင် မလုပ်ဝူး။ lol:-)))

        ယူကေ မှာလဲ အခုတောင် ထစ် ကနဲ ဆို နှိမ်တယ်လို့ ဆိုနေတာရှိသေး။
        မနေ့ က ဒီက အိုးပန်းဂေါက်ရိုက် ဖိုင်နယ် မှာ နောက်ဆုံး ကျင်း ကို ရိုက် ကြတော့ အမေရိကားက ပြိုင်သူ ရဲ့ မိန်းမ မှာ ပါးစပ် ကို လက်လေး နဲ့ အုပ်ပြီး သူ့ ယောကျားင်္ ရိုက်တာ ကို ကြည့်နေတယ်။
        အဲဒါကို commentator က ဒီမိန်းမတော့ ငါ့ ယောကျားင်္ နိုင်ရင် မီးဖိုချောင် အသစ် ရပြီ လို့ တွေးနေလားမသိ လို့ နောက်လိုက်တာ ကို sexism (gender discrimination) လုပ်ပါတယ် ဆိုပြီး ဝိုင်းဝေဖန်လို့ တောင်းပန်လိုက်ရသေး။
        http://www.telegraph.co.uk/sport/golf/theopen/11752527/Peter-Alliss-causes-new-storm-with-sexist-remark-about-Open-winner-Zac-Johnsons-wife.html

        လူတွေ က ရီ တော့ ရီရ တယ်။
        ဟုတ် နိုင်တာ တစ်ခု ကို ဘာလို့ ပေါ့ပေါ့လေး မတွေး ဘဲ serious လုပ်ကြ တယ်မသိ။
        မီးဖိုချောင် ဆိုတာ မိန်းမ တစ်ယောက် စိတ်ဝင်စား တဲ့ နေရာ တွေထဲ က တစ်ခု လို့ သတ်မှတ် ထားရင် ဒါဟာ ပြသနာ မဟုတ်ပါဘူးလေ။
        အဲဒါ ကို အကျယ်ချဲ့ ပြ နေတာ ခက်တယ်။
        တကယ်လို တဲ့ နေရာ တွေကျ ပေါ့ ကုန်ရော။

    • Kaung Kin Pyar

      July 21, 2015 at 5:39 pm

      Myanmar Culture နဲ့လဲ ဆိုင်မယ်ထင့်အရီး…
      အရီးပြောသလိုပါပဲ… ဘာလို့ယောကျာင်္းလေးလိုချင်လဲလို့ ပြန်မေးလိုက်တိုင်း အရီးပြောတဲ့အချက်နဲ့ တစ်ချက်မဟုတ် တစ်ချက်ညိပြီး ဖြေတာပဲ…။
      သားယောကျာင်္းလေးရှင်ပြုပေးချင်တယ်ဆိုတာမျိုး ဖြေတဲ့သူကို ကောင်းကင်ပြာတော့ ရှင်ဘယ်လောက်ပြုပြု စိတ်ထားတတ်မှ ကုသိုလ်ရတာလို့ ပြန်ဘုတောခဲ့ဖူးတယ်…။ ရှင်ပြုပေးလိုက်ရုံနဲ့ ကိုယ်ပြုခဲ့သမျှ မကောင်းတာအကုန်ကျေသွားတာမှ မဟုတ်ပဲလေ….
      ကိုယ့်မှာ သားမရှိလဲ ဆင်းရဲနွမ်းပါး ကလေးများကို ရှင်ပြုပေးလို့ရတာပါပဲ…။ ကောင်းကင်ပြာတော့ ဒါဟာ Reason တစ်ခုလို့ မြင်တယ်…
      သမီးမိန်းခလေးဟာ ထိရှလွယ်တာတော့ လက်ခံပါတယ် အရီးရဲ့..

      ဒီလိုဆို ပိုထိရှဖို့ အခွင့်အလမ်းများတဲ့ အနောက်တိုင်းနိုင်ငံတွေက သမီးမမွေးဖို့ ဆေးပညာအရရော တခြားဘယ်နည်းလမ်းနဲ့မဆို ပိုလုံးပန်းသင့်တယ်ထင့်…. ( Culture ကွာတာပဲ ထင်ပါရဲ့..)
      မွေခံထိုက်စေဆိုတဲ့အရာမှာလဲ လူပေါ်မူတည်တယ်လို့ပဲ ခံစားရပါတယ်…
      (အရီးကို ဘုဂလန့်တိုက်တာ မဟုတ်ပါဘူး အရီးရေ…)
      အလှနဲ့ သိမ်းသွင်းတာကတော့ အရီးနဲ့ အဂရီးပါတယ်….။ အရေပြားတစ်ထောက်စာက တကယ်တော့ ကြာကြာမခံပါဘူး…။ ဒါပေမယ့် တချို့နေရာတွေမှာတော့ ရုပ်ရည်သန့်ပြန့်ခြင်းဟာလဲ အားသာချက်တစ်ခုအဖြစ်ရှိတာ အဟွတ်..လက်တွေ့ပါလို့…
      ကိုယ့်နေရာ မှာ ပိုပိုပြီး တော်အောင် ချွန် အောင် အရီး တို့ မိန်းကလေးများ ကြိုးစားသင့်တယ်ဆိုတဲ့ ဆုံးမစကားအတွက်တော့ အလေးအနက်လက်ခံနာယူပါတယ် အရီးရေ…

  • ဦးကျောက်ခဲ

    July 21, 2015 at 12:12 pm

    ငင်… ကျောက်စ်တို့တော့ ဘာအစွဲမှမရှိ မွေးချင်ရာမွေး…
    သားသားလေးလည်း ချစ်မှာပဲ ၊ မီးမီးလေးလည်း ချစ်မှာပဲ…
    ဖြူဖြူလေးလည်း ချစ်မှာပဲ ၊ မဲမဲလေးလည်း ချစ်မှာပဲ … ခွိ…
    ဒါပေသည့် ကျောက်စ်မယ်တော် မွေးသမိခင်က “သမီးလေး မွေးပါစေတော်” တဲ့…
    ကျောက်စ်က သူ့ကိုအမြဲဂွတိုက်လို့ ကိုယ်ချင်းစာတတ်အောင်တဲ့… ဖျားရေ… :k:

    • Kaung Kin Pyar

      July 21, 2015 at 5:43 pm

      သားတစ်ယောက် သမီးတစ်ယောက်သာမွေး…
      များများသာ မွေးပလိုက်ပါ ဦးကျောက်ရေ…

  • sorrow

    July 21, 2015 at 1:04 pm

    ..သားလေးမွေးလာမှာစိုးတယ်တဲ့ဗျာ .. သားလေးမွေးရင် ကျော့်လို မျက်မှေး ..မလုပ်နဲ့ဆိုမှ ပေကပ်ကပ်နဲ့ပြူးကြည့်ပြီး မဖြစ်မနေလုပ်ပြတတ်တာမျိုး အရွဲ့တိုက်ကသန် …ခေါင်းမာတာကလဲနှစ်ယောက်မရှိ …ဂျစ်ကတ်ကတ်နဲ့ သားမျိုးမွေးလာမှာ စိုးသတဲ့ ။

    ( ငယ်တုန်းက ဟင်းပန်းကန်ထဲ လက်နဲနှိုက်လို့ အမေက စည်းမရှိကမ်းမရှိ လက်နဲ့နှိုက်ရသလားပြောတာကို ချိုချိုသာသာမပြောလို့ဆိုပြီး စားလက်စလက်နဲ့ နှိုက်တယ်ဟာဆိုပြီး ဟင်းပန်ကန်ထဲစွပ်ဆိုနှိုက်ပြီးမွှေပြလိုက်တာတို့ … အဲ့တာ ငါးနှစ်သားနော်…ဇကလေးနဲ့
    ခွေးကိုမစနဲ့ဆိုပြီးပြောလို့ …ခွေးကိုနောက်ခြေနှစ်ချောင်းကြိုးတုတ်ပြီး ထုတ်တန်းမှာ တန်းလန်းချည်ထားလိုက်တာတွေကို မတော်ရသေးတဲ့ ချွေးမကိုပြောပြတယ်တဲ့ဗျာ ..အမေလေ.ဘယ်လောက်မိုက်လုံးကြီးလိုက်သလဲ )

    • Kaung Kin Pyar

      July 21, 2015 at 8:11 pm

      သိုးဆောင်းစကားပုံတစ်ခုကို သွားသတိရမိတယ်
      စာအုပ်တစ်အုပ်ကောင်းမကောင်းဆိုတာ စာအုပ်အဖုံးနဲ့ဆုံးဖြတ်လို့မရဘူးဆိုပဲ။
      မျက်နှာလေးကြည့်ပြီး သားလိမ္မာလေး လူလိမ္မာလေးလို့ တွေးထားသမျှလွဲသွားလို့ မဖြူဖွေး တာ့တာပြမသွားဘူးလား
      အမှန် မဖြူဖွေး ပြန်စဉ်းစားသင့်တယ်ညှော်
      :k:

  • တောင်ပေါ်သား

    July 21, 2015 at 2:20 pm

    သားလိုချင်ပေမယ့် အကြီး ၂ ယောက်လုံး သမီးတွေ ၊

    စိတ်ပျက်တယ်ရယ် မဟုတ် ၊ ကိုယ်က အဖေဆိုတော့ သား လိုချင်တာ ၊

    ဒါပေမယ့် သမီးကိုလည်း မရသေးရင် ယူဦးမှာပဲ ၊

    ဘာလို့လည်းဆိုတော့ မောင်နှမဆိုတဲ့ အရသာကို သိစေချင်တာ ၊

    ကိုယ့်တုန်းက တစ်ယောက်တည်း အမေတစ်ခု သားတစ်ခု နဲ့ ဆွေဝေးမျိုးဝေးလေ ၊

    ဒါနဲ့ အပျိုကြီး . . . ဝါဝင်သွားပြန်ပြီနော် ၊ ဟီး ဟီး စတာ ၊ 🙂 🙂

    • Kaung Kin Pyar

      July 21, 2015 at 8:15 pm

      အဲ ဦးမျိုးကို ပြန်ပြောရတော့မှာပဲ
      ဝါဝင်သွားပြန်ပြီလူပျိုကြီးရေ
      မြန်မြန်လှုပ်ရှား အချိန်မရှိတော့ဘူးးးးး
      🙂

    • Kaung Kin Pyar

      July 21, 2015 at 8:18 pm

      ဆရာမ လေသံပေါက်လာမလာတော့ မသိ။ ဆရာမလိုပဲ အပျိုကြီးဖြစ်မယ့်ကိန်းမြင်နေတယ်။
      နီနဲ့ မိုးမမတို့ မင်ဂါဆောင်ရင်သာ နာတို့ကိုဖိတ်ဖို့ မမေ့ပါနဲ့ဟာာာာ
      :k:

  • ဘာလို့ ယောကျ်လားလိုချင်လဲဆိုတော့

    (၁) ယောကျားလေးက သာ မျိုးရိုး အမည် ကို ဆက်ခံပိုင်ခွင့်ရှိတယ် (တရုတ်)

    (၂) မိန်းခလေးမွေးထားလို့ အရွယ်ရောက်ရင် ငွေကုန်ကြေးကျ ခံပြီး ယောက်ျားတောင်းပေးရတယ် (အိန္ဒိယ)

    (၃) သားယောကျာ်းကိုသာ ရဟန်းပြုပေး ခွင့် ရတယ် ( ဗုဒ္ဒဘာသာ)

    ဒီအချက်တွေကြောင့် ကိုယ်မွေးလာတဲ့ ကလေးကို ယောက်ျားလေးဖြစ်ချင်တယ်လို့ ထင်ပါတယ်

  • Mike

    July 22, 2015 at 10:40 am

    .တို့ကတော့ဘာမွေးမွေးချစ်မှာပဲ..ဒါပေမဲ့ .သားတစ်ယောက်သမီးတစ်ယောက်ရတော့လည်းပိုတောင်ကောင်းသေး…(တရုတ်အလိုအရမင်္ဂလာရှိသတဲ့)
    .က ျုပ်အမေများ တဖြစ်ဖြစ်မှန်မှန်ကြီးမွေးလာတာ…၁၂ ယောက်မြောက်မှာမိန်ကလေးနဲ့အဆုံးသတ်တယ်
    .ပြန်ရေကြည့်တော့..က ျား၆ မ၆ တော်လိုက်တဲ့အမေ :loll:

Leave a Reply